ရွှေစင်ဦး ရဲ့ ခါတော်မီ အင်တာဗျူး (၁) ကို သေချာနားထောင်ပြီး မကျေနပ် တဲ့ အင်တာဗျူးရာ ဟာ ဒုတိယ အကြိမ် အင်တာဗျူး နောက်ဆက်တွဲ လေး လာဗျူးပါတယ်ခင်ဗျာ.. ကျေးဇူးပြုပြီး နားဆင်ကြပါ...
အင်တာဗျူးရာ........... အမ ရေ အမရဲ့ အင်တာဗျူးမှာ စကားတွေ ရှေ့နောက် မညီတာ ရယ် နောက်ပြီး အမ ရဲ့ သူရ ငါရ ချစ်ချစ်ကြီး ရဲ့ အပြုအမူတွေ ကို မကျေနပ်တဲ့ အတွက် ရယ် ညီမ တို့ သိချင်တာတွေကို ဒုတိယအကြိမ် မေးခွင့်ပေးပါနော်....
ရွှေ.......... ရတယ် ညီမ ရေ ဘယ်နှစ်ကြိမ်မေးမေးပါ.. ဒါပေမဲ့ အမ ရဲ့ ချစ်ချစ်ကြီး ကိုတော့ သူရ ဖြင့်ရင် သူရ ချစ်ချစ်ကြီး ငါရ ဖြင့်ရင် ငါရချစ်ချစ်ကြီး လို့ ပြောင်းလဲ ခေါ်ဆိုစေချင်ပါတယ်.....။
အင်တာဗျူးရာ..... ဘာလို့လည်း အမ ရယ် .. အမ ကိုယ်တိုင်ဘဲ ရေးခဲ့တာဘဲ မဟုတ်လား...။
ရွှေ............ ဟုတ်ပါတယ် ညီမ ရယ် အချစ်မှာ ရဲစွမ်းသတ္တိရှိလွန်းလို့.. သူရချစ်ချစ်ကြီး က တပုဒ် .. ရှိသမျှ အားလုံး ငါဘဲ ရချင်လို့ ... ငါရ ချစ်ချစ်ကြီးက တပုဒ်.. အမ ရေးခဲ့ ပါတယ် .. အဲလို သီးခြားစီဘဲ ခေါ်ပါ. ညီမ. သူရ ငါရ ချစ်ချစ်ကြီး ဆိုတော့ ... တမျိုးကြီး မလို့ပါ....။
အင်တာဗျူးရာ... အမ သဘော အတိုင်းပါ.. ဒါနဲ့ သူရချစ်ချစ်ကြီး က ပထမ အင်တာဗျူး တုန်းက လက်သီးဆုတ် လိုက် လက်ဝါးဖြန့် လိုက် လုပ်နေတယ် ဆိုတဲ့ အဓိပ္ပါယ် ကို သိချင်ကြပါတယ်တဲ့.... ။
ရွှေ.......... ချစ်ချစ်ကြီး ကဖြေပါတယ်... သီချင်းဆိုနေတာပါတဲ့ လက်သီးကြိုက်လား လက်ဝါးကြိုက်လား ဆိုတဲ့ သီချင်း ကို ဆိုရင်း ဖီးဝင်သွားလို့ အမူအရာ အပြည့် နဲ့ သီဆိုနေတာပါတဲ့...။
အင်တာဗျူးရာ...... သြ .. ချစ်ချစ်ကြီး က ဒါမျိုးလည်း ရတာဘဲနော်.. တော်ကြာ အဆိုတော် နေရဲမာန် လို့ နေရာတိုင်း မှာ ချစ်ချစ်ကြီး မျက်နှာ တွေ့နေရအုန်းမယ်နော်....။
ရွှေ............ အမ ကတော့ မတူမတန် တာတွေ ကို အားမကျဘို့ ဆုံးမထားပါတယ်..........။
အင်တာဗျူးရာ....... ဒါနဲ့ အမ ချစ်ချစ်ကြီး ပုဆိုး မတဲ့ အဓိပ္ပါယ်ကိုရော သိချင်ပါတယ်....။
ရွှေ............. ချစ်ချစ်ကြီး က ပုဆိုးကြားက ဟာ ထုတ်ပြီး ပုတ် မလို့ ပါတဲ့ ....။
