Thursday, December 2, 2010
ရွှေစင်ဦး ကြိုက်တဲ့ အညာဟင်းလေးများ (၁ဝ)
ကျနော် အကြိုက်ဆုံး အညာဟင်းတခွက်ပါ.. ပုန်းရည် နဲ့ ဝက်သား... လက်ပံခေါင်းခြောက်.. ခရမ်းသီးခြောက်.. ခရမ်းသီး အစို နဲ့ ချက်ပါတယ်...
ဝက်သား နဲ့ လက်ပံခေါင်းခြောက် နူးအောင်ပြုတ်.. ဆီသတ်ပြီး အားလုံးရော ... ခရမ်းသီး အစိုရော အခြောက်ရော ထဲ့ ပုန်းရည်ကြီး အရည်ဖျော် ထဲ့ မွှေးလာရင် ကျက်ပါပြီဗျာ.. ဟင်းရေလေးနဲ့ ချက်ပါတယ်....
နောက်တခွက် ကတော့ ငါးပုဏ္ဏား ကို ရေလယ် ဆီလယ် လေး ချက်ပါတယ်.. နောက်တခွက် ကတော့ အာလူး..ခရမ်းသီး..ပဲသီး ရောထားတဲ့ ဘာဂျီကြော်လေးပါ...
အညာ ငရုပ်သီး ထောင်း လေးကတော့ မပါမဖြစ်ပါ... အောက်ဆုံးကတော့ ကိုကြီးကျောက် အကြိုက် မစီမာ အချဉ်ပေါင်း အအီပြေလေးပါ.... တယောက် တထုတ်ဘဲနော်..
လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.
29 comments:
  1. မစီမာ ငယ်ငယ်က အရမ်းစားခဲ့တာ
    ဇီးပြားအကြိုက်ဆုံးပဲ
    ရောက်ရင်ဝယ်ဦးမှ
    ပုန်းရည်နဲ့လက်ပံပွင့်ကြိုက်တယ်
    ငါးပုဏ္ဏားလည်းကြိုက်တယ်
    အိမ်မှာအိုးကပ်ချက်တယ်
    စူးနွယ်လေး
    ReplyDelete
  2. ၀ိုးးဝိုးးး ၀က်ပုန်းကို လက်ပံခေါင်းနဲ့ချက်တာ တခါမှ မစားဖူးဘူး။။ သရေယိုသွားပြီ။ မန္တလေးအလည်လာရင် ဒါမျိုးချက်ကျွေးပါ့မယ်လို့ ကတိပေး....ဟီးးး ဒီအချိန်ဆို ကုလားပဲညွှန့်လေးတွေ ရပြီထင်တယ်။ ကြော်စားလိုက်ရကွာ...။
    ReplyDelete
  3. ဝတ်ပုန်းရည်ကို ခရမ်းသီး၊လက်ပံခေါင်းတွေ ရောချက်တာ
    တခါမှ မစားဖူးဘူး...။ခေါက်ဆွဲပြုပ်နဲ့ပြီးရတဲ့ ညကျမှ
    ဝတ်သားဟင်း တင်ရသလားအစ်မရယ်...။ဟင်း...ပြန်ဆာ
    လာပြီ..:D
    ReplyDelete
  4. မရေ...ညီမ မစားဖူးတာလေးတွေ
    စားသွားရင်း..ဗိုက်ကလေးကို တင်းးးးလို့ ။ :)
    အိမ်မှာက ဝက်သားမစားကြတော့
    အဲလိုချက်နည်းလေးတွေ မသိဘူး။
    ညီမကတော့ စားတယ်။ :)
    ..ခင်မင်လျှက်..ခင်မာလာအောင်..:)
    ReplyDelete
  5. ဝက်သားမစားရတော့လို့ ဖတ်ပြီးရင်နာသွားတယ် (မှောက်ပြီး ဖတ်လို့မဟုတ်ပါ)..
    ဟင်း..ဟင်း...အရှက်ပြေ ပြောလိုက်ဦးမယ်..ဝက်သားကို မင်းကြီးနဲ့မင်းလေးက စားတာမကြီုက်ဖူးလေ..သိလာ..
    ဒါပေမဲ့ ..ရွှေဖျဉ်းကျောက်က ကြိုက်တယ်
    ReplyDelete
  6. ဝက်ပုန်းရည်ကတော့ အကြိုက်ဆုံးပဲ.. လက်ပံခေါင်းတော့ တစ်ခါမှ ထည့်မချက်ဖူးဘူး.. ကောင်းမယ့်ပုံပါ..
