အင်း နဲနဲလောက် မလစ်လိုက်နဲ့ စာရေးဘို့ပြင်ရတော့တာဘဲ.. ကမ္ဘာကြီးမှာတော့ ဘယ်လို လုပ်ကိုင် စားသောက် နေကြတယ် မသိဘူး ရွှေစင်ဦး တို့ဆိုင်ကတော့ နေ့မအိပ်..ညမအိပ် open window system နဲ့ ၂၄ နာရီ တံခါးဖွင့် ဝါဒ ကျင့်သုံးပြီး လုပ်စားနေရတာ မောလိုက်တာဗျာ...။
စိတ်ရှိတိုင်းသာ လုပ်လိုက်ရရင် အင်တာနက်ကြီးထဲကို ထွက်ပြေး သွားချင်ပါရဲ့.. အခုတော့ ဘလော့လေး ထဲဝင်ပြီး စာလေးရေးချင်တာကို ဖြောင့်အောင် မရေးနိုင်ပါဘူး....ဘ၀ သမားတွေဆိုတော့လည်း ပင်ပန်း တာပေါ့ဗျာ..။
အင်းနေ့မအိပ် ညမအိပ် အလုပ်တွေ လုပ်နေရတာဆိုတော့ ပိုက်ပိုက် တွေ တော့ သိပ်ရတော့မှာဘဲ လို့ ..မထင်ပါနဲ့ဗျာ..၊ ရရ စားစား.. ဝါးဝါးမြိုမြို ပါ..၊ ဟိုနေ့က ကို ဆိုင်မှာ စအဖ က စာရင်းလာကောက် သွားတယ်တဲ့.. အင်တာနက် ဆိုင်စာရင်းတဲ့.. ဘာလုပ်ဘို့လည်း မသိပါဘူး..၊ အင်တာနက် လိုင်းရတော့ ကျနော့်ဆိုင်မှာ ကျနော် ကြွားချင်တာနဲ့ ဆိုင်းဘုတ်မှာ.. SS Internet Access ဆိုပြီး တတ်ထားလိုက်တယ်..။
တကယ်ကတော့ အင်တာနက် တပ်တာက ကျနော် တို့သုံးဘို့နဲ့ ဆိုင်က ကလေးတွေ သုံးဘို့ ရယ် customers များ ရှာချင်တာကို အလွယ်တကူ ရှာဖွေနိုင်အောင် ရည်ရွယ်ပြီး တပ်ထားတာပါ.. အပြင် အင်တာနက် သုံးသူ လက်ခံတယ် ဆိုတာလည်း လစဉ်ကြေး လေး ကျေရုံပေါ့.. ၊ ဆိုင်မှာ သိပ်အလုပ်များရင် လည်း အင်တာနက် သုံးသူများကို လက်ခံလို့ မရပါဘူး..၊ သူစီက အမြတ်အစွန်းက လည်း လစဉ်ကြေး တောင်ရရဲ့ လားမသိဘူး..၊ ကျနော် ကတော့ စာရင်းထဲတော့ အမြဲတန်း ပိုပိုသာသာလေး ပိုမှတ်တယ်.. အပြင်မှာတော့ ပေးသလောက်ပေါ့.. စာရင်း က အရေးကြီးတယ်ဗျ.. သူက အကောင်အထည်ကြီး နဲ့ ဆိုတော့ သူ့ထဲ အရင်း မရလို့ အင်တာနက်ကြီး ဖြုတ်လိုက်ရရင်.. ဒုက္ခ..။
အခုတော့ အင်တာနက်ဆိုင် စာရင်းကောက်ပြီး အခွန်ပေးရရင်တော့ ဆိုင်းဘုတ်ပြန်ဖြုတ်ရုံ ရှိတော့ တာပေါ့ အင်တာနက်က ရွှေစင်ဦး လေး ဘလော့ရေးဘို့.. ရွှေစင်ဦး ဘလော့ကို စာလာဖတ်သူများ အတွက် စာတင်ဘို့ ပါလို့..၊ အင်တာနက် နဲ့ ရွှေစင်ဦး တို့ လုပ်မစားပါပေါ့ဗျာ..။
