Friday, December 24, 2010

ဆောင်းဘွဲ့ ... အဲ ....... မုန့်ပေါင်း

ဆောင်း...ဆောင်း ...ဆောင်းဘွဲ့ တဲ့ ဘာတွေများ ရေးရပါ့.. တေးထပ် တွေ တေးညှပ် တွေ မရေး တတ်တော့ လည်း ကိုယ်ရေးတတ် တဲ့ ဟိုညှပ် ဒီညှပ် လေးတွေ ဘဲ ရေးပါ့မယ်.. မမေဓါဝီ ရေ.. သည်းခံတော် မူပါ...ဒီပိုစ့် လေး ကတော့ မမေဓါဝီ ရဲ့ Tag စာလေးပါ... ။ ကိုအုပ်ကြီး ရဲ့ Tag စာလေး လည်း ဆက်ရေး ပေးပါမယ်..။

မိုးအကုန် ဆောင်းအကူးလေး ဟာဖြင့် ကျနော်တို့ မန္တလေး မှာ နေလို့ထိုင်လို့ အကောင်းဆုံး ဖြစ်ပါတယ်... နောက်ပြီး ဆောင်းတွင်း မှာ ကျနော် တို့ တမြို့လုံး ရပ်ကွက် အလိုက် လမ်းလေး တွေ အလိုက် ဘုရားပွဲ တွေ ကျင်းပကြပါတယ်... တဆောင်းတွင်းလုံး မန္တလေး မှာ ဆိုင်းသံ ဗုံသံ မကြားရတဲ့ ည ဟာ ခပ်ရှားရှားပါ... ။

ကျနော် တို့ အတွက် တော့ ဆောင်းတွင်း တတွင်း လုံးဟာ ပိုက်ဆံမကုန် ဘဲ ကိုယ်စားချင်တာတွေ ကို အများဆုံး စားရတဲ့ အချိန်ပါ... သူငယ်ချင်း တွေ ရဲ့ ဘုရားပွဲ ဖိတ်တဲ့ အိမ် တွေကို သွားစားပါတယ်... အဲဒီအိမ် အတွက် ဘာလက်ဆောင် မှ ယူသွားစရာ မလိုတဲ့ အတွက် ပိုက်ဆံ မကုန်တာ ဖြစ်ပါတယ်... နောက် ပြီး အိမ်မှာ လုပ်စားလေ့ မရှိတဲ့ ရောင်းလည်း ရောင်းလေ့ မရှိတဲ့ မုံဆန်း လို့ စားစရာမျိုးကို တောင်မှ ဘုရားပွဲ မှာ အကောင်းဆုံး လုပ်ထားတာ စားရသလို သူငယ်ချင်း များရဲ့ ကောင်းမှု့ နဲ့ ပါဆယ်ပါ သယ်ခွင့် ရတဲ့ အတွက် တကယ့်ကို ကောင်းပါတယ်...။

နောက်ပြီး မုံဟင်းခါး မုံတီ ကြာဇံ အုန်းနို့ခေါက်ဆွဲ လိုမျိုး တွေ အပြင် ပဲမြစ် ထိုးမုန့် ဆနွင်းမကင်း ဆီးဖြူသီး ဆားစိမ် ငါးပိကြော် ဆိုတာ မျိုးဟာလည်း အီလန်နေအောင် စားရပါတယ် ကျနော် ရေးဘူးတဲ့ မန္တလေး ဘုရားပွဲ ပို့စ် ထဲက လို သူငယ်ချင်း တွေ စည်းဝါးကိုက် ထားတဲ့ အတိုင်း တကယ် တော်ပြီ ဆိုမှ အဟုတ် ဝ မှ တော်ကြတာ ဆိုတော့ စားလို့ကောင်းသလို ဗိုက်လည်းဝပါတယ်...။

အခုအချိန်မှာတော့ ဆိုင်းသံ ဗုံသံ တွေလည်း မကြားရသလောက် နဲ့ ဘုရား ပွဲ စားရတာကလည်း တနှစ် မှ နဲနဲ လောက် ဆိုတော့.....  လွမ်းစရာလေးတွေ  မပြောတော့ပါဘူး ..... ကဲ... အလကား စားရတဲ့ အကောင်းစား အစားအစာ တွေ အကြောင်း ရပ်ပြီး ... ငယ်ငယ်တုန်းက ဆောင်းလေး ကို ပြန်လွမ်းလိုက် ရအောင်....။

ကျနော် တို့ ငယ်ငယ် က ဆောင်းတွင်း ဆိုရင် စောင်ခြုံ ထဲမှာ နေမြင့် တဲ့ အထိကွေး မနေပါဘူး... မနက် အစောကြီး ထ ပါတယ်... အိမ်ရှေ့ မှာ အဆင်သင့် သုံးလက်စ မီးပုံ က ထင်းတုံး အကြီးကြီး ကို မီးပြန်မွှေး ပါတယ်..  အိမ်ရှေ့ မှာ တံပျက်စီး လှဲပါတယ် အိမ်ပတ်ဝန်းကျင် သန့်ရှင်း ဘို့ ... ဘုန်းကြီး တွေ ဆွမ်းခံကြွ တဲ့ အချိန် မှာ အမှိုက်သရိုက် ကင်းစေ ဘို့အပြင် ကိုယ်လက် လှုတ်ရှားမှု့ တခု အဖြစ်သဘောထားပြီး အိမ်တိုင်း နီးပါး အမှိုက်လှဲ ကြတာ တရှဲရှဲ နဲ့ပါ... အမှောင်ထဲမှာ တရှဲရှဲ နဲ့ ဆိုရင် တလွဲ မတွေးပါနဲ့ ရွှေစင်ဦး လေး အမှိုက်လှဲ နေပါတယ်..။

