ကျနော်တို့ နိုင်ငံ က တပ်မတော် မှာ ထူးချွန်စွာ တိုက်ခိုက်ခဲ့ သူများ တိုက်ပွဲများ မှာ ပြောင်မြောက်စွာ ကျိုးပန်း အားထုတ်ခဲ့သူများ ကို သူရ ဘွဲ့ အောင်ဆန်းသူရိယ ဘွဲ့ နဲ့ တခြား ဘွဲ့ များပေးလေ့ ရှိပါတယ်... အခု လက်ရှိ သူရ ဘွဲ့ရ ဗိုလ်ချုပ်ကြီး များ အများအပြားရှိပါတယ်... ၊ ကျနော် ငယ်ငယ် က အောင်ဆန်း သူရိယ ဗိုလ်တိုက်ချွန်း ဆိုတဲ့ စာအုပ် ကိုဖတ်ပြီးတော့ တော်တော် ကြိုက် ဘူးပါတယ်.....။
အခုလည်း ကျနော် ဟာ ဗိုလ်ချုပ်ကြီးများ ရဲ့ သူရဘွဲ့ များကို ကြည့်ကြည့် ပြီး သဘောကျ လွန်းလို့ ..... ကျနော် နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်း က ကျနော် သိသော လူတော်တော် များများကို ငါရ ပုဂ္ဂိုလ် ကြီးများလို့ နံမည် ပေးထားပါတယ်...၊ အားလုံးဟာ ငါ့ အတွက် ငါ့ မိသားစု အတွက် ငါ့ အမျိုးအတွက် ငါ့ သူငယ်ချင်း များအတွက် ငါ့ မြို့ ငါ့ ရွာ အတွက် ဆိုပြီး ငါရ တွေဘဲ လုပ်လွန်းလို့ပါ.....၊ မြန်မာပြည် တပ်မတော် ထဲ က သူရ ပုဂ္ဂိုလ် များ နဲ့ အပြိုင် ငါရ ပုဂ္ဂိုလ်များလည်း မရေတွက်နိုင် အောင် ပေါလွန်း လှပါတယ်.....။
ရွှေစင်ဦးဟာ သူရ - ငါရ ဘွဲ့ တွေကို သဘောကျတဲ့ အတွက် ချစ်ချစ်ကြီး ကိုလည်း သူရချစ်ချစ်ကြီး လို့ နံမည် ပေးထားဘူးပါကြောင်း ပြောရင်း ကျနော်တို့ သူရ ဇာတ်လမ်းလေး ကို စလိုက်ကြရအောင်ဗျာ....။
ချစ်ချစ်ကြီးရဲ့ သူရ ဘွဲ့ဟာ တပ်မတော် မှာ ရခဲ့တာလည်း မဟုတ် အပြင်လောက မှာ ရဲစွမ်းသတ္တိ ရှိလွန်း လို့ ရခဲ့တာလည်း မဟုတ်ပါဘူး... ရွှေစင်ဦး ကိုယ်တိုင် က အချစ် နဲ့ ပတ်သက်ရင် ပြောင်မြောက်လွန်း လို့ သတ္တိကောင်းလွန်းလို့ သူ့မိဘ တွေကိုယ်စား ယူကြုံး မရစွာနဲ့ သူရချစ်ချစ်ကြီး လို့ နံမည် ပေးထားခြင်းဖြစ် ပါတယ်..။
