Thursday, March 18, 2010

ရွှေစင်ဦး သိတဲ့ အသိတရား (တက်ဂ်)

အင်း အသိတရား နဲ့ ပတ်သက်လို့ ကိုမိုး က တက်ဂ် ထားပြန်တယ်..၊ အသိတရား က တော့ဗျာ.. အရေးကြီး သလား မမေးနဲ့ အသိတရား မရှိလို့လောကကြီးမှာ ဒုက္ခ တွေရောက်နေကြတာလို့ ထင်ပါတယ်.. ဘယ် အရာမဆို အသိတရား ရှိရှိ နဲ့ စဉ်းစား ပြီး ကိုယ် ဘာဆိုတာ သေချာ သဘောပေါက်.. ကိုယ်နဲ့ တန်ရာ တန်ရာ မှာ နေကြရင်.. လောကကြီး မှာ အားလုံး အဆင်ပြေ စိတ်ချမ်းသာနေကြမှာဘဲ...။

အခုတော့ဗျာ.. တချို့ လူတစုဟာ.. ကိုယ်ဟာ ဘာဆိုတာ သဘောမပေါက်.. တန်ရာတန်ရာ မှာ မနေ..  အနူ လက်နဲ့ ရွှေခွက်  နှိုက် (ကန်တော့ ကန်တော့ ဗျာ) ..၊ အဲဒီလို သတိတရား မဲ့ စွာ ပြုမူလုပ်ကိုင် နေကြတဲ့ အတွက် ဒုက္ခတွေများ နေကြပါတယ်..။

ဒါပေမဲ့ အသိတရား ဆိုတာ ရှိဘို့ အတွက် စဉ်းစား ဆင်ချင် နိုင်တဲ့ ဥာဏ်ရှိရမယ်ဗျာ့..၊ စဉ်းစား ဆင်ချင်နိုင်တဲ့ ဥာဏ် ရှိဘို့ အတွက် ပညာဆိုတာရှိရမယ်..၊ ပညာ ရှိဘို့ ရာအတွက် အရင်ဆုံး ကျောင်းပညာ တွေသင်ကြပေါ့..၊ ကျောင်းပညာ ကို တချို့ ကလည်း သင်ညာ လို့ ခေါ်ကြတယ်.. ဒီကမှ တဆင့် ကိုယ့် ဦးနှောက် ရှိသလောက် အပြင် ပညာ တွေ.. စာပေဗဟုသုတတွေ လေ့လာလိုက်စားရင်းနဲ့ ပညာတွေ တတ်သွားတာပေါ့ ဗျာ..၊ တချို့ ကလည်း ကိုယ်တွေ့ ပညာ.. တချို့ ကလည်း စာတွေ့ပေါ့ .. အခု တော့ လည်း အင်တာနက်တွေ့ ပေါ့.. အဲဒီ လို ပညာရှိမှ စဉ်းစား ဆင်ချင်နိုင်တဲ့ ဥာဏ်ပညာ ရှိပြီး အသိတရား ရှိရှိ နဲ့ အရာရာ ကို အမှန်အမှား ဆုံးဖြတ် နိုင်မှာပါ လို့ထင်ပါတယ်..။

ကျနော် အရင် က ရေးထား တဲ့  ခွေးတကောင် ယူကြမလား ဆိုတဲ့ ပိုစ် တခုထဲမှာ ကျနော့် အိမ်က ခွေးအိုကြီး အကြောင်းကို  ရေးပြပြီး ပါပြီ.. သူ့ရဲ့ မျိုးရိုးမကောင်း တဲ့ အကြောင်းကိုလည်း ရေးပြပြီးပါပြီ.. အခု အဲဒီ ခွေးအို ကြီးက သူနဲ့ ပြိုင်ဘက် မရှိ တဲ့ ကျနော် စီမှာ တကောင် ထဲ ဗိုလ် လုပ်နေတာလေ..၊ သူ နဲ့ ပြိုင်ကိုက် မဲ့ လူ ဘယ်သူ မှ မှ မရှိတာ..၊ အားလုံးက ခွေး နဲ့ ပြိုင် မဖြစ် ချင်လို့ အသာရှောင်နေကြတာ ခွေးအို ကြီးက အဟုတ် မှတ်ပြီး ဗိုလ် ကြ နေတာပေါ့..၊ အဲဒီ ခွေးအိုကြီး ရဲ့ အသိတရား မရှိတဲ့ အဖြစ် တွေကို ပြောပြချင်တယ်..။

