Thursday, January 14, 2010

ကျနော် နဲ့ Company အလုပ်များ အပိုင်း (၂)

ဒါပေမဲ့.....လို့ ဆက်မပြောခင် ကျနော့် အကြောင်းနဲနဲ ထပ်ပြောချင်ပါတယ်..၊ အဲဒီအချိန်မှာ ကျနော် နဲ့ ချစ်ချစ်ကြီး ရဲ့ စီးပွားရေး က သိပ်အဆင်မပြေ တော့ပါဘူး.၊ မြန်မာပြည် မှာ ကားဈေးတွေ မတရား တက်သွားတဲ့ အချိန် (မြန်မာပြည် နေသူတွေတော့ မှတ်မိမလား မသိဘူး..) အဲဒီလို ကားဈေးတွေ သိပ် မတက်ခင် ချစ်ချစ်ကြီး က ကားရောင်းပြီး ပြန်ဝယ်တဲ့ အချိန်မှာတော့  ဈေးတွေ ဖြေးဖြေးခြင်း တက်သွားပြီး  နောက်ဆုံး လက်လှမ်း မမှီ ဖြစ်သွားတဲ့ အချိန်ဖြစ်နေပါတယ်..။

အရင် က ငွေတွေ ဘာတွေ ချန်တဲ့ ကားမျိုး ရှိရင် ကား၂စီး လောက်ကိုင်နိုင်တဲ့ ချစ်ချစ်ကြီးက ကျနော် အလုပ်ထွက်တဲ့ အချိန်မှာ ကား ဝယ်ရောင်း ပြုတ်တဲ့ အချိန်ဖြစ်ပြီး ဆိုင်ကယ် ဝယ်ရောင်း လေးဘဲ ခပ်အေးအေး လုပ်နေရတဲ့ အချိန်ဖြစ်နေပါပြီ..၊ ကျနော် တို့ ၂ယောက်မှာ စားသောက် နေထိုင် စရာ ပူစရာ မလိုပေမဲ့  အရင်လို ပေါပေါမသုံးနိုင်တော့ပါဘူး..။

ကျနော် ကလည်း အလုပ်က ထွက်ရတဲ့ အချိန် ၊ တကယ်ဆိုရင် ကျနော် မထွက်ချင်ပါဘူး ကျနော့် အလုပ် အပေါ်မှာ သံယောဇဉ် တွယ်ပြီး လုပ်ငန်းကလည်း အောင်မြင်နေတဲ့ အချိန်ဆိုတော့ အမှန်အတိုင်း ပြောရရင် မထွက်ချင်ပါဘူး...၊ ဒါပေမဲ့ မထွက် ရင် လည်း ထုတ်မဲ့ သဘောဆိုတော့ ထွက်လိုက် ရတဲ့ အတွက် စိတ်ညစ်မိပါတယ်..။

ဒီတခါ ကျနော် အလုပ်ထွက် တာကလည်း ကျနော် တယောက်ထဲ နဲ ဘဲ သက်ဆိုင်ပါတယ်..၊ တခြား ဝန်ထမ်း တွေကလည်း သူတို့ဘာသာ သူတို့ အဆင်ပြေနေကြတယ်..၊ MD ကလည်း ကျနော် တယောက်  ဖယ်ထုတ်လိုက်ရင် အားလုံးအဆင်ပြေမယ် ဆိုပြီး ကျနော့် ကို ဖယ်ထုတ်လိုက်တာပါ..။

ကျနော် စိတ်ထိခိုက် ပါတယ်..၊ လခထုတ်၊ အလုပ် ထွက်လာပြီး နောက်တနေ့ မှာဘဲ ကျနော် နဲ့ ချစ်ချစ်ကြီး ဟာ ကျနော့် ဖေဖေ ရှိတဲ့ မေမြို့ ကို ချီတက်ပြီး ဒုတိယ အကြိမ် Honey Moon ထွက်သွားကြပါတယ်၊ ကျနော့် ဖေဖေ က အဲဒီအချိန်မှာ မေမြို့ စစ်အင်ဂျင်နီယာ တက္ကသိုလ် မှာ Consultant (အကြံပေး) လုပ်နေတာ ဆိုတော့ အိမ်ရပါတယ်၊ ဖေဖေ နောက်ကို ဘယ်သူမှ လိုက်မနေချင်တော့ ဖေဖေ တယောက်ထဲ ပျင်းနေတာဆိုတော့ ကျနော်တို့ ၂ ယောက်ကို ဝမ်းသာအားရ နဲ့ လက်ခံကြိုဆိုခဲ့ ပါတယ်..။

