Wednesday, April 14, 2010

သင်္ကြန်တွင်း မှာ အားလုံးစားဘို့ အတွက် မန္တလေးကြာဇံချက်


ကျနော်တို့ မန္တလေး မှာ သင်္ကြန်တွင်း ဆိုရင် အိမ်တွေမှာ မိသားစု စုံကြတယ်..၊ ကျောင်းပိတ်..ရုံးပိတ် ဆိုတော့  လူစုံတာပေါ့ .. ဒီလို အချိန်မှာ တခုခု လုပ်စားလေ့ ရှိကြပါတယ်..၊ မုံတီ.. မုံဟင်းငါး.. ကြာဇံချက်.  .မြီးရှည်.... လိုမျိုးပေါ့...၊ ကျနော် တို့ အိမ်မှာတော့ မုံတီ နဲ့ ကြာဇံ ကို အများဆုံး လုပ်စားလေ့ ရှိပါတယ်..။

အခုလည်း ကျနော် သင်္ကြန်ပိတ်ရက် မှာ ဘာလုပ်စားရရင် ကောင်းမလည်း လို့ စဉ်းစားရင်း ကြာဇံ ချက်စား ပါတယ်..၊ မုံဟင်းငါး ကတော့ နှစ်တိုင်း လုပ်စားဖြစ်ပါတယ်.. ဒါပေမဲ့ ပင်လယ်ပြာ က မုံဟင်းငါး အစို ထုတ် ကို ဝယ် ချက်လိုက်တာပါ..၊ ဒီနှစ်တော့ ရွှေစင်ဦး လက်ရာလေး မပါမှာ စိုးလို့ မန္တလေး ကြာဇံချက် လေးဘဲ ချက်လိုက်တယ်..။

အညာဟင်းလေး တွေ ချက်တော့ ကိုဆိုဆီ လား မသိ မေးဘူးတယ်.. ဘာလို့ အညာဟင်း လေးတွေလို့ ခေါ်တာလည်း တဲ့.. ကျနော် ကလည်း ပြန်ရှင်းပြလိုက်ပါတယ်.. အညာသူလေး ချက်လို့ အညာဟင်း လို့ပြောတာပါလို့ .. အခုလည်း မန္တလေး ကြာဇံချက် ဆိုတော့ တခြားမှာ လည်း ချက်တာပါဘဲ ဆိုရင် ကျနော် ကြိုဖြေထားလိုက်ပါတယ်.. မန္တလေး သူလေး ချက်လို့ မန္တလေး ကြာဇံချက်လို့ ခေါ်တာပါလို့..။

အမှန်တော့ဗျာ.. အညာစာ ဆိုတာ.. အညာမှာ စားလေ့ ရှိတဲ့ ဟင်းလေးတွေ့ပေါ့... တခြားမြို့ တွေမှာ လည်း စားပါတယ်... ပြောရရင် ကျနော်တို့ အညာမှာ ငါးပိရေကျို လိုမျိုးက တခါတရံမှ စားတာပါ.. အများဆုံး ကတော့ ငံပြာရည်ချက်တို့ ငရုပ်သီးထောင်း တို့ကို ပိုအစားများပါတယ်.. နောက်ပြီး ဂွေးထောက်ရွက် လိုမျိုး ဆိုရင် အရင်က ဆိုရင် အိမ်တိုင်း မှာ ဂွေးထောက် နွယ်တွေရှိတော့ တခါစာ ကြော်တာမျိုး ဟင်းရည်လိုမျိုး ကတော့ အမြဲတန်း ချက်ဘို့ လွယ်နေတာကိုးဗျ..။

နောက်ပြီး ဟင်းရွက်စုံ ဟင်းရည်လိုမျိုး ဆိုရင် အညာမှာ အပူပိုင်း အပင်တွေ က ပေါတယ်.. ပိုပြီးတော့ ဟင်းရွက်လည်း စုံတယ်.. ချက်လည်း စားလေ့ရှိတယ်...၊ ဟင်းရွက်စုံ ကြော်ချက်လေး ထဲမှာ ငရုပ်သီး ခြောက်တောင့်် လေးတွေ မီးကင်ထည့်ပေါ့... ဒါမျိုးလေး တွေ အညာ မှာ အစား များတာလေး တွေကို အညာ ဟင်းလေး တွေလို့ ခေါ်တာပါ...နောက် နို့ခဲ ချက်တို့ဘာတို့ပေါ့....။ 

