အခုရက်ပိုင်း ပူလိုက်တာလည်း လွန်ရောဗျာ .. စားခဲ့ သောက်ခဲ့ သမျှ တွေ အတွက် ဝဋ်လည် နေလား မသိပါဘူး.. စဉ်းစားမိတယ်.. ရွှေစင်ဦး ပြုတ် ရွှေစင်ဦး ပေါင်း ရောင်းရရင် ကောင်းမလားလို့. (စားကြမှာ လားဗျာ ကောင်းမှ ကောင်း..)
ရေးထားတာ တွေကလည်း ရောက်ခဲ့ဘူး တာလေး တွေ.... ပျော်ခဲ့ဘူးတာလေး တွေ အကြောင်း ဆိုတော့ အားလုံး ဒုက္ခရောက်နေတဲ့ အချိန်မှာ တင်ရမှာ အားနာနေတယ်...
နောက်ပြီး အခု မန္တလေး မှာလည်း စိတ်ချမ်းသာ စရာ တကွက်မှ မရှိပါဘူး ... အပူလွန်လို့ ဆေးရုံရောက်ကြ .. သေကြ နဲ့ တပြည်လုံးက ရေဒုက္ခ သည် တွေ ကလည်း ကြားတဲ့ အတိုင်း မြင်တဲ့ အတိုင်း ပါဘဲ ...
ကိုယ်တတ်နိုင် သလောက် လေး ပညာပေး စာရွက်ကလေး တွေဖြန့်ရင်း (မကိ စာလေးတွေပါ) သက်သာ သလို နေနေ ရတယ်.. ကြာတော့ ကိုယ် ပါ အသက်ပျောက်နိုင်တယ် ဆိုတာ သိလာ တယ်.. မိုးကတော့ မနေ့ည ကလည်း ရွာပါတယ်.. ခဏပါဘဲ .. အပူချိန်ကတော့ ပန်းပန် လျှက် ပါဘဲ...
ဆားချက် တယ် လို့လည်း မယူဆချင်ပါဘူး မရေးရ မနေနိုင်လို့ပါ......
ရွှေစင်ဦး
ဘဝ ဆိုတာ နေတတ်ရင် ဘာဘဲ ဖြစ်ဖြစ် အသုံးဝင်နေမှာပါ..၊ ဘဝ မှာ နေမပျော် တဲ့ သူတွေ အတွက် နဲနဲလေး များ စိတ်ဖြေရာ ဖြစ်သွားရင်...
ဒီတခေါက် ရန်ကုန်ကို သွားတော့ မောင်လေး ရဲ့ ပွဲ ကျင်းပတဲ့ ရက် နဲ့ တိုက်ဆိုင် နေတဲ့ အတွက် သွားခဲ့ ရ ပါတယ်...၊ မောင်လေး ရဲ့ ရွှေမင်းသား ဖောင်ဒေးရှင်းက disabled ပုဂ္ဂိုလ်တွေ အတွက် accessories များ လှူဒါန်း တဲ့ ပွဲပါ Traders Hotel မှာ ကျင်းပခဲ့ပါတယ်..၊ အဲဒီ အခမ်းအနား ကို တက်ရင်းနဲ့ ဒီကလေး ကို တွေ့လာ ခဲ့ပါတယ်...
သူ့ အကြောင်းလေး ကို ကျနော် သိတာ နဲနဲ လေးပါ. သူမ ဟာ အခု ရွှေမင်းသား ကုမဏ္ဏီမှာ ဘဲ ကွန်ပျူ တာ နဲ့ သက်ဆိုင်တဲ့ ဘက်မှာ တာဝန် ထမ်းဆောင်နေရင်း web designer တယောက် ဖြစ်ဘို့ ကျိုးစား နေပါ တယ်တဲ့...
သူ ဒီအဆင့် ကိုရောက်ဘို့ ဘယ်လောက် များ .......
အပေါ်ဆုံးပုံ တပုံအား SMTF Annual Report 2009-2010 နှစ်ပါတ်လည် အစီရင် ခံစာ မှ ယူ၍ ကျန်သော ပုံအားလုံး ရွှေစင်ဦး ကိုယ်တိုင်... ရိုက်ယူပါသည်.. ။
လေးစားစွာဖြင့်
ရွှေစင်ဦး
.


မချီးကျူးပဲ မနေနိုင်လောက်အောင်ပါပဲ...လေးလည်း အတော့်ကို လေးစားမိပါတယ်...။
ReplyDeleteweb designer တယောက် ဖြစ်ဘို့ ကျိုးစား နေတဲ့ ..ဓာတ်ပုံထဲက “သူမ”အတွက်...ဆန္ဒတွေ အမြန်ဆုံးအကောင်အထည်ဖော်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်..။
ဒီကလေးမလေးကို..ချီးကြူးပါ့ဗျာ...
ReplyDeleteအေးချမ်းပါစေရွှေစင်ရေ...
မနေ့က မြင်းခြံကိုဖုန်းဆက်တော့..အရပ်ထဲက လူကြီးတွေလဲ အကုန်ပြုတ်သလောက်ဖြစ်သွားတာပဲတဲ့
ဗမာပြည်လဲ..ကပ်ကြီး ၃ပါးဆိုက်နေပြီလားမသိဘူး..