အင်တာဗျူးရာ.... အမ ရေ သိပ်သိပ် လွန်လာပြီနော်.. အမ နဲ့ အင်တာဗျူး တာ မထိုက်တန် တော့ဘူး ထင်တယ်...။
ရွှေ............. ညီမ ရေ စိတ်မရှိပါနဲ့နော်.. ချစ်ချစ်ကြီး က တိုင်းရင်းသား သွေး နဲနဲရော တော့ စကားဝဲ လို့ပါ... သူ ဆိုလိုတာက ပုဆိုးကြား မှာ ညှပ်ထားတဲ့ လက်ကိုင်ဖုန်း နဲ့ မတ်စိ ပို့ မလို့ပါတဲ့... အဲ ရှင်း အောင် ပြောရရင် တယ်လီဖုန်း ခတွေ ဈေးကြီးတာ ရယ် ... ဖုန်း က ခေါ်တိုင်း မရတာ ရယ် ကြောင့် သူရို့ ပွဲစား တွေဟာ ဖုန်း နဲ့ message ပို့ ပြီး တော့ ဘဲ ပြောကြပါတယ်... ဒါဟာ ချွေတာခြင်းတမျိုးပါ ညီမ..... အထင်မလွဲ ပါနဲ့.....။
အင်တာဗျူးရာ......... ရှင်းပါပြီ အမ ရေ..... ဒါဆိုရင် အမ နဲ့ ပတ်သက်တာလေး နဲနဲ မေးချင်တယ်နော်... အမ ပထမ အင်တာဗျူး မှာ နိုင်ငံရေး မပြောဘူး ဆိုပြီး ညီမ က ရွေးကောက်ပွဲ သတင်း တွေ မေးတော့ အမ အားရပါးရ ဖြေသွားတယ်နော် .. အဲဒါဘာကြောင့်ပါလည်း....။
ရွှေ............ သြ အဲဒါ နိုင်ငံရေး လား .... အမ ကတော့ မဲထည့် တာကို အကြောင်းပြပြီး ဟိုပါတီ က အလကား ရလိုက် ... ဒီပါတီ က အချောင်နှိုက်လိုက် နဲ့ ဆိုတော့ အမ အတွက် သိပ်အဆင်ပြေနေတော့ အမ စိတ်ထဲ မှာ နိုင်ငံ အရေး လို့ မထင်တော့ဘဲ ငါ့ အရေး လို့ဘဲ ထင်သွားလို့ပါ.........။
အင်တာဗျူးရာ.......... အမယ်လေး မှားပါပြီ အမ ရေ.... ရွေးကောက်ပွဲ ကိုများ နိုင်ငံ အရေး မဟုတ်ဘဲ ငါ့အရေး ..... ငါ့အရေး တဲ့..................။
ဤ တွင် အချိန်စေ့ ၍ အင်တာဗျူးပြီး ၏။
............. အားလုံး တာ့ တာ.........
လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.
ဘာရယ် မဟုတ်ပါဘူး အမှတ်တရလေးပါ...
....
Dear Sis,
ReplyDeleteNow i can clearly understand why your Chit Chit Gyi did as..
Thank you very much not only for your posts but also your sharing.
Ray
သူရ ငါရချစ်ချစ်ကြီးဆိုလို့ ရယ်လိုက်ရတာ...
ReplyDeleteမရွှေစင်အသံက ငယ်ငယ်လေး.. လူကလည်း ငယ်ငယ်လေးဖြစ်မယ်ထင်တယ်...
အပြေးအလွှားကို လာဖတ်တာ အစ်မရေ..
ReplyDeleteရယ်ရမယ်ဆိုတာ သိလား.. ထင်တဲ့အတိုင်း ရယ်လိုက်ရတာ။
ပြောရင် ယုံမလား မသိဘူး
ဒီမှာလည်း ကော်နက်ရှင်တွေ အစ်မတို့ဆီမှာလို ဖြစ်နေတယ်..