ကဲ.. စကား ကောင်းနေတာ နေတာ နဲ့ ကြာဇံချက် တဲ့ အဆင့် မရောက်တော့ဘူး... စလိုက်ကြရအောင်ဗျာ.. အပေါ်မှာ ပါတဲ့ အတိုင်းပါဘဲ ပိတ်စွယ် နုနုလေး တွေ ဖြတ်ထားတယ်.. ၊ တချို့ ကြာဇံ ရောင်းတဲ့ ဆီမှာ ပိတ်စွယ် အပင်လိုက် ကြီးတွေ ထည့် ချက်ပြီး ပိတ်စွယ် ကို သတ်သတ်တောင် ထည့်စားလို့ ရပါတယ်.. ကျနော် ကတော့ သေးသေးလေး တွေလှီးထားပါတယ်...၊ နောက် မှိုခြောက်ပန်းခြောက် (ကြွက်နားရွက်)..၊ ပဲပြားခြောက်.. ကြာဇံ အားလုံး ရေစိမ်ပြီး အသင့်ပြင်ထားပါတယ်...၊ ကြက်သွန်နီ.. ဖြူကို အခွံသင် ထားပါတယ်..၊ ကြက်သွန်နီ ကို အလုံးလိုက် ကြက်သွန်ဖြူကို အမြှောင်းလိုက် ဆီသတ်ပါတယ်.. စိမ်းစော် မနံအောင်လို့ပါ..။

စစခြင်း ကြက်သားပြုတ်ထားပါတယ်.. ကြက်ပြုတ် ရည် ထဲကို ခုနက ကြက်သွန် နီဖြူ ထည့်ပါတယ် .. ငံပြာရည် (ကြာဇံချက် ရင် ငံပြာရည် ကောင်းကောင်း မွှေးမွှေးလေး သုံးရပါတယ်) ဆား အချိုမှုံ ထည့် ပါတယ်...၊ ပြီးတော့ ပိတ်စွယ်လှီးပြီး သားလေးတွေ ထည့်ပါတယ်..။

ဘဲဥပြုတ် (ကြက်ဥ မသုံးရ ညှီပါတယ်၊ ဘဲဥက ဘေး အကာ လည်း မာတော့ ပိုကောင်းပါတယ်) ပါးပါး လှီးထည့် ပါတယ်..၊ ငါးဖယ် ကို ပါးပါးလှီးထည့် ပါတယ်..၊ ကြက်သားတွေ ကိုတော့ ဆယ် ထားလိုက် ပါတယ်..၊ ချစ်ချစ်ကြီးက ကြက်ပြုတ်ရည်တော့ သောက်တယ်.. ကြက်သား ဖတ်တော့ မစားဘူး...၊ ကြက်သားဖတ် တွေကို နွှင်ထား လိုက်ပါတယ်.. ကိုယ်စား မှ ထည့် စားပေါ့.. အခုတောင်မှ ဓါတ်ပုံ ရိုက်တဲ့ ထဲ ပါမလာ ဘူး.. ကိုယ်ဘာသာ ထည့်သာ စားလိုက်ကြ ပါတော့ နော်..။

သြ.. ကြာဇံ တွေကိုတော့ ခုနက ဆီသတ်ထား တဲ့ ဆီကျန် တွေထဲမှာ ထည့် ပြီး နဲနဲ ကြော်လိုက် ပါသေး တယ်..၊ နို့မိုဆိုရင် ကြာဇံဖတ် တွေက ပျော့လွယ်လို့ပါ..၊ အားလုံး အစာတွေစုံ ပြီး ဟင်းရည်အိုး မွှေးပြီး ကျလာပြီ ဆိုမှ .. ကြာဇံ ခတ်လိုက်ပါတယ်.. ပဲပြား ထည့်လိုက်ပါတယ်....(ငရုပ်ကောင်း ကြိုက်သူများ ကိုယ့် ပန်းကန် ထဲ ကိုယ် ဖြူးစားပါ) ကဲ... စားလို့ ရပြီနော်.. မန္တလေး ကြာဇံချက်...။

ငါးဖယ် ကတော့ ကြာဇံ တမယ်ထဲ ဖြစ်နေလို့...ကြာဇံ အိုးက ပိုတဲ့ ငါးဖယ်လေး တွေကို ပါးပါးလှီးပြီး ကြက်သွန်.. သံပရာသီး.. နံနံပင်နဲ့ သုတ်ပါတယ်..၊ အမှန်တော့ ဂေါ်ဖီလေး ပါးပါးလှီး.. ရှောက်ရွက်နုလေး ပါးပါး လှီးထည့် ရင် ပိုကောင်းပါတယ်.. ဈေးက ဝယ်ဖို့ မေ့လာလို့ပါ... ငါးဖယ်က လည်း အစစ်ရချင်လို့ ခြစ်တာ စောင့်နေတော့ ကြာသွားတာနဲ့ မေ့လာခဲ့ပါတယ်..၊ အစာ မစုံ ပေမဲ့ ကောင်းပါတယ်ဗျာ.. ငါးဖယ် အစစ်လေး ဆိုတော့ ထုတ်ထုတ် ထုတ်ထုတ် နဲ့ နေတာဘဲ .. ကဲ.. စားနိုင်ပါပြီး ငါးဖယ်သုတ် ကလေး...။

