Sunday, December 20, 2009

ကျနော် လည်ခဲ့သော အိမ်ကလေးများ (၁)

ကျနော်အားတဲ့ အချိန်လေး တွေမှာ တတ်နိုင်သလောက် အိမ် (ဘလော့) လည် ထွက်ပါတယ် ခင်ဗျား၊ အဲဒီမှာ အိမ်ပိုင်ရှင် လေးတွေရဲ့ အမူအကျင့်၊ စိတ်ဝင်စားမှု့လေးတွေကို သတိထားမိပါတယ်..။

တချို့အိမ်လေးတွေများ ဗျာ အိမ်ထဲ ဝင်လိုက်တာနဲ့ မြတ်စွာဘုရား ပုံတော် ဟာ ရောင်ခြည်တော် တဝင်းဝင်း နဲ့ ကြည်ညိုဘွယ်ရာပေါ့ဗျာ..၊ ဆီပုံးလေး ကြည့်လိုက်ရင်လည်း ချစ်ချစ်ခင်ခင်နဲ့ ရေးထားတဲ့ စာလေးတွေဟာ စိတ်ကျေနပ်စရာပါ..၊ နွေးထွေးမှု့ အပြည့်နဲ့ ပေါ့..ကိုယ်တောင် ချက်ခြင်းဘဲ ရေးချင်စိတ် တွေ ပေါ်ပြီး လက်စွမ်းဝင်ပြလိုက်ရသေး..။

အိမ် အတွင်းထဲ ရောက်တော့ လည်း ဆုံးမစာတွေ... ဘုရားစာတွေ....တရားစာတွေနဲ့....တရားခွေလေး ဖွင့်ထားတာလည်း သာယာနာပျော်ဖွယ်ဆိုတော့.. ကျနော်လည်း ကိုယ်ကိုကိုယ် တရားချပြီး..ငါဟာ အရည်မရ အဖတ်မရ ဘလော့ ထောင်ပြီး လျှောက်ရေးနေမဲ့ အစား ဘုရားစာလေးဖတ် တရားလေး ထိုင်ပြီး မသေခင် ကောင်းရာမွန်ရာ ရောက်အောင် လေ့ကျင့် ဘို့ ကျိုးစားပါတော့လား ဆိုပြီး ..သံဝေဂ တရားတွေ အပြည့် နဲ့ အိမ်လေးထဲ က နေ ဝါတော် ၄-၅ ဆယ်ရ ဖွားသီလ လို့ ထွက်လာခဲ့ တယ်ခင်ဗျား..။

တချို့ အိမ်လေး တွေမှာတော့ ဆီပုံး တွေထဲမှာ ဆဲဆို ထားလိုက်တာဗျာ.. ငါ နဲ့ ..ကိုင် ကိုင် ပြီးတော့ ၊ အမြင်ခြင်း မတူတာတွေကို ဆဲ ဆို ပြီး ဖြေရှင်းလိုက်ကြတော့  ..ဖတ်လိုက် ရတဲ့ ကျနော် တောင် ငါ့ များအဲဒီလို ကိုင်တုတ်လိုက်ရင် ဒုက္ခဟဲ့ .. ဆိုပြီး အသံမထွက်ရဲဘဲ တိတ်တိတ်လေး လှဲ့ ပြန်ခဲ့ရတယ်.. ဒါတောင် စိတ်ထဲက ခပ်ကြောက်ကြောက်ဘဲ..အင်း...အင်တာနက် ဆိုတာ ပညာသည် တွေ နေကျ တာတဲ့ ..တော်ကြာ..ငါ့နောက်က ခြေရာခံ လိုက်လာရင် ဒုက္ခ ဘဲဆိုပြီး နောက်ဆံ တငင်ငင်နဲ့ဗျ...။

