ဒီနှစ်သင်္ကြန်မှာ ပိတောက် ပွင့်လား မပွင့်လား ဆိုတာတော့ သင်္ကြန်မလည် တဲ့ အတွက် မသိပါဘူးဗျာ.. ဒီနေ့ နှစ်ဆန်း ၄ရက်နေ့မှာ တော့ ပွင့်လိုက်တဲ့ ပိတောက်တွေ တမြို့လုံးကို ဝါဝါထိန် ပါလေရော... မန္တလေးသူ လှလှလေး များဟာ ပိတောက်ဝါဝါလေးတွေ ကို ပန်လိုက်ကြတာ... လူတင် မက ပါဘူး ကားတွေ ဆိုက်ကားတွေ ဆိုင်ကယ် တွေမှာ လည်း ဝေနေအောင် ပန်ပေး ထားပါသေးတယ်....။ တချို့ များဆို တခေါင်းလုံး ဖုံး အောင် တောင် ပန်ထားလိုက်သေး တယ် .... လှမှ လှ ပါဘဲ.... သွက်လက် ထက်မြက်တဲ့ ဘလော့ဂါ ရွှေစင်ဦး ကတော့ ကင်မရာ မပါ ခဲ့တဲ့ အတွက် ဘယ်ပုံမှ မရိုက်လိုက်နိုင်ပါဘူး...။
ဆိုင် က သမီးတွေ ကြည့်လိုက်တော့လည်း ဝါဝါထိန်ထိန် ပါပဲလား.... ပန်းပွင့်တဲ့ အိမ်က ပိတောက်ခက် တွေ ချိုးလာပြီး သူတို့ သူငယ်ချင်း တွေ ကို ဝေမျှပြီးပန်ခိုင်းပါတယ်. တဲ့ .. ချစ်စရာ ကောင်းတဲ့ စရိုက်လေး တွေ ပါဘဲ... ကျနော် ငယ်ငယ်တုန်း က ကျောင်းတက်တော့ လည်း ဒီလို ပါဘဲ ပန်းတွေ ရှိတဲ့ သူငယ်ချင်း အိမ်က ပန်းပေါ်ချိန် အလိုက် သူငယ်ချင်း တွေ နဲ့ ဆရာမ တွေ ပန်ဘို့ ယူလာနေကြဆိုတာ မှတ်မိ နေ ပါတယ်.... ပိတောက်ပန်း လို (ဂေါ်သဇင်) ဒီဇင်ဘာပန်း လို မျိုး ပေါပေါများများ ပွင့်တဲ့ ပန်းများဆိုရင်တော့ တတန်း လုံး က မိန်းခလေး တွေ ရဲ့ ခုံပေါ်မှာ လိုက်တင်ထားလိုက်ကြတာ တခန်းလုံး မွှေးကြိုင်ပြီး ပန်းတွေ နဲ့ ဝေနေ ကြပါတယ်.. ။
အိမ်ရောက်သွားတော့ အိမ်မှာလည်း ပိတောက် တွေ နဲ့ ဝေနေရုံမက မေမေက ဖရဲသီး ကြီးတလုံး ကို ထက်ပိုင်း ခွဲ ပြီး ဆိုင်က ကလေး တွေ စားဘို့ ပေးလိုက်ပါတယ်.... အဲဒီအချိန် မှာ ကျနော်ငယ်ငယ် က ဖရဲသီးကြီး တလုံး နဲ့ ပိုက်ဘောမိ တဲ့ အချိန်လေး ကို ပြန်သတိရမိပါတယ်..။
ဒီလို အချိန် နွေရာသီကျောင်းပိတ်ရက် တရက်မှာပေါ့... သုံးစရာ ပိုက်ပိုက် ကလည်း မရှိ လည်စရာ စီးတော်ယဉ် ကလည်း နိုး... ဖတ်စရာ စာအုပ် ကလည်း ကုန် ဆိုတော့ အိမ်ရှေ့ သစ်ပင် အောက်မှာ လေတိုက် နေတဲ့ အိတ်ကပ် လေး ကို လက်နဲ့ဖိပြီး ငိုင်တိုင်တိုင်နဲ့ ကျနော် တယောက် ထဲ ထိုင်နေ ပါတယ်... ကံဆိုးသူ သူငယ်ချင်း ရောက်လာပါတယ်....။
