Wednesday, March 17, 2010

ရင်ထဲက အတွေးတချို့ (တက်ဂ်)

ညီမ ချော (အစိမ်းရောင်လွင်ပြင်) က တက်ဂ် ထားပြန်တယ်.. ရင်ထဲက အတွေးတချို့ တဲ့.. အဟဲ.. ရင်ထဲမှာ အတွေးတွေက များလွန်းလို့ ဘယ်အတွေး တောင်ရေးရမှန်းမသိဘူး...။ 

အတွေး တွေက အများကြီးပေမဲ့ တကယ့် နှလုံး သားထဲမှာ တော့ တကယ်ဘဲ အတွေးတချို့ ရှိပါတယ်...၊ ညီမ ချော ပြောသလို ဘဲ ကျနော်က လည်း တသက်လုံး စာအုပ်တွေ ထဲက လူတွေနဲ့ ပေါင်းသင်းလာတာ ဆိုတော့ စာအုပ် ထဲက မိတ်ဆွေတွေ အများကြီး နဲ့ ရင်ထဲမှာ သူတို့အကြောင်း  အတွေးတချို့ ရှိတယ်..။

စာအုပ်ထဲက မိတ်ဆွေ တွေရဲ့ အမူအကျင့် ကောင်းတွေ..၊ သူတို့ ဘဝတွေ ကို ရုန်းကန်ရင်ဆိုင်ဖြေရှင်း လာခဲ့ ပုံ တွေကို အားကျလေးစားရင်း.. ဘဝတိုက်ပွဲ နွဲတဲ့ အခါမှာ စိတ်ဓါတ်ကျစရာ အရှုံးတွေ ကို ရင်ဆိုင် လာရတဲ့ အခါမှာ ငါ့ မိတ်ဆွေတွေ ဘယ်လိုများ တိုက်ပွဲ တွေကို အနိုင်တိုက်ခိုက် ခဲ့ သလည်း ဆိုတဲ့ ရင်ထဲက အတွေးတချို့ နဲ့  ဘဝတိုက်ပွဲ တချို့ကို နိုင်အောင်တိုက်နိုင်ခဲ့ပါတယ်..။

ဘဝဆိုတာ တကယ်ဘဲ ပန်းခင်းလမ်း မဟုတ်ပါဘူး.. လူတိုင်းလူတိုင်းမှာ ရုန်းကန် ခက်ခဲ ရတဲ့  ဘဝ အပိုင်း အစတွေ အများကြီး ရှိခဲ့ကြပါတယ်..၊ ဒီလို အချိန်တွေမှာ...လူတွေရဲ့ ကိုယ်ချင်း မစာနာမှု့တွေ..၊ ရိုင်းစိုင်း ကြမ်းတမ်းတဲ့ သဘောထားတွေ..၊ သေးသိမ် ညံဖျင်း တဲ့ စိတ်ဓါတ်တွေ..၊ အဆင်းမှာ တွန်းချ တတ်တဲ့ လူ တချို့ ကြောင့်  ဘဝ တိုက်ပွဲ မှာ ရုန်းကန် တိုက်ခိုက်ရင်း ကျနော့် ရဲ့ စိတ်ဓါတ်တွေ ယိမ်းယိုင် ခဲ့ ဘူးပါတယ်.. ဒီအချိန်မှာ ကျနော့် ရဲ့ စာအုပ်တွေထဲက မိတ်ဆွေများရဲ့ မြင့်မြတ်တဲ့ စိတ်ဓါတ်တွေ က ဘဝခွန်အားတွေကို ပေးခဲ့ပါတယ်.. ကျနော့် ရင်ထဲမှာ အမြဲတမ်း ရှိနေတဲ့ ဇာတ်ကောင်တွေရဲ့ အတွေးတချို့ကြောင့် လဲနေရာက ပြန် ထ လာနိုင်ပါတယ်..။

