ဒီအိမ်မှာ ဒီလို လှုပ်ရှား သွားပါတယ်..(၂-၈-၁၉၉၄)
မိုးတွင်းကြီးပေမဲ့ ဒီနေ့ မနက် မိုးမရွာဘူး.. တော်ပါသေးတယ်..၊ ဒီနေ့ သူတို့ ခရီး ထွက်ရမှာ ဆိုတော့ ရာသီဥတု ကောင်းတော့ အဆင်ပြေတာပေါ့...၊ အချိန်က နဲနဲ စောနေပေမဲ့ စိတ်တွေက လန်းဆန်း နေတယ်.. သားငယ် နဲ့ တွေ့ချင်စိတ်တွေ စောနေမိတယ်...၊ တောင်ငူဟိုဘက် ဘုရားကြီး ထိ ဆိုတော့ နေ့ခြင်း ရောက်မလား တော့ မသိဘူး..၊ သားကြီး ကတော့ ဖြေးဖြေးမောင်း ပြီး လမ်းမှာ ဘုရားတွေ ဘာတွေ ဖူး ပြီး အေးအေး ဆေးဆေး သွားလို့တော့ ပြောထားတယ်.. အခြေအနေအရပေါ့..။
သမီးငယ် က လမ်းမှာ လိမ်းသွားဘို့ သနပ်ခါးတွေ ဘူးနဲ့ သွေးထည့် ပေးထားပေမဲ့ လောလော ဆယ်ဆယ် တော့ မျက်နှာကို သနပ်ခါး လတ်လတ် မွှေးမွှေး လေး လိမ်းချင်တာ နဲ့ သွေးမယ်ပြင်တော့.. သားကြီး တို့ ဖေဖေ က နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်နေတယ်..၊ မဖြစ်သေးဘူး နိုးသွားလိမ့်မယ် ဆိုပြီး တော့ သားကြီး ကိုဘဲ သွားနှိုး လိုက်တယ်.. ချွေးမ လေး ကျောက်ပြင်မှာဘဲ လိမ်းလိုက်တော့မယ်...။
ရွှေစင်ဦး တွေ့လိုက်တာ...
မနက် ယောက်က္ခမကြီး ခရီးသွားမှာ ကို သိပေမဲ့ အိမ် ကို တနေကုန် သွားနေတာနဲ့ ဘာမှ လုပ်မပေး လိုက်ရဘူး.. ဒါနဲ့ အလှကြိုက်တဲ့ ယောက်က္ခမကြီးကို လက်သဲနီ ပန်းရောင်လေး ဆိုးပေးမယ် ဆိုပြီး ဗူးသစ်လေး ဝယ်လာပြီး..ညက ယောက်က္ခမကြီး ရဲ့ ခြေသဲရှည် လက်သဲရှည် တွေ သေချာ ဖျက်ဆေး နဲ့ ဖျက်ပြီး လှလှ ပပလေး ဆိုးပေးလိုက် တယ်...၊ အလှ ကြိုက်တဲ့ ယောက်က္ခမကြီး သဘောတွေကျ နေတယ်... အခါတိုင်းတော့ အဲလို သိပ်လုပ်ပေးလေ့ မရှိဘူး.. ဒီတခါတော့ ဘယ်လို စိတ်ကောင်း တွေ ဝင်နေမိ မှန်း မသိဘူး.. သေချာကို စိတ်ရှည် လက်ရှည် ဆိုးပေးမိတယ်... ။
မနေ့ ကလည်း ယောက်က္ခမကြီး က သူ့ သမီးငယ် ကို ဆံပင်ညှပ်ဆိုင် လိုက်ပို့ခိုင်းပြီး ဆံပင်တွေ ဆေးဆိုး... ရှေ့ပိုင်း ဆံပင်တွေ ပြန်ကောက် လုပ်ခဲ့တာ တွေ့တယ်..၊ လှလည်းလှတဲ့ အလှလည်း ကြိုက်တဲ့ သူ့ ယောက်က္ခမကြီး ကို ခြေသဲ တွေ ဆေးဆိုး ပေးရင်းနဲ့ နီရဲ နုဖတ်နေတဲ့ ခြေဖဝါး တွေကို သတိထား မိပြန် တယ်..။
