Sunday, November 13, 2011
ရွှေစင်ဦး ရဲ့ ချစ်ဖေဖေ အတွက် အကြောင်းပြန်ကြားခြင်း
လေးစားရသော စာဖတ်သူများ နဲ့ ခင်မင်ရတဲ့ မိတ်ဆွေ ဘလော့ဂါများ သို့ 
ချစ်ဖေဖေ ရဲ့ နှလုံးသား ဝေဒနာ (ရောဂါ) အတွက် ပေးပို့ ကြတဲ့ မိတ်ဆွေ များ ရဲ့ ကော့မန့် များ .. မေးလ် မှ အကြံဥာဏ် များ နဲ့ နှလုံး သွေးကြောပိတ် ရောဂါ အကြောင်း ကို ပိုစ့် တင်ပြီး ရေးပေးခဲ့တဲ့ မကိ .. ကိုသက်တန့်ချို တို့ ရဲ့ စာ များကို ဖတ်ရတဲ့ အတွက် ဖေဖေ ကို ရောဂါ အကြောင်း သေချာ ရှင်းပြနိုင် သလို နောက်ဆုံး သတင်းများ ကို လည်း ပြောပြနိုင် တဲ့ အတွက် အားလုံး ကို အထူး ဘဲ ကျေးဇူးတင် ပါတယ်.... ရွှေစင်ဦး လည်း မိတ်ဆွေ များရဲ့ မေတ္တာကြောင့် အားတွေ အများကြီး ရှိသွား ပါတယ်....။
ဖေဖေ ကို ကြိုက်တဲ့ နေရာ မှာ ကုသဖို့ ရွေးချယ်ပါလို့ ပြောတဲ့ အခါမှာတော့ မင်္ဂလာဒုံ မှာဘဲ ချစ်မေမေ ရဲ့ ပြုစုယုယ မှု့ ကို ခံယူပြီး ကုသပါမယ့်လို့ ဆုံးဖြတ်ပါတယ်..။
ကျနော် တို့ မောင်နှမ ရန်ကုန်-မင်္ဂလာဒုံ ဆေးရုံကြီး မှာ အရင် စာရင်းသွားသွင်းပါတယ်.... ပြင်သစ် Team နဲ့ ၁၉-၁၁-၂ဝ၁၁ မှာ ခွဲစိတ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်...။
ဒီနေ့ ၁၃-၁၁-၂ဝ၁၁ ရွှေစင်စင်္ကြာ အသင်း မှ ညကိုးနာရီ ကား နဲ့ ချစ်ဖေဖေ ကို မင်္ဂလာဒုံ ဆေးရုံ ကို ခေါ်ဆောင် သွား တော့မှာဖြစ်ပါတယ်...၊  အားလုံး အဆင်ပြေ နေရင်တော့ ၁၉ရက်နေ့ မှာ ခွဲဖြစ်ပါမယ်... အားလုံး ရဲ့ မေတ္တာ နဲ့ ချစ်ဖေဖေ အမြန်ဆုံး ပြန်လည် ကျမ်းမာလာ မယ် လို့ ယုံကြည်ထားပါတယ်...။
စာဖတ်သူ မိတ်ဆွေ များကိုတော့ ဒီရက်ပိုင်း မှာ သည်းခံကြပါလို့ ပြောချင်ပါတယ်... အဆင်ပြေ တဲ့ အချိန် မှာ အဆင်ပြေသလို စာအသစ်များတင်ပေးပါမယ်... တနေ့လုပ် မှ တနေ့စား အဲ ... တနေ့စာ တနေ့ စာရိုက်ရတဲ့ အတွက် ရှက်ဂျူး နဲ့လည်း မတင်နိုင် ပါဘူး.... ချစ်ညီမ က မေးလ် နဲ့ ပို့ပေးမယ် လို့တော့ ပြောပါတယ်... တတ်နိုင်သမျှ ကျိုးစားပေးပါမယ်.....။
ကျနော့် ရဲ့ ဘလော့ဂ် ဆာဗာဒေါင်း သွားတဲ့ အချိန်မှာ တချို့ ဘလော့ဂ် များကို ဖြုတ်ချထားပါတယ်... ကျနော် မန္တလေး ပြန်ရောက်တဲ့ အချိန် မှ ပြန်တင်ပေးပါမယ်.... အားလုံးသည်းခံပေးကြပါ... ချစ်မိတ်ဆွေ များရဲ့ စာများကိုလည်း ဖတ်ခွင့် မရတဲ့ အတွက် စိတ်မကောင်းပါဘူး... မကြာခင် မှာ တော့ အားလုံး ကောင်း သွားတော့မှာပါ... ခဏတာ ခွဲခွာမှု့ အတွက် နှုတ်ဆက်ခဲ့ပါတယ်... အားလုံး အဆင်ပြေ နေကောင်း ကြပါစေ လို့ ဆုမွန် တောင်းလိုက်ပါတယ်ဗျာ....။
လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.
