Tuesday, February 15, 2011
မဝင်းမြင့် ၏ ပဏ္ဍုသေလာ အပိုင်း (၅)
    ဗမာပြည် မြေပုံကိုကြည့်ရင် ဟုမ္မာလင်းမြို့ရဲ့အနောက်မြေ၀ံ့ဖက် အိန္ဒိယဗမာ နယ်စပ်တနေရာ ဟာ ဟိုး လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်ကျော်အချိန်က တော်တော်ကို တောတောင်ထူထပ်တယ်လို့ သိရတယ် မောင်တင်ဦး ၊    စိတ်ပါဝင်စားခြင်းမရှိဘဲ၊ ၀တ်ကြေတမ်းကြေ သဘောမျိုး ပြောနေသော မောင်တင်ဦးသည် မျက်လုံးကျယ်လာသည်။
    ဟုတ်ပါလိမ့်မယ် အန်ကယ်
    မောင်တင်ဦးက မယုတ်မလွန်ဖြေသည်။
    မောင်တင်ဦး အဖေ စစ်သားကြီးရော၊ အဲဒီ နေရာတွေ့များ ရောက်ဖူးခဲ့သေးသလား
    ဘာကြောင့် မေးတာလဲ အန်ကယ်လ်    
    မောင်တင်ဦး များစွာ စိတ်ဝင်စားလာသည်။ သို့သော်- အတွင်းဝန် အဖြေက မောင်တင်ဦး မမြှော်လင့် သော စကားဖြစ်၏
    အခု ရွှေတိဂုံ စေတီတော်က ခေါင်းလောင်းတွေ ထဲမှာ ပဉ္စလောဟာ စပ်ထားတဲ့ ခေါင်းလောင်း တို့ သံသေ ခေါင်းလောင်း တို့ ပါတယ်။ ဒါတွေ ရေစိမ်သောက်ရင် အနာရောဂါပျောက်တယ်လို့ ဗမာ တွေ့က ယုံကြည် နေကြတယ်လို့ သတင်းစာ မှာပါတာ မောင်တင်ဦး တွေ့လား
    တွေ့တယ် အန်ကယ်လ်
မောင်တင်ဦး ဖြေပြီးသောအခါ လက်ဘက်ရည်စားပွဲတွင် တချိန်လုံး နူတ်ဆိတ် ငြိမ်သက်စွာ နားထောင် နေသော အတွင်းဝန်သား မောင်တင်အုန်းက ၀င်ပြောလိုက်၏
    ဒက်ဒီ စကားတွေကလဲ့ ဟိုရောက် ဒီရောက်နဲ့ ဗမာစစ်သားဟောင်းကြီး နယ်စပ် ရောက်မရောက်နဲ့ ရွှေတိဂုံဘုရား က သံသေခေါင်းလောင်း ရေစိပ်သောက်တာ ဘာဆိုင်လဲ ဒက်ဒီရဲ့
    ဟာ......... ငါ့သားကလဲ ဒက်ဒီ့ စကားဆုံးအောင် နားထောင်စမ်းပါအုံးလေ
အတွင်းဝန်ကြီး က ပြောသဖြင့်  မောင်တင်အုန်းက ငြိမ်သွားသည်။ အတွင်းဝန်က ဆက်ပြော၏
    အဲဒီ ပဉ္စလောဟာတို့ သံသေတို့လိုပေါ့။ ရွှေကိုလဲ အပြန်ပြန် အလှန်လှန် မီးဖုတ်မယ်ဆိုရင် ဘယ်လို ဖြစ်မလဲ မောင်တင်ဦး