ချစ်ချစ်ကြီး ဟာ ကျနော်လိုဘဲ မောင်နှမ ထဲမှာ အကြီးဆုံး ဖြစ်ပေမဲ့ ကံခြင်း ကတော့ တခြားစီပါ.. ပထဆုံး ရောက်လာတဲ့ ရွှေဧည့်သည် အဖြစ် အချစ်ခံရတဲ့ အပြင် အကြီးအဖြစ် တာဝန်ယူရမဲ့ ကိစ္စ တော်တော်များ ကိုလည်း သူနဲ့ နှစ်နှစ်လောက် ဘဲ ခြားတဲ့ ညီအလတ် ငွေဧည့်သည် ကသာ ဝင်ရောက် တာဝန်ယူ လေ့ ရှိပါတယ်....။
ဒါပေမဲ့ မိဘ နှစ်ပါး ရဲ့ အချစ်ဆုံး ဖြစ်တဲ့ အပြင်မောင်နှမ ၄ယောက် ထဲမှာ အငယ်ဆုံး တဦးတည်းသော ညီမလေး ကစပြီး သူ့ကို ဦးစားပေးကြပါတယ်.... ချစ်လည်းချစ် ကြပါတယ်.. သူ့ကံနဲ့ သူပေါ့လေ....။
အဲဒီလို ဗို ဖြစ်တဲ့ ချစ်ချစ်ကြီး ကို သူ့မိဘ များဟာ တော်တော် အချစ်သဲကြပါတယ်.. ချစ်ချစ်ကြီး ငယ်ငယ်က ငါးဟင်း ချက်တာ စားပြီး ငါးရိုးဆူး လို့ ဆိုပြီး သူတို့ အိမ်မှာ နှစ်ပေါင်းများစွာ ငါးဟင်း မချက်ရတော့ ပါဘူး....၊ သူတို့ အိမ်မှာ ဘော်ဒါဆောင် ထားပါတယ်... ချစ်ချစ်ကြီး ကို သီးသန့် လုပ်ပေးထားပါတယ်... အဆောင်နေ ကျောင်းသား များ သူ့တို့ သားရဲ့ အိပ်ယာပေါ် တက်ထိုင်တာ ကစပြီး မကြိုက်ပါဘူး... ။
နောက် သူတို့ က ဆိုင်ဖွင့်ထားပါတယ်.. ဆိုင်မှာ ချစ်ချစ်ကြီး မနက်စာ လာစားတဲ့ အခါ သူ့သားကို ဖျော်ပေးတဲ့ လဘက်ရည် ခွက်က အက် နေတဲ့ အတွက် ချက်ခြင်း ပြန်လဲ ခိုင်းပါတယ်... သူ့သား ကို အဲလို့ ခွက်နဲ့ ထဲ့ တိုက်လို့ ဆိုပြီး ဖျော်သမား ကိုလည်း ဆူလိုက် တာဗျာ.....သူ့အမေ က ချစ်ချစ်ကြီးကို ချစ်ပုံ အလေးထား ပုံ ပေါ့...။
ကျနော် တို့ အိမ်ထောင်ပြုပြီးတဲ့ အချိန် မှာလည်း ညအိပ်တဲ့ အချိန် မှာ သူ့သားကို ဘယ်ဘက် က ထားအိပ် လည်း ဆိုတာ အမြဲမေး.. ကျနော် ကလည်း ဘယ်ညာ တောင် သိပ်သတိထားမိတာ မဟုတ်ဘူး ကိုယ်က အမြဲတန်း ဆင်းရတက်ရ လွယ်တဲ့ဘက် မီးတိုင်နဲ့ ပိုနီးတဲ့ ဘက်မှာ အိပ်တာ ဖြစ်ပေမဲ့ သူတို့စိတ်ကျေနပ် အောင် ယောက်ကျား ဘယ် အဲ..ညာ မိန်းမ ညာ .. အဲ..ဘယ် ဆိုတော့ ဟိုဘက် ဟိုဘက် ဆိုပြီး ပြောရတယ် ... ဘယ်သူ သိတာလိုက်လို့... တကယ်တော့ ထူးပါဘူး.. နော်.. ။