ခဏနေရင်တော့ မေမေ အဆင်သင့် ဝယ်ထားတဲ့ ထန်းမြစ် ပြောင်းဖူး ပဲမြစ်ပြုတ်များ နဲ့ ထမင်းကြော် ကောက်ညှင်းပေါင်း တို့ ကို အဆင်သင့်သလို စားရပါတယ်... နောက်ပြီး အဲဒီ မီးဖိုနားမှာ ပဲ ရေနွေးသောက် မုံစားရင်း မီးလှုံ နေကြတာ အကြာကြီးပါ... မီးမလှုံလို့ မရပါဘူး.. နှင်းတွေ နဲ့ အေးခဲနေတာပါ... နေထွက်ချိန် ကြမှ မီးဖို မီးငြိမ်း ပြီး နေစာ ပြန်လှုံ ကြပါတယ်...ဘယ်သူမှ အိမ်ထဲမှာ မနေကြပါဘူး.. ဆောင်းမနက် တွေ ဆိုရင် အိမ် ထဲမှာ အရမ်းအေးပါတယ် .. မနေနိုင်ပါဘူး.... အိမ်တိုင်း နီးပါးက နေစာလှုံရင်း အိမ် မှု့ကိစ္စတွေ နေပူစာမှာဘဲ လုပ်ကြ ပါတယ်...။

ကျနော် ကတော့ စာအုပ်တအုပ် နဲ့ နေပူစာ မှာ ဘက်မျိုးစုံ ပြောင်းဖတ်ပါတယ်... ကျောင်းစာ ကျက်သူ တွေ ကလည်း ကျက်မှတ်ကြပါတယ်.....။

တချို့ ဆောင်းတွင်း မနက် မှာတော့ အိမ်မှာ လည်း စားစရာ အဆင်သင့် မရှိရင် အသယ် လာတဲ့ ကောက်ညှင်းပေါင်း ပဲပြုတ် များ ကို စားရတာ ရိုးသွားရင် တလမ်းကျော် မှာ ရှိတဲ့ မုန့်ပြစ်သလက် ကို သွား ဝယ်ရပါတယ်... အဲဒီ မုန့်ပြစ်သလက် က ကျနော် တို့ ရပ်ကွက်မှာ တော့ နံမည် ကျော်ပါ တယ် ..၊။

တော်တော် လည်း ကောင်းပါတယ် အဒေါ်ကြီး နံမည် က အမေကြွယ်လို့ ခေါ်ပါတယ်...  အမေကြွယ် မုန့်ပြစ်သလက် ပေါ့ အမြဲတမ်း တန်းစီဝယ်ရပါတယ်.. ပဲနိုင်းခြင်း အုန်းသီးနိုင်းခြင်း နဲ့ နံနံပင်တွေ အများကြီး ဖြူးထားတဲ့ မုန့်ပြစ်သလက် က ကျနော် တို့ မောင်နှမ တွေ ရဲ့ စပါယ်ရှယ် ဘရိတ်ဖတ်စ် ပါ တခါ တလေ မှ စားရတာပါ.. မုံစောင့် ရတာ ကြာတဲ့ အပြင် မေမေ က အိမ် မှာ ထမင်းကြော် လိုမျိုး ကို ပိုကျွေးတဲ့ အတွက် လည်း ဖြစ်ပါတယ်...။

ကျနော့် အကျင့် က လူတယောက် လုပ်ခဲ ပြောခဲ တာတွေ ကို ဘယ်တော့ မှ မေ့လေ့ မရှိပါဘူး.. ကျနော့် မေမေ ဟာဖြင့် ရုပ်ရည် ချောမော သလောက် စိတ်သဘောထား ကောင်းမွန်ပါတယ်.. ကိုယ့် အမေ မလို့ ကိုယ် ပြောခြင်းမဟုတ်ပါ.. တကယ့် ကို ကလေး တယောက် ရဲ့ ဖြူစင်ခြင်း မျိုးဘဲ ရှိပါတယ်...။

ကျနော့် မေမေ ဟာ ကျနော် တို့ မောင်နှမ တသိုက်ကို ဘယ်တော့ မှ အော်ငေါက်ခြင်း မရှိသလို ကြမ်းကြမ်း တမ်းတမ်း ပြောဆိုတာ မျိုးလည်း မရှိပါဘူး .. ရိုက်ဘို့ ဆိုတာတော့ ပို အဝေးကြီးပါ... ဒါပေမဲ့  ရွှေစင်ဦး ကတော့ ဒီလောက် ကောင်း တဲ့ မေမေ ရဲ့ ရိုက်ခြင်း ကို တခါ တိတိ ခံခဲ့ရပါတယ် (အပြင် အမှောင့် ပရောဂ တွေ့ကြောင့်ပါ) (နောက် မှ ရေးပြပါမယ့် )... အဲလိုဘဲ မေမေ ပါးစပ် က ညစ်ညမ်း တဲ့ စကား ထွက်တာ လည်း ကြားရ ခဲ ပါတယ်... ကြား တိုင်းလည်း မမေ့ပါဘူး...။

ကဲ မုန့်ပြစ်သလက် သွားဝယ်တဲ့ နံနက်ခင်းလေး တခုပေါ့ .... အားကျိုးမာန်တက် ရွှေစင်ဦး ဝယ်လာတဲ့ မုန့်များကို မောင်နှမ တွေ ဝေစားကြတဲ့ အချိန်မှာ ကျနော့် မောင်အလတ် တယောက် (သူ ဟာ ဘယ်အရာမဆို လောဘ နဲနဲ ကြီးပါတယ်..) မုန့် တယောက် တခု အတူတူ ခြင်း စားကြတဲ့ အချိန်မှာ သူက အရင်ဆုံး မုန့် အကြီး အသေး ကို ရွေးနေတာ မပြီး တော့ ပါဘူး... မေမေ က သူရွေးတဲ့ အချိန်ကို စောင့် နေကြတဲ့ ကျန် မောင့်နှမ များကို ကြည့် ပြီး စိတ်မရှည်တော့ ဘူးထင်တယ်... ဟဲ့ .... ရွေးမနေ နဲ့ တော်တော့ အမေကြွယ် က သူ့ဟာ နဲ့ တိုင်း လုပ်ထားတာ အားလုံး အတူတူ ကြီး ဘဲ... လို့ ပြောပါတယ်... ။