    အန်ကယ်လ် ပြောသလို ရွှေကို အပြန်ပြန် အလှန်လှန် မီးဖုတ်တယ်ဆိုတာ ကျွန်တော်တို့ ဗမာ တွေ အဖို့မှာ ရွှေကိုလှော်တယ်လို့ခေါ်တယ်။ အဲဒီလှော်ထားပြီးသား ရွှေလောက်အရည် ပြည့်နေ၊ မှည့်နေတဲ့ ရွှေမျိုး ကို အခုခေတ်မှာ မြင်တွေ့နိုင်မယ် မဟုတ်ဖူး။ အလွန့်အလွန်ကောင်းဆုံး ရွှေမျိုးပေါ့ အန်ကယ်လ်
    အဲဒီလို ရွှေမျိုးထဲမှာ အပြစ်အနာအဆာကင်းတဲ့ စိန်တွေ၊ မြတွေ၊ ပတ္တမြားတွေ၊ မြှုပ်ထားမယ် ဆိုရင်ကော မောင်တင်ဦး ရယ်
    အတွင်းဝန်ကြီး မေးခွန်းကို မောင်တင်ဦးက အလွယ်ဆုံး အတိုဆုံး စကားဖြင့် ပြောလိုက်သည်။
    တန်းဘိုး ဖြတ်မရအောင် အဘိုးတန်တယ် ဆိုပါတော့
    အတွင်းကြီး ပြောနေ မေးနေသော စကားတွေကို  မောင်တင်ဦးက ထောက်ခံနေ ဖြေနေ ရသော်လည်း ယခုထက်တိုင် အဓိပ္ပါယ် မပေါက်သေားချေ။ အတွင်းဝန်ကြီးသား မောင်တင်အုန်းက ဆိုလျှင် သိလိုသော စိတ်ဆန္ဒ ပြင်းပြမူကြောင့် သူ့ဖခင် စကားကို မချင့်မရဲပင်ဖြစ်နေသည်။ သူတို့နှစ်ယောက် အမူအရာ ကြည့်ပြီး အတွင်းဝန်ကြီးက ပြုံးနေ၏
    ဒက်ဒီင်္ကလဲ ပြောရင်လဲ ဆက်ပြောစမ်းပါ။ အဲဒီလို ရွှေတွေထဲမှာ အဲဒီလို ရတနာတွေ မြှုပ်ထား တာ ဘယ်နေရာ မှာ တွေ့ခဲ့လို့လဲ ဒက်ဒီ၊ အခု ရွှေတိဂုံဘုရားပေါ်မှာ ရှိနေလား
    မောင်တင်အုန်း က မေး၏
    ဟာ....... သားကလဲ ကြံကြံဖန်ဖန် ရွှေတိဂုံဘုရား ပေါ်မှာရှိတယ်လို့ ဒက်ဒီက ပြောလားကွဲ့
    အတွင်းဝန်င်္ကြီးက ငြင်းဆို၏
    အသိဘူးလေ၊ ဒက်ဒီက ရွှေတိဂုံဘုရားက ခေါင်းလောင်းတွေ အကြောင်းနဲ့ ပတ်သက်ပြီး ပြောတော့ ရွှေတိဂုံ ဘုရား ပေါ် တွေ့ခဲ့တာလိုလို ဟု မောင်တင်အုန်းက ပြန်ချေသည်။
    မျက်နှာဖြူ သွေးအစစ် သားအဖ နှစ်ယောက်က သူတို့ဘာသာစကားကို မသုံးကြဘဲ၊ ဗမာစားဖြင့် အချေ အတင် ပြောနေကြသည်ကို နားထောင်နေသော မောင်တင်ဦးက ရယ်ချင်သော်လည်း မသင့်လျှော် သည့် အတွက် ချုပ်တည်းကာပြုံးရုံသာပြုံးနေသည်။
