Tuesday, April 13, 2010
ရွှေစင်ဦး သိသော အချစ်စစ်များ (၂) ဇာတ်သိမ်း
အစော ကတော့ ကျနော် ဒီဇာတ်လမ်းကို အခန်း (၁)နဲ့ ဘဲ ဖြတ်ပြီး နောက်အကြောင်းအရာတခု ပြောင်းမလို့ပါ...၊ ဒါပေမဲ့ ပရိသတ်ကြီးကလည်း သိချင် နောက်ပြီး တရား ရစရာတွေလည်း အများကြီး ပါလို့ နဲနဲလောက် ဆက်ရေးပေးပါအုန်းမယ်..။
ကျနော့် အဒေါ် ကသူ့ယောက်ကျားကို တော်တော် အချစ်လွန်ခဲ့ပါတယ်.. အဲဒါလည်း အကြောင်းရှိမယ် ထင်ပါတယ်..၊ မိသားစု ထဲ မှာ လည်း အဒေါ်ဟာ တကယ်ကို အချစ်မရခဲ့ပါဘူး..၊ ရုပ်ရည်အားဖြင့် လည်း မလှပသလို.. သိပ်လည်း ဆိုးလို့ ပါဘဲ...၊ ရုပ်မလှတာကတော့ ထားလိုက်ပါတော့.. ဆိုးတာကတော့ ထားလို့ မရဘူးထင်တယ်..၊ အဒေါ်ကို မွေးတော့ လည်း ၇လ နဲ့ မွေးတယ်လို့ ပြောတယ်.. အဲဒီတော့ ထုံးစံအတိုင်းပေါ့ ဗျာ.. မပြည့်ဘူးပေါ့..၊ ကျနော် သိသလောက်တော့ သူ့ ကို အားလုံးက ချစ်တာထက် ကြောက်တာ ပိုပါတယ်..။
အဲဒါကြောင့်များ ယောက်ကျားရတဲ့ အခါ ဦးလေးကို ဒီလောက် အချစ်လွန်ခဲ့လေသလား မသိပါဘူး..၊ သူ့တို့ ၂ယောက်စလုံးက အထက်တန်းပြ ဆရာ/ဆရာမ အလုပ် လုပ်ပါတယ်..၊ အဒေါ် ဟာ အတ္တ တော်တော် ကြီးပါတယ်..၊ သိပ်ချမ်းသာချင်တယ်.. သူ့သား/ သမီး တွေကိုလည်း သူများတွေထက် သာစေချင်တယ်..၊ သူများ သားသမီးတွေကိုလည်း အမြဲတမ်း ကောင်းတယ် မထင်ပါဘူး...၊ ကဲ.. ထားလိုက် ပါတော့ နောက်ဆုံး သေသွားတော့ ဒါတွေဟာ ဘာမှမဟုတ်ပါလား ဆိုတာ သူ နားလည်သွားလားတော့ မသိဘူး ကျနော် ကတော့ တော်တော် တရားရသွားတယ်..။
အဒေါ် သူ့ ယောက်ကျား ကို ချစ်ပုံ ထူးတာတော့ ကျနော် ဖြင့် တသက်နဲ့ တကိုယ် တွေ့တောင် မတွေ့ ဘူးဘူး..၊ သူ့ယောက်ကျား က တခြားမိန်းမတွေနဲ့ ရင်းရင်းနှီးနှီး စကားပြောခွင့်မရှိဘူး.. နောက်ဆုံးဗျာ.. ယောက်ကျား အခြင်းခြင်း မိတ်ဆွေ ဆိုတာတောင် မရှိတော့ ပါဘူး.. မိတ်ဆွေလာရင် ဧည့်ခံရမယ်.. လက်ဘက်ရည်ဆိုင် တွေ ဘာတွေ သွားမယ်ပေါ့ သူက အဲဒီလိုမျိုးကို ဦးလေး ကို ခွင့်မပေးချင်ပါဘူး..။