မေမေ  နှိုင်းလိုက် တာ ကို ကြားတော့ မောင်နှမ အားလုံး ဝိုင်းအော် ကြပါတယ် မေမေ ဘာနဲ့ တိုင်း လုပ်တာလည်း ပြောပါ  သူ့ဟာ ...  ကို ပြောပါ လို့ ပြောပါတယ် .... အဲဒီကြ မှ မေမေက စကားလျှော့ ချသွားပါတယ်.. မုံရည်ကော်တဲ့ ဇွန်း နဲ့ တိုင်းတာ လို့ ပြောပါတယ်...  ကျနော်တို့ က မဟုတ်ပါဘူး မေမေ ညစ်ပတ်တယ် ဆိုပြီး ဝိုင်းစကြပါတယ်.... အဲ.. တကယ်တန်း ..... အဲဒါ နဲ့ တိုင်းတာ မဖြစ်နိုင်ပါဘူး မုံ့ က တော်တော် ကြီးပါတယ် ... ဒါက မုံ့ အရွယ်အစား အတွက် ပြောပြတာပါ... အဲ....  မုန့်ပေါင်းဆို တော်သေး....။

မုန့်ပေါင်း ဆိုလို့ ပြောပြရအုန်း.. ဒီလို ဆောင်းတွင်း မှာ ဘဲ မုန့်ပေါင်း စားရပါတယ် ကျနော် အကြိုက်ဆုံး အစားအစာ ထဲမှာ မုန့်ပေါင်း ပါ ပါတယ်.... မုန့်ပေါင်း နဲ့ ပါတ်သက် တဲ့ ပိုစ့် လေးတခု ဒီနေရာ ရေးဘူး ပါတယ်.. အဲလို ရေးဘူးတဲ့ အတွက် လည်း ကိုဂျစ်တူး ကလည်း  မုန့်ပေါင်း စားချင်တယ်တဲ့ .. လုပ်နည်း ရေးပြပါတဲ့ .. ကိုအောင် (ပျူနိုင်ငံ) ရဲ့ မဟေသီ .. ကလည်း စားချင်ပါတယ်တဲ့ .. နောက် ချစ်သော အကိုကြီးကျောက် ကလည်း စားချင်ပါတယ် ဆိုတော့ ဆောင်းဘွဲ့ လေး  ကို  မုန့်ပေါင်း ဘွဲ့လေး အဖြစ် သတ်မှတ်ပြီး မုန့်ပေါင်း လုပ်နည်းလေးကိုဘဲ ရေးပြပါမယ်...။

ကျနော်  မုန့်ပေါင်း လုပ်နည်း ရေးချင်လို့ အိမ်ပြန်သွားပါတယ်... ကျနော့် ရဲ့  မုန့်ပေါင်း ပို့စ် ထဲ မှာ ပါတဲ့ အမကြီး နဲ့ သွားရောက်တွေ့ဆုံ အင်တာဗျူးပါတယ်... အခု သူ့အိမ် က ကျနော် တို့ လမ်း နဲ့  မနီးမဝေး  ကို ပြောင်း သွား ပါပြီ... ။

ကိုကိုမောင် (ပန်းရနံ့) ထင်သလို ချမ်းသာသွားပါသေးတယ်.. ကျနော် တို့ အိမ်နဲ့ မျက်နှာခြင်းဆိုင် အမွေဆိုင် အိမ်ကြီး ကို ခွဲဝေယူကြပြီး ... ကောင်းကောင်းသုံး အဲ ဖြုန်း ကြပါတယ်.. အခု ၅နှစ် လောက် ရောက်တော့ နောက်ဆုံး ဒုံရင်း ဒုံရင်း ဘဲ ဆိုတဲ့ မုန့်ပြစ်သလက် ၊ မုန့်ပေါင်း ဘဲ ပြန်ရောင်း နေရပါတယ်... ကျနော် တို့ အိမ်ကို လည်း နေ့တိုင်း ဈေးသွားရင်း ဝင်လာတဲ့ အတွက် အထူးတလည် ရှာနေ စရာ မလိုပါ... အိမ် အောက် လှေကားရင်း မှာ ဘဲ ထိပ်တိုက် တွေ့ ပါတယ်...။

ကဲ ဦးသောဇေယံျ ရေ ရွှေစင်ဦး ရဲ့ တတိယ မြောက်အင်တာဗျူးလို့ ဘဲ သဘောထားပြီး ဖတ်နိုင် ပါတယ်နော်.....

ရွှေ ... အဲ အမ ရေ တွေ့ရတာ ဝမ်းသာလိုက်တာ ... အမ နေကောင်းတယ်နော်.. အခု ဘာလုပ်နေလည်း.

အမ ... ညီမ ရေ မတွေ့တာကြာပြီနော်... အခု အမ မုန့်ပြစ်သလက် မုန့်ပေါင်း ပြန်ရောင်းနေတယ်...

ရွှေ .... ဟင် အမ အမွေ ရထားတွေ ရော ဘယ်ရောက်သွားပြီလည်း အိမ်ပြန်ဝယ်ဖြစ်တယ်ဆို...