    ReplyDelete
  7. ပုန်းရည် နဲ့  ဝက်သား
    အကုန်စားတယ်ဗျာ ..
    ReplyDelete
  8. ၀က်ပုန်းပေါ့ ကောင်းတယ် အမ၊ ထမင်းမစားခင်
    လာဖတ်သွားတယ်။
    ReplyDelete
  9. ငါးပုဏ္ဏားဟင်းရော ၀က်သားပုန်းရည်ကြီးရော ကြိုက်တယ်
    ငါးဟင်းကိုတော့ပိုကြိုက်တယ်.. ထမင်းဖြူလေးနဲ့ နယ်. အညာထောင်းလေးနဲ့စား
    ဘုရားရေ ရေးနေရင်းနဲ့ သွားရည်တွေကျလာပါရောလား အစ်မရေ .
    ကွန်ပျူတာတောင် ပေကုန်ပြီ ...
    မန်းလေးရောက်ရင် လာလည်မယ်နော်.. ဆိုင်မှာ မကျွေးကြေးနော်း) အစ်မလက်ရာ စစ်စစ်စားချင်တယ်..
    ReplyDelete
  10. လက်ပံခေါင်းခြောက်ဆိုတာ ဘာတုန်း အစ်မရ။
    တေရော။
    ဒါကြောင့် တစ်ခါတလေ စိတ်နာတယ်။
    သူများတွေလို “ အမေ နဲ့ အညာကို လွမ်းတယ် ” လို့ တစ်ခါမှ ဆိုခွင့် မရဘူး . . . ဟင့် ရွှတ် ဗြဲ..။
    ReplyDelete
  11. မရေ
    အညာဟင်းဆိုတာနဲ့အပြေးအလွှားရောက်လာခဲ့တယ်။
    ဝက်သားတော့မစား၊ငါးပုဏ္ဏားရေလယ် ဆီလယ် နဲ့
    အညာ ငရုပ်သီး ထောင်း လေးကတော့ အရမ်းကြိုက်၊
    ဒီမှာစားရတဲ့ငါးတွေကအရသာမရှိဘူး။
    မစီမာ အချဉ်ပေါင်း ကိုလည်းလွမ်းသွားပြီ။
    ပုန်းရည်ကောင်းကောင်းလေးလည်းစားချင်လိုက်တာ။
    အညာနဲ့အညာစာတွေကိုလွမ်းတယ် အမရယ်။
    ReplyDelete
  12. အအီပြေလေးက တခုထက်ပိုယူမိရင်
    ဘာဖြစ်မှာလဲဟင် :)
    ReplyDelete
  13. ပုန်းရည်ကြီးနဲ့ဝက်သားစားချင်လိုက်တာ
    /_;
    ReplyDelete
  14. လက်ပံပွင့်လေး စားချင်တယ်...
    အညာသူဖြစ်ရတာကံကောင်းတယ်..း))
    ReplyDelete
  15. မမရွှေစင်..
    မမရွှေစင်.. နေကောင်းလား။ ကျန်းမာရေး ဂရုစိုက်ပါ..
    ReplyDelete
  16. အကုန်လုံးကြိုက်တယ်......။
    မကြီးရွှေစင်နော်...........ဟင်းဟင်းးးးးးး
    အမ်တွီချောပြောသလိုပဲ........တွေ့ရင် ချက်ကျွေးပါခင်ညာ........။
    အချဉ်ပေါင်းလည်း စားချင်တယ်.....။
    ၀ါးးးးးးးးးးးး
    ခင်မင်ခြင်းအားဖြင့်.......
    ဏီလင်းညို
    ReplyDelete
  17. အညာဟင်းတွေ...စားချင်တာ။ဝက်သား၊လက်ပံခေါင်းခြောက်၊ခရမ်းသီး အကုန်ရောထားတဲ့ ဟင်းကို အညာမှာတော့ ဟင်းလေးချက်လို့ ခေါ်တယ်။သရက်သီးခြောက်လေးလည်း ပါတာပေါ့။
    ReplyDelete
  18. အညာဟင်းလေးတွေစားကြည့်ချင်လိုက်တာ..။
    တွေ့ရင်ချက်ကျွေးရမယ်နော်မမရွှေစင်..။
    ထွက်မပြေးရဘူး.........
    ချစ်တဲ့
    ညီမသဒ္ဓါ
    ReplyDelete
  19. မစီမာ ဇီးပြား ဇီးပေါင်း က ၁၉ လမ်း လား ၂၂ လမ်းမှ လား သွားဝယ်ရင် ပိုရတယ်ဆိုလို့
    သွားဝယ်ဘူးတယ်၊
    ReplyDelete
  20. အမရွှေစင်..
