သူရချစ်ချစ်ကြီး ပြီးတော့ ... ငါရ ချစ်ချစ်ကြီး အကြောင်း ရေးအုန်းမယ်လို့ .. ဘယ်သူမှ မတောင်း ဆိုပေမဲ့ တောင်းဆို သယောင် သဘောထားပြီး ရေးပရစေ...။
ကျနော် ဟာ ချစ်ချစ်ကြီး နဲ့ မရခင် သူတို့ အိမ်မှာ ဝင်ထွက် နေကထဲက သူ့ မိသားစု ရဲ့ ချစ်ချစ်ကြီး အပေါ် အလိုလိုက် မှု့ ကို သတိထားမိပါတယ်...၊နောက်ပြီး အမြဲတန်း ဦးစားပေး ကြပါတယ်.. သြ... သူတို့ မောင်နှမ လေးယောက် ထဲ မှာ အားလုံး တက္ကသိုလ် တက်နေပြီး ချစ်ချစ်ကြီး တယောက်ထဲ ၁ဝတန်း မအောင် သေးလို့ များ သနားလို့ အလိုလိုက်ကြသလားပေါ့လေ.. (အဲဒီအချိန် က ၁ဝ တန်း မအောင်သေးပါ..)...။
ချစ်ချစ်ကြီး ပြောစကားလည်း အားလုံးနားထောင်ကြပါတယ်... အငယ်သုံးယောက် ကို တခါတခါ စကားနဲ့ မပြောဘဲနဲ့ မျက်လုံး နဲ့ ကြည့်လိုက်တာနဲ့ သူတို့ အကို မကြိုက်တာ ဆက်မလုပ်ရဲ မပြောရဲ ကြပါဘူး...။
အိမ်မှာ ငွေ အသုံးဆုံး ကလည်း ချစ်ချစ်ကြီး ပါ ... သူ့ရီးစား ကလည်း အစားပုတ်တော့ ငွေအတော် ကုန်မှာပေါ့..... သမီးရီးစား ချိန်းတိုင်း.. များသောအားဖြင့် ရုပ်ရှင်ကြည့်ကြတယ် .. (ချိန်းတာကလည်း တပတ် ၈ ရက်).. ရုပ်ရှင် မကြည့်ခင် တခုခု စား တယ်.. ရုပ်ရှင် ကြည့်တယ်.. ကြည့်ပြီး ကြေအိုး သောက်တယ်... ခေါက်ဆွဲကြော် စား တယ်... အဟဲ စဉ်းစားသာကြည့် တော့ ချစ်ချစ်ကြီး ဘယ်လောက် ရှာရဖွေရ မလည်း ဆိုတာ... အင်း အခုမှ စဉ်းစား ကြည့် တယ် ... သနားပါတယ်.. သူခမျာ....။
ချစ်ချစ်ကြီး ရှာရဖွေရတာ မောပါတယ်.. သူကိုယ်တိုင် အရောင်းအဝယ် လုပ် (သူ့ရှိတာရောင်း ..) ရှာရသလို သူ့ မေမေ ဆီက သိအောင်တမျိုး မသိအောင် တမျိုး ယူရပါတယ်...၊ ကျနော့် ကိုတောင် သူ့မေမေ ရဲ့ ဘီရို ဖွင့်နည်း အသေးစိတ် သင်ပေးနေလို့ .. ကြံရာပါ တရားခံ အဖြစ်မခံနိုင် တဲ့ အတွက် ဝေးဝေး က ရှောင်ရပါတယ်....။
သူ့ မေမေ က အင်မတန် တိကျပြီး စေ့စပ်တဲ့ အမျိုးသမီး တယောက်ပါ.. ဒါပေမဲ့ သူ့သားကြီး သုံး နေတာ ကို သိရဲ့သားနဲ့ မသိချင်ရောင် ဆောင်နေလား တော့ မသိပါဘူး... ဘာမှ ပြောသံဆိုသံ မကြား ပါဘူး..။
ကျန်မောင်နှမ များ ကလည်း သူ့ အကိုကြီး ပိုက်ဆံသုံး တာကို အပြစ်ပြောသံ မကြားပါဘူး... ကျနော် .. ဘလော့ဂ် စ ရေးတုန်းက ချစ်ချစ်ကြီး မိသားစု အကြောင်း (ကျနော် တို့ ၂ယောက်ရဲ့ ဆယ့်တနှစ်တာ ချစ်ခရီး အကြောင်း) တွေ ရေးတော့ စင်ကာပူ ကသူငယ်ချင်း က သိပ်သဘောကျ ပါတယ်... ။