အမ .... အိမ်လည်း ဝယ်ဖြစ်ပါတယ်... ဆောက်ရင်း တန်းလန်း ခါးပြတ်သွားလို့ (ငွေပြတ်တာပါ) ဟိုပေါင် ဒီပေါင် နဲ့ အတိုး တွေ တက်လို့ အခု တော့ ထိုးရောင်းလိုက်ရပြီလေ...  ဟိုအကောင် (သူ့ယောက်ကျား) ကလည်း ၂လုံး၃လုံး၁လုံး အရမ်းထိုး ဆိုတော့ ကုန်တာတောင် နဲသေးတယ်မှတ်ရမယ် ညီမရယ်... အခု တော့  (ဂျောင် လေး ) ထဲမှာ ငှားနေတယ်...

ရွှေ .... အင်း ဒုက္ခ .. ဒုက္ခ ..(မြန်မာမိသားစု  အများစု ဟာ အဲဒီလို ရပ်ကွက် တွေ ထဲက အိမ် တွေ ရောင်း ရောင်းပြီး ပြောင်းသွားကြတယ်.. လေးငါး နှစ်လောက် ဟိုလုပ်ဒီလုပ် လုပ်တယ် ဟိုသုံး ဒီသုံး သုံးကြတယ်... နှစ် အနည်း ငယ်ကြာတော့ ဒုံရင်း ဒုံရင်း ပါဘဲဗျာ....ရပ်ကွက် ထဲ မှာ မျက်နှာဟောင်း တွေ ပျောက် ပြီး မျက်နှာသစ် တွေ ဒီနည်း နဲ့ ရောက်ကြတာ မနဲပါဘူး...) အမ မုန့် ကရော ရောင်းကောင်းလား...

အမ ..... အခုတလော တော့ သိပ်မရောင်း ရဘူး ... ကုမ္ပဏီ တွေ လာဝယ်ရင်တော့ ရောင်းရပါတယ်... (ဝန်ထမ်းများ အတွက်) (အင်း သူလည်း လေ ကုမ္ပဏီ နဲ့ သက်ဆိုင်သူပေကိုး...)

ရွှေ... အမ နဲ့ တွေ့တုန်းလေး ကျနော့် ကို မုန့်ပေါင်းလုပ်နည်း လေး ပြောခဲ့ပါအုန်း...

 မုန့်ပေါင်း လုပ်နည်း လေး ကို အောက်မှာ ရေးပြပါ့မယ်ဗျာ...


ဆန်မှုံ ၃လုံး ကောင်ညှင်းမှုံ ၁လုံး (၃ချိူး ၁ချိုး) ကို ရောပြီး ရေကျက်အေး လေး နဲ့ ရောသိပ်ရပါတယ် ရေ နဲ့ ဆန်ကောက်ညှင်း အရော မှုံ ကို နဲနဲခြင်း ထဲ့ ပြီး ခပ်ခြောက်ခြောက်လေး သိပ်ရပါတယ်... အဲဒီလို မုန့်သိပ် ပြီးမှ ... ရေစို အဝတ်လေး ရေညှစ်ပြီး ခဏလောက် လွှမ်းထားရပါတယ်...မုန့် ကို နှပ်ထားတယ်လို့ ခေါ်ပါ တယ်.. ။

ပြီးမှ မီးတွေ ဘာတွေ မွှေးပြီး မှ နှပ်ထားတဲ့ မုန့်ကို ယောက်သွားလေး နဲ့ ဖွဖွလေး ချစ်သူ ပါးပေါ် က သနပ်ခါး မှုံမှုံ လေး တွေကို နှာခေါင်းလေး နဲ့ ခြစ်ယူသလို သဘောထားပြီး ခြစ်ယူရပါတယ်....  မုန့်ပေါင်း တပေါင်းစာ ရအောင်ပါ.. ပြီးမှ စလောင်း ဖုန်းထဲ ကို မုန့်မှုံလေး တွေ ခပ်ဖွဖွ ထဲ့ရပါတယ်.. အပေါ်ကနေ ပဲလေး တွေ ဖြူးရပါတယ်.. အချို စားရင်တော့ ထန်းလျှက် ထဲ့ ရပါတယ်... အခုခေတ် မှာတော့ သပြစ်သီး ခြောက်တို့ ဘာတို့ နဲ့ တခြား အစေ့အဆန် တွေ့ ထဲ့စားနေကြပါတယ်....။

ပြီးမှ ရေဆူနေတဲ့ မုန့်ပေါင်းအိုးထဲကို အဝတ်စလေး ခံပြီး မှောက် ထဲ့ ရပါတယ်.. အပေါ်ကနေ အဖုံးလေး ပိတ်ပြီး အဝတ်စလေး ပြန်ပတ်ထားရပါတယ် ခဏလေး ၃မိနစ် လောက်ဆို နပ် သွားပါပြီး ဆီ လေး ဆမ်း နှမ်းထောင်း လေး နဲ့ အဝသာ လွှေးပါတော့....

ပြောတာသိပ်နားမလည်ရင် ပုံသာကြည့်ပါတော့ အပြော နဲ့ အလုပ် မညီ တဲ့ အရာများ ရှိရင်တော့ ဘလော့ဂါ အခွင့်အရေး အတွက် ဘလော့ဂါ ရှင်းလင်းပွဲ လုပ်ပေးပါမယ်... မေးချင်သလို မေးနိုင်ပါတယ်... အမှန် အတိုင်း မချွင်းမချန် ဖြေကြားပါမယ်.. ဘုရားစူး မိုးကြိုးပွတ်ပါ.... မိမိ တို့ ရဲ့ လုံခြုံရေး အတွက် လည်း စိတ်မပူပါနဲ့ တကမ္ဘာလုံး သိအောင်.. အင်တာနက် ကနေ တိုက်ရိုက် ဖော်ပြ ပေးပါမယ်...