ဟင်းဟင်း
ဒါကြောင့် ဆွေမျိုးပေါက်ဖော်ဆိုတာ အလကားထားတဲ့ စကားပုံ မဟုတ်ဘူးနော်...
သီချင်းလား.. နားမထောင်သွားရဘူး.. ကော်နက်ရှင် မကောင်းလို့
မရွှေ့ဇင် ကျွန်တော်လဲ ဗျူးချင်လို့ မရွှေဇင် အချိန်ရရင်ဗျူးချင်ပါတယ်ဗျာ
ReplyDeleteမမရွှေစင်ရေ...
ReplyDeleteရွှေမန်းသူ.. လေယူလေသိမ်းလေး...ကြားရတော့
အိမ်ထောင်ကျပြီး ပထမဦးဆုံးအခေါက် ကိုဧရာ့အိမ်လိုက်တော့ မသီတာ့ အမျိုးတွေလည်း လိုက်လည်ကြတာပေါ့။
မသီတာ့အကိုက "သီတာ နင် အဲ့လိုမျိုး ပြောတတ်အောင် ကျင့်" လို့ ပြောခဲ့တာတောင် အမှတ်ရ သွားသေးတော့တယ်
နားထောင်ကောင်းတယ်...
မမရွှေစင် အသံလေးကတော့ တကယ်ပါ အသံကြားချစ်ခင်ပါစေဆုနဲ့ ပြည့်စုံပါတယ်..။ တကယ် တကယ် လက်တွေ့../ ဖုန်းတခါပဲ ပြောဖူးတယ်၊ ချက်ချင်းကို ချစ်ချစ်ချစ်ချစ် ဖြစ်သွားတာ..
ReplyDeleteပထမအင်တာဗျူးက သိပ်မရှင်းတာတွေ အခုနည်းနည်းပိုရှင်းသွားပါတယ်။ အင်တာဗျူး-၂ ထပ်တင်ပေးတာ ကျေးဇူးတင်ပါတယ် မမရွှေစင် :D
မကြီးရွှေစင်...
ReplyDeleteစကားပြောကောင်းတယ်..
အသံလေးလည်းကောင်းတယ်...
တတိယဗျူးလေး လုပ်ပါအုံး...
အားပေးလျှက်..
ချစ်ချစ်ကြီးက ဟိုဟာကြီးနဲ့ ခနခန ပုတ်တာခံနေရတယ်ပေါ့လေ...
ReplyDeleteရွှေစင်ရေ....တပတ်လောက်တော့ အိမ်မလည်နိုင်သေးဘူး..
ဆေးက ခုတော်တော် အစွမ်းပြနေတော့ နုံးပြီး လှုပ်ကိုမလှုပ်နိုင်ဘူး..
ဖုန်းတောင်မပြောချင်လို့ အမြဲံပိတ်ထားတယ်...online uကနေ10 လောက် ခွါနေလိုက်ဦးမယ်..
ကိုကြီးကျောက်
အမရေ.....
ReplyDeleteရောက်ခဲ့ပါတယ်။
ဗျူးလေးလည်း နားထောင်သွားတယ် မရေ။
ဖတ်ရင်းလဲ ပြုံးသွားပါတယ် မရေ။
View လေးနားထောင်ရင်း မြန်မာပြည်က
လူငယ်တွေ အတွက် Connection လေး
နဲနဲ ဖွင့်ပေးရင် ပိုကောင်းမလားပဲ။ :)
မန့် လို့ မရ၊ ဖတ်လို့ မရနဲ့  ညီမတော့
တော်တော် အခက်တွေ့ ခဲ့ဖူးရဲ့။
..ခင်မင်လေးစားလျှက်....ခင်မာလာအောင်..:)
အမယ် ..
ReplyDeleteအပေါ်မှာကိုကြီးကျောက်....