တချို့အိမ်လေးတွေမှာ ကြတော့လည်း အိမ်ထဲ ဝင်လိုက်တာနဲ့ တဝင်းဝင်း တပြောင်ပြောင် မှိတ်လိုက် လင်းလိုက် တော်ကြာ ဟိုနားက ဟိုဟာလေး ပြုတ်ကြလာလိုက်..ဒါလေးက ရှုးကနဲ မြည်ပြီး ထွက်လာလိုက် ဆိုတော့ တောသားလေး ကျနော့် ခင်ဗျာ လန့်ဖြန့်ပြီး ဟိုကြည့်ဒီကြည့် နဲ့ ပုန်းစရာ ရှာလိုက်ရသေး... မတော်လို့များ  ပေါက်ကွဲ ထွက်လာရင် ဆိုပြီး လန့် လန့် သွားတာဘဲဗျာ..။

တချို့ ဘလော့ များတော့ လည်း ည ည ဆို တယောက်ထဲ မဖတ်ရဲဘူးဗျ..၊ မျက်နှာကျက်ပေါ်က မှင် စာလေးများ ဖြတ်ခနဲ ခုန်ချလာလေ မလား၊ ဟို ထောင့်နားက လူမရှိတဲ့ ကွန်ပျူတာ ရှေ့က ကီးဘုတ် ကရိုက်သံ တွေများ ထွက်နေတာလား ဆိုပြီး နားလေး တစွင့်စွင့် ကြက်သီးလေး တဖြန်းဖြန်းနဲ့ ကြောက်ရတဲ့ အရသာလေး ခံရတာ ကောင်းပါဗျာ..ကိုကြီး ကျောက် ရေ တပုဒ် လောက်..။

အင်းတချို့ သော ဘလော့ များကြတော့လည်း အမလေး အဲတာ တကယ်ဘဲ ဖြစ်ခဲ့ လေသလား၊ ဟင်း..ဟင်း နင်တို့ တော်တော် ယုတ်မာ ကြပါလား..ငါဒေါသဖြစ်လာပြီနော်..၊ နင်တို့ ရင်လည်း သေကြ..ငါရင်လည်း အိုင်ယာလန် ထီပေါက်လို့ နိုင်ငံခြားကို အခုချက်ခြင်းရောက်..ဆိုပြီး အာမေဍိတ် သံတွေ ထွက်ရင်း ချစ်ညီမရေ..ဒီမှာ လာဖတ်စမ်း..ဒီလူကြီးက ဒီလိုတဲ့..၊ ချစ်ချစ်ကြီး ဖတ်ကြည့် အဲဒါ အမှန်တွေဘဲ ဆိုပြီး.. ကိုယ်တယောက် ထဲတင် ဒေါသဖြစ်ရတာ အားမရလို့ သူခိုးသေဖော်ညှိ.. ဆွဲ ခေါ်ပြီး ဖတ်ခိုင်းရသေး..၊ ကောင်းလိုက်တဲ့ ဖြစ်ရပ်မှန် ရာဇဝင်တွေ.ဖျောက်ဖျက် မရသော သမိုင်း သက်သေများ ပေါ့ဗျာ...။

အဲဒီလို အိမ်မျိုးကြတော့လည်း .. ပါးစပ်က တတွတ်တွတ်နဲ့ ဖြစ်မှ ဖြစ်ရလေ လုပ်ရက်လိုက်ကြတာ ဆိုပြီး..၊ ကိုယ် တို့ ဘဝတွေကို ကိုယ် သနားလွန်း လို့ ..သြ ဒို့တွေဟာ လက်ခုတ်ထဲက ရေ၊ ကျားသနား မှ နွားချမ်းသာရမဲ့ သနားစရာ သတ္တဝါ လေးတွေ ပါလားဆိုပြီး..သက်ပြင်း တချချ၊ အံတကြိတ်ကြိတ် နဲ့ အိမ်ထဲကနေ ပြန်ထွက်လာရသဗျ..။