ဖေဖေ နဲ့ ချစ်ချစ်ကြီး ကို ချက်ကျွေး (GM အဖြစ်ကနေ Chef အဖြစ် ချက်ခြင်းရောက်)  ပြီး စိတ်ပြေ လက်ပျောက် နေ နေရပါတယ်..၊ စနေ၊ တနင်္ဂနွေ ဆိုရင် ဖေဖေက မန္တလေး ပြန်တဲ့ အချိန်မှာ ကျနော်တို့ ၂ယောက်ဘဲ ကျန်ခဲ့ ပါတယ်..၊ အဲဒီအချိန် မှာ အဲဒီအိမ် ရဲ့ ရာဇဝင် တွေကို ပြန်သတိရ ပြီး အတော် ကြောက်မိတယ်..၊ ဖေဖေ ရှိရင်တော့ ဖေဖေက အမြဲတန်း ဘုရားစာ တွေရွတ်ဖတ်နေတော့ မကြောက် ပါဘူး..၊ ဖေဖေ မရှိတော့ မှ မေမေ ပြောတဲ့ သရဲ ဇာတ်လမ်း တွေ တခုမကျန် သတိရပြီး ဒုက္ခ ရောက်တော့ တာပါဘဲ..။

အဲဒီအိမ်မှာ အိပ်ခန်းကျယ် ၃ခန်း၊ ဧည့်ခန်း၊ ထမင်းစားခန်း မီးဖိုချောင် အိမ်သာ ရေချိုးခန်းပါ ပါတယ်..၊ ကျနော် တို့က အတွင်းဘက် အိပ်ခန်း၊ ဖေဖေက အဖျားဘက် အိပ်ခန်း မှာ အိပ်တာပါ၊ အလယ်ခန်း တခန်းက အလွတ်ပါ..၊ အိပ်ခန်းတွေမှာ ရေချိုးခန်း အိမ်သာ တွဲ ရက်မပါပါဘူး..၊ နောက်ပြီး အဲ့ဒီ DSTA ကအိမ်တွေ ရဲ့ အနေအထား တွေကို ရောက်ဘူးတဲ့ သူတွေဆိုရင် သိမှာပါ မေမြို့ မြို့ပြင် မှာ ပါ.၊ အိမ်ဆက် တွေကလည်း အရမ်းဝေးပါတယ်..၊ ကပ်ရက် အိမ်ခန်းတွေကလည်း လူမရှိတာများပါတယ်..၊ နေခင်း ဘက်တောင် ကြောက်စရာကောင်း အောင်တိတ်ဆိတ် ငြိမ်သက်ပါတယ်..။

ကျနော်တို့ နေတဲ့ အခန်းက မီးခလုပ်ကဖွင့် ထားပေမဲ့ လည်းပိတ်သွားတယ်.၊ ပိတ်ထားပေမဲ့ လည်း ဖွင့်တယ်.. လို့ မေမေတို့ ကသတင်း ပေးပြီးသားပါ..ဒါပေမဲ့ ကျနော် က မီးခလုပ်မကောင်း လို့ ဖြစ်မှာ ဆိုပြီး ရောက်ရောက်ခြင်း ချစ်ချစ်ကြီးနဲ့ မီးခလုပ် ပြင်ဆင်ရေးလုပ်ပါတယ်..၊ ဒါပေမဲ့ မီးခလုပ် က ကောင်းပါ တယ်..။

နောက်တခါ ကော်ဖီပန်းကန်လေး ကိုင်ပြီး ဖေဖေက ထမင်းစားခန်းက ထွက်လာတော့ ခန်းစီးဖယ် လိုက်တဲ့ အချိန်မှာ တယောက်က ခန်းစီးမ ပြီး ဝင်လာသလိုမျိုးဖြစ်ပြီး အဲဒီလူနဲ့ တိုက်လို့ ကော်ဖီပန်းကန် မှောက်သွား တယ်ပေါ့..၊ သူ့ သရဲ က အကောင်အထည် ပါရှိတဲ့ သဘောဗျ..ကြောက်စရာကြီး..။

ဖေဖေ ကတော့ တယောက်ထဲလည်း နေတာဘဲ..၊ ဘုရားစာတွေတော့ တနေ့ အကြိမ်ပေါင်း များစွာ ရွတ်တယ်..၊ ကျနော် ကတော့ ဖေဖေ မရှိတာနဲ့ ညပိုင်း အိမ်သာ တောင် မသွားရဲတော့ဘူး ချစ်ချစ်ကြီး နှိုးပြီးမှ သွားရတော့တယ်..၊ နေရ ထိုင်ရတာ နဲ့ ရာသီဥတု တအားကောင်းတယ် စိတ်တွေ လည်း တော် တော် အေးချမ်းသွားတယ်..၊ ညနေ တို့ မနက်ခင်း တို့ဆိုရင် အနီးအနားက ရွာတွေဘက် လမ်းလျှောက် ထွက်၊ မနက် ဆိုရင် ဈေးသွား၊ အနီးအနား က ခြံတွေမှာ ဟင်းသီးဟင်းရွက် လတ်လတ် ကလေးတွေဝယ်ပြီး ချက်ပြုတ်၊ တော်တော် စိတ်အေးချမ်းနေပါတယ်..၊ ကျနော်က စိတ်အေး ချမ်း နေပေမဲ့ သရဲ က မအေးချမ်း ဘူးဗျ..၊ ကျနော် တို့ ကို မခြောက်ရသေးတဲ့ အတွက် မကျေနပ် ဘူးထင်တယ်..။