မနှစ်က နှစ်ကူးမှာ ပြန်လာတော့ ဆိုင်ထဲ ဝင်ဝင်ခြင်း ချစ်ချစ်ကြီး ကို အရင် အင်တာဗျူးရမယ် ဆိုပြီး သူမေးချင်ရာ တွေ မေးပါတယ်.. နောက် ကျနော် က ထမင်း လိုက်ကျွေးတော့ (အမှန်တော့ ကျနော့် ဘလော့ဂ် ထဲမှာ ပါတဲ့ အညာစာလေး တွေ ကို သူက စားချင်တာပါ) ကျနော် ကလည်း မသိချင်ရောင် ဆောင်ပြီး ဆိုင်မှာဘဲ ကျွေးရပါတယ်.. သူငယ်ချင်း ရယ် အဲဒါ တနှစ် တခါ နှစ်ခါ လောက်ဘဲ ချက်တာတွေပါ.. နေ့စဉ် ချက်တာတွေ က ကောင်းပါဘူး ဆိုင် မှာဘဲ စားပါဆိုပြီး ချော့မော့ ခေါ်သွားရပါတယ်..။
ဆိုင်ရောက်တော့ သူ က ချစ်ချစ်ကြီး တို့ မိသားစု မောင်နှမ တွေ ဟာ အခု ထိဘဲ ဒီလို သူ့တို့ အကိုကြီး ကိုလေးစားသေးလား .. ချစ်သေးလား ပေါ့... တချို့ မိသားစု ... မောင်နှမ တွေ ဟာလူလားမြောက် လာတဲ့ အချိန် (အိမ်ထောင်ကွဲ တွေ ဖြစ်သွားတဲ့ အချိန်) ကြတော့ .. သူတို့ အကိုကြီး တွေ အမကြီး တွေဟာ သူတို့ လောက် တောင် အစွမ်းမရှိဘူး.. အဖြစ်မရှိဘူး လို့ ယူဆပြီး အမကြီး တွေ အကိုကြီးတွေ ကို ကန်ထုတ် ကြတယ်.. လေးစားမှု့ မရှိကြတော့ဘူး လို့ ပြောပါတယ်...။
အဲဒါနဲ့ ကျနော် က ချစ်ချစ်ကြီး နဲ့ သူ့မိသားစု အကြောင်း ကို နဲနဲလောက် ပြောပြမယ် ဆိုပြီး အခု ရေးထား တဲ့ အတိုင်း ပြောပြပါတယ်....
သူ့ တို့ မိသားစု အကြောင်း (လတ်တလော ဖြစ်ရပ်လေး ) နဲနဲ ပြောပြမယ်လို့... လွန်ခဲ့တဲ့ ၄နှစ်လောက် က ဂျီ အက်စ်အမ် ဖုန်း သူ့ ဖေဖေ က မဲပေါက် ပါတယ်...၊ အိမ်မှာ လည်း ကြိုးဖုန်း ရှိပြီးသားဆိုတော့ ဒီဖုန်းကို သားသမီး တယောက်ကို ပေးမယ် ပေါ့လေ.. အမှန် တော့ သားသမီး တယောက် ဆိုတာ မှားပါတယ်... သူ့သားကြီး ပေါ့... သူ့သားကြီး က အရေးကြီးပါတယ်တဲ့... ။
အင်း ဖုန်းထုတ်ခ (........) အဲဒါတော့ ကိုယ့်ဘာသာ ပေးပေါ့လေ... ပေးမယ် ဆိုလည်း ကျနော် တို့ ပေးနိုင် ပါတယ်... အမယ် ချစ်ချစ်ကြီး ကတော့ ပေးဘူးဗျ.. သူ့ညီ က ငွေထုတ်ပေး ရတယ်... ဖုန်းလေး ရခါ စ တပတ်လောက် သူ့ညီ နဲ့ ညီမ နဲ့ ကိုင်ဘူးအောင် ကိုင်ကြပါစေ ငါ့သားရယ် ဆိုပြီး သူ့ အဖေ က ပြောပါတယ် .. အမယ် ရှေ့တော့ ဟုတ်.. ဟုတ် ပေါ့.. ၅ရက်တောင် မပြည့်သေးပါဘူး ... အပိုင်သိမ်း လိုက်တော့ တာပါဘဲဗျာ....။