ကျနော့် တို့စီမှာ ခွေး မျိုး ပြုတ်သွား ပါပြီ..၊ ဒီခွေး ကြီး တကောင် ကျန်နေတာပါ..၊ အခု တကောင်ထဲ ဗိုလ် လုပ်နေတဲ့ ခွေးအိုကြီးဟာ မကြာခင် ငရဲပြည်သွား ပြီး ဘဝပေါင်း များစွာ ငရဲခံ နေရမယ်လို့ ကျနော် ထင်ပါတယ်..၊ ဘာဖြစ်လို့ လည်း ဆိုတော့ ခွေး ဆိုတာ ပညာ မသင်နိုင်ပေမဲ့ ဘဝ ကပေးတဲ့ ပညာတွေ ကို သူတို့ ဘာသာ သူတို့ တတ်ပြီး အမှန်အမှား ဆုံးဖြတ်နိုင်တဲ့ ဥာဏ်ရှိပါတယ်..၊ ခွေးဆိုလည်း ခွေး အလျှောက် ဘယ် သူကို ဟောင်သင့် သလည်း ကိုက်သင့် သလည်း မျက်နှာချို သွေးသင့်သလည်း ဆိုတာ နားလည် ကြပါတယ်..။

အခုတော့ဖြင့် ခွေး သာ ဖြစ်တယ်.. ခွေးလောက်မှ အသိတရား မရှိ ...အဟိ.. ခွေးထက်နိမ့် တာ ဘာရှိသေး လည်း မသိ.. ထားလိုက်ပါတော့လေ.. လောလောဆယ်ဆယ်တော့ .. အဲဒီ ခွေးနာ လောက်ကိုက် ဂျိုးကျိုး နားရွက်ပဲ ခွေးအိုကြီးဟာ.. မဲမဲမြင်တိုင်း ဟောင်နေတယ် ဗျ..၊ ကျနော် က တကယ်ဆို ဆိုင်ဖွင့်ထားတာ ဆိုင်လာသမျှ လူတိုင်းဟာ .. ကျနော့် တို့ ရဲ့ ကျေးဇူးရှင် တွေဘဲ .. ကျနော် တို့ လူတွေဆိုရင် သူတို့ ကို ကျနော်တို့ တတ်နိုင်သမျှ ကူညီ၊ ကာကွယ် စောင့်ရှောက် ရမယ်..၊ ခွေး ဆိုရင် လည်း အမြီး တနံ့နံ့ နဲ့ ကြိုဆို နှုတ်ဆက် ရမယ်ဗျ..။

အခုတော့ ဗျာ.. ဒီခွေးအိုကြီး ဖြစ်ပျက်နေပုံက ဒီကျေးဇူးရှင်တွေကို မကြိုဆို တဲ့ အပြင် ရန်သူထင်ပြီး မဲမဲမြင် ဟောင်နေတာဘဲဗျို့... တခါတလေများဆိုရင် တချို့ကျေးဇူးရှင်များက ဟောင်ဘွာ ဟောင်ဘွာ များ လုပ်လိုက် တယ်ဆိုရင် သွေးထွက်အောင် ကို ကိုက်ပြစ် လိုက်တော့ တာဘဲဗျာ.... ကိုယ့် ကျေးဇူးရှင်ဘဲ သူတို့ဘာသာ ဘယ်လောက် အသံကျယ်ကျယ် ငါ့ အလုပ်မဟုတ်ဘူး ဆိုပြီး.. အသာမနေ ဘူး လုပ်ချပြစ်လိုက် တော့တာဘဲ..၊ ကျေးဇူးကန်းတာ..ကျေးဇူးကန်းတာ..။

ဘယ်ကလောက် ကျေးဇူးကန်း နေသလည်း ဆိုရင်.. စဉ်းစားသာကြည့်တော့..ကိုယ့်ကို ထမင်းကျွေး အလုပ်ပေး.. (ဆိုင်စောင့်..အိမ်စောင့် အလုပ်) ထားလို့ ကိုယ် ထမင်းမငတ်ဘဲ ဒီလို ခွေး ပီပီ နေနိုင်တာကို မနေဘဲ ထမင်းရှင်များကို စော်ကားလိုက်တဲ့.. လူ့ကိစ္စ ထဲ ပါဝင်လိုက်တဲ့....အသိတရား မရှိပုံတချက်...။