သူ့ ရီးစား နဲ့ မေမြို့ သွားလည် မယ်တဲ့ လိုက်ခဲ့ပါလို့ ခေါ်ပါတယ်... ဒီလောက် ပူ တဲ့ မန္တလေး နဲ့ တနာရီ ဝေးရ ဝေးရ ဆိုပြီး ခေါင်းငြိမ့် လိုက်ပါတယ်..၊ မေမေ ကိုလည်း သူငယ်ချင်း နဲ့ အပြင် ခဏ လိုက်သွားမလို့ နောက်ကျ ရင် စိတ်မပူနဲ့ လို့ မှာခဲ့ပါတယ်... မေမေ ကလည်း တမိနစ် မမြင် ရင် တမိနစ် နားညည်း သက်သာ တာဘဲ ဆိုပြီး သွားခိုင်းပါတယ်...၊ ကျနော် နဲ့ သူငယ်ချင်း နဲ့ ၂ယောက် ... သူ့ရီးစား နဲ့ သူ့ သူငယ်ချင်း ၂ယောက် ပေါင်း ငါးယောက် ဂျစ်ကားလေး နဲ့ သွားကြပါတယ်... သြ တရားဝင် သွားခဲ့ တာ မဟုတ်ဘူးနော် ... အိမ်နဲ့ ဝေးရာ မှာ ချိန်းပြီး လမ်းကြမှ တက်လိုက်သွားကြတာပါ....။
ကားရှေ့ခန်းမှာ ကျနော် နဲ့ သူငယ်ချင်း ၂ယောက်ထိုင်ပါတယ်... ကားလေးက အောင်ပင်လယ် တောင် မရောက်သေးဘူး ဖွတ်ချက်ဖွတ်ချက် ဖြစ်ပါတယ်...၊ သူငယ်ချင်း ရဲ့ ရီးစား က ကားပြင်ရအုန်းမယ် မြို့ထဲ ပြန်သွားမယ် ဆိုပြီး မန္တလေး ဘက် ပြန်လှည့် ပါတယ်... . ကျနော် ကတော့ စိတ်ညစ်သွားပါပြီ...။
နောက်ပြီး ကားလေးက ဝပ်ရှော့ ကိုမသွားဘဲ ခြံတခြံ ထဲကိုမောင်းဝင်ပါတယ်... ခြံတံခါး ဖွင့်နေတုန်း ရှိသေးတယ် ရှေ့ခန်း က ကျနော် ဖျတ်ခနဲ ခုန်ဆင်းလိုက်ပါတယ်....၊ ခြံရှေ့ မှာ ရှိတဲ့ အုတ်ခုံလေး ပေါ် ထိုင် လိုက်ပါတယ်... သူငယ်ချင်းက လာလေ ဘာလုပ်နေတာလည်း တဲ့... စုံထောက် ဝတ္ထု တွေ ဖတ်ထား တဲ့ ရွှေစင်ဦး တို့က ဒါမျိုး မရ ... ခေါ်မရတော့ သူငယ်ချင်း က ရှေ့ထွက်လာပြီး နင်က ဘာလုပ် နေတာလည်း ကားပြင်ပြီး စားသောက်ပြီး သွားမှာ ဘဲ ဥစ္စာ တဲ့... နိုး...နိုး လို့ စားလည်း မစား သောက်လည်း မသောက် လိုက်လည်း မလိုက်တော့ဘူး ဆိုတော့ သူငယ်ချင်း က စိတ်ဆိုးပြီး အဲဒါဆို လည်း နေပေါ့.. နင်ဘာသာ ပြန်တော့လေ တဲ့..။
အဲလိုပြောလည်း... ရွှေစင်ဦး က တုတ်တုတ် မှ မလှုပ်တော့ နင်က ဘာလည်း တဲ့ ပြန်ဆိုလည်း မပြန် အထဲ လာဆိုလည်း မလာတဲ့... ငါပြန်မှာပါ.. နင်လည်း အတူ ပြန်လိုက်ခဲ့ လို့ခေါ်ပါတယ်... မလိုက်ဘူးတဲ့ .... ဒါဆိုရင် အိမ်က အဝေးကြီး ဘတ်စ်ကားစီး ပြန်ရမှာ ငါ့မှာ ပိုက်ပိုက် တပြားမှ မရှိဘူး ဆိုတော့ အမြင်ကပ် နေတဲ့ သူငယ်ချင်း က ပေးချင်ဟန်မတူဘူး.. သူ့ဘဲကြီးက တော့ မြန်မြန်ပြန် မြန်မြန် နားအေး ရောဆိုတဲ့ ပုံစံနဲ့ ပိုက်ဆံ တရွက် ထုတ်ပေးလိုက်ပါတယ်... ရွှေစင်ဦး လည်း ဝမ်းသာအားရ နဲ့ မြန်မြန်လေး ယူ ပြီး ပြန်လာ ခဲ့ပါတယ်...။