သူ့နဲ့ဘဲ အတူ အမြဲနေရပါတယ်.. နေတဲ့ အချိန်မှာ လည်း ကောင်းကောင်းမွန်မွန် နေရလား ဆိုတော့ မဟုတ်ပါဘူး.. တခု မဟုတ် တခု ရန်လုပ်ပြီး အမြဲတမ်း ရန်ဖြစ်နေကြတယ်...၊ နောက်တော့ ဦးလေးကို ကျောင်းဆရာ အလုပ်က နေ ထွက်ခိုင်းပြီး ဟိုဟာ လုပ်ခိုင်း ဒီဟာလုပ်ခိုင်း နဲ့ ပိုက်ဆံချမ်းသာအောင် လုပ်ခိုင်းပါတယ်..၊ ဒါပေမဲ့ သူ့စိတ်နဲ့ ဘယ်လိုလုပ်ပြီး ဖြစ်မှာလည်း.. နောက်ဆုံးတော့ ဦးလေး ဟာ ကိုယ်ပိုင် ဆန်နီကားလေး ဝယ်ပြီး အငှားကားလိုက်မောင်း တဲ့ အဆင့် ရောက်သွားပါတယ်...။
အဲဒီလို မောင်းရင်လည်း တနာရီ တခါလောက် ဂျူတီ ရီပို့ လုပ်ရပါတယ်...၊ တခါတော့ နယ် အော်ဒါ လိုက်သွား ပါတယ်..၊ ဂျူတီ ရီပို့ မလုပ်နိုင်ခဲ့ပါဘူး... တခါထဲ ပြာရာခတ်ပြီး ရဲတိုင်မယ်.. လူပျောက်ကြေငြာ မယ် ဆိုပြီး တမျိုးလုံး တဆွေလုံး ကို အနားမနေလိုက်ရပါဘူး.. ဘယ်နှစ်ရက် လည်း ဟုတ်လား တရက် တည လောက်ပါဗျာ...။
နောက်ပိုင်း လည်း အဲဒီလို ဖြစ်တာ ၃-၄ ခါလောက်ဆိုတော့ ကားလည်း မမောင်းရတော့ပါဘူး. သူ့နားမှာ ဘဲ အချိန်ပြည့် ကိုယ်ရံတော်ပေါ့...၊ နောက်တော့ ဆုံးခါနီး ၄-၅ နှစ်လောက် မှာ လေဖြတ်သွားပါတယ်..၊ လေကလည်း မဖြတ်ချင်မှ နေရော.. ဝက်သား ဆိုလည်း အဆီအခေါက် မှ ဒညင်းသီး ဆိုလည်း အများကြီး ပြုတ်စားတယ်..။
သူ့ ယောက်ကျားက ပြောရင်းလည်း သူ့ကို စေတနာ မရှိလို့ ဆိုပြီး ရန်လုပ်တော့ မပြောရဲတော့ ပါဘူး.. သူ့လက်သုံးစကား ကျနော် ကြားကြားနေတယ်.. သေခါမှ သေရော မစားဘဲ မနေနိုင်ဘူးဟေ့ တဲ့...၊ ကဲ.. မသေဘဲ လေဖြတ်သွားတော့ ဘယ်လိုလုပ်ကြပါမလည်း...။
နောက်ဆုံးတော့ ဦးလေး ခေါင်းပေါ်ဘဲပေါ့ဗျာ.. ဦးလေးက အပြုစုကောင်းလို့ ထင်ပါတယ်.. တော်တော် သက်သာ လာပါတယ်..၊ စကားတွေ မပီမသ ပြောနိုင်လာပြီး.. ဆွေမျိုးအိမ်တွေ ဘာတွေ လျှောက်လည် လာနိုင်ပါတယ်...၊ ဦးလေး က အရမ်းအလိုလိုက်ပါတယ်..၊ သူ့ကို သနပ်ခါးတွေဘာတွေလိမ်းပေးပြီး.. ကားရှေ့ခန်းမှာ တင်ခေါ် ပြီး သူ သွားချင်တဲ့ စီတွေလိုက်ပို့ပါတယ်....။
အဒေါ် ကတော့ အဲဒီလောက် လေဖြတ် ပြီး ဒုက္ခတွေရောက်နေတော့ နောင်တ တရားတွေများ ရမလားလို့ ထင်မိတယ်... မှားမယ်ကိုယ့်လူ ဘာနောင်တ မှ မရပါဘူး.. သူလေဖြတ် လို့ ဆေးရုံတင်ထား ရတုံး ဦးလေး က သူ့ အတွက် သူနာပြုဆရာမလေး တယောက်ကို ကြုံတာနဲ့ လူနာဘေး ထားရအောင် စပယ်ပန်း ကုံးတွေ မှာလိုက်တာ.. သူနာပြု ဆရာမလေး က ပန်းတွေ လာပေးတော့ .. သူတွေ့သွားပြီး ဆရာမလေး ရော ယောက်ကျား ရော ရန်လုပ်လိုက်တာ တဲ့..၊ ဦးလေး က ဆရာမလေး ကို အားနာလွန်းလို့ တောင်းပန် လိုက်ရတာတဲ့...။
