Tuesday, November 30, 2010

ကောင်းခြင်းမင်္ဂလာနှင့်ပြည့်စုံသော အပိုင်း (၃)

ကြာသပတေးနေ့သို့ရောက်တော့ ကျွန်မစိတ်တွေ လှုပ်ရှားနေသည်။ ထိုနေ့ စောစောပိုင်းတွင် ကျွန်မက ကျောင်းမှ လက်ထောက် စီမံခန့်ခွဲရေးမှူးကို ခေါ်သည်။ အစည်းအဝေးခန်းမထဲတွင် အရန် ထိုင်ခုံများအဖြစ် ခေါက်ကုလားထိုင်တွေထပ်ချထားဖို့မှာကြားလိုက်သည်။ ညနေ 4နာရီထိုးသည့်တိုင် နောက်ထပ် ဘာမျှ ပြင်ဆင်ထားသည်ကို မတွေ့ရ။

    "ဘယ်မှာလဲ ခေါက်ကုလားထိုင်တွေ" ဟုကျွန်မကမေးသည်။
    မစ္စစ်ကတ်ရိုက်၊ ကျွန်တော် ဆရာမကြီးရဲ့ စိတ်ကူးယဉ် အတွေးတွေကို မဖျက်ဆီးချင်ပါဘူး။ ဒါပေမဲ့ နောက်ထပ် ထိုင်ခုံ အပိုတွေ မလိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီမိဘတွေ လာကြမှာမဟုတ်လို့ပါ" ကျွန်မ ရှူးရှူးရှားရှားဖြစ်သွားသည်။

    "ဘာပဲဖြစ်ဖြစ်ပေါ့ရှင်၊ ဒီနေ့ အစီအစဉ်ကိုကော နောက်ထပ် လုပ်မယ့်အစီအစဉ်တွေကိုပါ အောင်မြင်မယ်လို့ ရှင်ယုံကြည်စိတ်ချတဲ့ သဘောနဲ့ ပြုမူဆောင်ရွက်စေချင်တယ်။ ကျွန်မလုပ်နေတဲ့ အစီအစဉ်တွေကို ရှင်မကြိုက်ဘူး ဆိုရင်လည်း ဒီကျောင်းကနေ ရှင်ပြောင်းသွားနိုင်တဲ့ နေ့အထိ ကြိုက်ဟန် ဆောင်လိုက်ပါ။ ဒီတော့ ကျွန်မခိုင်းတဲ့အတိုင်း ခေါက်ကုလားထိုင် တွေထပ်ချထားပေးပါနော်"
ကုလားထိုင်တွေထပ်ခင်းလိုက်သည်။ ညနေ6နာရီရောက်တော့ လူတွေတဖွဲဖွဲစရောက်လာသည်။

မကြာမီအတွင်း ကျောင်းသားမိဘတွေ တံခါးပေါက်များကို ဖြတ်ကျော်ပြီး တသောသောဝင်လာကြသည်။ ၀င်ကြေးမဲ့စင်တင်တေးဂီတဖျော်ဖြေပွဲတစ်ခုသို့ အုန်းအုန်းကျွက်ကျွက် လာရောက်ကြသည့် နှယ်။ ကျွန်မက တံခါးဝမှ ရပ်ပြီး ၀င်လာသူတိုင်းကို လက်ဆွဲနှုတ်ဆက်သည်။  ည 7နာရီထိုးသောအခါ အစည်းအဝေး ခန်းမ ကြီးထဲတွင် ပြည့်ကျပ်သွားသည့်အတွက် လူတွေစင်္ကြံလမ်းများပေါ်အထိ လျှံကျသွားသည်။ ကျွန်မ ခန်းမ၏ ရှေ့ဘက်သို့ သွားသည်။ အားပါးတရာ ပြုံးပြီး သူတို့ဘက်သို့ မျက်နှာမူလိုက်၏။