    မရောက်တာ အတော်လေးကြာသွားတယ်။ ဟိုယောင်ယောင် ဒီယောင်ယောင် လုပ်နေတာနဲ့ ဘယ်အိမ်မှ ကောင်းကောင်းမလည်ဖြစ်ဖူးဖြစ်နေတယ်။
    အခုလို အညာဟင်းလေးတွေ မြင်ရတော့ စိတ်ထဲမှာ အားရပါး စားပစ်ချင်စိတ်တောင် ပေါက်သွားတယ်။
    အားလုံးအဆင်ပြေပါစေ။
    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)
    ReplyDelete
  21. မမရွှေစင်ရေ..
    ကျွန်တော်မရောက်ဖြစ်တာက “ဘောပွဲ” ကိုက်နေလို့ ပါ။
    ဗမာပွဲမို့  အကွဲကွဲအပြဲပြဲ ဝက်ဝက်ကွဲအောင် (ရှုံး)ပေမဲ့ 
    လဲ အောင့် သက်သက်နဲ့ ပဲ ပွဲစဉ်ပြီးအောင်ကြည့် နေမိလို့ ဒ
    ဗမာဆိုတော့ လဲ သိတယ်မလား၊
    လိုင်းမကောင်းတာကျွန်တော်သိတယ်လေ၊
    မချောလဲ ဒီအတိုင်းပဲ မလား ၊ ခဏတော့ စောင့် ကြပါ။
    လွှတ်တော်ပြီးရင် လင်း ... လာတော့ မယ်လေ။
    အညာဟင်းကတော့  အိုင့်  အကြိုက်ပါနော...။
    ReplyDelete
  22. သူများက ဝက်သားစာပါဘူးဆိုနေ...
    ကြက်သား ပြောင်းချက်ပေး.......
    ဟင့်...
    ReplyDelete
  23. ထမင်းစားပြီးမှ လာဖတ်ဖြစ်တာ နာတာပဲ.. ဘာပဲဖြစ်ဖြစ်လေ.. ညစာ စားခါနီးလာဖတ်ဦးမှာ... လမ်းကြုံလို့ မန်းလေးရောက်ရင်တော့လား....
    ReplyDelete
  24. ဝက်သားပုန်းရည်ကြီးဟင်း ဟိုတနေ့ကမှ ချက်စားထားတာ။ ဝက်သားက ၅ ထပ်သား မြေအိုးနဲ့ ချက်လိုက်တာ နူးအိပြီး စားလို့ ကောင်းမှကောင်း။ ချက်စားခဲ့တာလေး ပြန်ကြွားသွားတာ။
    ငါးပုဏ္ဏားကတော့ လွမ်းတယ်ဗျာ မစားရတာ ကြာပြီ။ ဒီမှာ မရှိတော့ မြန်မာပြည်က လာတဲ့ ငါးပုဏ္ဏား ကြော်ပဲ စားရတယ်။
    ReplyDelete
  25. မြင်သာမြင်ရ..မကြင်ရ..
    သရေသာကျရ၏
    အဖြစ်ဆိုးလှပါတကား..
    ReplyDelete
  26. "မြင်သာမြင်ရ..မကြင်ရ..
    သရေသာကျရ၏" so true! Thank you for sharing.
    ReplyDelete
  27. ဟောဗျာ..
    ကောင်းလိုက်တဲ့ ဟင်းတွေ...ကြည့်ရင်း စားချင်လာပြီ..
    ဘာမှ မစားရသေးတဲ့ အချိန်မှ ဒီဟင်းတွေ တွေ့ ရတယ်...အညာရောက်ရင်တော့ ချက်ကျွေးဖို့ ပူဆာဦးမှ.....ခုတော့သွားရည်ပဲကျသွားတယ်ဗျာ.ဆက်လက်ပြီး ကြိုးစားနိုင်ပါစေဗျာ..
    ReplyDelete
  28. မမရွှေစင်ရေ နောက်ကျလို့ ကုန်ပြီထင်ပါရဲ့...ဟင်းတွေ အကုန်ကြိုက်တယ် ပြန်လာမယ် ချက်ကျွေးပါ....:)
    ReplyDelete
  29. အမ ဟင်းတွေ သိုးကုန်ပီလားမသိပေမဲ့ ပြန်လာချောင်းပီး ထပ်စားသွားတယ်နော်..
    မြတ်နိုး
    ReplyDelete
thank you to say so