အဲဒီလောက် ဆိုးနေတော့ ကျနော် ထင်တာ သေသွားရင်တောင် ကျွတ်လွတ်လိမ့် မယ်လို့ မထင်မိဘူး..၊ နောက်တော့ တကယ်ဆုံးသွားပါရော.. ၊ ဆုံးပြီးတဲ့ အခါ မှာ ကျနော် တို့ အိမ်မှာ ညသန်းကောင် လောက် တံခါးကို လာလာ လှုတ်တယ် ပြောတယ်...၊ ၁၀ ရက်လောက် .. အဒေါ်လား ဘာလားတော့ မသိဘူး.. သိသိသာသာကြီး တံခါး ကို ဆွဲဆွဲလှုတ်တယ်.. ပထမဆုံး တရက်က မေမေ တို့မှာ တကယ်ဘဲ လူလာတယ် ထင်ပြီး တံခါး သွားဖွင့် တဲ့ထိ ပြင်းထန်ပါတယ်..၊ နောက်တော့ မေမေ တို့လည်း သတိရသွားပြီး ဘယ်သူမှ အောက်မဆင်းရဲ တော့ပါဘူး....။
ဦးလေး ကိုတော့ ဘယ်လို အရိပ်အရောင် ပြလည်းတော့ မသိဘူး..၊ ဦးလေး က ဆုံးပြီး ၆လလောက် နေတော့ ထင်တယ် အုတ်ဂူပြင်မယ်ဆိုပြီး သူ့မိန်းမ အဝတ်အစားတွေ ယူသွားပြီး ဂူဖျက်ပြီး အသစ် ပြန်လုပ်ပါတယ်...၊ သနပ်ခါး တွေလိမ်းပေး၊ ပန်း တွေ ပန်ပေးပြီး.... အဖြူအစိမ်း ဝတ်ပေးခဲ့တယ် ပုဝါလေး လည်း ခြုံပေးခဲ့တယ်တဲ့.. ။
အုတ်ဂူမှာ လည်း သူ့မိန်းမ ဝိညင် ဝင်ရထွက်ရ လွယ်အောင်ဆိုပြီး အပေါက် လေး လည်း ဖောက်ပေး ခဲ့ပါတယ်တဲ့..၊ ပုတ်သိုး မသွားသေးဘူးတဲ့ ပုံမပျက် မဲ ဘဲ မဲသွားတယ်လို့ပြောပါတယ်.. သြ.. ဆံပင်လေး လည်း တထွာလောက် ဖြတ်ယူလာခဲ့ပါသေးတယ်တဲ့ ...၊ ဦးလေး မှာ အရူးတပိုင်းပါ.. ခွဲခွာ ရခြင်း ဆင်းရဲကို တော်တော် ခံလိုက်ရပါတယ်....။
အင်း... အခုတော့ ဦးလေး လည်း ရန်ကင်းတောင်မှာ တပါး ထဲ ဧကစာရီ ကျင့်နေပါပြီ... ဟိုတလောက တောင် သူတပါး ထဲ ဖျား နေပြီး လူမသိ သူမသိ ကြာနေလို့ ဆေးရုံ တင်လိုက်ရပါတယ်....။                
သမုဒယ သံယောဇဉ် တွေ ဘယ်လောက် ကြောက်စရာကောင်းလည်း... ဖြစ်နိုင်ရင် သံယောဇဉ် တွေ မရှိတာ အကောင်းဆုံးပါဘဲ.. ကဲ.. ချစ်ညီမ အပျိုကြီးများ အပျိုကြီးဘဲကောင်းပါတယ်...။
နှစ်သစ်မှာ အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ
လေးစားစွာဖြင့်
စာရေးသူ-ရွှေစင်ဦး
.