ရွှေမင်းသားနဲ့ တွေ့မှပဲ အားလုံး အဆင်ပြေသွားတော့တယ်
ReplyDeleteအယ်ဒါလီသိန်းတန်
နောက်တခါ ကြော်ငြာရိုက်ချင်ရင် ပြောပါလို့။
မအယ်
ဘဝကိုအရှုံးမပေးတဲ့ဇွဲ..ပဲ ချီးကျူးပါတယ်..
ReplyDeleteကိုယ်သာဆိုရင်...တော့.. မပြောတတ်ဘူး။
မြန်မာပြည်မယ် ကားမှောက်တုန်းက တခုခုဖြစ်ရင် ဆက်ရှင်သန်ဖို့မကြိုးစားတော့ဘူးလို့ အိမ်ကလူတွေကိုပြောမိတယ်။ ဒီတော့.. ကိုယ်လုပ်နီုင်မလုပ်နိုင်မသေချာတာကြောင့် ဒီကလေးမကိုတကယ်ချီးကျူးပါတယ်
မြတ်နိုး
သူ့ကို ချီးကျူးအားကျမိသလို လေးလဲလေးစားမိပါတယ်
ReplyDeleteအတုယူစရာ ကောင်းလိုက်တာနော်
သူ့ရဲ့ ရည်မှန်းချက်ကလေး အောင်မြင်ဖို့ကိုလဲ ဆုတောင်းပေးလိုက်ပါတယ်.
မရွှေစင်နဲ့ မစည်းစိမ်လဲ ချမ်းသာကိုယ်စိတ်မြဲလို့ အပူဒဏ်က အမြန်ဆုံးကင်းဝေးပါစေး)
ဘဝကို လက်မမြှောက် အရှုံးမပေးတာ ချီးကျူး တယ်ဗျာ။ အလုပ်နေရာ ပေးတဲ့ သူတွေရဲ့ အားပေးမှုကလည်း လေးစားစရာပါပဲ
ReplyDeleteအောင်မြင်ပါစေ။ မျက်နာက ပြုံးရွှင်နေတာပဲ။
ReplyDeleteမအယ်
ဘဝကို အရှုံးမပေး တတ်ကြသူတွေ အတွက် ကိုယ့်ဒူးကိုယ်ချွန် ဒီလိုအောင်မြင်မှုတွေ ရနိုင်ကြတာ တရားပါတယ် ။။
ReplyDeleteသူများအပေါ် ဖိနှိပ်နင်းချေ ပြီး အောင်မြင်တယ် လို့  ခံယူသူတွေ သူ့ ကို အတုယူတတ်ကြရင် ကောင်းမှာ ပဲ မရွှေစင် ရေ ..
ရွှေစင်ဦး ပြုတ်တော့ မစားပါရစေ နဲ့တော့ လေ ..
ရေမချိုးပဲ ပြုတ်ထားရင် ငံနေမှာ ပေါ့ .. သွေးတိုး နေမစိုးလို့  ရှောင်ထားတယ် ..း)))
အပေါ်က ဂျီးဒေါ်အယ်ဒါလီလေး ကို ဒီလိုပုံလေး တပုံ ရိုက်ပေးလိုက် ပါအုံးးးးး လေ ..
မဦးကလဲ. .
ReplyDeleteပြုတ်ပြီး ပေါင်းမှတော့ ဘယ်လာကောင်းတော့ မလဲ။
ချားဘူး. . သွား..။
လေးစားပါတယ်ဗျာ. . .
အောင်မြင်ပါစေ...
တိုးတတ်လိုစိတ် ရှိသူမှန်ရင် မြန်တာနဲ့ နှေးတာပဲ ကွာမယ်။ တိုးတတ်ရမှာတော့ အသေအချာပါပဲ။
မရွေစင်ဦး..
ReplyDeleteရောက်အောင်လာခဲ့တယ်ပေါ့.. စရိတ်တွေ အကုန်ခံပြီး.. ။ ကျေးဇူးပါ.. စိတ်ကူးနေတာ ကိုယ်ခင်တဲ့သူတွေကို လိုက်လင့်ပေးမယ်လို့.. နေ့လည်က မအားတာနဲ့ သိပ်မလည်ဖြစ်ဘူးအမ..။
ဒုတိယအနေနဲ့ကတော့ အခုလိုမျိုး ဆားချက်တာကို အင်မတန် ကျေးဇူးတင်ပါတယ် လို့ ကျွန်မ ဘလော့က်ဂါ အသစ် (၈၈) ရဲရဲတောက် က ပြောချင်ပါတယ်..။
တတိယအချက်ကတော့ အစားတွေက သိပ်မတရားတာတွေ စားထားခဲ့ (နေ)ရင် တခုခု ဖြစ်မလားလို့ စိုးရိမ်နေလေရဲ့... ဟဲ..။ ( ဒီလောက်ဆို ဘောပေါက်..)