အဲဒီ နေရာ ကနေ ကျနော် တို့အိမ်ရောက်ဖို့ တရုပ်တန်း ဂုံးကျော် တံတားကို ဖြတ်ရပါတယ်.. ပြီးမှ ဘတ်စ်ကား စီးပြီး အိမ်ကို ၅ပြလောက် လမ်းဆက်လျှောက်ရပါတယ်... ဂုံးကျော် တံတား နားထိ လမ်းလျှောက် သွားရင်း ကို လူက မောနေပါပြီး တံတားပေါ်မှာ ရောင်းနေတဲ့ ဖရဲသီးစိတ်ကြီး နှစ်စိတ် ကို အားရပါးရ ဝယ်စားလိုက်ပါတယ်... ဘေးက ဖရဲသီးပုံကြီး ကြည့်ရင်းနဲ့ ဝယ်ချင်စိတ်တွေ ပေါ်လာပြီး အကြီးဆုံး အလုံးကြီး တလုံး ရွေးဝယ်လိုက်ပါတယ်.. ဝယ်ပြီးမှ မှားမှန်းသိပါတယ်... ထဲ့ စရာမပါ ပါဘူး.. အဲဒီ ခေတ်က ကျွတ်ကျွတ်အိတ်တွေ ဘာတွေ လည်း မရှိတာလား မသိပါဘူး... ကျနော် ဖြင့် အဲဒီ ဖရဲသီး ကြီး ပိုက်ပြီး ဘတ်စ်ကားစီး ခြေလျှင် လေးငါးပြလောက် လျှောက်လိုက်တာ အိမ်လည်း ရောက်ရော အသက်ထွက် မတတ်ပါဘဲ....။
အိမ်က လူတွေကလည်း ဖရဲသီး ကြီးကြည့်ပြီး ဝမ်းသာအားရ ခွဲစားကြပါတယ်... စားပြီး မှ အကျိုး အကြောင်း မေး ကြတော့ ကျနော် လည်း ပြောပြရတော့တာပေါ့... အဲဒီမှာ မေမေ က ဒီလို ပုံ အတိုင်းဆို မဖြစ်ဘူး သူ့အိမ်သွားပြောမှ ဆိုပြီး ကျနော့် လက်စွဲပြီး သွားပြောပါတယ်... အဲဒီမှာ သူ့အမေ လည်း စိတ်ပူ ပြီး သူတို့ နေခဲ့တဲ့ အိမ်ကို လိုက်ပြခိုင်းပါတယ်... ကျနော်လည်း စက်ဘီးနောက်ခုံ မှာ တင်ပြီး လိုက်ပို့ ရပါတယ်..။
ဟိုရောက်တော့ ခြံတံခါးလေးက သော့ခတ်ထားပါတယ်... ကျနော် တို့လည်း စိတ်ပူသွားပြီး ရှေ့ကနေ ထိုင်စောင့် နေပါတယ်...၊ ခဏနေတော့ ...စက်ဘီးနောက် ကနေ ခေါက်ဆွဲထုပ် ကလေး တွေ လက်က ကိုင်ပြီး ... ထိုင်လိုက်လာတဲ့ သူငယ်ချင်း နဲ့ သူ့ရီးစားပြန်လာကြပါတယ်...၊ ပွဲ ကကြမ်း သွား ပါတယ်... ကျနော် ကတော့ ခေါက်ဆွဲ ထုပ်ကလေး ကို မျက်ခြေ မပြတ်အောင်ကြည့်နေရပါတယ်... မြေပေါ်ပြုတ်ကျ သွားရင် နှမြောလို့ပါ.. မစားရ မသောက်ရ.. ။