    ရွှေတိဂုံဘုရားပေါ်မှာလဲမရှိဘူး၊ ဒက်ဒီလဲ မမြင်မတွေ့ဘူးခဲ့ဘူး။ ဒါပေမဲ့- အဲဒီလို ရွှေမျိုးနဲ့ လုပ်ထားတဲ့ ဗုဒ္ဓ ရုပ်တု တခုမှာ အခုတင်ပြောခဲ့တဲ့ ရတနာတွေ့အပြည့် စီခြယ်ထားတာကို မျက်စိနဲ့ မြင်လာခဲ့တဲ့ လူတယောက် ရှိတယ်။ ရုပ်တုအမြင့်က မတ်တပ်ရပ်ပုံသ`ဏ္ဍာန် ခုနှစ်ပေရှိတယ်တဲ့၊ တွေ့တာနဲ့ ယှဉ်ပြီး တိုင်းကြည့် လာခဲ့တာလို့ ပြောတယ်
    အတွင်းဝန်ကြီးက စကားဖြတ်င်္ပြီး၊ ဆေးပြင်းလိပ်ကိုမီးညှိနေသည်၊ မောင်တင်ဦးနှင့် မောင်တင်အုန်း က စိတ် ၀င်စားစွာ နားစွင့်နေကြ၏
    ဘယ်သူ က ဘယ်မှာ တွေ့ခဲ့တာလဲဒက်ဒီ
    မောင်တင်အုန်းက မေးသည်။
    ဒက်ဒီ့ သူငယ်ချင်း ဗိုလ်မှူး တယောက်လေ၊ သူ့ကို ဒက်ဒီ့ တို့က ငယ်သူချင်းတွေဖြစ်လို့ ငယ်နာမည်ကို ရာထူး ဂုဏ်ကပ်ပြီး မေဂျာဝှိုက်လို့ မခေါ်ဘူး၊ ငယ်ငယ်က ခေါ်သလို ၀ှိုက်ဘိီ လို့ ဘဲခေါ်တယ်။ အဲ- ဗုဒ္ဓရုပ်တု ကို ၀ှိုက်ဘီတွေ့လာခဲ့တာကွဲ့
    ဘယ်မှာ တွေ့တာလဲ ဒက်ဒီ
    `မောင်တင်အုန်းက စိတ်ဝင်စားစွာမေးသည်။
    ''အိန္ဒိယ-ဗမာနယ်စပ် အင်မတန်တောတောင်ထူထပ်တဲ့ တနေရာမှာ တွေ့လာခဲ့တာတဲ့ ဗုဒ္ဓရုပ် တု ရှိတဲ့ နေရာမှာ က တောင်ကြီးတွေ ၀ိုင်းကာထားတဲ့ ချိုင့်ဝှမ်းအနိမ့်ကြီးထဲမှာ လူဟုတ်သလိုလို၊ မဟုတ် သလိုလို တွေ နေ တဲ့ နေရာလို့ဆိုတာဘဲ''
    အတွင်းဝန်ကြီးက စကားဖြတ်ပြီးဆေးပြင်းလိပ်ဖွာနေစဉ်မှာ မောင်တင်ဦးသည် သူ့ဖခင်တပိုင်း တစ ပြောခဲ့ဘူးသည့် ထူးဆန်းသောတောင်ချိုင့်ဝှမ်းထဲမှ မီးသံတွေ၊ လူသံလိုလိုတွေကို ပြန်လည်သတိရ လိုက်သည်။ ယခုအတွင်းဝန်ကြီးပြောနေသော မေဂျာဝှိုက်တွေ့ခဲ့ရသည်များမှာ သူ့ဖခင်တွေ့ခဲ့ရသည် များ နှင့် ဆက်စပ်နေလေသလောဟု စိတ်ဝင်စားစွာ တွေးနေမိသည်။ အတွင်းဝန်ကြီးမှာ သူ့အထက်အ ရာရှိ တယောက် ဖြစ်၍ ဆက်ပြောရန် တိုက်တွန်းရမည်မှာ အရိုအသေတန်ရာ ကျနေမည်ကို စိုးရိမ်၍တ ကြောင်း၊ သူလို လက်အောက်ငယ်သား တပည့်တယောက်၏တိုက်တွန်းချက်ကို အမိန့်ပေးသည်ဟု အယူအဆ လွဲမှား စိတ်ဆိုးပြီး မပြောတော့ဘဲနေမည်ကို စိုးရိမ်၍တကြောင်း၊ အလွန်အမင်း သိချင်သော စိတ်ကိုမြိုသိပ်ကာ မောင်တင်အုံး ကို လှမ်းကြည့်၏။