36 comments:
  1. "May you be under a lucky star...uncle"
    I'll recite Bawzinga and Metta payate on that day.Take care Ma Shwezin.
    With metta,
    Gyidaw
    ReplyDelete
  2. သတင်းကောင်းလေးကြားရလို့
    အစ်မဖေဖေ
    အမြန်နေကောင်းကျန်းမာပါစေရှင်
    စကားမစပ်...
    အစ်မရန်ကုန်ရောက်နေတုန်း
    ဖုန်းဆက်လိုက်ရမလားရှင့်း)
    ချစ်ခင်စွာဖြင့်
    မိစံ
    ReplyDelete
  3. အစ်မရွှေစင်ရဲ့ဖေဖေ အမြန်ဆုံးသက်သာပါစေ။
    အစ်မကိုယ်တိုင်လည်း ကျမ်းမာရေးဂရိုစိုက်ဦးနော်။
    ပင်ပမ်းနေဦးမယ်။
    ခင်မင်လေးစားလျှက်
    ReplyDelete
  4. ကိုအောင်(ပျူနိုင်ငံ)November 13, 2011 at 6:43 AM
    အရာရာ မျှော်လင့်ထားတာထက် ပိုပြီး အဆင်ပြေပါစေလို့ ဆုတောင်းပါတယ် အမရေ ...
    ReplyDelete
  5. အစ်မရေ...အစ်မရဲ့ဖေဖေ အစစအရာရာ အဆင်ပြေပါစေလိုဆုတောင်းပေးပါတယ်။
    ခင်တဲ့(ဖိုးချိုကြယ်ကျ) :P
    ReplyDelete
  6. အစ်မဖေဖေ အမြန်နေကောင်းပါစေ။ ကျန်းမာချမ်းသာပါစေလို့ လှိုက်လှဲစွာမေတ္တာပို့ဆုတောင်းပေးပါတယ်ရှင်။
    အစ်မရွှေစင်လည်း စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဘေးမှ အမြဲထာဝစဉ်ကင်းလွတ်ပါစေရှင်။
    ReplyDelete
  7. မမရွှေစင်ရေ....မမရွှေစင်ဖေဖေရဲ့ နှလုံးခွဲစိတ်မှု အစစအရာရာ အဆင်ပြေချောမွေ့စွာနဲ့ ပြီးဆုံးသွားပြီး အမြန်ဆုံး ပြန်လည်ကျန်းမာလာပါစေလို့ ဆုတောင်းပေးနေတယ်နော်....
    ဟုတ်တယ်...မမရွှေစင်လည်း ကျန်းမာေ၇းဂရုစိုက်ဦးနော်...
    ချစ်ညီမလေး
    ReplyDelete
  8. ရန်ကုန် မှာ ဆက်သွယ်ချင်သူများ ဖုန်းနံပါတ် 09-2013072 ကို ဆက်သွယ်နိုင်ပါတယ်
    ကျေးဇူးတင်စွာဖြင့်
    ရွှေစင်ဦး
    ReplyDelete
  9. အရာရာ အဆင်ပြေပြေနဲ့ အမြန်ဆုံး သက်သာ ပျောက်ကင်းပါစေဗျာ။
    ReplyDelete
  10. အမရွှေစင်ရဲ့ အဖေ အမြန်ဆုံး သက်သာပျောက်ကင်းပြီး အစစ အရာရာ အဆင်ပြေပါစေ လို့ ဆုတောင်းပါတယ်ဗျာ..။
    ReplyDelete
  11. မရေ ဆေးရုံတက်ခွဲစိတ်လိုက်ရင်တော့ အမြန်ဆုံးသက်သာပျောက်ကင်းသွားမှာမို့ စိတ်အေးသွားရမှာပဲနော် ဆေးရုံတက်ရင်ပင်ပမ်းကြဦးမယ် လူနာရှင်တွေလည်းကျမ်းမာကြပါစေလို့ :))
    ReplyDelete
  12. အစ်မဖေဖေ၏ ခွဲစိတ်မှု အောင်မြင်ပြီး အမြန်ဆုံး ကျန်းမာနေကောင်းလာပါစေရှင်။ အစ်မရေ... ဘလော့ဂ်မှာ စာရိုက်မတင်နိုင်တာကို စိတ်ထဲ သိပ်မထားပါနဲ့။ အဆင်ပြေပါစေရှင်။
    ReplyDelete