14 comments:
  1. သံယောဇဉ်တွေထဲက ရှုန်းမထွက်နိုင်ကြသေးတော့လည်း သံသရာထဲမှာ တဝဲဝဲလည်နေတာ ဘယ်နှစ်ဘဝမှန်းတောင် မသိတော့ပါဘူးဗျာ။ ဘယ်ခါများမှ သံဝေဂရမလဲမသိဘူး
    ReplyDelete
  2. အင်း...အင်;...သံယောဇဉ်...သံယောဇဉ်...သိပ်ကြောက်စရာကောင်းပါလား ...နောက်ဆုံး စာကြောင်းကို သေချာမှတ်သားသွားပါတယ် မမ ... :)))))
    ချစ်ညီမလေး
    ReplyDelete
  3. Thank you for post no.2. Your uncle is seach a caring person.
    ReplyDelete
  4. Thanks for post No.2. Your uncle is search a caring person.
    ReplyDelete
  5. ဒီပို့စ်ကိုတော့ သဘောအကျဆုံးပဲ။ ကိုယ့်ဘက်က ထောက်ခံမဲ တမဲ တိုးလာလို့။
    ကျောင်းဖွင့်ပြီမို့ ငြိမ်နေတာ အမရေ။ သင်္ကြန်နာကတော့ တကယ်ကို ကျနေတာပါ။ ဟိုနေ့က မန္တလေးသား စစ်စစ်ကြီး ပြဇာတ်ကြည့်ရင်း ရွှေမန်းသူ မရွှေစင်ကို သတိရနေတာ။ ရယ်ရလို့။
    မရွှေစင်ကိုလဲ ရေလာလောင်းသွားတယ်နော်။ ရေခဲရေ အေးအေးလေးနဲ့။
    မင်္ဂလာရှိသော သင်္ကြန်ဖြစ်ပါစေ အမရေ... ။
    ReplyDelete
  6. Thank you for your post.
    I will bear in my mind the last sentence you wrote.
    :)
    Ray
    ReplyDelete
  7. ဪ ..သမုဒယ သံယောဇဉ် ..အမျှင်တန်းနေတော့လည်း အပင်ပန်းသားပဲ ...
    ဒီလောက်ဆိုးတာတောင် သံယောဇဉ် မဖြတ်နိုင်ဘူးဆိုတော့ သူ့ မှာ ကောင်းကွက်လေးတော့လည်း ရှိလိမ့် မပေါ့လေ ။
    လင်ဆိုးမယား၊ တဖါးဖါး ။ လို့ ဆိုကြတော့...
    မယားဆိုးလင် .... ဘာဖြစ်မလည်း သိဘူး နော် ။
    နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ ပါစေ မရွှေစင်ရေ ။
    ReplyDelete
  8. သံယောဇဉ် ဆိုတာ နွယ်ပင်လိုရစ်ပတ်တတ်မှန်းသိပေမယ့် ဖြတ်ဖို့တော့အခက်သား...