    မောင်တင်အုန်းကလည်း သူ့နည်းတူပင် အလွန်သိချင်နေသောဟန်မူရာက မျက်နှာတွင် ထင် ထင်ရှားရှား ပေါ်နေသည်။ ထိုကြောင့် သားရင်းဖခင်ရင်းပြီပြီ ရဲရဲဝံ့ဝံ့ပင် တိုက်တွန်းသည်။
    ''သိပ်စိတ်ဝင်စားစရာကောင်းပါလား ဒက်ဒီ၊ ဆက်ပြောပါ။ အဲဒီဟာတွေက လူမဟုတ်ရင် နတ် တွေလား... သူရဲ တွေလား၊ ဗုဒ္ဓရုပ်ထု ရှိနေတာဆိုရင်တော့ သူရဲတွေ မဟုတ်နိုင်ပါဘူးနော်''
    ဗုဒ္ဓဘာသာ ဗမာတို့၏ဘာသာရေးယဉ်ကျေးမှုကို အသေအချာလေ့လာထားပြီးသော မောင်တင်အုံး က ထင်မြင်ချက် ပေး၏။
    ''မောင်တင်ဦးကရော ဘယ်လိုထင်မြင်လဲ''
    အတွင်းဝန်ကြီး က သူ့စကားကို အဖြေမပေးသေးဘဲ မောင်တင်ဦးကို လှည့်မေးသည်။
    ''အစအဆုံး မသိရသေးခင်မှာတော့ ကျွန်တော်မထင်တတ်သေးပါဘူး အန်ကယ်လ်''
    မောင်တင်ဦး က မယုတ်မလွန်ဖြေသည်။
    ''ပြောပါတော့ ဒက်ဒီရယ်၊ သိချင်လှပါပြီ''
    မောင်တင်အုံးက ကလေးဆိုးကြီးသဖွယ် သူ့ဖခင်ကို ပူဆာလိုက်၏။ အတွင်းဝန်ကြီးက သားကို ချစ်စနိုး ပြုံးကြည့်ပြီး ဆေးပြင်းလိပ်ကို ပြာခံခွက်ထဲ အသာအယာချလိုက်၏။
    ''ပြောပါ့မယ် သားရယ်၊ ကဲ... သူငယ်ချင်း ၀ှိုက်တီ ပြောခဲ့တဲ့အတိုင်း ဒက်ဒီက တလုံးမကျန် ပြောမယ် နားထောင်ကြပေရော့''
    မောင်တင်ဦးနှင့် မောင်တင်အုံးက... အတွင်းဝန်ကြီးမျက်နှာကို မျက်တောင်မခတ်စိုက်ကြည့်ပြီး နားစွင့် ထားသည်။
    အတွင်းဝန်ကြီး ပြောပြသော စကားတွေကို မောင်တင်ဦးနှင့် မောင်တင်အုံးက ထူးဆန်းအံ့သြဘွယ် ကောင်းသော ပုံပြင် သဖွယ် တလုံးမကျန် စိတ်ထဲမှာ စွဲနေအောင် မှတ်သားနားထောင်နေကြသည်။