ခဏနေ တော့ ကျနော် တို့ သုံးယောက် ပြန်လာကြပါတယ်... ကျနော် က စက်ဘီး တဖက် ခေါက်ဆွဲထုပ် တဖက် နဲ့ပါ... သူတို့ကတော့ ဘတ်စကား နဲ့ ပြန်လာကြပါတယ်....။
သိပ်မကြာခင်မှာ ဘဲ သူငယ်ချင်းလည်း ယောက်ကျားနောက် လိုက်သွားပါတယ်.... လေးငါးခြောက် လ နေတော့ အရပ် ထဲ ကို ပိုက်ဘော တလုံး နဲ့ ပြန်ဝင်လာပါတယ်... အင်း သူငယ်ချင်း တွေကတော့ ရွှေစင်ဦး ရဲ့ ပိုက်ဘော နဲ့ သူငယ်ချင်း ရဲ့ ပိုက်ဘော အကြောင်းပြောလို့ မဆုံးပါဘဲ....။
အခုမှ ပြန်စဉ်းစားကြည့် တော့ ရွှေစင်ဦး ရဲ့ မအူမလည် လုပ်ပုံတွေကြောင့် သူငယ်ချင်း ပိုက်ဘော မိတယ် ထင်တာ ပါဘဲ....။
လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.
ပိုက်ဘောချင်း မတူပေမဲ့ စားသုံးသူချင်း နှစ်သက်မှုကတော့ တူကောင်း တူနိုင်ပါတယ်လေ။း)))
ReplyDeleteခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
မမရွှေစင်...
ReplyDeleteပိတောက်လေးတွေ မြင်လို့  ချဲ့ ကြည့်မိတယ်။
မန္တလေး အလွမ်းပြေချင်လို့  အထက်အောက်
တင်ကြည့် တော့  မရဘူးဗျ၊ ပုံက ကြီးပေမဲ့ 
မရွေ့  ဘူး..။
I like watermelon. Wanna eat!! :)
ReplyDeleteRay
မမရဲ့ပိုက်ဘောပဲကြိုက်တယ်။မမသူငယ်ချင်းရဲ့ပိုက်ဘောတော့ ကြိုက်ဖူး။ပိုက်ဘော တဲ့။ရယ်လိုက်ရတာ။ အနော်။
ReplyDeleteသင်္ကြန်ဘယ်ကိုမှ ဘယ်ကိုမှမရောက်ဖူးပေါ့း(
ReplyDeleteပြန်ရောက်လို့ လာနှုတ်ဆက်တာအစ်မရေ..
နေကောင်းတယ်ဟုတ်။
နှစ်သစ်မင်္ဂလာဖြစ်ပါစေနော်
ခုမှ ဆုတောင်းပေးရတယ်...
ပိုက်ဘောတော့ ကြိုက်ဖူးး)
ဒါတို့တိုင်းတို့ပြည့် ဒီိပိုင်ဆိုင်သည်. . .ဟိဟိ. . .
ReplyDeleteပြည်သူ့ဘက်တော်သား မရွှေစင်ကွ. . .
အစ်မနဲ့ ကျနော့် ညီမနဲ့ တစ်ထပ်တည်းပဲဗျ။ သူ့ကိုလည်း ဒါမျိုး သွားလုပ်လို့ မရဘူး။ သူက လူမှန်ကြီး ဆိုတော့ သူ့ကိုဆို ယုံကြတယ်လေ။ ဒါကြောင့် ခုတုံးလုပ်ပြီး အပြ လာလာခေါ်ကြတယ်။ နောက်တော့ သူလုပ်လိုက်တာနဲ့ အိမ်က ပိုသိပြီး ခိုးပြေးကြရတော့တာပါပဲ။ အဟီး . . . ကျနော်ကတော့ ဖရဲသီးကြီး ကျုရှင်က အပြန် အဲဒီလို ဝယ်လာဖူးပါ့ဗျာ။ မသက်သာဘူး။ လက်မောင်းတွေကို အောင့်လို့။
ငယ်ငယ်က ရည်းစားနဲ့ ချိန်းတွေ့ရင် ရွှေစင်ကို အဖေါ်မခေါ်မိတာ မှားတာပဲ..