နောက် သူတို့ က ဆိုင်ဖွင့်ထားပါတယ်.. ဆိုင်မှာ ချစ်ချစ်ကြီး မနက်စာ လာစားတဲ့ အခါ သူ့သားကို ဖျော်ပေးတဲ့ လဘက်ရည် ခွက်က အက် နေတဲ့ အတွက် ချက်ခြင်း ပြန်လဲ ခိုင်းပါတယ်... သူ့သား ကို အဲလို့ ခွက်နဲ့ ထဲ့ တိုက်လို့ ဆိုပြီး ဖျော်သမား ကိုလည်း ဆူလိုက် တာဗျာ.....သူ့အမေ က ချစ်ချစ်ကြီးကို ချစ်ပုံ အလေးထား ပုံ ပေါ့...။
ကျနော် တို့ အိမ်ထောင်ပြုပြီးတဲ့ အချိန် မှာလည်း ညအိပ်တဲ့ အချိန် မှာ သူ့သားကို ဘယ်ဘက် က ထားအိပ် လည်း ဆိုတာ အမြဲမေး.. ကျနော် ကလည်း ဘယ်ညာ တောင် သိပ်သတိထားမိတာ မဟုတ်ဘူး ကိုယ်က အမြဲတန်း ဆင်းရတက်ရ လွယ်တဲ့ဘက် မီးတိုင်နဲ့ ပိုနီးတဲ့ ဘက်မှာ အိပ်တာ ဖြစ်ပေမဲ့ သူတို့စိတ်ကျေနပ် အောင် ယောက်ကျား ဘယ် အဲ..ညာ မိန်းမ ညာ .. အဲ..ဘယ် ဆိုတော့ ဟိုဘက် ဟိုဘက် ဆိုပြီး ပြောရတယ် ... ဘယ်သူ သိတာလိုက်လို့... တကယ်တော့ ထူးပါဘူး.. နော်.. ။
အဲဒီလို သူတို့ အလိုလိုက် ထားတဲ့ သူ့သားကြီး ရီးစား ထားပြီ ဆိုတော့ သူ့သားကြီး ကို နှမြောမှာပေါ့လေ.. ဒါပေမဲ့ ရွှေစင်ဦး ကလည်း ခေသူမဟုတ်တော့ ဘာမှတော့ မပြောပါဘူး... ကျနော်က သူတို့ အိမ်ကို ကျနော် တို့ ကြိုက်ပြီး ၂နှစ်လောက် နေမှ ဝင်ထွက်ပါတယ်... အဲဒီ အချိန်မှာ သူ့ မေမေ လားမသိပါဘူး စကားတခွန်း ပြောလိုက်တာ ကျနော် မကြိုက်တာဖြစ်သွားတယ်.. အသေးစိတ်တော့ မေ့ နေပါပြီ... ရွှေစင်ဦး မကြိုက် တာကို ချစ်ချစ်ကြီး ကသိပါတယ်.. နောက်ပြီး ချစ်ချစ်ကြီး ကလည်း ရွှေစင်ဦး ဘက်က ဆိုတာ မေးစရာ တောင် မလိုပါဘူး... ။
အဲလို့ မကြိုက်တဲ့ အတွက် ချစ်ချစ်ကြီး ဟာ သူ့ မေမေ ကို တော်လှန်ပြ လိုက်ပုံက.......
