Monday, December 3, 2012

စာဖတ်သူ များ သို့ ... မသီတာ (စမ်းချောင်း) ၏ စမ်းချောင်း၊ အင်းစိန်၊ ဟားဗတ်, နှင့် ပတ်သက်၍ အသိပေးချက်

 စာဖတ်သူ များသို့

အောက်ဖော်ပြပါ စာလေး ရောက်လာတဲ့ အတွက်  မသီတာ (စမ်းချောင်း) ၏ စမ်းချောင်း၊ အင်းစိန်၊ ဟားဗတ်
ကို ဆက်လက်ဖော်ပြနိုင်ခြင်း မရှိတော့ပါဘူး .. မသီတာ ထံ ဆက်သွယ်ဖို့ ထုတ်ဝေသူထံ လိပ်စာလေး တောင်းထားပါတယ် ... ဆရာမ ခွင့်ပြုရင် ဆက်လက်ဖော်ပြပေး ပါမယ် ... အားလုံး အတွက် စိတ် မကောင်းပါဘူး ... စာရေးဆရာ များထံ ဆက်သွယ်ရခက်ခဲ တဲ့ အတွက် .. ငွေကြေးအရ လုပ်ဆောင်ခြင်း လည်း မဟုတ်တဲ့ အတွက် ပေါ့ဆမိ တဲ့ ကျနော့်အမှားပါ ... ဆရာမ မသီတာ ....  ထုတ်ဝေသူ ကိုစန်းမွန်အောင် နဲ့ စာဖတ်သူ အားလုံး အား တောင်းပန်ပါတယ်... 

မရွှေစင်ဦးရေ..

 ကျွန်တော်ကတော့ ငါတို့စာပေကထုတ်ဝေသူ ကိုစန်းမွန်အောင်ပါ။ အမဘလော့ပေါ်မှာ မသီတာစာအုပ် ကို ရိုက်ပြီး ပြန်လည် တင်ဆက် ထားတာတွေ့ရပါတယ်။ တင်ထားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဆရာမမသီတာကို ထိုကဲ့သို့ တင်မယ် လို့ ကြိုတင်အကြောင်းကြားခြင်း မရှိဘူးလို့ကြားသိရပါတယ်။
စာအုပ် ရဲ့ ရှေ့ဆုံးစာမျက်နှာမှာ စာရေးသူဆီက ခွင့်ပြုချက်ရမှ ထပ်ဆင့်ဖော်ပြဖို့ အသိပေးထားပါတယ်။ ဆရာမမသီတာ ကို ဆက်သွယ်အသိပေးစေလိုပါတယ်။ ဒီလိုပြောရတာလည်း ငွေးကြေးတစ်စုံတစ်ရာ ရလိုမှုကြောင့် ပြောခြင်း မဟုတ်ပါ။ စားရေဆရာတွေပေါ်မှာ ဂါဝရတရားလေးတစ်ခု ထားပြီး ခွင့်ပြုချက်တောင်းစေ ချင် လို့ အသိပေးတာပါ။ ခွင့်တောင်းရင်လည်း ဆရာမ က ကျေကျေနပ်နပ်ခွင့်ပြုမှာပါ။ ဆရာမ ခွင့်ပြုရင် လည်း ကျွန်တော့်အနေနဲ့လည်း ကန့်ကွက်စရာမရှိပါ။ လိုအပ်တာများကိုတောင် ကူညီပေးနိုင် ပါသေးတယ်။ ဒါကြောင့် ဆရာမ မသီတာဆီ ဆက်သွယ်လိုက်ပါ။ ဆရာမဆီက ခွင့်ပြုချက်ရမှာတာ ဆရာမ စာများ ထပ်တင် ဖို့ အသိပေးပါတယ်ခင်ဗျာ...

ကျေးဇူး
စန်းမွန်အောင်
ငါတို့စာပေ

17 comments:

  1. အဝေးရောက်နေသူမို့ စာအုပ်ဝယ်ရခက်လို့ ဖတ်ချင်မိတယ်။ အစ်မရွှေစင်ဦးရဲ့ စေတနာကိုလည်း နားလည်တယ်။ ထုတ်ဝေသူကိုလည်း နားလည်တယ်။ စာရေးဆရာကိုလည်း နားလည်တယ်။ ဆရာမ ခွင့်ပြုပါစေဗျာ။
    (လီယို)

    ReplyDelete
  2. same 2 leo...
    plz.let me read it,cuz hard to buy!