အင်း.. ချစ်ချစ်ကြီးအကြောင်းကတော့ 
ဖတ်ပါများလေ တွေ့ ချင်လာလေ၊ ကြိုက်လို့ မဟုတ်ဘူးနော်
ခင်လာလို့ ပါ။
ပုဆိုးကြားက ဟိုဟာ ဆိုတော့ သွားသတိရတာက
လစိ(လယ်စိ) ညှစ်ရင်သေသွားမယ် ဘာမှတ်လဲဆိုသလို
ဖြစ်နေပြီ။ ဒါနဲ့  ကဲရီးအွန်အုံးမယ်မလား (၃)လေ ၊
ဘာပဲဖြစ်ဖြစ် အုန်းသီး ဆိုကြိုက်ပြီးသား..
ချစ်ချစ်ကြီးဖြစ်နေတာ ဒါကြောင့်ကိုး၊
ReplyDeleteရှုတ်ရှက်ခပ်နေတဲ့ကြားထဲ မရွေစင်ကဗျုးလိုက်သေးသနော်
အပိုင်း၃ လေးလုပ်ပါဦး။
အင်တာဗျူး ရှင်းလင်းချက် -
ReplyDeleteသူရ ( သို့ ) ငါရ ဆိုပြီး ပြောနေသော်လည်း ချစ်ချစ်ကြီးကို သူများ ရသွားလျင် မရွှေစင်ဦး ကျေနပ်မည် မဟုတ်။ ထို့ကြောင့် ငါရသာ ဖြစ်ပါလိမ့်မည်။
သူများတွေ အသည်းကြားက မဲတပြား အချိန်မှာ ချစ်ချစ်ကြီးက ပုဆိုးကြားမှ မဲတလုံးဆိုလား။
အလကားရတယ် ဆိုရင် ဦးထုပ်ပဲ ဖြစ်ဖြစ် ဘာပဲ ဖြစ်ဖြစ် ကျနော့်နာမည်ကိုထည့်ပြီး ယူထားလိုက်ဦးနော် အစ်မ..ဟီး အကျင့်ပါနေလို့ပါ။
အင်တာဗျူးကြောင့် ငါ့အစ်မတော့ ပီတိတွေ ဖြစ်နေမှာ မြင်ယောင်သေး...ဟီးဟီး။
အစ်မရေ ..အသံလေးအခုမှကြားဖူးတယ်ဗျာ ..
ReplyDeleteဝမ်းလည်းသာတယ်.ကိုယ့်အစ်မအရင်းအချာတစ်ယောက်ရသလိုခံစားရတယ် ..
ဆက်လက်ပြီး ..စာဖတ်ပရိသတ်တွေအတွက် ဖြည့်ဆည်းပေးရင်း ပီတိတွေ ထက်ပွားပါစေဗျာ ..
ဒီ့ထက် ပြင်းပြင်းလေး ထပ်ဗျူးပါအုံး
ReplyDeleteအဝေးမှာ နေလို့ မြှောက်ပေးသွားတယ်။
တကယ်မလုပ်နဲ့နော် ရှော့ရှိတယ်။
(မြစ်ကျိုးအင်း)
မမရွှေစင် အသံလေးက ချစ်ဖို့ကောင်းတယ်...
ReplyDeleteစွဲနေပြီ စွဲနေပြီ (နေကြာစေ့ကြော်ငြာသီချင်းဆိုတာ.. မမရွှေစင် ဘလော့စွဲနေတယ်ဆိုလို့)
အင်တာဗျူး လေးတွေ အကုန်ကောင်းတယ်။ အပိုင်းဆက်လေးတွေ မျှော်နေဦးမယ်နော်...
ခင်မင်စွာဖြင့်
ပူးတေ
ဟာ...အင်တာဗျူးကထိတယ်ဗျာ....နောက်ထပ်ဗျူးတာ
ReplyDeleteလဲဖတ်ချင်သေးတယ်...။မရွှေစင်အသံလေးကသိပ်လှ...အဲ...သိပ်ချစ်စရာကောင်းတာဘဲနော်၊
ရှားပါးပြီးအရမ်းကောင်းတဲ့စာတွေကိုမျှဝေပေးချင်တဲ့
မရွှေစင်ရဲ့စေတနာကိုလေးစားမိပါတယ်..၊အခုလဲမရွှေ
စင်ရဲ့အိမ်ကိုတနေ့တခေါက်မှမလာရရင်နေမထိထိုင်မ
သာနဲ့မို့လို့နေ့တိုင်းလာဖြစ်နေတယ်..ကျေးဇူးပါမရွှေစင်...။
မမရွှေစင် ရွှေမန်းသူ လို့ မပြောရဘူး၊ လေယူလေသိမ်းက သိမ်မွေ့ နေတာပဲ၊ ကွန်ဂရက်ကျူလေးရှင်း မမရေ ဂုဏ်ယူဝမ်းသာမိပါတယ်....