ရေလိုက်ပက်နေရတာနဲ့ မောသွားတဲ့ ချစ်သော ဘလော့ဂါ များနဲ့ စာဖတ်သူများ အဝသာ စားသွားကြပါ.. အားမနာကြပါနဲ့... အပြန်မှာ သူငယ်ချင်း ချစ်ကြည်အေး တိုက်တဲ့ ဖာလူဒါ များလည်း ဝင်ရောက် သုံးဆောင် သွားကြပါအုန်းနော်....။

အားလုံး နှစ်သစ်မှာ ပျော်ရွှင်နိုင်ပါစေ

လေးစားစွာဖြင့်
စာရေးသူ-ရွှေစင်ဦး
.

20 comments:

  1. မန္တလေးကြာဇံချက်လေး လာငေးသွားတယ်း))
    ခုလို သင်္ကြန်အခါ ကြာဇံချက်လေး ကျွေးတာ သာဓုပါ။ သက်သက်လွတ်ဆိုတော့ စားမရဘူးပေါ့နော်း(((
    နှစ်သစ်မှာပျော်ရွှင်ပါစေ။

    ReplyDelete
  2. သတ်သတ်လွတ်စားလို့ ..စားသေးဘူးးးးသင်္ကြန်ပီးမှ လာစားမယ်

    MN

    ReplyDelete
  3. အမငါးဖယ်သုတ်က ကြက်သွန်နီလှီးတာ ကြီးနေတယ်..
    ပါးပါးလှီးပေးပါ။

    MN

    ReplyDelete
  4. ရေလာလောင်းရင်း ကြာဇံချက်ပါ အားပေးသွားတယ်ဗျို့ ဗိုက်ဝသွားလို့ ပြန်ပြီးအိပ်လိုက်ဦးမယ်ဗျို့..:)
    ခင်တဲ့(ချိုကျ)

    ReplyDelete
  5. နေ့ခင်းက တစ်နေကုန်သောက်ပြီး အခုမှအိပ်ယာကထလာတာ။ ကြာဇံချက်တွေ့တော့ လွမ်းးးးသွားတယ်။ မစားရတာကြာပြီဗျာ။ အ၀တုတ်သွားတယ်။။ ရှလူးးးရှလူးးးးးပြွတ်။

    ReplyDelete
  6. ဟင့် .မန်းသူလေးရဲ့  .ငါးဖယ်သုတ် နဲ့ ကြာဇံချက် ကို မနော ၊ စက္ခု နဲ့ လာတွယ် သွားတယ် .. ဂလု .. ဂလု ..
    စားကောင်းမဲ့  ပုံကြီး....
    ပိတ်စွယ် ကိုတော့ ကြာဇံချက်ထဲ တခါမှချက်မစားဖူးသေးဘူး ။
    ဪ ..ကြာဇံ မာအောင် ဆီအိုးကပ် နဲ့  အရင်ကြော်ရတာ ကိုး .. မှတ်ထားဦးမှ ။
    (ကိုယ်တိုင် မချက်တတ်ပေမဲ့ သူများကို ဆရာကြီး လုပ်ဖို့  လေ .. ဟဲဟဲ )
    ဗိုက်တင်းသွားလို့  မရွှေစင် အိမ် .. မီးဖို မှာ ခဏအိပ်ပြီးမှ ပြန်မယ်နော့် ...

    ReplyDelete
  7. ရွှေစင်ရေ...အိမ်က မန်းလေးသားပါ ခေါ်လာပြီး သောက်သွားတယ်နော်...ငါးဖယ်သုတ် ကြိုက်တယ် သိလား....:)

    ReplyDelete
  8. ရှလွှတ်... မချားရတာ ကြာပြီဂျာ..
    ငရုပ်သီးမှုန့်များများလေးနဲ့ လုပ်နော်. . .
    ကျနော့်အမေကလည်း ကြာဇံချက် ချက်တာ အရမ်းကောင်းတယ်။
    ကျေးဇူးဗျာ. .