နောက်တချက်က ကျနော်က မနက်မနက် ဆိုရင် ဘုန်းကြီးတန်းကြီး ကို ဆွမ်းလောင်းတယ်ဗျ... ကိုယ် ကိုယ် တိုင် ထမချက်နိုင်တော့ ထမင်းချက်ခ ပေးပြီး ချက်ခိုင်း မနက်တိုင်း ကြွလာသမျှ ဆွမ်းလောင်းပေါ့.. ဆွမ်းဟင်း ကတော့ အဆင်ပြေတဲ့ နေ့ မှ လောင်းလှုနိုင်ပါတယ်.. စာသင်သား ဘုန်းကြီးများပါ.. အပါး ၃၀ လောက်တော့ ရှိမယ်.. တခါ တခါ ၂တန်း ကြွရင်. ၄၀ ကျော်လောက်ရှိတယ်.. မနက် စောစောစီးစီး ဘယ်လောက် များ ကျက်သရေ မင်္ဂလာ ရှိသလည်း ဆိုတာ စဉ်းစားကြည့်ပေါ့.. ။

ဒီ ရဟန်း သံဃာ တော်များ ဟာ ကျနော်တို့ ဗုဒ္ဓ သာသနာ တော်ကြီး အရှည် တည်တန့် ဘို့ တရား တော်တွေ ပြန့်ပွား ဘို့ လုပ်ကိုင် နေကြတဲ့ ကျနော်တို့ တိုင်းပြည် အတွက် .. ဗုဒ္ဓ သာသနာတော် ကြီး အတွက် ဘယ်လောက်များ အရေးထားသင့် တဲ့ ရဟန်း များပါလည်း.. ကျနော့် မှာတော့ ဒီလို လှုဒါန်းခွင့် ရတဲ့ အတွက် ပိတိ တွေဖြာလို.. ဒင်း (ဒီ ခွေးအို လောက်ကိုက်) မှာ တော့ ဝါဝါ မြင်တိုင်း ရန်သူထင်ပြီး.. ဒီကိုယ်တော် တွေကို ဟောင်နေတာဗျ.. သြ ရှက်လိုက်တာဗျာ... ဒီခွေးအိုကြီး ရဲ့ သံသရာ ကို စဉ်းစားမိတိုင်း ရင်လေးမိပါရဲ့...၊ ဒင်းရဲ့ အသိတရား မရှိပုံကို လည်း သြချလိုက်မိပါရဲ့...။

ကျနော် ကတော့ဗျာ.. တကယ် ကို သီးမခံချင်တော့ပါဘူး.. အဆိပ်ကျွေး ပြီး တော့ ကို သတ်ချင်တာပါဘဲ.. ဒါပေမဲ့ မရဘူးဗျ... သူ့ ကံရှိသလောက်.. နေပါလိမ့် မယ်တဲ့.. အဟဲ အခု ငရဲပြည် သွားဘို့ အကုသိုလ် လိုနေသေးလို့ လုပ်နေတာ.. လုပ်ပါစေတဲ့ဗျာ.. ဘယ်သူကပြောတာလည်း..ဟုတ်လား.. ကျနော် တို့ မှာ ရှိတဲ့ အသိတရား ကပြောလို့ သီးခံ နေရတာပေါ့ဗျာ...အင်း ရွှေစင်ဦး တို့ ဒီခွေးကြီး ကို သတ်လို့များ ငရဲ ပြည်က မတက်ရဘူး ဆိုလည်း ခံနိုင်ပါတယ်... ဒါပေမဲ့.. အသိတရား. .အသိတရား. ရှိနေတယ်...မဖြစ် ချေသေးဘူး...ခံလိုက်အုန်းဟဲ့ ဝဋ် ရှိသ၍......။

လောလောဆယ်တော့ ကျနော့် အသိတရား ထဲမှာ ဒီအကြောင်းတွေ ဘဲ ရှိနေတဲ့ အတွက် ကျနော် အားသန် နေတဲ့ အခု အသိတရား လေးကိုဘဲ ရေးပေးလိုက်ပါတယ်... ကိုမိုး နဲ့ စာဖတ်သူများ ကျေနပ်မယ် ထင်ပါတယ်...။

လေးစားစွာဖြင့်
စာရေးသူ-ရွှေစင်ဦး
.