ကျနော် သိပ်ကြိုက်တဲ့ အမေရိကန် ပြည်တွင်းစစ် အကြောင်း ကို ပီပြင်စွာ ချယ်မှုန်းထားတဲ့ မာဂရက် မစ်ချယ် ရဲ့ Gone with the Wind  ဆရာမြသန်းတင့် ရဲ့ လေရူးသုန်သုန် ထဲက စကားလက် အိုဟာရာ က ဘယ်အခြေအနေ မှာ ဘဲ ရောက်ရောက် ဘဝကို ရှင်သန်နိုင် အောင် ကျိုးစားရမယ် ဆိုတဲ့  အတွေး တွေ ကို ပေးတယ်....၊ နောက်ပြီး အက်ရှလေ က စိတ်ကူး ထဲမှာ နစ်မြောမနေဘဲ လက်တွေ့ ဖြစ်နေတဲ့ ဘဝနဲ့ ကိုက်ညီ စွာ နေထိုင်တတ် အောင်  အတွေး တချို့ကို ပေးတယ်..၊ ရက်ဘတ်တလာ က အားလုံး ကို နားလည် နိုင်တဲ့ အသိဥာဏ် မျိုး ရှိအောင် ကျိုးစားချင် တဲ့ အတွေးစ တွေကိုပေးတယ်..၊ ဒါက စာအုပ်တအုပ် ထဲက ဇာတ်ကောင် တချို့ အတွက် ရင်ထဲက အတွေးတချို့ပေါ့..။

နောက်ပြီး..ကျနော် က မနက် မနက် အိပ်ယာထရင် ရေအေး တခွက် သောက်တယ်..၊ မျက်နှာသစ် ပြီးရင် တော့ ရေနွေးကြမ်း တခွက် အမြဲသောက်တယ်..၊ အဲဒီလို ရေနွေးကြမ်း သောက်လို့ လဘက်ခြောက် ခပ်ရင်  ရင်ထဲမှာ ရှိတဲ့ . .အခုတခါ ကျနော် တင်ပေးမဲ့ ဝတ္ထု Pearl S.Buck ရဲ့ The Good Earth ဒဂုန် ခင်ခင်လေး ရဲ့ မြေပဒေသာထဲက ဝမ်လန်း  အဖေကြီး ရဲ့ လဖက်ခြောက် ခပ်တာ ကို အမြဲတမ်း သတိရတယ်.. ဒါကြောင့် လက်ဖက်ခြောက် များများခပ်သောက် နိုင်တဲ့ ကျနော့် ဘဝအခြေအနေအတွက် ကံတရားကို ကျေးဇူး တင်မိတယ် (လောဘ ကြီးလိုက် တာနော်)...ဒါလည်း အတွေး တစ ပေါ့လေ..။

တခါတလေ တော့လည်း လောက မှာ တိရစ္ဆာန် ထက် ဆိုးဝါးတဲ့ အသိဥာဏ် နဲ့ လူတွေ အများကြီး ရဲ့ ဘဝ တွေကို ဖျက်စီးနေကြတဲ့ လူ မဟုတ်တဲ့ လူ တွေ ကို တွေ့မိတဲ့ အခါ သူ တို့ကို ရွံမုန်းတဲ့ စိတ်ဓါတ် တွေ နဲ့  သူတို့သာ လူဆိုရင် ကိုယ်တောင် လူ  မဖြစ်ချင် တော့တဲ့ အခါ မှာ... လူဖြစ်ပြီး လူ နဲ့ မတူအောင် မြင့်မြတ်တဲ့ သဘောထားတွေ ပိုင်ဆိုင်ခဲ့ ကြတဲ့ မာသာထရီဇာ..သုခမြို့တော် ထဲက ဘုန်းတော်ကြီး ကိုဗာစကီး.. မြန်မာပြည်၏ ဟယ်လင် နဲ့... အခြား အခြားသော မြင့်မြတ်တဲ့ .. မရေမတွက်နိုင်သော အာဇာနည် ပုဂ္ဂိုလ်  တို့ကို သတိရပြီး လူ ဖြစ်ရတဲ့ အတွက် ဂုဏ်ယူမိတယ်..ဒါလည်း.. ရင်ထဲက အတွေး တချို့ ပေါ့လေ..။