အင်း နောက်တခါ သူတို့ ဖေဖေ မှာ မြို့သစ် မြေကွက် တွေ ရှိတယ်ဗျ... မြေတွေ ဈေးကောင်းတော့ သူက သူ့ ဖေဖေ ကို မြေရောင်းခိုင်းတယ်..........ပေးတယ် .. ဖေဖေ ရောင်းလိုက်တော့ .. ကျနော် တို့ မောင်နှမ တတွေ လေးပုံ ပုံပြီး ခွဲ ယူမယ်လို့ ပြောပါတယ်... အဲဒီတော့ သူ့ အဖေကြီး က စဉ်းစားပြီး .. သားကြီး ရေ မင်းအမေလင်ကြီး ရော ဘယ်နား သွားထား မတုန်း ပြောမှ အဲဒါ ဆို ဖေဖေ အတွက် လည်း တပုံ ခွဲလိုက် ပြောပါတယ်... နောက်တော့ လည်း သူ့သားကြီး အလိုကျ ရောင်းပြီး ခွဲပေးလိုက် ရတော့ တာ ပါဘဲ...။
ဒါတောင် သူ့ဝေစု ထဲက မလောက်လို့ သူ ဖေဖေ နဲ့ ညီမ တွေ ညီ တွေ စီက.. သွားသွား တောင်းသေး တာ.. အဲဒါနဲ့ ကျနော် လည်း ချစ်ချစ်ကြီး ကို ငါရချစ်ချစ်ကြီး လို့ နံမည် ပေးထားလိုက်ပါတယ် ... ၊။
နောက်ဆက်တွဲ ပြောရရင်
သိပ်မကြာခင်က.. ချစ်ချစ်ကြီး ဟာ အခန်းထဲ မှာ စာတစောင် ကြိုးစားပမ်းစား ရေးနေပါတယ်... ကျနော် လည်း ရီးစား စာများ ရေးနေသလား ဆိုပြီး အသာသွားချောင်းပါတယ်... အမယ် သူ့ညီ အလတ်စီ ကို စာရေး နေတာဗျ... ဘာစာလည်း ဆိုတော့ ... သူ့ညီက တခါတလေ အရက် သောက်တယ်ဗျ (အလုပ်ကိစ္စ အကြောင်း ပြ ပေါ့ဗျာ)...။
ညပြန်လာတယ် မိုးချုပ်တယ် .. သောက်စားလာတယ်ပေါ့ .. အဲဒါ ကို သူက ဆုံးမ စာရေးထားတာဗျ... ငါ့ညီ အိမ်အပြန် ကို အဖေအိုကြီး ရယ် မိန်းမ ရယ် သား၂ယောက် ရယ် ညီမ ရယ်က စောင့်နေကြတယ် .. သောက်စားထားလို့ လမ်းမှာ တခုခု ဖြစ်သွားရင် မိသားစု တွေ ဘယ်လို့ ခံစားရမလည်း ဆိုတာ ကို သေချာ ရေးထားတယ်... အောက် ဆုံး က မှ ငါ့ညီ မနေနိုင်လို့ သောက်ချင်ရင် အိမ်ရောက်မှ သောက်ပါတဲ့ဗျ... ။
အဲဒါနဲ့ ကျနော် လည်း ပြောလိုက်တာပေါ့ ဒီလောက် တွေ့ နေရတာ မျက်နှာခြင်းဆိုင် ပြောလိုက်ပါ့လား ဖုန်းထဲက ပြောလိုက်ပါလား ဆိုတော့ .. အင်း သူ့ညီ ကိုသနားလို့ ပြောမထွက်ဘူးတဲ့.... အဲဒါ ကြောင့် စာရေး ပြောရတာလို့ ပြောပါတယ်... အဲဒါနဲ့ ကျနော်လည်း ဒါဆို မောင့် ညီ အတွက် စာတကြောင်း လောက် ထပ်ဖြည့်ပေးမယ်လေ...... အိမ် ရောက်မှ ကိုကို့ လို မိန်းမ နဲ့ အတူတူ သောက် လို့......။
လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.
မမတို့ အတွဲ ပျော်ပျော်နေတတ်ကြတယ်နော်
ReplyDeleteတကယ်ရော အပြင်မှာ အိမ်ရောက်မှ မိန်းမနဲ့အတူတူ သောက်တာလားဟင်!!!
ရယ်လိုက်ရတာ အူတောင်နာတယ်
ReplyDeleteသားကြီး ရေ မင်းအမေလင်ကြီး ရော ဘယ်နား သွားထား မတုန်း တဲ့( ခွီး
ဟုတ်ပ ဖတ်ပြီး တခွီးခွီးနဲ့ ရယ်နေရတယ်...