ကျနော် ကို ချစ်ချစ်ကြီး က စချင်ရင် . ချစ် ပါးလေး ဟာ.. မောင့်မေမေ ခြေဖဝါး လောက် တောင် မနူးညံ့ ဘူး တဲ့... ၊ ကျနော် စိတ်တို အောင်ပြောတယ်... နောက်တော့ မှ သိတယ်... ချစ်ချစ်ကြီး က တကယ် ပြောတာ ဘဲ .... အင်းသွေးတဝက် တရုပ်သွေး တဝက် ရော ထားတဲ့ သူ့မေမေ ရဲ့ ခြေဖဝါး တွေဟာ တကယ် ကို နီရဲ နုဖတ်နေတာပါ...။
သနပ်ခါး ကလည်း အမြဲတမ်း ခြေဆုံးခေါင်းဆုံး လိမ်းထားတယ်.. ဆံပင်တွေ ကလည်း ကောက်ထား သေးတယ်.. ခြေသဲရှည် လက်သဲရှည် တွေနဲ့ အဝတ်အစား ကို လည်း အမြဲတမ်း လိုက်ဖက်ညီညီ ဝတ်ထား တော့ .. သူ့ အသက်အရွယ် နဲ့ တော်တော် နုပျိုလှပ ပါတယ်...၊ ကျနော် တို့ ရခါ စ က ချစ်ချစ်ကြီး ကို ဆူသေးတယ်.. ကျနော် ကို အဝတ်အစား ကောင်းကောင်း ဝယ်မပေးလို့တဲ့ .. ။
ကျနော် ဝါသနာ မပါတာ ပါလို့.. နောက် တခါ ဆိုင်ကို များ ကျနော် မနက် သနပ်ခါး မလိမ်း ဘဲ သွားရင် .. ချက်ခြင်း ဘဲ နောက်ဖေး က ကောင်မလေး တွေကို သနပ်ခါး သွေးခိုင်း ပြီး လိမ်းခိုင်းတယ်... သူ့အတွက် အရာ အားလုံးဟာ လှလှ ပပ မှ သူ စိတ်ကျေနပ်ပါတယ်...၊ နှုတ်ခမ်းနီလေး ဆိုး ခြေသဲနီ လက်သဲနီ နဲ့ သနပ်ခါး လေး များလိမ်းထား တာ တွေ့ရင် ပြုံးနေတာဘဲ.. သူ့ချွေးမလေး ကို အရိပ်တကြည့်ကြည့် နဲ့....။
အင်း ညက လက်သဲ ဆိုးပေးပြီး... စာဖတ်နေလိုက်တာ တနာရီ ကျော်မှ အိပ်ပျော် သွားတာ ဆိုတော့ မနက် အစောကြီး လာနှိုးသံ ကြားပေမဲ့ ပေတေ အိပ်နေမိတယ်.. မောင် အခန်း တံခါး သွားဖွင့်ပေးတယ် ထင်တယ်.. ခဏနေ တဂျီးဂျီး နဲ့ သနပ်ခါး သွေးသံကြားတယ်.. ကျနော့် သနပ်ခါး တုံးကြီးက အကြီး ကြီး ဆိုတော့ ယောက်က္ခမကြီး မနိုင်မနင်း နဲ့ သွေးနေတာ ကို ထသွေးပေးချင်ပေမဲ့ အိပ်ချင်စိတ်က အနိုင်ယူ သွားတာ နဲ့ ပြန်အိပ်ပျော် သွားတယ်...။
ချစ်ချစ်ကြီး သိ လိုက်တာ..