ReplyDeleteရွေးကောက်ပွဲဆိုတာ ငါ့ အရေး ငါ့အရေး ဆိုတာလေး သဘောကျလွန်းလို့ မရွှေစင်ရေ..
ReplyDeleteမန်းလေးသူ လေသံလေးကိုလဲ နားထောင်သွားပါတယ်။
ရွှေမန်းသူလေး
ReplyDeleteဗျူးလေးနဲ့ အသည်းထဲစွဲအောင် ရေး။
ဖတ်ရသူ ရင်မှာ အေးအေးသွား
ရွှေစင်အစ်မလေး
တို့ကတော့ အရမ်းအားပေး။
စည်းစိမ်ရှင်မမရေ အပေါ်ကရေးထားတာလေးက သီချင်းပါ။
အစ်မရွှေစင်အတွက် သီချင်းတစ်ပုဒ်ကို
လူလည်ကျကူးချပြီး ခံစားပစ်လိုက်ပြီးရေးထားတာပါ။
စည်းစိမ်ရှင်မမကို ပေါက်စီလာပို့တာ။
စီပုံးထဲ ၀င်ရင်း မျက်စိလည်သွားတယ်။
အွန်လိုင်းပေါ်က အိမ်ကို လာလည်နော်။
ပေါက်စီနွှေးပြီး စောင့်နေမယ်။
ဟိုဟာလည်းပါမယ်။ အဟီး။
ဟင့်အင်း...ဟင့်အင်း....သူရငါရချစ်ချစ်ကြီးလို့ပဲ ခေါ်မှာပဲ.... :D
ReplyDelete(ရုံးမှာမို့လို့ အသံနားထောင်လို့မရသေးဘူး။ ညကျမှပြန်လာမယ်)
ချစ်ညီမလေး
ဘလော့စွဲနေပြီး ကွန်ပြူတာရှေ့အမြဲထိုင်နေတဲ့ အမကြီးရွေစင်..
ReplyDeleteအသံလေးက မြနေတာပဲ.. သီချင်းဆိုရင်လည်း မြမြလေးဖြစ်မယ်ထင်ပါ့.. ထင်တာထက် ပိုကောင်းမှာ သေချာတယ်..။
အင်တာဗျူးကလည်း မိုက် ..တယ်။ လူနှစ်ယောက်လုံးကလည်း မိုက်တာပါပဲ..။ သေချာတာကတော့ အမကြီးက ရှေ့နောက်ညီအောင် ပြောစေချင်တာပါပဲကွယ်..( တကယ်ပြောတာပါ..။)
ပြန်ပါပြီ ..မပြန်ခင်နောက်တခု ထပ်ဖတ်ရပါအုံးမယ်..တာဝန်တွေ များနေတာ များနေတာ.. ။
မဲဇာရောက် စိန်ဗေဒါလေး
ရွှေစင်ဦး တဲ့လား အမည်လေးက ချစ်စရာလေးနော် စကားပြောတာလေးကလည်း ချစ်စရာလေး လူလေးက လည်း ချစ်စရာလေးလား မသိဘူး ချစ်ချင်လိုက်တာ ဂျီမေးလ်ပြောပါ့လား ချစ်ကြည့်ချင်လို့ ဟဲဟဲ ချစ်လို့ ရလား ဟင်
ReplyDeleteအမရေ
ReplyDeleteရယ်လဲရယ်ရပါတယ်
အင်တာဗျူးကိုလဲ ရင်ထဲထိအောင်ရေးတတ်လို့
ရင်ကိုထိသွားတယ်.....