အရိပ်ပြရင် အကောင် ထင်တဲ့ ရွှေမြန်မာ တွေ အတွက် လွယ်ကူစွာ ဘဲ လုပ်စားနိုင်မယ်လို့ ယူဆပါတယ်.. လုပ်ပြီးရင်လည်း ရွှေစင်ဦးလေးကို ကျွေးကြအုန်းနော်

လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.

38 comments:

  1. ရွေစင်ဦးလေးကို ကျေွးးပြီးရင် ဒီဘက် က မလုပ်တတ်တမကိုင်တတ်ကေလးကိလဲ နဲနဲလော်ကကျွေးကြပါဗျာ

    ဟိုနေ့ကသွားကြည့်တာ ၅ ခု ကို မြန်မာငွေ ၁၄၀၀ ကျပ် ဆိုတာ နဲ့ မစားရက်တာနဲ့မစားလိုက်ရဘူး.

    ReplyDelete
  2. စာခချင်တာ ဒီတစ်ခါတော့ဝယ်စားပလိုက်တော့မယ်။ အဲဒါ ရွေစင်ဦးလေးကြောင့်ပေါ့.

    ReplyDelete
  3. အမရွှေစင်ရေ မုန့်ပေါင်းတွေစားချင်စရာ၊မစားရတာကြာပေါ့အမရယ်။

    ReplyDelete
  4. ကြည့်လို့ကို မဝဘူး။

    ReplyDelete
  5. Want to eat,want to eat,want to eat....I repeatedly looked at the photoes of MOTPONG.This time,i'm really jelous to daw kom.Remember me when u buy n eat it.Thanks shwezinulay(for kom's last comment)Gyidaw

    ReplyDelete
  6. ငယ်ငယ်ကမုံ့ပေါင်းဝယ်၇င်ဆီလေးပါဆမ်းခိုင်းသေးတာလေ။
    အခုနေများအဲ့ဒီလိုဆီဆမ်းခိုင်း၇င်ရိုက်လွတ်မယ်ထင်ပ။
    စဉ့်ကိုင်မှာနေခဲ့တုံးကစားခဲ့တဲ့အကြော်နဲ့မုံ့ပေါင်းကိုသတိ၇သွားပါတယ်ဗျာ

    ReplyDelete
  7. ဒီမှာ မလေးပွဲဈေးတန်းတွေရှိရင် စားရတယ်...
    မမပြောသွားသလိုပါပဲ... ၅ ခုကို စလုံး ၂ ကျပ်ပါ...
    ကြိုက်လို့ တွေ့တိုင်းဝယ်စားတယ်...း))

    လုပ်နည်းလေး သိရတာ ကျေးဇူးနော်...
    မမက လုပ်စားရင် သူ့ကို ခေါ်ပါတဲ့...
    လုပ်လို့မှ လာမစားရင် အသိဘဲ... လို့ မမကို သွား ရန်လုပ်လိုက်အုံးမယ်... တာ့တာ...း))

    Merry X'mas & Happy New Year...

    ReplyDelete
  8. ဟာ . . . စားချင်လိုက်တာဂျာ။
    ဒါနဲ့ . . အဲဒီမုန့်ပေါင်းကို ဘာနဲ့ တိုင်းလုပ်ရတာလဲ။ ဒါလေး ပြောပါဦးဗျာ။ အဲ . . တမျိုးထင်နဲ့နော်။ ဒီမှာက အဲသလို အိုးရှိဘူးလေ ၊ ထမင်းပေါင်းအိုးနဲ့ လုပ်ရမှာ ဆိုတော့ အတိုင်းအတာလေး သိချင်တာပါ။

    ဘယ်နှယ့် . . . ဒီဘလော့ဂါက ရှင်းလင်းပွဲ လုပ်မယ် ဆိုတာချည်းပါပဲလား။

    ReplyDelete
  9. မုန့်ပေါင်းတော့ သိပ်မကြိုက်ဘူး
    မုန့်ပြစ်သလက်တော့ ကြိုက်တယ်။
    မသီတာတို့ ငယ်ငယ်တုန်းက... ခေါင်းရင်းအိမ်က မုန့်ပြစ်သလက်ရောင်းတော့ ကူရောင်းပေးတယ်။

    ReplyDelete
  10. မစားရတာကြာပေါ့မုန့်ပေါင်းရယ်။

    စားချင်စရာ

    ReplyDelete
  11. ဟိုနေ့က စစ နဲ့ ဂျီတော့ မှာ ပြောကြတော့ သူက မုန်းပေါင်း စားရင်းနဲ့ ပြောတာတဲ့....အမလေး...ပြောရက်လိုက်တာ....ပခုက္ကူက မုန်းပေါင်း အကြီးကြီးတွေလဲ လွမ်းတယ်..

    ReplyDelete
  12. ဟိ....ဖတ်ရင်း....ရီလိုက်ရတာ....။မုန့်ပေါင်း၊မုန့်ပစ်သလက်
    စားချင်လိုက်တာဗျာ...။အရင်က အဲ့လောက်အာသီသမရှိ
    ပေမယ့် အစ်မပို့စ် ဖတ်ရမှ စားချင်လာပြီ...ဟင်းးးး။

    ReplyDelete
  13. မုန့်ပေါင်းကို ဒီမှာလည်းဝယ်စားဖြစ်ပါတယ်၊ တရုတ်ပြည်မှာလည်းရှိပါတယ်၊ အငြင်းပွားဘူးပါသည်
    မုန့်ပေါင်းလို့ ဘာလို့ခေါ်တာလဲ? ပေါင်းရလို့ မုန့်ပေါင်းလို့ခေါ်တယ်လို့ဖြေတော့၊ မဟုတ်ဘူး လမုန့် ထိုးမုန့်တို့လို တရုတ်ကဆင်းသက်လာလို့ဆို၏၊ တဖြေးဖြေး မြန်မာမှုပြုလိုက်တာ ဟုပြန်ငြင်းပါသည်၊

    ReplyDelete
  14. မရွှေစင် ဆောင်းဘွဲ့လေးက စားချင်စရာ ... အဲ ... မုန့်ပေါင်းလေးက စားချင်စရာ ... ဖတ်ရတာ ပျော်ဖို့ကောင်းလိုက်တာ ... အင်တာဗျူးလေးတောင်ပါသေး။ ဒါမျိုးလေးတွေ မဖတ်ရတာကြာလို့ မျှော်နေတာ ... ကွန်နက်မကောင်းတဲ့ကြားက ခုလိုရေးပေးတာ ကျေးဇူးပဲ အမကြီးရေ ...