    Anne

    ReplyDelete
  3. အဘက်ဘက်ကို နားလည်မိပါတယ် .. ဒါပေမယ့် ညီမလေးတို့လို အဝေးရောက်တွေအတွက် တော့... ဝမ်းနည်းစရာပါ ..မမရေ...

    ReplyDelete
  4. ကိုအောင်(ပျူ)December 3, 2012 at 1:03 PM

    အင်း ....

    ReplyDelete
  5. စိတ်မကောင်းပါဘူး အစ်မရွှေစင်ရေ...၊ စာရေးသူ၊ ထုတ်ဝေသူတို့ရဲ့ လုပ်ထုံးလုပ်နည်း၊ ကျင့်ဝတ်ပိုင်း ဆိုင်ရာတွေကို နားလည်သလို စာဖတ်သူတွေ ဖတ်စေချင်တဲ့ အစ်မရဲ့ စေတနာကိုလည်း နားလည် ပါတယ်၊ အထူးသဖြင့် အဝေးရောက် မြန်မာလူမျိုးတွေအတွက် ဒီဘလော့ဂ်မှာ ပြန်တင်ပေးတဲ့ စာလေးတွေက တကယ့်ကို တန်ဖိုး ရှိပါတယ်၊ အားလုံး ချောမွေ့ အဆင်ပြေပါစေဗျာ...။

    ReplyDelete
  6. စာဖတ်သူတို့အပေါ်ထားတဲ့ ညီမရဲ့စေတနာ အကျိုးပေးမှာပါ။ အားလုံးအဆင်ပြေပါစေလို့။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  7. So sad to hear that news. Hope that Sayama Ma Thida will allow you to post. These posts are very useful for us who r away from home country and hard to buy the hard copy. Anyway, thank u so much for ur work.

    ReplyDelete
  8. ဒီလို အကြောင်းတွေအပင်ပန်းခံ ရိုက်တင်ပေးတဲ့သူကိုတောင်ကျေးဇူးတင်ရဦးမယ့်ကိစ္စဗျာ..

    အသိအမှတ်ပြုတာတွေ၊ မူပိုင်ခွင့်တွေကိစ္စ နောက်မှ လုပ်ကြပါလား။

    အခုလို အပင်ပန်းခံပြီး ရိုက်တင်ပေးတာကို အသိအမှတ်ပြုခြင်းလို့ မယူဆနိုင်ကြဘူးလား။

    ReplyDelete
  9. ဆရာမရဲ့ အီးမေးလ်လေးအမြန်သိပြီး. အမြန်ဆုံး အဆင်ပြေပါစေ....အမရွှေစင်...စာတွေလံ အမြဲတမ်း တင်ပေးတာကျေးဇူး...သိသောသူများ ပို့ပေးကြပါ...

    ReplyDelete
  10. ဒီစာအုပ်နဲ့ ပတ်သက်ပြီး ဆွေးနွေးမယ့် သူတွေထဲ အွန်လိုင်းပရိတ်သတ်တွေ ပါပါစေဗျာ။

    http://www.facebook.com/photo.php?fbid=571589622856837&set=a.362239160458552.107216.287336421282160&type=1&permPage=1

    ReplyDelete
  11. ဆရာမ မသီတာ ခွင့်ပြုပါစေ...

    အမရွှေစင်ရဲ့စေတနာကိုလည်းနားလည်ပေးနိုင်ပါစေ..

    ဒီလိုစာအုပ်ကောင်းလေးကို အမြန်ဆုံးဝေမျှနိုင်ပါစေ...

    ညီမ

    ReplyDelete
  12. Ama Shwezin,

    This is Sayama Ma Thida's facebook account - https://www.facebook.com/mthida

    I think u can send message to this account. Thank u

    ReplyDelete
  13. ငါတို့စာပေက စန်းမွန်အောင်ဆိုတာ သားစိုးရဲ့ ညီ .. ဖရုသ၀ါစာ ကဗျာတွေရေးတဲ့ သောက်ကြီးသောက်ကျယ် ကောင်လေး။

    ReplyDelete
  14. သူ့စာဖတ်ရတာကတော့ ရွေကျေးကတန်တန် မယ်ဘော်ကကဲနေတယ်ထင်ပါရဲ့ အမရွှေစင်ရေ ..
    ဘာပဲပြောပြော အမရွှေစင်အနေနဲ့အချိန်ကုန် လူပန်း ခံပီး အဝေးေ၇ာက်စာဖတ်သူတွေအဆင်ပြေအောင် စေတနာသက်သက်နဲ့တင်ပေးတယ်ဆိုတာကိုတော့ ညီမတို့အပြည့်အ၀လက်ခံယုံကြည်တယ်အမ ...
    ခွင့်မပြုလည်း ကိတ်စမ၇ှိဘူး တခြားစာတွေပဲဖတ်တာ ပေါ့အမရယ်