စဉ်းစားထားတာတွေပါ.. ဘာဖြစ်မယ်မသိသေးပါဘူး..၊ ကျနော်က အင်တာနက် ဆိုင် သီးသန့် လေး ဖွင့်ပြီး .. အေးအေး နေချင်တာဗျ.. ဒါပေမဲ့ အင်တာနက်ဆိုင် ဆိုတာကလည်း မန္တလေး မှာ ကွမ်းယာဆိုင်ထက်တောင် ပေါသေးတယ်.. ၊ တဆိုင် နဲ့ တဆိုင် အပြိုင်ဈေးလျှော့ ပြီး ဖောက်သည် ရှာနေလိုက်ကြတာဗျာ.. ကျနော်တောင် ကိုယ့်ဆိုင်ကိုယ် မသုံးဘဲနဲ့ တခြားသွားသုံးဘို့တောင်စဉ်းစားနေတာ.. အလကားသုံးရတဲ့ အပြင် ကော်ဖီ တခွက်တောင် အလကား တိုက်အုန်းမယ်တဲ့.. ဆိုင်မှာ အင်တာနက် သုံးရင် ကော်ဖီလေး သောက်ချင်ရင် ချစ်ညီမ မျက်နှာ ကြည်သာရဲ့လား ကြည့်ရသေးတာဗျ...။
အိုင်တီခေတ်မှာ..အင်တာနက် ဆိုင် တိုက်ပွဲတွေက အပြိုင်အဆိုင် ဆိုတော့ ဦးနာအောက် နဲ့ အင်္ဂလိပ် အစိုးရ လက်ထက် က သဘောၤ ကုမဏ္ဏီတွေ အပြိုင်အဆိုင် ဖောက်သည် ရှာတာတောင် သတိရမိပါရဲ့... အခုလည်း ဒီ အတိုင်း ဖြစ်နေ တာဗျ..၊ ပြုတ်တဲ့ ဆိုင်တွေလည်း ပြုတ်လို့ သတင်းစာတွေထဲမှာ အင်တာနက် လိုင်းတွေနဲ့ စက်တွေ ပြန်ရောင်းတဲ့ သတင်းဘဲ ဖတ်နေရတယ်..။
ကျနော်ကတော့ အင်တာနက် သုံးပြီး စာ လေး တွေရေးရလို့ ဟန်ကျနေတယ်..... စာဖတ်သူများကလည်း စာကောင်းလေး တွေဖတ်ရလို့ . စိတ်ကျေနပ်နေတယ်....ဒါနဲ့ ငါ့ သားသမီး များရော ဘယ်လောက် ဟန်ကျနေလည်း လို့ စမ်းစစ်လိုက်တော့ အင်း... ၊ မနေ့ညက ကျနော် က ၂နာရီခွဲလောက် အပေါ် တက်အိပ်တယ် သူတို့ကျန်နေတယ်.. ၄နာရီလောက် ပြန်ဆင်းကြည့်တော့ အလုပ် လုပ်တဲ့ သူက လုပ်တုန်း ၊ အိပ်တဲ့ သူကလည်း အိပ်လို့ .. သမီးတယောက်ကတော့ ကွန်ပျူတာ ရှေ့ မှောက်ရက်ကြီး အိပ်ပြီး မိုက်ခရိုဖုန်းကြီး ခေါင်းပေါ်ချိတ်လို့ အိပ်နေလိုက်တာ..။
ကျနော်လည်း သနားသွားတာနဲ့ ကဲ အိပ်ယာထဲ အိပ်ခိုင်း အုန်းမှ ဆိုပြီး အနား အသာသွားတော့ ကိုကို ရေ ညီမ က ဘာ၊ ညာ နဲ့ ပြောနေတယ်.. ကျနော်က ယောင်တယ်မှတ်နေတာ.. နောက်မှ မမ က ဂျီတော့ သုံးနေတာ ဆိုတော့... အင်း သမီးများ .. အတွက်က တော့ ကျနော် အင်တာနက် တတ်တာ .. ရီးစားရှာ ပေးသလို များ ဖြစ်နေလားလို့ပါဗျာ...။
ရေးစရာ မရှိတဲ့ အတွက် သမီး များ သတင်း အရင်း အတိုင်းပေးလိုက်ပါတယ်...