ဖေဖေ မရှိတဲ့ တညမှာတော့  မီးခလုပ် ကို လာပြီး ဖွင့် လိုက် ပိတ် လိုက် လုပ်ပါတယ်..၊ သရဲ ပညာပေး တာကတော့ စပြီ ဗျ ၊ ကျနော် လည်း တော်တော် ကြောက်သွားတယ် .. ဒီတခါ မီးခလုပ် နောက်တခါ ဆိုရင် ငါ့ ကော်ဖီတွေများ လုသောက်မလား၊ ငါ့ ချက်ထားတဲ့ ဟင်းတွေများ ခိုးစားအုန်းမလား ဆိုပြီး စားမာန်က ခုတ်ရသေးတယ်..၊ နောက်ရက် တွေ မှာလည်း  သရဲ က ဘယ်လို ပုံစံ မျိုးနဲ့  များ ထပ် ခြောက်အုန်း မလည်း ဆိုတာ တွေးတွေး ကြောက် နေတာ နဲ့ MD ကြီးတောင် စိတ်မတိုအား တော့ပါဘူးဗျာ..  မန္တလေး ကို ပြန်လစ်လာ ပါတော့ တယ်..။

မန္တလေး ရောက်တော့ မှ အပေါ်ဆုံးမှာ စထားတဲ့ ဒါပေမဲ့......က စမှဗျ..။
ဒါပေမဲ့...... ဒီနေ့တော့ အချိန်မရှိတော့လို့ အပိုင်း (၃) မှ ဒါပေမဲ့......လိုက်ကြရအောင်နော်....။

အပိုင်း (၃) ဆက်ရန်
.

8 comments:

  1. Wohhhhhhhh!

    Fantastic.

    Did it take your food?
    May be it liked only coffee.:P

    I badly wanna know what happened when you arrived in Mandalay.

    Waiting for------:D

    Ray

    ReplyDelete
  2. အောင်မလေးလေး ဒေါ်ရွှေစင် လက်မှာ စက်များ တပ်ထားသလား...မျက်လုံးပေါက်တော့မယ် ဖတ်ရလွန်းလို့...မမီနိုင်တော့ဘူး၊ ရွှေစင့်က တို့လိုပဲ အစားပုပ်တယ်၊သရဲနဲ့တောင် လုစားမဲ့ သဘော ရှိတယ်...

    ReplyDelete
  3. အမ ကိုဂျီးကြောက် အားကျလို့လားဗျ
    ဘယ်နဲ့ သရဲလိုင်းဝင်ဝင် ပူးနေရတာလဲ
    ဟို ချစ်ခရီးမှာတုန်းကလဲ
    ဘုတ်ဘုတ်သရဲ အခုဟာက ဘာသရဲလဲ
    သေချာတယ် တပ်ထဲမှာဆို တော့ လုစားသရဲနေမှာ လူ့ဘ၀တုံးက လုစားခဲ့ရတာ မ၀လို့နေမှာပေါ့နော်
    အကျင့်ပါသွားတယ်နေမှာ ခွင့်လွတ်လိုက်ပါ

    ReplyDelete
  4. ကောင်းကောင်းတောင်မချောက်ရသေးဘူး..
    ချက်ချင်းပြန်ပြေးသွားတာ..သရဲစိတ်ညစ်တယ်..ဟွင့်

    ReplyDelete
  5. ခုမှ လာစုဖတ်သွားပါတယ်

    ReplyDelete
  6. မင်္ဂလာပါ ရွှေစင်..

    သရဲက ရွှေစင် ဖေဖေ အိမ်မှာ ရှိနေရင် ဘုရားစာတွေ အမြဲရွတ်နေတာနဲ့ မခြောက်လိုက်ရဘူးနဲ့ တူတယ်။ ရွှေစင်ကလဲ မြန်မြန်လစ်ပေလို့..မဟုတ်လို့ကတော့ ဘာတွေဆက်ပြီး လက်စွမ်းပြ ခြောက်နေအုန်းမယ် မသိဘူးနော်။
    မေမြို့မှာ နေနေတဲ့ သရဲဆိုတော့ ကော်ဖီကြိုက်ပြီး လု သောက်ရင် သောက်မှာဗျ.. :)

    ခင်မင်စွာဖြင့်
    ကိုမျိုး

    ReplyDelete
  7. အင်...သရဲက အဲလိုတကယ်ကြီးရှိတာလား....
    ကြောက်စရာကြီး....



    ချစ်ညီမလေး

    ReplyDelete

thank you to say so