    မုန့်ပေါင်းပုံလေးတွေကြည့်ပီး အနံ့လေးတောင်ရလာသလိုပဲ။ စားချင်တယ်။ ထန်းမြစ်လဲ စားချင်တာ။ မြန်မာပြည်က ရာသီစာလေးတွေကို လွမ်းးးးးးးးးးးးးးတယ်

    ReplyDelete
  15. ကြိုးစားပါမယ်။ ကျေးဇူးပါနော်။

    ReplyDelete
  16. မမရေ
    မုန့်လုပ်တတ်အောင် ချစ်နည်း အဲလေ ခြစ်နည်းနဲ့ သိပ်နည်း အရင်သင်ရအုံးမယ် လေ
    ချစ်ညီမ

    ReplyDelete
  17. မရေ...
    " HAPPY MERRY CHRISTMAS " ပါ။
    ပျော်ရွှင်အေးချမ်းပါစေ။
    စားဖို့ အခွင့်အရေးသိပ်မရှိခဲ့ပေမဲ့ ညီမ အရမ်း
    ကြိုက်တဲ့ မုန်းလေးပါ မ။
    အမိမြေကို လွမ်းတယ် မရေ။ ချယ်ရီမြေကို သတိရတယ်။
    ..ခင်မင်လေးစားလျှက်..ခင်မာလာအောင် :)

    ReplyDelete
  18. အစ်မရေးတာလည်း ဖတ်ရင်း
    မုန့်ပေါင်းလည်း ကြည့်ရင်း
    မုန့်ပေါင်းကို တိုင်းပြီးလုပ်တဲ့ မုန့်ကော်ဇွန်းကိုလည်းကြည့်ရင်း
    ဗိုက်တွေဆာလာတယ်..း)
    ရယ်လဲရယ်လိုက်ရလို့
    မုန့်ပေါင်းစားချင်တဲ့ သူများ ဆန္ဒပြည့်ရောပေါ့
    ဟိုနေ့ကဘဲ ကိုဂျစ်တူးက အစ်မကို မေးထားတာ မပြောသေးလို့တဲ့ အော်နေသေးတယ်
    ခုတော့ ဒီပုံအတိုင်း သူလုပ်စားတော့မယ် ထင်တယ်..
    ကျေးဇူးအစ်မ
    ညီမလဲအချိန်ရရင် လုပ်စားပါဦးမယ်

    ReplyDelete
  19. ဘကျောက်ပြောတဲ့ ပခုက္ကူက မုန့်ပေါင်းတော့စားဖူးတယ်..။ အရမ်းကောင်းတာပဲ..။
    အဲဒါနဲ့အတူတူပဲလား...

    ReplyDelete
  20. ဝါး....
    သေသေချာချာ လုပ်ပေးထားတာပဲ။
    မုန့် ပေါင်းလေးက စားချင်စရာဗျာ..။
    ဒီတစ်ခါမန္တလေးလာရင် လာစားရတော့ မယ်။
    အဲ .. ထန်းမြစ်လဲကျွန်တော့် အကြိုက်(စ)။
    ဟို .. လမ်းနာမည်တော့ မေ့ နေပြီ။သဘင်သည်တွေ အများ
    ဆုံးနေတဲ့ လမ်း၊ ရှေးလူပြက်တွေလဲရှိတယ်လေ။
    နှစ်စဉ်ပွဲတော်နေ့  ဆို စဉ်ထိုးပြီးဗလာပွဲ ပြလေ့ ရှိတယ်။
    ဘာလမ်းလဲ လို့  ..။

    ReplyDelete
  21. မမရေ လွမ်းလိုက်တာ..။ မမကိုရော မုန့်ကိုရေား))

    မုန့်ပေါင်းလည်း ကြိုက်တယ်။ မုန့်ပစ်သလက်လည်း ကြိုက်တယ်..။ နှမ်းဆီစိမ်းလေး စမ်းစားလိုက်ရရင် ကောင်းမှကောင်း..

    merry christmas to you!!

    ReplyDelete
  22. ကျေးဇူး အမရေ၊ ကြည့်ရင်းနဲ့ကို စားချင်စိတ် ပေါ်တယ်။

    ReplyDelete
  23. အမရွှေစင်ရေ... မုန့်ပေါင်းလာစားပါတယ်။ အဲ.. လာကြည့်သွားပါတယ်။ မုန့်ပေါင်းအရွယ်အစားက သိပ်မကြီးပါဘူး။ ဇွန်းတကော်စာလောက်အရွယ်အစားပါဘဲ။ သိပ်မကြိုက်ပေမဲ့ အမရွှေစင်လက်ရာဆိုရင်တော့ နဲနဲ မြည်းကြည့်ချင်သား။ မန်းမြေရောက်ရင် လာစားဦးမယ်။

    Merry and Happy Christmas ပါ အမ။

    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)

    ReplyDelete
  24. ဆောင်းမနက်အေးအေးလေးမှာ မုန့်ပေါင်းပူပူနွေးနွေးကို အဖန်ရည် ရေနွေးကြမ်းလေးနဲ့ မြည်းလိုက်ရရင်တော့ လွှတ်ကောင်းပဲ