ချစ်ချစ်ကြီး နဲ့ ကြိုက်ခါစ ၂နှစ် ၃နှစ် လောက်မှာ ရွှေစင်ဦးဟာ တော်တော်မြင့် တဲ့ ဒေါက်မြင့် ဘိနပ် ကြိုးသိုင်းများ ကို စီးလေ့ရှိပါတယ်.... တသက်မှာ အဲဒီ ၁နှစ်၂နှစ် လောက်ဘဲ ဒုက္ခ ခံဘူးတာပါ.. နောက်ပိုင်းမှာ လုံးဝ မစီးတော့ပါဘူး... အဲဒီနေ့က ရွှေစင်ဦး မကြိုက် တဲ့ စကားပြောမိတဲ့ အချိန်မှာ ရွှေစင်ဦး ဟာ ချစ်ချစ်ကြီး တို့ ဧည့်ခန်းမှာ ထိုင် နေရင်း ဘိနပ် ကြိုးသိုင်း များကို ဖြုတ်ထား ပါတယ်... ။
ခဏနေ ပြန်တော့ မယ်ဆိုပြီး ကျနော် ဘိနပ် ပြန်စီးမယ် လုပ်တော့ ချစ်ချစ်ကြီးဟာ ကျနော့် ခြေရင်းမှာ အကျထိုင်ပြီး ဘိနပ် ကလေး စီးပေးပြီး ကြိုးသိုင်းလေး ကို တယုတယ နဲ့ ချည်ပေးပါတယ်... သူ့မျက်နှာ ကြည့်ရတာလည်း ဗျာ အင်မတန် ခိုင်မာ ပြတ်သား ပြီး သူ့ ရီးစားမကြိုက်တာကို နောက် ဒီလို ပြောရင် ဘိနပ်တင် စီးပေးရုံမကဘူး ခြေထောက်လေး တောင် နမ်းပြမဲ့ ပုံဗျ... အတော်ကို ပြတ်ပြတ်သားသား သတ္တိရှိပြလိုက်ပုံပါ....။
သူ့ မေမေ ကို ဘာတခွန်း မှတော့ ပြန်မပြော ပါဘူး ... သူတို့ က အဲလို လည်း မိဘ ကိုပြန်ပြောတဲ့ အကျင့် မရှိကြပါဘူး.... ဒါပေမဲ့ သူ့မေမေ ရှေ့မှာ သူ ဒီလို လုပ်ပြလိုက်တဲ့ အတွက် အားလုံး ရွှေစင်ဦး ကို မထိကြနဲ့ ချစ်ချစ်ကြီး ဘယ်လောက် ချစ်တယ် ဆိုတာ ပြလိုက်တာလို့ ကျနော် က ယူဆပြီး ချစ်ချစ်ကြီး ကိုလည်း အဲဒီအချိန် ကစပြီး အချစ် နဲ့ ပတ်သက် ပြီး သတ္တိကောင်းလွန်းလို့ သူရချစ်ချစ်ကြီး လို့ အမည် ပေးထား လိုက် ပါကြောင်း ... ပြောကြား ရင်း မြန်မာပြည်က သူရချစ်ချစ်ကြီး အကြောင်း ပြီးပါပြီဗျာ.. ။
ကျနော် ချစ်တဲ့ သူရ ဘွဲ့ရ ချစ်ချစ်ကြီး ကတော့ အဲလို ပြောင်မြောက်တာပါဗျာ.. နောက် တော့ ငါရ ဘွဲ့ရ တွေ အကြောင်းလည်း ရေးခွင့် ကြုံ ရင်ရေးပါအုန်းမယ်.... ။
လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး (ပုံအား Google မှ ယူပါ၏)
.
ချစ်ချစ်ကြီး သတ္တိကောင်းထှာ သူရဘွဲ့ရထိုက်ပါပေတယ် မမရွှေဇင်....:P
ReplyDeleteတော်ပြီဗျာ သား မမွေးတော့ဘူး
ReplyDelete:D
ဟားဟား..
ReplyDeleteဒီ သူရ လေးကလဲ အိမ်သာ စောင့်  တဲ့ 
အဖွဲ့  လေး လို ပဲ ကောင်းတာပဲ၊ ကိုယ်တိုင် ရေး
အုန်း ကြူး တွေ ကောင်းရဲ့ သား နဲ့ ဗျာ..။
ဟေ့  ... အဖေ ၊အမေ ထက် ချစ် တဲ့  ကိုကို ရယ်..
ဆိုတဲ့  သီချင်း လိုပဲ၊ မိဘ ထက် ချစ်လို့ ..
အင်း မရှည် တော့  ပါဘူး နော်..။
အားပါးပါး
ReplyDeleteရေလည်ကို သတ္တိရှိပါပေတယ်.. ချီးကျူးမိပါတယ်..