    ဗွမ်း...အလစ်မှာ ရေလောင်းသွားတယ်။

    ReplyDelete
  9. ကြာဆံချက်ပူပူလေးနဲ့ ငါးဖယ်သုပ်ကို သွားရေကျသွားပါတယ်။

    ReplyDelete
  10. မရွှေစင်ရေ ... ကျောင်းကပြန်လာလာချင်း မရွှေစင်ဘလော့ကိုဖွင့်တယ်။ ကြာဆံချက်မြင်တော့ ဗိုက်ဆာတာနဲ့ ထမင်းအမြန်ပြေးချက်ပြီး လက်ဖက်သုတ်ကလေးနဲ့ စားတယ်။ စားရင်းနဲ့ စာကိုဖတ်တယ်။ အခု စားပြီးသွားမှ ကွန်မန့်ရေးလိုက်တာ။ စားလို့ကောင်းလိုက်တာ။ ထမင်း ၂ ပန်းကန်တောင် ကုန်တယ်။

    ကြာဆံချက်ထဲထည့်တဲ့ ပိတ်စွယ်ဆိုတာ မသိဘူးတော့။ အိမ်မှာကြာဆံချက်ရင် ပိတ်စွယ် မထည့်ဘူးထင်တယ်။ ငါးဖယ်သုတ်လဲ ကြိုက်တယ်။ ခုလို ချက်ကျွေးတာ ကျေးဇူးပဲ မရွှေစင်ရေ ... ။

    ReplyDelete
  11. ကြာဇံတော့ မကြိုက်လို့..ပြန်ပြီ

    ReplyDelete
  12. ကြာဆံချက်နဲ့ ငါးဖယ်သုပ်ကို ကြိုက်တယ်။

    ReplyDelete
  13. မကြီးရွှေစင်ရေ......
    ကြာဇံချက် သောက်ချင်တယ်ဗျာ........။
    ငြုပ်သီးလျှော့ထည့်.........၊ နံနံပင်မထည့်နဲ့......။ သံပရာသီးနည်းနည်းညှစ်ပေး.......ဒါဗြဲ...........း))
    နှစ်သစ်မှာပျော်ရွှင် အဆင်ပြေပါစေဗျ...........။
    (ရေလောင်းလိုက်ဦးမယ်......... ဗွမ်းးးးးးးးးးးးးး........း))
    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  14. အစ်မရေ ဘလော့လည် ရေပက်ထွက်ရင်းနဲ့ ဗိုက်ဆာဆာနဲ့ ဝင်တီးသွားတယ်။

    ReplyDelete
  15. မမရွှေစင်ရေ.....

    ၃ပွဲ ဆွဲသွားတယ် :)))

    ကြာဇံချက် ကြိုက်ချက်ကတော့ မမေးနဲ့ မုန့်ဟင်းခါးထက်တောင် ပိုကြိုက်တယ်လို့ပြောလို့ရသေးတယ်... ဒီမှာလည်း အစ်မလုပ်တဲ့သူကို အမြဲတမ်းကြာဇံချက်ပဲ ချက်ကျွေးခိုင်းနေတာ...ကျေးဇူးပဲ မမရွှေစင်ရေ...

    ချစ်ညီမလေး

    ReplyDelete
  16. မန္တလေးကြာဇံချက် စားသွားတယ်၊ ဂလု ဗိုက်ကအော်နေတာ၊
    အားလုံးကို ဆုတောင်းပေးပါတယ်၊ ကျန်းမာချမ်းသာကျပါစေ၊ ဘေးဥပဒ် အဖြစ်ဆိုးတွေနှင့်လည်း ဝေးကြပါစေ။

    ReplyDelete
  17. ညီမ ပိတ်စွယ်ဆိုတာ ဘာလဲဟင်..ကြာစွယ်ကို ပြောတာလား

    ReplyDelete
  18. ရောက်တာနောက်ကျလို့ ကျန်မှ ကျန်ပါအုံးမလား

    ReplyDelete
  19. ဆရာမ ရေ.. ကြာဆံချက်က အခုမှ တွေ့လို့ လာစား သွားတယ်နော်.. သင်္ကြန်တွင်းတုန်းက တွေ့မိရင် တော့ ရှယ်ပဲ နော်... သင်္ကြန်လည်လိုက် မောတဲ့အခါ ကြာဆံချက်လေး ၀င်စား လိုက် လုပ်လို့ ရတာပေါ့.. :) အခုကျတော့...... တကယ်လည်း စားရတော့ဘူး........

    ReplyDelete
  20. ဆောင်းရေ

    ပိတ်ဆွယ်ဆိုတာ ချောင်းတွေထဲမှာ ပေါက်တဲ့ သဘာဝ အပင်ထင်တာဘဲ ရေငှတ်ပြီး မှ ခူးရတယ်..

    အပေါ်က အခွံ အရင့်တွေကို ဖယ်ပြီးမှ အထဲက အနှ ကို စားရတယ်..

    ကြာစွယ်နဲ့ မတူပါဘူး ကြာစွယ်ထက်ပိုနူးညံပြီး ပိုပြီး စိမ့် မွှေးပါတယ်..

    ကျနော်တို့ အညာမှာတော့ မုံတီဟင်းရည် ကြာဇံဟင်းရည်ထဲမှာ အများဆုံး ထည့်လေ့ ရှိတယ်..

    ရွှေစင်

    ReplyDelete

thank you to say so