  13. မရွှေစင်ရေ ဘုရားဂုဏ် တရားဂုဏ်တွေနဲ့ အစစ အားလုံးအဆင်ပြေပြီး ခွဲစိတ်ကုသမှု အောင်မြင်မှာပါ။ ခွဲစိတ်ပြီးတဲ့အခါမှာလဲ အားလုံးချောချောမောမောနဲ့ အမြန်ဆုံး ပြန်လည်နေကောင်း ကျန်းမာလာစေဖို့ အမ ဖေဖေအတွက် ဆုတောင်းမေတ္တာပို့ပါတယ်။ စိတ်ပင်ပန်း လူပင်ပန်းနဲ့ ရေပြောင်းမြေပြောင်း ရာသီဥတုအပြောင်းမှာ မရွှေစင်ကိုယ်တိုင်လဲ ကျန်းမာရေးကို ဂရုစိုက်စေချင်ပါတယ်။ ကိုယ်ကျန်းမာမှလဲ လူနာကို စိတ်တိုင်းကျပြုစုနိုင်မှာ မဟုတ်လား။
    ReplyDelete
  14. ချော(အစိမ်းရောင်လွင်ပြင်)November 13, 2011 at 8:10 AM
    အစ်မရွှေစင်
    ဘလော့အတွက် နောက်ဆံမတင်းပါနဲ့.. အားလုံးက အစ်မကို နားလည်ပေးကြပါတယ်..
    အစ်မဖေဖေကိုသာ ဂရုစိုက်ပါနော်.. အခြေအနေကောင်းမွန်ပြီး အမြန်ခွဲစိတ်နိုင်ပါစေ..
    အမြန်ဆုံး နေကောင်းကျန်းမာလာပါစေလို့ ဆုတောင်းပါတယ်နော်..
    ReplyDelete
  15. ဟုတ်..မမ ဖေဖေ အမြန်ဆုံး ပြန်ကောင်းလာမယ်လို့ ယုံကြည်ပါတယ်..မမရေ..။
    ReplyDelete
  16. Wish you all the best of lucks and will pray for your beloved father, Ma Ma Shwe Zin.
    ReplyDelete
  17. ကိုကိုမောင်(ပန်းရနံ့)November 13, 2011 at 9:43 AM
    အမရွှေစင်ရဲ့ ပါးပါး။
    အားလုံး အခြေအနေကောင်းမွန်စွာ နေကောင်း ကျန်းမာလာပါစေလို့ လေးလေးနက်နက် ဆုတောင်းပေးပါတယ်။
    ခင်မင်လျှက်
    ReplyDelete
  18. wish you all the best
    takecare of your dad
    good luck
    Moe
    ReplyDelete
  19. ဟိုရက်တွေက မရွှေစင်ရဲ့ ဆိုဒ်ထဲဝင်မရလို့ ဗျာ။ မရွှေစင် ဖခင်ရဲ့ ကျန်းမာရေး အခြေအနေ တိုးတက်မှု သတင်းသိရလို့ ၀မ်းသာပါတယ်။ အမြန်ဆုံး ပြည့်စုံကျန်းမာလာပါစေ...။
    ခင်မင်သော...
    သတိုး
    ReplyDelete
  20. မမချစ်ချစ်ကြီးရဲ့ ချစ်ဖေဖေ အမြန်ဆုံး ကျန်းမာလာဖို့..လေးလေးစားစား ဆုတောင်းပေးပါတယ်...။
    အဆင်ပြေချောမွေ့စွာဖြင့် အမြန်ဆုံး ပြန်လည်နေကောင်းပါစေ။
    ReplyDelete
  21. အစစအဆင်ေ ပြ‌ချော‌မွေ့စွာနဲ့...မ‌ရွှေစင်ရဲ့အ‌ဖေ
    ‌ရောဂါ‌ဝေဒနာများအမြန်ဆုံးသက်သာ‌ပျောက်ကင်း
    ပါ‌စေ...။
    ReplyDelete
  22. စိတ်ကောင်း စေတနာကောင်းရှိသော အစ်မရွှေစင် ၏ ချစ်ဖေဖေ အမြန်နေကောင်း ကျန်းမာ ပါစေသတည်း။
    ReplyDelete
  23. မကြီးရွှေစင်ရဲ့ဖေဖေအမြန်ဆုံးနေကောင်းပါစေ။
    ReplyDelete
  24. မ ရဲ့ ဖေဖေ အမြန်ဆုံး ပြန်လည် ကျန်းမာ ပြီး အားလုံး အစဉ်ပြေ ပါစေ ။သမားကောင်းနဲ့ တွေ့ ပါစေ ။
    တောင်ဝှေးလဲရင် ဖိုးသူတော်ထူနိုင်ပေမဲ့၊
    ဖိုးသူတော်လဲရင် တောင်ဝှေး မထူနိုင်ဘူး လို့  ဆိုတာမို့  ..