ဒါတွေက စာအုပ် ထဲက ဇာတ်ကောင်တွေ နဲ့ ပတ်သက်ပြီး ထုတ်ဖော်လို့ရတဲ့ .... ရင်ထဲက အတွေး တချို့ ပေါ့နော်..၊ တခြား လည်း ရှိပါသေးတယ်..၊ ဒါပေမဲ့  ထုတ်ဖော်လို့ မရတဲ့ အတွေးတချို့ပေါ့...၊ အခု လောလော ဆယ်ဆယ်တော့ အခုရေးလိုက် တာ နဲ့ ဘဲ ကျေနပ်ကြပါဗျာ..၊ အဆင်ပြေတဲ့ တချိန် မှာတော့ ..ကျန်ရှိနေသေးတဲ့ ရင်ထဲက အတွေး တချို့ကို  ဖော်ထုတ် ပေး ပါမယ်..။

အားလုံး အားလုံး ရင်ထဲက အတွေး တချို့ ကို ထုဆစ် ပုံဖော်နိုင်ကြပါစေ...။ ညီမ ချော လည်း ကျေနပ် နိုင်ပါစေ..၊ ဆက်လက်ပြီး တော့ ကျနော် ခင်တဲ့ မိတ်ဆွေ များ ကို (ရင်မခုန် ကြပါနဲ့ ) မတက်ဂ် တော့ပါဘူး..။

လေးစားစွာဖြင့်

စာရေးသူ-ရွှေစင်ဦး
.

10 comments:

  1. အတွေးတွေလိုက်ကြည့်နေတာ...အစ်မရွှေစင်အတွေးလည်း တစ်မျိုးတစ်ဘာသာ။ လူတစ်ကိုယ် အတွေးတစ်မျိုးပဲ။ ဟားးးးး တော်သေးတာပေါ့။ ကျနော့်အတွေးနဲ့လာမတူလို့။ ဦးဦးဖျားဖျားလာမန့်ရတာ အရသာရှိလိုက်တာဗျာ။

    တော်သေးဘီ။

    ReplyDelete
  2. အတွေးတွေလိုက်ကြည့်နေတာ...အစ်မရွှေစင်အတွေးလည်း တစ်မျိုးတစ်ဘာသာ။ လူတစ်ကိုယ် အတွေးတစ်မျိုးပဲ။ ဟားးးးး တော်သေးတာပေါ့။ ကျနော့်အတွေးနဲ့လာမတူလို့။ ဦးဦးဖျားဖျားလာမန့်ရတာ အရသာရှိလိုက်တာဗျာ။

    တော်သေးဘီ။

    ReplyDelete
  3. ဟဲဟဲ...ငါ့အစ်မရဲ့ အတွေးကို သိချင်လို့ အပြေးလာလိုက်တာ ကိုမိုးကြီးက ဦးသွားတယ်...မမရွှေစင်ရဲ့ အတွေးတွေကလည်း အတွေးကောင်းတွေပါပဲ...ဒီလို အစ်မတွေရဲ့ ညီမလေးဖြစ်ခွင့်ရတာကို ဂုဏ်ယူမိတယ်...ငါ့အစ်မ ရင်ထဲက တခြားအတွေးတွေကိုလည်း ဖြစ်နိုင်မယ်ဆိုရင် သိချင်လိုက်တာ...