တော်တော်ကို အားကျသွားတယ်
တော်ပြီ ဒီလို လူမျိုးရမှ စဉ်းစားတော့မယ်..း)
အစ်မနော် အားကျအောင် လုပ်နေတယ်.
အင်း ပေးသင့်ပါတယ် သူရဘွဲ့...
အချစ်သူရဲကောင်းလဲ ဖြစ်သင့်ပါကြောင်း
ဟာာာာ လေးစားတယ်ဗျာ
ReplyDeleteတာတော်ရုံသတ္တိဟုတ်ဖူးဗျ
သူရသီဟချစ်ချစ်လို့ ဘွဲ့ပေးသင့်တာ
တကယ် အနော့လည်းအတုယူရမယ် ဟိဟိ
ဘာပြောရမှန်းကိုမသိတော့ဘူး..။
ReplyDeleteမြန်မာပြည်ကကျွန်တော့ကောင်မလေး မဖတ်မိပါစေနဲ့
လို့ပဲ ဆုတောင်းရတော့မှာပဲ
မရွှေစင်ဦးရေ
ReplyDeleteမင်္ဂလာပါ။
ကျွန်မကတော့ မရွှေစင်ဦးရဲ့ ကိုယ်တိုင်ရေးတွေကို သဘောကျတယ်။
စကားပြောကောင်းတဲ့သူတစ်ယောက်ပြောတာကို နားထောင်ရသလို အရသာရှိတယ်။
သူရချစ်ချစ်ကြီးကို အရသာရှိတယ်လို့ပြောတာ မဟုတ်ပါဘူး။
သူရချစ်ချစ်ကြီး အကြောင်းရေးတာဖတ်ရတာ က အရသာရှိတာပါ။
ခင်မင်လျှက်
အတုယူမှားကုန်ရင်ဒုက္ခ၊ သူရဘွဲ့တွေ ပေးမလောက်ဖြစ်နေဦးမယ်
ReplyDeleteသြ. . .အချစ် . .အချစ်. .
ReplyDeleteလူတွေကို ဒီလို ပြောင်းလဲ စေနိုင်သလား။
ဟီးဟီး. . .
အခွင့်ကြုံရင် ပြလိုက်ချင်ပါသေးတယ်။
အဲ. . အဲ. . ချစ်ကြောင်းတွေ ပြောတာပါ :P
အညာက အမကြီး
ReplyDeleteစိန်ဗေဒါလေး အမတ်ကိစ္စနဲ့ အလုပ်ရူပ်နေတာ အခုမှရောက်တယ်..။
သူရ သတ္တိကလည်း တော်တော်ကောင်းတာဆိုတော့ အမောင်တို့တွေ အတုယူသင့်ပါသည်..။
နောက် အမာရွတ်နဲ့ အမကြီးလည်း အင်မတိ အင်မတန်မှ ကံကောင်းဘုန်းကြီးလှပေသည်.. ထိုကြောင့် ထိုလူမျိုးများ မြန်ပြည်အနှံ့ ပေါ်စေသတည်းပါရှင်..။ ဆိုလိုသည်မှာကား ချစ်တက်သူနှင့် အချစ်ခံရသူများ များများပေါ်စေသတည်းပါလို့..။
မဗေဒါ (အမတ်လောင်း)
အဲဒီလို အတွေ့အကြုံလေးတွေ ဖတ်ချင်နေတာ။ အရမ်းဖတ်လို့ကောင်းတယ်။ လတ်ဆတ်နေတာဘဲ။
ReplyDeleteစံပြစုံတွဲပေဘဲ။
ဟယ်..သတ္တိကတော့ ခေသူမဟုတ်..မမရွှေစင်ရဲ့ 
ReplyDeleteချစ်ချစ်ကြီးက တော်တော် အားကိုးရမှာပဲ..;p
ခင်မင်စွာဖြင့်
ယွန်း
ဘောလုံး ၂ ပွဲ၊ တန်းနစ်စ် ၂ ပွဲ ကြည့်နေတာနဲ့ သူရချစ်ချစ်ကြီးကို ခုမှလာဖတ်ရတယ်။ သူရချစ်ချစ်ကြီးကို မရွှေစင်က (ငါရ) သွားတာပေါ့လေ။
ReplyDeleteမရွှေစင်ချစ်ချစ်ကြီးက တကယ်ကိုချစ်တတ်ပါပေတယ်။ ကံကောင်းလိုက်တာနော်။ ချစ်ချစ်ကြီးမိဘတွေကလဲ သူ့သားကို ချစ်လိုက်ကြတာနော်။
ကြုံလို့ပြောရရင် အဖေနဲ့ အမေလဲ ဘယ်တွေညာတွေ ရွေးမနေဘူး။ အမေအဆင်ပြေတဲ့ဘက်မှာ အိပ်တာပဲ။ lady first လေ ... နော်။ :)
အစ်မ.. ပေးသင့်တယ် ပေးသင့်တယ် သူရဘွဲ့ပေးသင့်ပါတယ်...။ ရွှီ ဖြောင်း ဖြောင်း ဖြောင်း............................