တချို့ သော အိမ်များမှာ တော့ဗျာ ..ချက်ထား၊ ပြုတ်ထား လိုက်ကြတာ..မွှေးကြိုင်လို့..ကျနော့်မှာ သရေတွေ ကြပြီး.. ဗိုက်ကလေး ပွတ်လို့..ပြန်ထွက်လာရတယ်...အဲဒီအချိန်မှာ ထမင်းစားမယ် ဆိုရင်တော့ ကျနော့် ချစ်သမီး များ နာ ပြီသာမှတ်တော့ဗျာ..၊ ကျနော့် ချစ်ညီမလည်း နားပူမခံနိုင်ရင် ထွက်သာ ပြေးတော့..၊ ကျနော် ကတော့ သူ တို့ ဘလော့ အိမ်များမှာ ချက်သလို မစားရလို့ ဆိုပြီး တပူပူ တဆူဆူ နဲ့ ..ထမင်းတလုပ် ကို ဖြောင့်အောင်မစားရဘဲ တတွတ်တွတ် နဲ့ ရွတ်နေတော့ နားပူလာတဲ့ ချစ်ညီမ ခမျာ ဝေးရာကို ပြေးရတော့ တာပေါ့..။

ကဲ..ဒါတွေ အားလုံးဟာ ဘလော့ မောင်နှမများ ကို ချစ်လို့ ကြည်စယ် တာပါဗျာ..၊ သူ့ ဟာနဲ့ သူ သန်ရာသန်ရာပေါ့..၊ အားလုံးဟာ တော်ကြ ကောင်းကြပါတယ်..၊ ကိုယ် နှစ်သက်ရာ၊ ကျွမ်းကျင်ရာ ကို ကိုယ် ဦးစားပေး ကြတာပေါ့လေ...၊ ဘာမှ မသန်သော၊ မကျွမ်းကျင်သော ကျနော့် မှာ တော့ ချစ်မိတ်ဆွေ များ ရဲ့ ဘလော့ များကို ဖတ်ရှု့လေ့လာခြင်း အားဖြင့် တန်ဘိုးဖြတ်လို့ မရတဲ့ အသိအမြင်၊ ဗဟုသုတ တွေ အများကြီးရပြီး ကျေးဇူးတင် လို့ မဆုံးပါဘူးခင်ဗျာ..။

ကျနော် ချစ်သော မိတ်ဆွေ ဘလော့ဂါ များအတွက်
ဆရာကြီး ဦးတင်မိုး ရဲ့ကဗျာလေး ကို သတိရ ပြီး  ဆရာ ရဲ့ ကဗျာလေး နဲ့ ဂုဏ်ပြုလိုက်ရပါတယ်ခင်ဗျာ..။ 

အလှကိုယ်စီ

ဖိုးလမင်းလည်း သူ့အဆင်းနှင့် အလင်းနှင့်။

မီးတိုင်ငယ်လည်း သူ့အရွယ်နှင့် အစွယ်နှင့်။

ပိတောက်ဝါလည်း သူ့အခါနှင့် နံ့သာနှင့်။

စံပယ်ဖူးလည်းသူ့ ဂုဏ်ထူးနှင့် ငုံဖူးနှင့်။

မြစ်ပြင်နက်လည်း သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့်။

စမ်းချောင်းခွေလည်း သူ့ချောင်းရေနှင့် လောင်းလှေနှင့်။

မည်သည့်အရာ မဆိုသာတည့် သူ့မှာကိုယ့်မှာ အလှသာတည့်။

သဘာဝလျှင် အလှကိုယ်စီ စွမ်းရည်ကိုယ်င လက်ဆောင်ငှ၏။

အလှဝန်တို မညိုညင်နှင့်။

ဝန်တိုမှုသာ မလှရာ၏။

သူ့ဂုဏ် သူ့သိရ် သူ့အရှိန်နှင့်။

အချိန်အခါ နေရာဒေသ

ဌာနအလျောက်အရေးမြောက်သည်။

စွမ်းပေါက်နိုင်သူချည်းသာတကား။

ဆရာ ဦးတင်မိုး ၏ စာပေဂုဏ်ကျေးဇူးကို အမှတ်ရလျှက်

အမှန်တော့ ကျနော် က ကိုယ်ပိုင် ကဗျာလေးနဲ့ ခင်ဗျားတို့ ကို ဂုဏ်ပြု ချင်ပါတယ် ဒါပေမဲ့ အစွမ်းမရှိလို့ ခွင့်လွှတ်ပါဗျာ..။
ကဗျာလေး ရအောင်ရှာပေးသော ချစ်ညီမ seeseinshin@gmail.com အားကျေးဇူးအထူးတင်ပါ၏။