    မြစ်ကျိုးအင်း

    ReplyDelete
  25. မုန့် ပေါင်းစားချင်လို့ အမှီလာတာ
    ဧည့်သည်များလို့ ကုန်ဘီထင်တယ်ဗျ ...:)

    ReplyDelete
  26. မမရွှေစင်....ညီမလေး မုန့်ပေါင်းလာစားတယ်။ ကြုံရင်တော့ ကိုယ်ကိုယ်တိုင်တစ်ခါလောက်လုပ်စားကြည့်ဦးမယ်။ :))

    ချစ်ညီမလေး

    ReplyDelete
  27. ရွှေစင်ဦး----ရေမင်္ဂလာပါခင်ဗျာ
    ခုဏကကွန့် မန့် တစ်ခုရေးတာမပေါ်လို့ ပြန်ရေးကြည့်တာ-

    ReplyDelete
  28. ကွန့် မန့်း ရေးတာရှည်ရင်မပေါ်ဘူးလားဟင်-

    ReplyDelete
  29. ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
    ရွှေစင်ဦးရေ---“မုန့်ပေါင်း”လုပ်နည်းကတော့ပို့စ်အစက
    နေပြီးတော့အဆုံးအထိရေးထားလိုက်တာတကယ့်
    အသေးစိတ်ပါဘဲဗျာ-တကယ်ကိုကျေးဇူးတင်မိပါတယ်-
    ရွှေစင်ဦးအင်တာဗျူးတဲ့အမကိုလည်းကျေးဇူးတင်တဲ့
    အကြောင်းပြောပြလိုက်ပါနော်-
    ရွှေစင်ဦးအိမ်ရှေ့ မီးပုံကလေးကိုလည်းမျက်လုံးထဲမှာမြင်
    တယ်-မုန့် ပစ်သလက်ကိုလည်းကြိုက်တယ်။
    တံပျစ်စီးလှဲ နေတဲ့ ရွှေစင်ဦးကိုလည်းသာဓုခေါ်သွားပါ
    တယ်ဗျာ-သာဓု သာဓု သာဓု----
    အာရုံဆွမ်းခံကြွလာတဲ့သံဃာတန်းကြီးကိုလည်း---
    မျက်လုံးထဲမှာပြန်ပြီးမြင်မိသေးတယ်ဗျို့ --
    ဘုရားပွဲတိုင်းမှာပါနေကျဖြစ်တဲ့ ဆီးဖြူသီးနဲ့ ငပိချက်ကို
    တော့လွမ်းသွားတယ်ဗျာ-မစားရတာကြာလှပေါ့ နော်-
    ပဲမြစ်နဲ့ ထန်းမြစ်ကတော့ဒီကပင်နင်စူလာမှာရောင်းနေ
    တော့သိပ့်မလွမ်းသေးဘူးဗျ-(ဟိုနေ့ ကမှဝယ်စားလာ
    တာလေ)ဒါပေမဲ့ ရွှေစင်ဦးတို့ မိသားစုရဲ့ ဆောင်းတွင်း
    မနက်ခင်းအရသာမျိုးတော့မရဘူးပေါ့လေ။
    “မုန့် ပေါင်း”အတွက်မုန့် နှပ်တာကပညာသားပါမယ်
    ထင်တယ်ဗျ-ရေဘယ်လောက်ကိုဘယ်လို့ ထည့်ရမယ်
    ဆိုတာဗွီဒီယိုဖိုင်ကလေးတင်ပေးရင်ကောင်းမယ်နော်
    (ရွှေစင်ဦးမောင်အလတ်လိုလောဘနဲနဲကြီးကြည့်တာပါ)
    နောက်ပြီးတော့ကောက်ညွင်းမုန့် ဆိုတာအဖြူလား
    အမဲလားဟင်-ကောက်ညှင်းငချိတ်လို့ ခေါ်တဲ့ 
    အမဲရောင်ကောက်ညှင်းဆန်ကိုပြောတာလားဟင်-
    အင်း---ကိုကြီးကျောက်ကတော့လုပ်စားပြီးလောက်ပြီ
    “မုန့် ပေါင်း”နဲ့ အကြော်စုံကိုစားခဲ့ ရတဲ့ မန်းတလေး
    ညဈေးတန်း(တရုပ်တန်းဈေး)ကိုလွမ်းသွားတယ်ဗျို့ 
    မန်းတလေးရောက်ရင်ရွှေစင်ဦးကိုလာတွေ့ ဖြစ်အောင်
    တွေ့ မယ်ဗျာ-မုန့် ကျွေးစရာမလိုပါဘူးဓါတ်ပုံအရိုက်ခံ
    ရင်ကိုကျေနပ်လှပါပြီဗျာ-
    ရင်ထဲကနေလှိုက်လှိုက်လှဲလှဲကျေးဇူးတင်သွားတယ်-
    ဖုန်းဆက်ခွင့်ရရင်ဆက်ချင်သား-ဖုန်းနံပါတ်ပေးနော်-
    ရွှေစင်ဦးချစ်ချစ်ကြီးကလည်းခွင့်ပြုခဲ့ရင်ပေါ့-