ReplyDeleteဟုတ်ပ..အမတို့များရေးတတ်လိုက်တာ
ReplyDeleteသူများတွေအားကျချင်အောင်..:)
စာဖတ်နေရတယ်လို့မထင်ဘူး။
အမရွှေစင်ဦးကိုယ်တိုင်ပြောတာနားထောင်
နေရသလိုပဲ။
သြော်....အားကျစရာကောင်းလိုက်ပါဘိတောင်း ငါ့အစ်မရယ်။ တကယ်ပါပဲး)))
ReplyDeleteနောက်ထပ်အတွေ့အကြုံတွေရှိသေးရင်လည်း ရေးပါဦးလို့.....
ချစ်ညီမလေး
အမရေ..မအားလို့ညက၂နာရီလောက်မှလာဖတ်တာ..
ReplyDeleteအခုမှလာပီးမန့်တာ။
အမချစ်ချစ်ကြီးကတော့ စံပဲ။
အမရေးတဲ့ စာတွေကို ဒဂုန်ခင်ခင်လေးထက်ပိုကြိုက်တယ်။ ဟီး
အရမ်းပွင့်လင်းတဲ့အမကို အလိုလိုကိုခင်နေတာ။
မြတ်နိုး
ကိုယ့်မမရွှေစင်ကချစ်ချစ်ကိုကြွားထားတာကိုးးးးးးးးးးးးးး
ReplyDeleteကြွားလည်းကြွားထိုက်ပါတယ်လေ.......။
မချောပြောသလိုပဲ.......အဲလိုလူမျိုးကိုပဲရွေးတော့မယ်.
ခင်တဲ့
ညီမသဒ္ဓါ
ငါရ လေးလည်းရေးဦးနော်....
ReplyDeleteငါရ လေးလည်းရေးဦးနော်....
ReplyDeleteYour Chit Chit Gyi is really entitled to get that award or title.
ReplyDeleteCheersssssssss. Thura Chit Chit Gyi and the Lady Shwe Zin.
Ray
မရွှင်
ReplyDeleteနာမည်ကြီး စာရေးဆရာမကြီး ဒေါ်ခင်ဆွေဦး ထဲက ဇာတ်ကောင်တွေလို စိတ်ကူး အယဉ်လွန်သူများ အပျိုကြီးဖြစ်တော့မည် အားကျအောင်ရေးသော အမကြီးရွှေစင်ကိုယ်တိုင် ပြန်ရှာပေးပါကုန်
ချစ်ညီမ
seesein
မရေ
ReplyDeleteခစ် ဒီ့ထက်ကိုဘွဲ့အရှည်ကြီးပေးရမှာ
မတို့မိသားစုပျော်စရာကြီး....
;D
ရွှေစင်ရေ..ဖျားနေလို့ ခုမှလာရ..ခုလဲချောင်းဆိုးတုန်း
ReplyDeleteအဟွတ်..အဟွတ်..