ReplyDeleteအဲဒီတုန်းကသာ ခေါ်ခဲ့မိရင်..ခုလို လူပျိုကြီးဖြစ်မှာမဟုတ်ဘူး..
သူငယ်ချင်းကောင်းမှုအကြောင်းပြုပြီး ပိုက်ဘောလေးရသွားရှာတယ်....
ReplyDeleteအချိန်လေး နည်းနည်း ရတုန်း စာလာဖတ်သွားတယ် အစ်မ။ အစ်မရွှေစင် စာရေးပုံလေးက ချစ်စရာလေး ခိခိး) သဘောကျလို့ တခစ်ခစ်နဲ့ ရယ်နေမိတယ်။ ဖရဲသီးကြီး ပိုက်ပြီး အိမ်ပြန်လာတဲ့ အစ်မပုံကို မြင်ယောင်ပြီး။
ReplyDeleteအစ်မရွှေစင်
ReplyDeleteသင်္ကြန်အလွမ်းကော အစ်မရဲ့အရေးအသားအလွမ်းကောပြေရတယ်။
အဟားးး အစ်မရဲ့ပိုက်ဘောကြီးနဲ့ လမ်းလျှောက်နေပုံကို လူမမြင်ဘူးပဲ မှန်းကြည့်ရတာနဲ့တင်တော်တော်ရီရတယ်။
အမဇင်ကောင်းမှု အကြောင်းပြုပြီး ဟိုက စွံသွားတယ်ပေါ့လေ....
ReplyDeleteအမဇင်ရေးထားတာ မျက်စိထဲ မြင်လာတယ် ဖရဲသီးကြီး ပိုက်ပြီး ချွေးတရွှဲရွှဲနဲ့ လမ်းလျှောက်နေပုံ.....ဟဟဟား :)))
မျက်လုံးထဲ မြင်ယောင်ပြိး ရီသွားတယ် မမရေ...
ReplyDelete:):):) အဟီးး
ကောင်းသောနေ့လေးဖြစ်ပါစေ...မမ။
ကားတွေဆိုင်ကယ်တွေမှာပါ ပိတောက်တွေ တပ်ထားတာကို ဖတ်ရတော့ သဘောကျမိတယ်။
ReplyDeleteမြန်မာတွေရဲ့ ပိတောက်အပေါ်ထားတဲ့ စိတ်ထားလေးကို မြင်ယောင်မိစေတယ်။
အစ်မလုပ်တာ မှန်ပါတယ်။ သူငယ်ချင်းတစ်ယောက် အနေနဲ့ လုပ်သင့်တာ လုပ်ခဲ့တာပဲ။
သူ့အကြောင်းနဲ့သူ့ကံအရ ဖြစ်လာတာပဲ မှတ်ယူရမယ် ထင်ပါတယ်။
ပိတောက် ၊သင်္ကြန်ကနေ ပိုက်ဘောအထိ ဖတ်လို့ကောင်းပါသည်၊ တော်သေးတာပေါ့ မရွှေစင်ခြံထဲမဝင်လို့၊ ဝင်လိုက်ရင် သမိုင်းတွေပြောင်းရင်ပြောင်းနေမှာ၊
ReplyDeleteကိုယ်ခေါ်တာ သူကမှပြန်မလိုက်တာ၊ ဘာတတ်နိုင်မလဲလေ....မမရွှေစင်က အဲလိုဇွတ်ပေပြီးသူတို့နဲ့ဝင်မလိုက်ဘဲ ပြန်ခဲ့တာ အတော်မှန်တယ် ပြောရမယ်။
ReplyDeleteချစ်ညီမလေး