 (ကျနော် တကယ် အိမ်လည်တာ နဲ့ ပတ်သက်ပြီး ပို့စ် လေးရေးမလိုဗျ..နိဒါန်းနဲ့ အချိန်ကုန် သွားတော့ နောက်နေ့ မှဘဲ (၂) ဆက်ရေးပေးတော့မယ်နော်)
.

8 comments:

  1. မရွှေဇင်ဦးရေ...
    အိမ်လည် တော်တော်ဝါသနာပါတယ်နဲ့ တူတယ်နော်...း)
    ဆက်ရေးပါဦးဗျ...။ လာဖတ်ပါဦးမယ်...။
    ခင်မင်တတ်တဲ့
    ဏီလင်းညို

    ReplyDelete
  2. အိမ်လည်ထွက်တုန်း နောက်ကနေ မှင်စာနှစ်ကောင် လွှတ်လိုက်မယ်..ဘယ်ကမှင်စာလဲသိချင်ရင် ခွေးမျက်ချေးကို မျက်စေ့မှာကွင်းပြီးကြည့်လိုက်

    ReplyDelete
  3. ရေးထားတာလေးကောင်းပါတယ်။ အမှန်ပါပဲ
    ဆရာဦးတင်မိုးကဗျာလေးလိုပါပဲ။ အစွမ်းကိုယ်စီရှိကြသလို အမျိုးမျိုးလည်းကွဲပြားပါတယ်။ အလည်လာတဲ့အတွက်ကျေးဇူးပါ။ အဆင်ပြေပျော်ရွှင်ပါစေ။

    ReplyDelete
  4. အရင်ကလောက် ဘလောဂ့်တွေ သိပ်မလည်နိုင် တော့ဘူးဗျ။ ကျွန်တော့် bloglist မှာ အသစ်တက်လာမှပဲ ဖတ်ဖြစ်တော့တယ်။

    အပိုင်း ၂ ဖတ်ဖို့ မျှော်နေပါမယ်။

    လေးစားလျက်နဲ့

    ReplyDelete
  5. ဆက်လက်စောင့်မျှော်နေပါတယ်ခင်ဗျာ့
း) ကိုကိုကျောက်ပြောတဲ့နည်းစမ်းကြည့်သေးလားအစ်မ
း)
း)

    ReplyDelete
  6. မစမ်းရဲ ပါဘူးဗျာ အပြောလေး နဲ့ကို ကြောက်လှပါပြီ ကိုကိုကျောက်ရေ

    ကိုဘကြိုင် ခင်ဗျားစမ်းကြည့်ဘို့ ကောင်းတယ် အစောင့် ၂ယောက် နဲ့ အပိုင်ဘဲ ကိုကိုကျောက် စီက တောင်းလိုက်ပါလား အမေရိကားမှာ သရဲ မွေးရင်မွေးထားမှာ

    ကိုကိုကျောက် သရဲမွေးတာရှိတယ်တဲ့ ရေးပါအုန်း

    ReplyDelete
  7. sis, ညီကလေးအိမ်ကရော ဘယ်လိုအိမ်တုန်း၊ ဧည့်ဝတ်မကျေတဲ့အိမ်ပဲဖြစ်ရမယ်...:D
    sis ပျော်ရွှင်ပါစေ...

    ReplyDelete
  8. ဟုတ်တယ်နော်..မွန်အိမ်လဲ..ဧည့်ဝတ်မကျေတဲ့ အိမ်ဖြစ်နေမလားဘဲ နော်..။ပိုစ့်လေးကောင်းတယ်နော်..

    ReplyDelete

thank you to say so