23 comments:

  1. မင်္ဂလာပါ...

    အင်း.... အသိတရား လေးကို လေးလေးနက်နက် ဖော်ပြထားတာ ဖတ်ရသူအဘို့ အရသာ ရှိလိုက်တာဗျာ.. သုံးထားတဲ့ စကားလုံးတွေကလဲ ပျစ်ပျစ်နှစ်နှစ် နဲ့။

    ခင်မင်စွာဖြင့်
    ကိုမျိုး

    ReplyDelete
  2. အသိတရား. .အသိတရား. ရှိနေတယ်...မဖြစ် ချေသေးဘူး...ခံလိုက်အုန်းဟဲ့ ဝဠ်ရှိသ၍......။
    good post.
    good idea.

    ama..
    kyote kyat li ....

    ReplyDelete
  3. မှတ်သားလောက်ပါတယ်။ ရွှေမန်းသူလို့မပြောရဘူး။ ခွေးတွေအကြောင်းပြောသွားလိုက်တာများ အားရကျေနပ်လိုက်တာဗျာ။ ဟုတ်ပ.. ဒီခွေးအိုကြီးက မြန်မြန်သေမှ အေးမှာ။ မဟုတ်ရင် မရွှေစင်အနေနဲ့ ကုသိုလ်လုပ်တာ ရင်မအေးရဘူး။ ဒီခွေးအိုကြီးက ဘုန်းကြီးလဲမရှောင် ကိုက်ချင်နေတာပဲ။ ကိုယ့်သခင်ရဲ့ ထမင်းရှင်တွေကိုလည်း ကိုက်တာပဲ။ ခွေးတောင်မှ အသိတရားမရှိတဲ့ ခွေး၊။ ခွေးအိုကြီး မြန်မြန်သေပါစေဗျာ။ ဒီလောက်ကိုက်နေတဲ့ကောင်ကြီးက အတင်းတွယ်ကပ်နေတာများ အောချလောက်ပါတယ်။ ခွေးဖြစ်ပြီး ခွေးလောက်မှ အသိတရားမရှိတဲ့ ခွေး။ ခွေးစာရင်းက ထုတ်ပစ်သင့်တယ်။ (အားရပါးရကို မန့်ပစ်ခဲ့တယ်။။ ဟွန့်)

    ရေးပေးလို့ကျေးဇူးအထူးတင်ပါတယ်ဗျာ။ နောက်ဆို အသိတရားရှိမယ့် ခွေးမျိုးကို ရှာမွေးဗျ။ အိုရှုပ်ပါတယ်။ ခွေးတွေလည်း ဇာတ်ပျက်ကုန်ပြီ။ မွေးမနေနဲ့။ ကိုယ်ပဲဒုက္ခရောက်မယ်။

    ReplyDelete
  4. ''ငရဲပြည် သွားဘို့ အကုသိုလ် လိုနေသေးလို့ လုပ်နေတာ.. လုပ်ပါစေတဲ့ဗျာ.. ဘယ်သူကပြောတာလည်း..ဟုတ်လား.. ကျနော် တို့ မှာ ရှိတဲ့ အသိတရား ကပြောလို့ သီးခံ နေရတာပေါ့ဗျာ..''

    ချစ်တဲ့ မမရွှေစင်...မမရွှေစင်ရဲ့ စာထဲမှာ အဖြေက ပါသွားပြီလေ...သူကခွေး ကိုယ်တွေက အသိဥာဏ်ရှိတဲ့လူတွေလေ...ဒါပဲပေါ့

    မမရွှေစင်သိပ်တော်တာပဲ...
    ချစ်ညီမလေး

    ReplyDelete
  5. မမရဲ့ အိုနာကျိုးကန်း ဂျိုကျိုး နားရွက်ပဲ့  လောက်ကိုက် ခွေးအိုကြီး ကို ဓါတ်ပုံနှင့် တစ်ကွဖော်ပြပေးပါ...
    ဒါပဲ...
    ဒီပို့ စ်အတွက် က တော့ ဆယ်စုနှစ်ရဲ့ ဘလော့ ဂ်အကယ်ဒမီ
    ပေးတယ်...