    ReplyDelete
  30. ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
    ရွှေစင်ဦးရေ---“မုန့်ပေါင်း”လုပ်နည်းကတော့ပို့စ်အစက
    နေပြီးတော့အဆုံးအထိရေးထားလိုက်တာတကယ့်
    အသေးစိတ်ပါဘဲဗျာ-တကယ်ကိုကျေးဇူးတင်မိပါတယ်-
    ရွှေစင်ဦးအင်တာဗျူးတဲ့အမကိုလည်းကျေးဇူးတင်တဲ့
    အကြောင်းပြောပြလိုက်ပါနော်-
    ရွှေစင်ဦးအိမ်ရှေ့ မီးပုံကလေးကိုလည်းမျက်လုံးထဲမှာမြင်
    တယ်-မုန့် ပစ်သလက်ကိုလည်းကြိုက်တယ်။
    တံပျစ်စီးလှဲ နေတဲ့ ရွှေစင်ဦးကိုလည်းသာဓုခေါ်သွားပါ
    တယ်ဗျာ-သာဓု သာဓု သာဓု----

    ReplyDelete
  31. အာရုံဆွမ်းခံကြွလာတဲ့သံဃာတန်းကြီးကိုလည်း---
    မျက်လုံးထဲမှာပြန်ပြီးမြင်မိသေးတယ်ဗျို့ --
    ဘုရားပွဲတိုင်းမှာပါနေကျဖြစ်တဲ့ ဆီးဖြူသီးနဲ့ ငပိချက်ကို
    တော့လွမ်းသွားတယ်ဗျာ-မစားရတာကြာလှပေါ့ နော်-
    ပဲမြစ်နဲ့ ထန်းမြစ်ကတော့ဒီကပင်နင်စူလာမှာရောင်းနေ
    တော့သိပ့်မလွမ်းသေးဘူးဗျ-(ဟိုနေ့ ကမှဝယ်စားလာ
    တာလေ)ဒါပေမဲ့ ရွှေစင်ဦးတို့ မိသားစုရဲ့ ဆောင်းတွင်း
    မနက်ခင်းအရသာမျိုးတော့မရဘူးပေါ့လေ။

    ReplyDelete
  32. “မုန့် ပေါင်း”အတွက်မုန့် နှပ်တာကပညာသားပါမယ်
    ထင်တယ်ဗျ-ရေဘယ်လောက်ကိုဘယ်လို့ ထည့်ရမယ်
    ဆိုတာဗွီဒီယိုဖိုင်ကလေးတင်ပေးရင်ကောင်းမယ်နော်
    (ရွှေစင်ဦးမောင်အလတ်လိုလောဘနဲနဲကြီးကြည့်တာပါ)
    နောက်ပြီးတော့ကောက်ညွင်းမုန့် ဆိုတာအဖြူလား
    အမဲလားဟင်-ကောက်ညှင်းငချိတ်လို့ ခေါ်တဲ့ 
    အမဲရောင်ကောက်ညှင်းဆန်ကိုပြောတာလားဟင်-
    အင်း---ကိုကြီးကျောက်ကတော့လုပ်စားပြီးလောက်ပြီ

    ReplyDelete
  33. “မုန့် ပေါင်း”နဲ့ အကြော်စုံကိုစားခဲ့ ရတဲ့ မန်းတလေး
    ညဈေးတန်း(တရုပ်တန်းဈေး)ကိုလွမ်းသွားတယ်ဗျို့ 
    မန်းတလေးရောက်ရင်ရွှေစင်ဦးကိုလာတွေ့ ဖြစ်အောင်
    တွေ့ မယ်ဗျာ-မုန့် ကျွေးစရာမလိုပါဘူးဓါတ်ပုံအရိုက်ခံ
    ရင်ကိုကျေနပ်လှပါပြီဗျာ-
    ရင်ထဲကနေလှိုက်လှိုက်လှဲလှဲကျေးဇူးတင်သွားတယ်-
    ဖုန်းဆက်ခွင့်ရရင်ဆက်ချင်သား-ဖုန်းနံပါတ်ပေးနော်-
    ရွှေစင်ဦးချစ်ချစ်ကြီးကလည်းခွင့်ပြုခဲ့ရင်ပေါ့-

    ReplyDelete
  34. စိတ်မရှိပါနဲ့ ရွှေစင်ဦးရေ--
    ကွန်မန့် ကရှည်တော့မရဘူးဗျာ-
    ဒါကြောင့်-
    ဖြတ်ဖြတ်ပြီးတင်လိုက်တာပါနော်-နည်းပညာလည်းမကျွမ်း
    ကျင်တာလဲပါမယ်ထင်ပါရဲ့ -

    ReplyDelete
  35. မသီတာနဲ့ ကျမ တူတယ် မုန့် ပေါင်း သိပ်မကြိုက်ဘူး။ မုန့်ပျစ်သလက် ခေါ်တဲ့ မုန့်ပစ်စလက် ကို အကြိုက်ဆုံး ငယ်ငယ်က စားခဲ့ရတာ မုန့် ဦးဏှောက်ရယ် ပလောပီနံမုန့် ရယ် (အုန်းသီးကြော်တွေ ဖယ်စားတယ်)မုန့် အုပ်လေး ခေါ်တဲ့ မုန့် လင်မယားရယ် ... အင်း ... အမ မန်းကို လာလည် မယ်ဆိုရင်ရှောင်နေ မှာလား
း-)

    ReplyDelete
  36. ဟီဟိ ... ရေးထားတာ ရယ်ရတယ်။
    စလုံးမှ အန်တီကွန်အပါအ၀င် ကိုကိုမမများ။ ကလီမန်းတီး wet market နားမှာ မုန့်ပေါင်းဝယ်လို့ရပါတယ်။ သေးသေးလေးတွေ တစ်ခု ငါးမူးပေးရပါတယ်။ ခုတော့ရှိသေးလားမသိ။ မနှစ်က ၀ယ်စားဖူးတာ။

    ReplyDelete
  37. ကလီမန်းတီး NTUC အနောက်ဖက် ကားပတ်ကင် လမ်းနားက ဟော်ကာစန်တာ မလေးဆိုင်နားမှာပါ။ စားလို့တော့ တော်တော်ကောင်းပါတယ်။

    ReplyDelete

thank you to say so