ReplyDeleteအစ်မကတော့လေ
ကံကောင်းပါတယ်... တကယ်
ငါရချစ်ချစ်ကြီးဆိုတဲ့ နံမည်နဲ့ လိုက်ဖက်ပါပေတယ်...
ရှားမှရှားနော်...
ခုခေတ်မှာ တော်တော်ရှားတဲ့ မရွှေစင်ရဲ့ ချစ်ချစ်ကြီးး)
မမချစ်ချစ်ကြီးနဲ့ ငါရ ချစ်ချစ်ကြီးတို့ကတော့ စံ ပဲအေ့
ReplyDeleteဖလန်းဖလန်းထတဲ့ စုံတွဲ။ လန်ထွက်နေတာပဲ။ တော်တော် ဂွမ်းတာပဲ။ အပြင်မှာ လာလွတ်ဦးမယ်။ မန်းလေးရောက်မှပါ ဆိုင်မှာ ထမင်းလိုက်ကျွေးတာတော့ စိတ်ဝင်စားတယ်ဗျာ။
အင် ချာမတို့က အိမ်ကျမှသောက်တာလား အဟီး ဒါကြောင့်ဖြစ်မယ် အင်တာနက်လာသုံးရင် ပုလင်းခွံတွေ တွေ့တာ နောက်တာနော် ဆရမာ
ReplyDeleteခင်မင်လျှက်
ကိုကိုးအိမ်(မန္တလေး)
မမရွှေစင် အဲသလို ကိုယ်တိုင်ရေးလေးတွေ သိတ်သဘောကျတယ်။ ဟ ဟ ရယ်နေရတယ်...:P
ReplyDeleteမရွှေစင်ရဲ့ ချစ်ချစ်ကြီးအတော့ နာမည်နဲ့လိုက်ပါပေတယ်၊ ငါရ ဆိုတာ အရက်အတူတူသောက်မဲ့သူလည်း အနီးကပ်ရှိရဲ့
ReplyDeleteမမရွှေစင်....မမရွှေစင်ရဲ့လက်ရာကို မဖတ်ရတာကြာလို့ တွေ့တာနဲ့ချက်ချင်းပြေးလာတာ....ရီလိုက်ရတာဆိုတာ။ ဒီလိုချစ်ချစ်ကြီးမျိုးအနားမှာအမြဲရှိနေတာ ငါ့အစ်မကတော့ တကယ်ကံကောင်းလှပါပေတယ်။ .... :D
ReplyDeleteချစ်ညီမလေး
အစ်မ..ဖတ်ရတာ ပျော်စရာကြီး။
ReplyDeleteအခု အိုက်ဒီယာ ရသွားပြီ သူ့ကိုလည်း အဲလိုပြောရမယ် အိမ်ကျမှ မိန်းမနဲ့အတူတူသောက်နော်လို့..။
ရွှေစင်နဲ့ ချစ်ချစ်ကြီး ကတော့ နမူနာပါပဲ...
ReplyDeleteရွှေစင် ကိုယ်တိုင်ရေးတွေကတော့ ကိုကြီးကျောက်နှမ ရယ်လို့မပြောရဘူး..အမြဲတမ်းမြူးနေတာပဲ..
ကြိုက်သွားပြီ။
ReplyDeleteအစ်မရွှေစင်ရေ။
ဟာ့ဟားဟားဟား။
အစ်မတို့စုံတွဲက တကယ်လိုက်ဘက်ပါတယ်။
မန္တလေးရောက်လို့ကတော့ ဆက်သွယ်မှာပဲ နော်။
ခင်မင်လေးစားလျှက်
အမ ရေးလိုက်ရင် တကယ့်ဟာသပဲ၊ အိမ်မှာ သောက်ရင် အမြည်းတွေက ရှယ်လား အမ။
ReplyDeleteအမရွှေစင်....
ReplyDeleteဒါမျိုးကိုယ်တိုင်ရေးလေးတွေ မျှော်နေတာ ကြာပြီ။ အခုမှဘဲ မြင်တွေ့ခွင့်ရတော့တယ်။ ဒါမျိုးဆို သိပ်ကြိုက်။ ကြိုက်သလောက်သာရေး မလွတ်တမ်းဖတ်ပြီသားဘဲ။
အားကျလိုက်တာနော်။ သူများစုံတွဲတွေကို။ ပါရမီဘက်ဖြည့်တွေထင်တယ်။ ဆုကြီးပန်တွေများလား။ ညီကြလွန်းလို့။း))
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
မန္တလေးမှာ ကြေးအိုး ၊ခေါက်ဆွဲကြော် အရမ်းကောင်းဆိုပဲ ..