    ReplyDelete
  6. ဒီခွေးတွေသေရင်ဒီးတခွန်ပေးမှာလားအကို

    ReplyDelete
  7. ဒီခွေးတွေသေရင်ဒီးတခွန်ပေးမှာလားအကို

    ReplyDelete
  8. မရွှေစင် ကျမလည်း ခွေးတွေကို ကြည့်မရဘူး။ ကိုက်ခံရဖူးလို့။ ငရဲခွေးအိုကြီး ဟောင်နေသည်ပေါ့ ဟားဟားဟား မိုက်တယ်။

    ကြည့်လည်းမရလို့ ရေးခဲ့တာ။ :)


    http://allmymemo.blogspot.com/2008/11/blog-post_8710.html



    မအယ်

    ReplyDelete
  9. နံမယ်ကျော်ပြင်သစ်ခေါင်းဆောင်ကြီးCharles De Gaulle ကတခါမှာခိတ်ပျက်ပြီးပြောဘူးတာကတော.
    (လူတွေအကြောင်းသိလေလေ ခွေးတွေချစ်လေလေတဲ.)
    ဘလော.ဂါကြီးနဲ.သဘောထားမတိုက်ဆိုင်ဘူးလားတော.မသိဘူး)။
    ဦးမြင်.ကတော.ဒီလိုမြင်ထယ်။
    (လူတွေအကြောင်းသိလေလေသနားလေလေ)
    ဦးမြင်.

    ReplyDelete
  10. “ဂိန် ဂိန်” ခွေးအိုကြီးကိုဝိုင်းဆော်လို့ အော်သံထွက်လာ တယ်ဗျး) ဆော်ပလော်တီးထားလိုက်ပုံများ
    လက်သံပြောင်ပါ့ဗျာ
    ကြိုက်တယ် မရွှေစင် မိတယ် မိုက်တယ်း)

    ReplyDelete
  11. မရွှေစင်ရေ့ ...
    အသိတရားကတော့  လူ တိုင်းမှာ ရှိနေကြတာပါပဲ။
    အသိတရားရှိပေမဲ့  သတိမထား မိကြ လို့ မှား နေ
    ကြတာ မဟုတ် လား။
    ကျွန်တော်အထင်တော့  အဲ့ ဒီ အသိ ထက်
    သတိ က ပို အရေးကြီး တယ်လို့  ယူဆပါတယ်။
    ခွေး ကတော့  လူ မဟုတ်တဲ့ အတွက် သတိလေးတော့ 
    ထားဖြစ်မယ်မထင်ပါ။
    ကျွန်တော် တို့  လူတွေတောင် အမြဲ မှားနေတော့ တာလေ။

    ReplyDelete
  12. အရေးအသားကတော့ပြောင်မြောက်ချက်တော်။

    ReplyDelete
  13. ဒီခွေးအိုကြီးပဲလာလာခလုပ်တိုက်နေတယ်...
    ခွေးအိုကြီးမှာ..သမီးကိုစိန်စီပေးပြီးနောက်အသေဖြောင့်ပါပြီတဲ့...

    ReplyDelete
  14. ဒီခွေးအိုကြီးပဲလာလာခလုပ်တိုက်နေတယ်...
    ခွေးအိုကြီးမှာ..သမီးကိုစိန်စီပေးပြီးနောက်အသေဖြောင့်ပါပြီတဲ့...

    ReplyDelete
  15. ကိုကို မမ ဘဘ ဦးဦး ဒေါ်ဒေါ်များရှင်
    အိမ်က ခွေးအိုအကြောင်း ရိုးရိုးလေးရေးထားတာ ရိုးရိုးလေးပဲ စဉ်းစားပေးကြပါ ရိုးရိုးလေးပဲ ကောင်းပါတယ် ကျွန်နော့် အမကြီးက တစ်ယောက်ထဲရှိတာပါ ရိုးရိုးသားသား အမကြီးလေးပါခင်ဗျာ


    အား....၀ုတ်....၀ုတ်

    ချစ်ညီမ

    ReplyDelete
  16. Mama Shwezin,
    Let me sing a song of Ko Lay Hpyu,"Thay Khyin Ye Da Ga Myar,HEY....HEY....,Shay mar Thay Khyin Ye Da Ga Myar,HEY....HEY...,Nout Mar Thay Khyin Ye Da Ga Myar,..HEY...HEY..A.Hay...Har..Harr..Harrr."