    ချစ်ညီမလေး

    ReplyDelete
  4. တိရစ္ဆာန် ထက် ဆိုးဝါးတဲ့ အသိဥာဏ် နဲ့ လူတွေ အများကြီး ယုံပါတယ်
    ဆရာမခေါ်သံကြားတိုင်း လန့်လန့်သွားတာကိုလေ နားထဲကမထွက်သေးဘူး တောထဲကဆင်ရိုင်းတောင် လူတွေက ခိုင်းစားနိုင်သေးတယ် သူတို့က တောထဲကဆင်ထက်တော့ သာပါတယ်ဆိုပေမယ့် ကြောက်လိုက်ရတာဗျာ ဆရာမကြီး ခုတော့ရောဗျာ ဘယ်လိုလဲ မှန်တဲ့သူတွေအတွက်ကတော့ နေရာတစ်ခုရှိမြဲပေါ့နော အချိန်တန်ရင် မမှန်သောသူများ ပျောက်ဆုံးစေပေါ့ ဟုတ်တယ်ဟုတ်


    ချစ်ညီမ

    ReplyDelete
  5. Mama Shwezin,I am very lucky to know your blog which makes everybody to read good articles,fictions and the rare books.
    When I estimate your hidden thoughts,
    I pray this time that I can know your thoughts may come in no sooner time.
    Yours lovingly,Watma(Jasmine)

    ReplyDelete
  6. နှလုံး သားထဲက အတွေးတချို့၊ ထုတ်ဖော်လို့ မရတဲ့ အတွေးတချို့ တို့ကို စိတ်ဝင်စားမိတယ်၊ အတွေးတချို့ကိုရော ထုဆစ်ပုံဖော်ဖြစ်သလား မရွှေစင်ရေ။

    ReplyDelete
  7. မရွှေစင် ရဲ့  “ရင်ထဲက” အတွေးများ ထဲက တချို့ တလေ နဲ့ တင်၊ လူသားဆန်တဲ့ လူလုပ်လို့  ရနေပြီပဲ ။
    “ဦးနှောက်ထဲက” အတွေးတွေပါ ထဲ့ လိုက်ရင်တော့ ဆူပါဝိုးမင်း ဖြစ်လောက်တယ် နော့်။။

    ReplyDelete
  8. စာအုပ်တွေရှိနေတာဟာလေ ကိုယ့်ဘေးမှာ အဖော်တွေအများကြီးရှိနေတာနဲ့တူတယ်နော်
    ညီမလေ တစ်ယောက်တည်း ရှိနေတဲ့အချိန်တွေလေ ဘေးမှာ စာအုပ်တွေအပုံလိုက်ကြီ်းနဲ့ နေနေမိတယ်..
    စာအုပ်တွေရှိနေတော့ အထီးကျန်တယ်လို့လဲ မခံစားမိတော့ဘူး.. သင်္ကြန်၎ရက်လေ မရွှေစင်ပြောတဲ့ လေရူးသုန်သုန်နဲ့ ကုန်သွားပါရောလား..
    ရေတောင် မစိုလိုက်ဘူး..
    တဂ်တာလေးကို ရေးပေးတဲ့အတွက်ကျေးဇူးပါနော်..
    စာအုပ်ချစ်တာခြင်းတူလို့လဲ ၀မ်းသာဂုဏ်ယူပါတယ်နော်..

    ချစ်တဲ့

    ချော

    ReplyDelete
  9. ဘာရေးရမလဲတွေးနေတာ..
    တော်ပြီနဲနဲပဲတွေးတော့မယ်

    ReplyDelete
  10. ဏီလင်းညိုMarch 21, 2010 at 7:33 AM

    မကြီးရွှေစင်ရေ....
    အကောင်းအဆိုးဆိုတာကတော့ နေရာတိုင်းမှာဒွန်တွဲနေတာပဲနော်ဗျ.......။
    စကားမစပ်ပြောရရင် လေရူးသုန်သုန်ကြီးလည်း အနော့်မှာ မရှိတော့ပါဘူး.....။ လက်စပျောက်သွားရပြီ....။ မြန်မာပြည်ရောက်မှပြန်ရှာဝယ်ထားရဦးမည်.....။
    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete

thank you to say so