    ကိုယ့် ကျန်းမာရေးလည်း ကိုယ်ဂရုစိုက်ပါ ။
    ခင်မင်စွာ
    မကိ..
    ReplyDelete
  25. မကြီးရွှေစင်ရဲ့ဖေဖေ
    အမြန်ဆုံးပြန်လည်ကျန်းမာပါစေရှင်...
    ReplyDelete
  26. အစ်မရွှေစင်ရဲ့ ဖေဖေ အမြန်ဆုံး သက်သာကျန်းမာ လာပါစေလို့ ဆုတောင်းပေးပါတယ်။
    ReplyDelete
  27. မရျွှေစင်
    ဖခင်ကြီးအမြန်ဆုံးကျန်းမာချမ်းသာပါစေ .....
    ReplyDelete
  28. ဆွေမျိုးညာတိ မိတ်သင်္ဂဟနဲ့ ဘလော့ဂါမောင်နှမများရဲ့ ပို့သတဲ့ မေတ္တာစေတနာကြောင့် ညီမ ဖေဖေရဲ့ ရောဂါဝေဒနာ အမြန်ဆုံး ပျောက်ကင်းပြီး အစစအရာရာ အဆင်ပြေပါစေလို့ တောင်းဆုပြုပါတယ်နော်။
    ညီမတို့မိသားစုအားလုံး စိတ်ဓာတ်အစဉ်ကြည်လင် အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  29. အားလုံးအစစအရာရာ အဆင်ပြေပါစေ။
    ReplyDelete
  30. May all of you be happy or healthy.
    ReplyDelete
  31. မမရွှေစင်ဖေဖေအမြန်ဆုံးပြန်ကျမ်းမာပါစေနော်..
    အမြဲသတိရဆုတောင်းပေးနေတယ်...
    ဒီအပတ် ဘုရားကျောင်းသွားရင်လဲ prayer request လုပ်ခဲ့မယ်။
    ReplyDelete
  32. အစ်မရွှေစင်ရဲ့ ဖေဖေ ..ခွဲစိတ်ကုသမှု ၁၀၀% ကျော်လွန်၍ ထမြောက်အောင်မြင်ပါစေကြောင်း ဆုမွန်တောင်လိုက်ပါတယ်အစ်မရေ..။
    ReplyDelete
  33. ဟန်ကြည်November 15, 2011 at 7:16 AM
    ဆေးပညာတွေလည်း အံ့စရာကောင်းလောက်အောင်တိုးတက်နေပြီမို့ မရွှေစင့်အဖေရဲ့ နှလုံးရောဂါကို အကောင်းဆုံး ခွဲစိတ်ပေးနိုင်လိမ့်မယ်လို့ တစ်ထစ်ချ ယုံကြည်မိပါတယ်...
    ဓမ္မောဟဝေ၊ ရက္ခတိ၊ ဓမ္မစာရီ- ပါတဲ့ မရွှေစင်ရေ...
    ReplyDelete
  34. မရွှေစင်ဦး ရဲ့  ချစ်သော ဖခင်ကြီး အမြန်ဆုံး ကျန်းမာပါစေဗျာ။ အားလုံးအဆင်ပြေချောမွေ့ ပါစေ။
    ReplyDelete
  35. မင်္ဂလာဒုံ စစ်ဆေးရုံမှာ NE လူနာတွေ အတွက် အထူး စောင့်ရှောက်မှု ရှိတယ်ဆိုတာ သိခဲ့ဖူးပါတယ်။ နောက်တစ်ခုက Cardiac Ward မှာ နိုင်ငံခြားကပဲ အထူး ထရိန်နင်ရလာတဲ့ သူနာပြု၊ ဆရာဝန်တွေ၊ အခြားကျွမ်းကျင်သူတွေ ရှိကြောင်း သူငယ်ချင်း အမေ ဆေးရုံတက်တုန်း သိခဲ့ရဖူးပါတယ်။
    အစ်မနဲ့  အစ်မမိသားစု စိတ်ချမ်းမြေ့စွာနဲ့  အခက်အခဲကို ဖြတ်ကျော်နိုင်ကြပါစေဗျာ။
    ReplyDelete
  36. အစစ အရာရာ အဆင်ပြေ ချောမွေ့ ဖို့ ဆုတောင်းပေးလိုက်ပါတယ် အစ်မရွှေစင်...
    ReplyDelete
thank you to say so