စာရေးသူ-ရွှေစင်ဦး
.
dangerous...
ReplyDeleteအမသမီးတွေ..သတိထားနော်..အွန်လိုင်း...
အစ်မရေ
ReplyDeleteဘ၀အမောတွေ ပြေပါစေနော်
ဒါတို့ပြေဒါတို့မြေ လေ
:)
သီချင်းဆိုပြတာနော်.. ဘာမှမဟုတ်ဘူး
Mama Shwezin,your daughter is an outstanding girl-friend for her baby.Although she was sleepy,she spared her time.For me,I had even used about some half-days or whole days talking with my only one love although spending much time like that was not good.(boosting about myself..hie..hie..)
ReplyDeleteyours lovingly,July
ကလေးတွေကိုသွားမနှောက်ယှက်ရဘူးလေ...
ReplyDeleteအမေပြောတဲ့ အမောပြေ ဆိုတာ ဒါမျိုး ထင်ပါရဲ့  ..
ReplyDeleteမရှိမကောင်း ရှိမကောင်း တဲ့  အရာထဲမှာ သူလဲပါတယ်ပေါ့ ။ နတ်ကြီးတယ် ၊ နတ်ကြီး တယ် ။
~`~`မြင်နိုင်ရင်လေ..ချစ်တတ်တဲ့ နှလုံးသားကိုလေ..စာနာပါ။။~~~~
ReplyDeleteကျနော့်အငြိမ့်ထဲကလို အွန်လိုင်းမှာ စကားပြောရင်း ကြားလား မေးရတဲ့ အချိန်တွေ အတွက် ငွေမယူတဲ့ ဆိုင်မျိုးဆို သွားသာသုံး အမရေ ကော်ဖီတစ်ခွက်ထက် ပိုတန်လိမ့်မယ်။
ReplyDeleteမမရေ...အဲဒါမျိုးက မမရဲ့ အဲဒီ သမီးတင်မဟုတ်ပါဘူး.. ခေတ်အခြေအနေကကို ကလေးတွေ တော်တော်များများ ဒီလို ဖြစ်နေပြီလေ...ဒါပေမယ့် မမရေ...အလွန် အကျွံတော့ စွဲလမ်းမသွားစေဖို့ သတိပေးလိုက်ပါဦး...ညီမလေးက စေတနာနဲ့ ပြောတာနော်...(တော်ကြာ သူစိတ်ဆိုးသွားမှာ စိုးလို့ပါ...)
ReplyDeleteချစ်ညီမလေး
မဆိုးသေးပါဘူး။ မအယ် အသိဆို သူ့သမီးကို နိုင်ငံခြားမှာ နေတာ ဆိုတော့ မတတ်နိုင်ပါဘူး ဆိုပြီး အင်တာနက် ပေးသုံးတာ။ ကလေးက ရှစ်နှစ်။
ReplyDeleteချက်တင်းနေတာ မိုးလင်း မိုးချုပ်။ ဟိုဖက်က လူက ပြောတာတော့ ၈နှစ်ပေါ့။ တကယ်က အသက် ၄၀ ယောက်ျားကြီး။ ဖုန်းတွေပြော။ အပြင်မှာတွေ့မယ်ဖြစ်၊ လိပ်စာတောင်းနဲ့ မိဘကလည်း ဘာဆို ဘာမှ နားမလည်နဲ့။
မအယ်
ရှေ့က သွားတဲ့သူက ဖြောင့်ဖြောင့်သွားမှတော့
ReplyDeleteနောက်က လိုက်သူတသိုက်လည်း ဖြောင့်ဖြောင့်လိုက်တော့မှာပေါ့ဗျာ...
(ဟိုက် ငါပြောမှ အမရွှေစင်လည်း “...” ဖြစ်သွားတော့တယ်...)
းဝ)