    ReplyDelete
  15. ဆရာမ ရေ

    ကျနော် စာဖတ်သူ ရွှေစင်ဦး လေးစားစွာ ခွင့်တောင်းခံပါတယ် ... ကျနော်ရဲ့ ကိုယ်ပိုင် ဘလော့ဂ် လေးမှာ ဆရာမ ရဲ့ စမ်းချောင်း၊ အင်းစိန်၊ ဟားဘတ် စာအုပ်လေးကို တနေ့ နည်းနည်းစီ ရိုက်တင်နေပါတယ် ... ဆရာမ စီကို ခွင့်မတောင်းဖြစ်ခဲ့ပါဘူး ... အခုဆက်လက်ပြီး တင်နိုင်ဖို့ အတွက် ခွင့်ပြုပေးပါလို့ လေးစားစွာ ခွင့်တောင်းခံပါတယ် .. ကျနော့် ရဲ့ ဘလော့ဂ်လေး ဟာ ငွေကြေး တစုံတရာ ရဖို့ အတွက် ပြုလုပ်ထားတာ မဟုတ်ပါဘူး ... စာဖတ်ချင်သူများ စာအုပ်ရရှိရန်ခက်ခဲတဲ့ ဒေသ မှ စာဖတ်သူများ အတွက် ကျနော် တတ်နိုင်တဲ့ ဘက်က ကူညီခြင်း ဖြစ်ပါတယ် ... ဆရာမ စီက ခွင့်ပေးရင် ဆက်လက် တင်ပါမယ် ... ခွင့်မပေးရင် လည်း မတင်တော့ပါဘူးဆရာမ ... ကျေးဇူးအများကြီးတင်ပါတယ် ..

    လေးစားစွာဖြင့်
    ရွှေစင်ဦး http://www.shwezinu.com
    .

    ဖေစ့်ဘွတ်ခ် မှ တဆင့် ခွင့်တောင်းခံပြီးပါပြီ ... မကြာခင် ပြန်ဖတ်ရမယ်လို့ မျှော်လင့်ပါတယ်

    လေးစားစွာဖြင့်
    ရွှေစင်ဦး
    .

    ReplyDelete
  16. မမရွှေစင်ရဲ့ စေတနာကို နားလည်ပါတယ်။ အားလုံး အဆင်ပြေသွားပါစေလို့ ဆုတောင်းပါတယ်။

    ReplyDelete
  17. စာကြည့်တိုက်အငယ်စားလေး စာမျိုးစုံလင်စွာ စုဆောင်းပေးနေတယ်လို့မြင်ပါတယ်....နေ့စဉ် ၀တ်တရားမပျက်လုပ်ဆောင်နေနိုင်တာလဲ အားကျပါရဲ့.စာကောင်းပေမွန် ရှားပါးစာအုပ်လေးတွေ အမဆိုဒ်မှာဖတ်ရပါတယ်.....ဒီထက်မက တင်ပေးနိုင်ပါစေ...မူပိုင်ခွင့်ဥပဒေဆိုတာနားတော့မလည်ပါ...သီချင်းခွေတွေလိုခိုကူးခွေပြောမရ...ခိုးကူးစာလို့လဲ ပြောရမှာဟုတ်ပြန်ဘူး ။ ရွှေ၊ ပေဖူးလွှာ၊ ဖူးငုံစာအုပ်တွေလို.. ..အားလုံးအွန်လိုင်းစာပေဖြစ်နိုင်ကြပါစေ...အွန်လိုင်းပေါ်က စာတွေ ရှယ်လို့ရတယ်မဟုတ်လားအမ...အဲလိုပဲရှယ်နေကြတယ်...အခုအမစာတွေကမှ တကန်တက ရိုက်ပေးနေရသေးတယ်...ကမ္ဘာလောကရဲ့နိယာမတော့မသိဘူး...ဗုဒ္ဒအလိုတော်ကျတော့ ကံ ...ကံအကျိုးကတော့...တန်ပြန်ခံစားရမှာပါ..အရာရာ အဆင်ပြေပါစေ....

    ReplyDelete

thank you to say so