    yours lovingly,Watma(Jasmine)

    ReplyDelete
  17. ဟိုက် ချစ်ညီမလေး ခွေးကိုက် ခံထိတာလား ပြောစမ်း ပြောစမ်း မအယ် အမဲတုန်း ပို့လိုက်မယ်။


    မအယ်

    ReplyDelete
  18. ရေးတာ ပီပြင်ပုံများ ခွေးအိုကြီးလို့တောင် မမြင်မိဘူး..။ သူ့အကုသိုလ်နဲ့ သူပေါ့ အမရယ် ခွေးအို ဆိုမှတော့ သိပ်ကြာကြာ ခံမယ် မထင်တော့ပါဘူးလေ။ ခွေးအိုကြီးသေတဲ့နေ့ ပို့စ် တစ်ပုဒ်ရေးအုံးနော်အမ။

    ReplyDelete
  19. ဏီလင်းညိုMarch 21, 2010 at 7:26 AM

    မကြီးရွှေစင်ရေ.......
    ရေးတတ်ပဗျာ....။
    အနားမှာထိုင်ပြီးပြောပြနေသလားတောင် အောက်မေ့ရတယ်.တစ်ကယ်......။
    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  20. မရွှေစင်ရေ
    ခွေးတစ်ကောင်ယူကြမလား ကိုဖတ်ပြီးကတည်းက အဲဒီခွေးကိုပြောတယ်ထင်နေတာ။ ခုတော့ ဟုတ်နေပြီပေါ့.. မ တို့အိမ်က ခွေးကိုပြောတာပါ:P

    ReplyDelete
  21. အစ်မရွှေစင်
    အဲဒီခွေးကို ညီမတောင် တော်တော်စိတ်ဝင်စားလာပြီ.
    ဘယ်လောက်ထိများ အသိတရားမရှိသလဲလို့ လာကြည့်ချင်မိတယ်
    အစ်မကလဲ အရေးကောင်းတာကိုး
    ဒီလောက်ဆိုးတဲ့ ခွေးကိုတောင် စိတ်ဝင်စားလာအောင်
    ရေးနိုင်တယ်..
    ညီမကတော့ ခွေးထက်ကျော်ပြီး တစ်ခုခုကို လှမ်းပြီး စဉ်းစားလိုက်မိတယ်....း)
    ဒီတော့ မရွှေစင်အဆိပ်ကျွေးချင်တာတောင် နည်းသေးလို့ တွေးမိပါရဲ့.. မရွှေစင်က အရေးတင်မက အတွေးပါကောင်းနေပြန်တာကို ဒီပိုစ့်လေးက သက်သေပါဘဲ..


    ခင်တဲ့
    ချော

    ReplyDelete
  22. မရွှေစင်ရေ .. တကူးတက လာဖတ်တာ လာမန့်တာ ပြီးတော့ လာရောက် ဖိတ်မဏ္ဍက ပြုတာတွေ ကျေးဇူးပါ။
    ဒီခွေးအိုကြီးအကြောင်းကို ဖတ်ပြီးတာ ကြာပါပြီ။ စိတ်ထဲမှာ ကျိတ်ပြီး သဘောကျလွန်းလို့ အသာလေးငြိမ်နေတာ။ တွေးတတ်ရေးတတ်လိုက်ပုံများ ... ။ မန်းသူတွေ တကယ်တော်တာ လက်တွေ့သိသွားပြီ။ ကိုယ်ဖတ်တဲ့စာထဲမှာ (စာကြောင်းရဲ့နောက်မှာ) တွေးစရာလေးတွေပါတာ သိပ်သဘောကျတယ်။ ကျမရေးရင်လဲ အဲဒီစတိုင်မျိုးလေးတွေ ရေးချင်တယ်။

    ReplyDelete
  23. ခုမှပဲဖတ်ဖြစ်ပါတယ်၊ အပေါ်ကပြောသလို ခွေးကိုတောင် စိတ်ဝင်စားလာအောင်
    ရေးနိုင်တယ်.. မရွှေစင်ပေးတဲ့အသိတရား ကိုရလိုက်ပါတယ်၊

    ReplyDelete

thank you to say so