မေမေ့ နှိုးသံကြားတယ်.. သနပ်ခါးလိမ်း ချင်လို့ တဲ့ .. အခန်းတံခါး ထဖွင့် ပေးရင်းနဲ့ သူ ပါ တခါတည်း ထလိုက်တယ်...၊ မေမေ တို့ မနက်စောစော ခရီးထွက်မှာ ဆိုတော့ ကားအတွက် လိုအပ်တာ တွေ ပြန်ကြည့် ချင်သေးတယ်.. အမှန်တော့ သူ ကားမောင်းပြီး လိုက်ပို့ မလို့ဘဲ.. မိန်းမ က သိပ် မသွားစေချင် တဲ့ သဘော ရှိလို့ သူ့ ညီအလတ် နဲ့ ကားပြင်တတ်တဲ့ ကလေး တယောက် ကို ကားမောင်းဘို့ ထည့်လိုက် တယ်...။
ညီအလတ် ကိုလည်း ဘေးက အထိမ်း အနေနဲ့ ဘဲ လိုက်သွား မင်း မမောင်း နဲ့ သူ့ကိုဘဲ မောင်းခိုင်း ဆိုပြီး သေချာ မှာလိုက်တယ်...၊ သူ့ မေမေ ပါမှာ မလို့ စိတ်မချဘူး.. အမှန်ဆိုရင် မေမေ့ ကို မသွားစေ ချင်ဘူး.. ဒါပေမဲ့ မေမေ ဘာဖြစ်နေတယ် မသိဘူး.. ကျမ်းမာရေးလည်း မကောင်းဘူး.. သူ့ သားငယ် နဲ့လည်း တွေ့ချင်တယ် ခဏခဏ ပြောနေတာနဲ့ စိတ်ပြေလက်ပျောက် ဆိုပြီးတော့... သွားခွင့် ပေးလိုက် ရတယ်....၊ လမ်း မှာ တွေ့ တဲ့ ဘုရားတွေ ဖူးပြီး ဖြေးဖြေး သွားလို့ မှာလိုက်တယ်.. ဘုရားမှာ လှူ ဘို့ ပိုက်ဆံ အသစ် လေး တွေလည်း ထည့်ပေး လိုက်သေးတယ်..။
သူ့ မိန်းမ ကို သူမြင်လိုက်မိတာ...
ဒီနေ့ မှ သူ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတယ်.. သူနိုးတော့ သူ့မိန်းမ တောင် သွားဘို့ အကုန် အဆင်သင့် ဖြစ်နေပြီ.. ဒါနဲ့ ဖြေးဖြေးသွား ဘုရားတွေ သေချာဖူးခဲ့ ကျမ်းမာရေး ဂရုစိုက် ဆိုပြီး မှာလိုက် ရတယ်..၊ သူ့ သားငယ် နဲ့ တွေ့ ချင်တာတဲ့ .. သူ့ သားငယ် အင်ဂျင်နီယာ က တောင်ငူ ဟိုဘက် ဘုရားကြီး နားက ဇောင်းတူ ဆည် စီမံကိန်း မှာ တာဝန်ကျနေတယ်..။
သူ့ သားငယ် အတွက် ချက်ပြုတ်ပေးဘို့ လက်တို လက်တောင်း ခိုင်းဘို့ ကလေး တယောက် ပို့ရင်းနဲ့ သူ့မိန်းမ က သူ့ သားအခြေအနေ ကြည့်လို့ သူလုပ်ကိုင် ပေးချင်သေးတယ် ဆိုတာ နဲ့ ထည့်လိုက် ရတယ်....၊ သူ့ မိန်းမ စိတ်ကိုလည်း အံသြ နေမိတယ်..၊ အခါတိုင်း သူ့ ဆိုင်ကို ပစ်ပြီး ခရီး ထွက်ဘို့ ဆိုတာ လုံးဝ စိတ်မကူးတာ ..အခုတော့ စိတ်ချ လက်ချ သွားမယ်ဆိုတော့ ထူးဆန်း နေမိတယ်.. ကဲ သူလည်း သွားချင် စိတ်ရှိ နေတုန်း .. ဘုရားဖူးရင်း သွားပါစေ ဆိုပြီးသွားခိုင်း လိုက်မိ တယ်...။
၃-၈-၁၉၉၄ (မနက် ၁၁ နာရီ)
တလောက လုံး မှောင်ကြသွားတယ်.. မကောင်းသတင်း ကို သယ်ယူလာပေး တဲ့ တယ်လီဖုန်းလေး ကို လွှတ်ချ လိုက်ရင်း ဒါ... အိမ်မက်လား...