ReplyDeleteခုကော ..ရုပ်ရှင်တွေ သွားကြည့်တုန်းပဲလားဗျ ..:P
This comment has been removed by the author.
ReplyDeleteအဲဒီလို အစ်ကိုမျိုးကို ကျနော့်အဖေက နာမည်ပေးထားသဗျ။ “ အစ်ကိုကြီးတော့ ဓါးပြ အရာ ” တဲ့။ အိမ်မှာ ကျနော်ကလည်း ညီမတွေကို ညှာပါတယ်။ ဒါပေမဲ့ သုတို့က ကျနော့်ကို ပိုပြီးညှာတတ်ကြတယ်။ မျက်လုံးနဲ့ ကြည့်တာနဲ့ တင် တုန်နေတတ်ကြတာ။
ReplyDeleteအစ်မ နဲ့ အစ်ကိုကတော့ လိုက်ပါတယ်လေ။
အသွင်တူမှ အိမ်သူ ဖြစ်တယ် လို့ ဆိုတယ် မဟုတ်လား။ ဒီတော့ “ မောင်တပိုင်း ၊ မယ်တစိတ် ” ပေါ့ဗျာ ဟ ဟ ဟ ..။
ရည်းစားအတွက် ကုန်တယ်ဆို ကုန်လို့ကုန်မှန်းတောင် မသိဘူးဆိုပဲး)
ReplyDeleteငါရချစ်ချစ်ကြီးကို ရထားတာကိုက ကံကောင်းနေပြီ။
စိတ်မပျော်တဲ့အချိန် အမရွှေစင်ရဲ့ စာကို ဖတ်လိုက်ရတာ လန်းသွားတာပဲ။
ReplyDeleteအိမ်ရောက်မှ ကိုကို့လို မိန်းမနဲ့တူတူသောက် ...တဲ့ ... ဟားဟား သဘောကျလိုက်တာ ပျော်စရာကြီးနော်။
ငါရ ချစ်ချစ်ကြီးကို အပိုင်သိမ်းထားနိုင်တဲ့ ငါရရွှေစင်ဦးလေးက ကံကောင်းသလို ...
အခုလို အဖြစ်အပျက်တွေကို မချွင်းမချန် မှတ်တမ်းတင်ပေးနိုင်တဲ့ မရွှေစင်ကို ပိုင်ဆိုင်ထားတဲ့ ချစ်ချစ်ကြီးလဲ ကံကောင်းတာပါပဲ။
Whenever i read ur own writing,i really appreciate n lol.B happy ever. :) Gyidaw
ReplyDeleteပျော်ရွှင်စရာတွေပိုင်ဆိုင်ထားတဲ့ မမတို့စုံတွဲကို
ReplyDeleteမြင်ယောင်မိပါသေးတယ်။ တူတူသောက်တော့
ပိုကောင်းတာပေါ့..
ချစ်တဲ့
ညီမသဒ္ဓါ
မမရွှေစင်ကိုယ်တိုင်ရေးတွေကို သိပ်သဘောကျတယ် ပျော်စရာလေး မမနဲ့ချစ်ချစ်ကြီးက တကယ်အတူသောက်လားဟင်...
ReplyDeleteခင်တဲ့
မိုးငွေ့
အော.................
ReplyDeleteမမရွှေစင် .... ရေ..(မော့ (စ)အသံ နှင့်ဖတ်ပါ)
ကိုယ့် မိန်းမရှေ့  သောက် ရမှာတော့  ကျွန်တော်
ဆို မျို လို့ ဘယ်ရပါ့ မလဲ ဗျာ။
ကြံကြံဖန်ဖန် လူထူးဆန်းချစ်ချစ် ကြီးကို လာတွေ့ ရအုံးမယ်။
မှတ်ထားနော် .. ဒါပဲ။
မရေ
ReplyDeleteရယ်လိုက်ရတာ အူတတ်မတတ်ပဲ
ညီမအိမ်ကလူကြီးလည်း အစသန်တော့
တချိန်လုံးသူ့ကြည့်ရင်ပြုံးနေပျော်နေ
စနေတော့ ညီမက တချိန်လုံးဒေါခွီးပြီး
ဆူပုတ်နေရော..
အဲတော့ တပိုင်းပဲပျော်ရတယ်
မတို့လို အပြည့်ပျော်ရရင်ကောင်းမယ် ခစ်
:P
ReplyDeleteAt first, it took some seconds to understand who he was.
Ha ha ha ...
Ray