နောက်ဆုံးအချက်အနေနဲ့ကတော့ ချက်ချင်းကိုပဲ ဝက်ဒ ဘာညာကို ဖြုတ်လိုက်ပါပြီ.. စိတ်ချမ်းသာစေသတည်းပါ.. အိပ်တော့မယ်..။ မောနေပြီ..ရှင်..။
မဗေဒါ
ဆားချက်တယ်ဆိုပြီး ကောင်းလှချည့်လား၊ အရာရာအဆင်ပြေပါစေ မရွှေစင်။
ReplyDeleteဘ၀ကို ဘယ်ပုံစံနဲ့ မဆို ရင်ဆိုင်မယ်ဆိုတဲ့ စိတ်က ချီးကျူးစရာပါ...အလုပ်ပေးတယ်ဆိုတဲ့ သူတွေကိုလဲ လေးစားမိပါတယ်..လူတိုင်းကိုယ်စီဗြဟ္မစိုရ် တရားတွေ မခေါင်းပါးကြရင် အကောင်းဆုံးပါပဲ...
ReplyDeleteဘ၀ကို အရှုံးမပေးဘဲ ကိုယ့်ရည်မှန်းချက်ကိုရောက်အောင် ကြိုးစားနေတဲ့ ပုဂ္ဂိုလ်တိုင်းကို လေးစားလျက်ပါဗျာ။ ဒါလေးက အိုင်အိုဒင်းဆားပါဗျာ။
ReplyDeleteဘ၀ကို အရှုံးမပေးဘဲ ကျားကုတ်ကျာ်းခဲ ကြိုးစားနေသူတွေကို လေးစားလျက်ပါ။ ဒါလေးက အိုင်အိုဒင်းဆားပဲ ဖြစ်မယ်ထင်တယ်ဗျ။
ReplyDeleteလေးစားတယ်ဗျာ သူ့ဇွဲနဲ့ သတ္တိကိုတော့ တကယ်လေးစားတယ်
ReplyDeleteသူ့ ရဲ့ ဇွဲသတ္တိကို တကယ်ချီးကျူးမိတယ်..
ReplyDeleteပုံတွေကြည့်ပြီး အံ့သြနေလို့ ဘာမှမပြောနိုင်ပဲ ပြန်သွားပါတယ်...း))
ReplyDeleteမျှဝေတာ ကျေးဇူးပါ...
ဂုဏ်ယူပါတယ် ကလေးရေ.............. Web Designer ကောင်းတစ်ယောက် ဖြစ်ပါစေ....
ReplyDeleteပူတယ်ဗျို့...ပူချက်ကတော့ ကမ်းကုန်တယ်ဗျို့...
ချစ်ညီမ
seesein
ဘ၀ကို အရှုံးမပေးတာ တကယ်လေးစားမိပါတယ်..။
ReplyDeleteပြန်လည်မျှဝေပေးတာကိုလည်း ကျေးဇူးတင်မိပါတယ်။
တော်လိုက်တဲ့ကလေး...။
ReplyDeleteအတုယူစရာကောင်းလိုက်တဲ့ ဇွဲတွေ..။ သူ့ခမြာ ပတ်ဝန်းကျင်ရဲ့ မျက်လုံးအရောင်တွေကြားထဲ ကြိုးစားနေခဲ့ရတာ နည်းတဲ့ သတ္တိမဟုတ်ဘူးနော်.
ချီးကျူးပါတယ် ကလေးရေ.. ရည်ရွယ်တဲ့အတိုင်း အောင်မြင်ပါစေ..
တော်သူကို တော်သလို အလုပ်ပေးတဲ့ ကုမ္ပဏီကိုလည်း လေးစားမိပါတယ်။
လသာည ဖြစ်ပါတယ်းD
ချက်တဲ့ဆားကတော့ အကောင်းစားပဲ၊
ReplyDeleteကလေးမလေးကို တကယ်လေးစားမိတယ် သူ့ရဲ့ ရည်မှန်းချက် အောင်မြင်မယ်လို့ ယုံကြည်ပါတယ်။
ဆားချက်တာ လဲပညာပါတယ် ခင်ဗျ..။ အားပေးနေပါတယ်..။
ReplyDeleteစိတ်ဓါတ်ကို လေးစားတယ်...ချီးကျူးမိတယ်...ဒါနဲ့ မမရွှေစင် .... သူ့ကို ဒီလို ချီးမွမ်းဂုဏ်ပြုကြတာတွေကိုရော သူသိပြီးပြီလား...ငါ့အစ်မကြီးနဲ့ အစ်မလေးလည်း အပူဒဏ်မှ မြန်မြန်လွတ်မြောက်ပါစေ...
ReplyDeleteချစ်ညီမလေး
အားကျစရာဘဲဗျ....စိတ်ဓာတ်နဲ့ နဲ့ ကြိုးပမ်းမှုကို တော်တော်ကိုလေးစားလောက်ပါပေတယ်ဗျာ
ReplyDeleteသိပ်လေးစား ပါတယ်ရွှေစင်
ReplyDeleteပျော်ရွှင်ပါစေ
လိုရာဆုပြည်ပါစေ။