    ReplyDelete
  9. သံယောဇဉ်တွေကို ဘာနဲ့ဖြတ်ရပါ့မလဲ။
    သံယောဇဉ်ကို သံယောဇဉ်နဲ့ ဖြတ်လိုက်တာ အကောင်းဆုံးပါဘဲ။းဝ)
    လင်ဆိုးမယား၊ တဖားဖား။
    မယားဆိုလင်၊ တအင်အင် :D
    ReplyDelete
  10. နှစ်ရှည်လများ အနွံတာ ခံပြီး နေခဲ့တဲ့ အချစ်က တော်ရုံ အချစ်မဟုတ်တာ သေချာတယ်။ သေပြီး ၆ လ လောက် အထိ အုတ်ဂူဖောက်ပြီး သနပ်ခါး လိမ်းပေးတယ် ဆိုတာတော့ ရှာမှရှားပါပဲ။ မရွှေစင် အဒေါ်လည်း ငယ်ဘဝက မရခဲ့တဲ့ အချစ်တွေကို သူ့အိမ်ထောင်ဘက်နဲ့မှ အတိုးချ ရသွားတယ် ပြောရမှာပဲ။
    အပျိုကြီးများ အပျိုကြီးပဲ ကောင်းပါတယ် ဆိုတော့ လူပျိုကြီးများ အတွက်ကရောဗျ ။
    ဥပုသ် မစောင့်ဘူး သတင်းရလို့ ရေလောင်းသွားတယ် ဗျိုးးးး
    (((((( ဗွမ်း ))))))
    ReplyDelete
  11. ဦးလေးလောက်ချစ်တတ်၊ အနွံအတာခံတဲ့လူကတော့ တကယ်ကို ရှာမှရှားပါပဲနော်။ အပျိုကြီးမဖြစ်လိုက်ရတဲ့ မမရွှေစင်ကတော့ ချစ်ချစ်ကြီးနဲ့အတူ နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေနော်။
    ReplyDelete
  12. သူ့ကြတော့ ချစ်ချစ်ကြီးနဲ့...
    အပျိုကြီးတွေကြ..အပျိုကြီးပဲကောင်းပါတယ်တဲ့..
    တော်တော်မတရားပါ့လား...
    သင်္ကြန်ကာလ..ငယ်မူပြန်တဲ့အနေနဲ့...နို့ဆီဘူးနဲ့ ခွက်စောင်းခုတ်လိုက်မယ်...လာလေရော့.............
    ReplyDelete
  13. အဲဒီလို ဆိုးတဲ့မိန်းမမျိုးေ၇ွှမျိုးထဲမှာ၇ှိပ..
    အိမ်ကတော့ ဒဂုန်ခင်ခင်လေးပါပဲ..ဘယ်လိုခံ၇ခံ၇ အဲလိုမိန်းမက အချိုခဏသတ်တာနဲ့..ပါတာပါပဲ..
    အမအဒေါ် ပူမနေနဲ့တ၇ားမ၇ဘူး..မ၇လို့သာ သူ့မှာလေဖြတ်တာတောင်....၇န်သွားဖြစ်နေသေးတယ်..
    တ၇ားမ၇ှိဘူးးးး
    ကျနော်က မုန်းတယ်ပြောပေမဲ့ ပက်သက်မှုကို မလုပ်တာ..
    မပက်သက်ပဲကင်းအောင်နေတော့ ကိုယ့်မှာအပူမ၇ှိတော့ဘူး
    ဥပေခါ၇ှူတယ်..ဟဲဟဲ
    MN
    ReplyDelete
  14. အမရေ...သံဝေဂယူစရာတွေ များတယ်နော်..။သေသွားတော့လဲ လူဆိုတာ ဘာမှမဟုတ်ဘူးနော်..။မသေခင်မှာသာ..
    ReplyDelete
thank you to say so