    မေဂျာဝှိုက်သည် မုဆိုးတပိုင်းဖြစ်၏။ တောတော်ငနက်ခေါင်ရာဒေသကို ကျွမ်းကျင်စွာ သွား လာနိုင်ပြီး အမဲပစ်ရာ တွင် လက်ဖြောင့်သည်။ အပင်ပန်းခံနိုင်သည်။ တောထဲတောင်ထဲသွားလာရာဝယ် မေဂျာဝှိုက် သည် မျက်စေ့လည်လမ်းမှားသည်ဟူ၍၎င်း၊ ရည်မှန်းရာဒေသသို့ တွက်ချက်ထားသည့်ရက် ထက် နောက်ကျ ရောက်ခြင်း၊ လွှဲမှားခြင်းဟူ၍၎င်း၊ မည်သည့်အခါမှ မရှိခဲ့ဘူးသည့်အရည်အချင်းတရပ် က မေဂျာဝှိုက်အဖို့ အထက် အရာရှိကြီးများ၏ ယုံကြည်စိတ်ချခြင်းကို ခံယူခဲ့ရသည့်အကြိမ် အတော်ပင် များခဲ့ပြီဖြစ်သည်။ သို့ကြောင့် မေဂျာဝှိုက်အား အိန္ဒိယတိုင်းရင်းသားတ၀က်၊ မျက်နှာဖြူသွေးပါသည့် ကပြားတ၀က်ပါသော တပ်ခွဲ တခုကို အုပ်ချုပ်စေကာ၊ အိန္ဒိယနယ်အတွင်း အင်ဖာမှ ဗမာပြည်နယ်နိမိတ် အတွင်းသို့ ခြေလျင် ချီတက် ၀င်ရောက်စေရန် တာဝန်ပေးခြင်းခံရလေသည်။
    မြေပုံကိုကြည့်ပြီး ဟုမ္မလင်းမြို့ကို ၀င်ရောက်ရန် ထိုမှ ဗမာပြည်တွင်းသို့ ချင်းတွင်းမြစ်ကြောင်း ဖြင့်သော် ၎င်း၊ ကုန်းလမ်းခရီးဖြင့်သော်၎င်း အဆင်ပြေသလို မိမိတို့အား ကူညီမည့် ဖက်ဆစ်တော်လှန် ရေး တပ်မတော် များ  နှင့် အဆက်အသွယ်ယူရမည်ဖြစ်သည်။
    ထိုအမိန့်အတိုင်း မေဂျာဝှိုက်က သူ့တပ်ခွဲကို အုပ်ချုပ်ပြီး ချီတက်လာခဲ့သည်။ သူ့တပ်ခွဲမှာ ပါဝင်သည့် စစ်သားများ အားလုံးကလည်း ခြေလျင်နှင့် တောင်တက်ကို အလေ့အကျင့်ရပြီး ကျွမ်းကျင် ပြီးသော လက်ရွေးစင် များကိုသာ ရွေးချယ်တပ်ဖွဲ့ပြီး စေလွှတ်ခြင်းဖြစ်၏။ မေဂျာဝှိုက်တို့တပ်ခွဲသည် အင်ဖာ မှ ထွက်လာပြီး ဗမာပြည်နယ်နိမိတ်အတွင်းဝင်မိသည်အထိ ဘေးမသီရန်မခဘဲ အစစအရာရာ ချောမော ပြေပြစ်ခဲ့သည်။ ဗမာပြည်နယ်နိမိတ်အတွင်းသို့ ခြောက်မိုင်ကျော်ကျော်မျှ ထိုးဖောက်ဝင် ရောက်ပြီး ကြည်လင် အေးမြသောရေများ တသွင်သွင်စီးနေသည့် ချောင်းငယ်တခု၏ကမ်းပါးဝယ် စခန်း ချသော အချိန်ကား ညနေဘက် နေရောင်ပျော့၍ အမှောင်ပျိုးနေပြီဖြစ်သော ညနေခြောက်နာရီအချိန်မျှ ရှိနေ ပေမည်။
ဆက်ရန်
.
1 comment:
မေဓာဝီ said...
ဒီဝတ္ထုက စိတ်ဝင်စားစရာပဲနော် ...
တင်ပြီးတာနဲ့ ဖတ်ဖြစ်တယ် မရွှေစင်ရေ ...
မြတ်နိုးသင်ပေးထားလို့ ရီဒါထဲက ဖတ်နေတာနဲ့ ဘလော့ပေါ် မရောက်ဖြစ်တာ :)