အားလုံးဟာ ဒီလို ဖြစ်မယ်မှန်း သိရင် ဘယ်သွားခိုင်းပါ့မလည်း... ကံကြမ္မာ ကို ကြိုတင် သိနိုင်သူ မရှိလေ တော့လည်း.....
ဆက်ရန်
အားလုံးအား လေးစားစွာဖြင့်
စာရေးသူ-ရွှေစင်ဦး
.
ရွှေစင်....လုပ်ပြီ၊ ကိုရီးယားကားများလို ဘယ်နေရာ ဖြတ်ချရမယ်မှန်း တော်တော်သိတဲ့ မရွှေစင် လူဇိုး....:)
ReplyDeleteဟင် ... စိတ်မကောင်းစရာပဲ မရွှေစင် ...
ReplyDeleteဆက်ရန် ရှိသေးတာလား ...
ဘာဆုတောင်းရမလဲ မသိတော့ဘူး။
စိတ်ထဲ မကောင်းတာပဲ သိတယ်။
မကောင်းသတင်းဟု သိနေသော်လည်း စောင့်ဖတ်သွားပါမည်၊
ReplyDeleteမြန်မြန်ဆက်ပါ တီတီ ရွှေစင်။ :D
ReplyDeleteမတော်တဆ ဆိုတာတွေ ဖြစ်တတ်လွန်းလို့  ဒီလို ခံစားချက်တွေ ကို သိသလိုပဲ ....
ReplyDeleteကြိုတင် နမိတ် ပြတတ် တာမျိုး တွေရော ရှိမလား...
ဥပမာ - ဘုရားသောက်တော်ရေ ၊ ပန်းအိုး ကျကွဲ တာမျိုး ...
ဘယ်လောက်ထိ အဖြစ်ဆိုးမလည်းတော့ မသိဘူး ။ ကားအက်စီးဒင့် ဖြစ်မဲ့ ပုံ ပဲနော် ။
( ပြန်မပြောချင်တဲ့ ဇာတ်လမ်းတပုဒ် .. ပြန်ရေးပြတာ ကို စောင့်မျှော်နေပါ၏ )
waiting for the next post though i know that it is not a funny one.
ReplyDeleteI am really sorry for your mother in law.
Ray
ဇာတ်လမ်းက အခုမှ စိတ်မကောင်းစရာ ဇာတ်လမ်း ဖြစ်တော့မှာ နော်.. စိတ်မကောင်းပေမယ့်လည်း ဆက်မျှော်နေပါတယ် ဆရာမရေ....
ReplyDeleteခင်မင်စွာဖြင့်
ဇော်သိင်္ခ
ခေါင်းစဉ်ဖတ်ကထဲက ...ဘယ်သူကစမလဲကြည့်နေတာ
ReplyDeleteယောက္ခမကြီးနဲ့ စတာကိုး...
အမကလဲ စိတ်မကောင်းဖြစ်ရတာတောင် ဆက်ရန်နဲ့ရေးတယ်..
ReplyDeleteဘာမှန်းမသိလို့ ညက အဲ့ဒါမဖတ်ဘူး ကျန်တာဖတ်တယ်။ အိပ်ခါနီးကျတော့.. ကြောက်လို့..
မြတ်နိုး
နီကိုလတ်ဂေ့ခ်ျပါတဲ့ ဇာတ်ကားတစ်ခုကိုတောင် သတိရမိသေးတယ်။ တကွက်စီလှည့်ရိုက်ပြီးဆက်စပ်ပေးလို့။ စောင့်ဖတ်နေတယ်ဗျာ.
ReplyDeleteအင် တစ်ခုခု ဖြစ်တော့မယ်မို့လားဟင်..
ReplyDeleteစိတ်မကောင်းဘူး.. ။
ရေးထားတာလေးက စိတ်ဝင်စားစရာ ကောင်းပေမယ့် အခု ဇာတ်သိမ်းကို ဆက်မဖတ်ရဲဘူး..။