    "ခုလိုဒီနေရာမှာရှင်တို့နဲ့အတူဆုံရတဲ့အတွက် ကျွန်မအရမ်းဝမ်းသာကြည်နူးမိပါတယ်" ဟုစကားစ လိုက်၏။
    "ရှင်တို့ ခုလိုလာကြလိမ့်မယ်ဆိုတာ ကျွန်မသိနေပါတယ် ဒါမှ ကျွန်မတို့တစ်တွေ စည်းစည်းလုံး လုံး ရှိတယ် ဆိုတာ ကျွန်မတို့ ကလေးတွေကို ပြသနိုင်မယ် မဟုတ်လား"
    ထို့နောက် သူတို့အား ဆရာ၊ ဆရာမများနှင့် မိတ်ဆက်ပေးသည်။ ပြီးမှ ကျွန်မ၏ မိန့်ခွန်းကို စပြောသည်။

    "ကျွန်မဒီကိုရောက်နေတာဟာ ကလေးတွေရဲ့ အကျိုးကို ဒီကျောင်းက သယ်ပိုးပေးနိုင်အောင် ဆောင်ရွက်ဖို့ဖြစ်ပါတယ်။ ဒီကျောင်းကို နေ့စဉ်နေ့တိုင်း လာပြီး ကျောင်းတက်၇တာကို သူတို့ကလေးတွေ ပျော်ရွှင်ကြည်နူးကြရမယ်။ ပြီးတော့သူတို့ကလေးတွေ ပညာသင်ကြားတတ်မြောက်ရမယ်"

    ပရိတ်သတ်ကြီးကို ကျွန်မ၏ ငယ်ဘ၀အကြောင်းပြောပြသည်။ မောင်နှမ ၁၃ ယောက်ရှိသည့် အနက် ကျွန်မက ၁၃ယောက်မြောက်ဖြစ်ကြောင်း၊ ကျွန်မတို့တစ်တွေကြမ်းပြင်ပေါ်မှာ အိပ်ကြရသည့် အကြောင်း၊ ထို့နောက် အစိုးရ ထောက်ပံ့သည့် အခမဲ့တိုက်ခန်းသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရသည့် အကြောင်း၊ တစ်ချီတွင် ကျွန်မတို့မှာ စီးစရာဖိနပ်ပင်မရှိကြောင်း၊ သည်တော့ မေမေကလွှင့်ပစ်ထားသည့် မိန်းမစီး ဒေါက်မြင့် ဖိနပ်တွေ ကို အိတ်ကြီး တစ်အိတ်ဖြင့် ကောက်ယူလာကြောင်း။ ဖေဖေက ၎င်းဖိနပ်များကို အိမ်နောက်ဘက် သို့ယူသွားကြောင်း၊ ဖိနပ်များကို သစ်ပင်ခြေရင်းတွင် ပုံပြီး ခွာမြင့်များကို ဓားဖြင့် ခုတ်ပစ် လိုက်ကြောင်း၊ ထို့နောက် ဖေဖေက ကျွန်မတို့ ကလေးတစ်သိုက်အား တစ်ရန်စီ ဝေငှပေးကြောင်း၊ ယောက်ျားလေး တွေကော မိန်းကလေးတွေပါ ၎င်းဖိနပ်များကိုသာ ရကြောင်း၊ နောက်တစ်နေ့တွင် ကျွန်မတို့ မောင်နှမ တစ်တွေ ကျောင်းသွားသောအခါ ၎င်းဖိနပ်များကိုသာ စီးသွားကြရကြောင်း။

    သည်ဇာတ်လမ်းကို ကြားရတော့ ပရိသတ်တွေ အားလုံး ရယ်မောကြသည်။ အားရပါးရနှင့် ကျယ်လောင် စွာ ရယ်လွန်းသဖြင့် တစ်မိနစ်လောက် စကားဆက်မပြောဘဲ စောင့်နေရသည်။
    "ရှင်တို့ရဲ့ ရင်သွေး ရတနာကလေးတွေ ပညာတွေ အများကြီး တတ်အောင် ကျွန်မတို့ သင်ကြား ပေးနိုင် သလောက် အစွမ်းကုန် သင်ပေးမယ်လို့ ကျွန်မ ကတိပေးတယ်။ သူတို့အားလုံး တန်းတူရည်တူ အခွင့်အရေး ကို ခံစားကြရမယ်။ တစ်ခုပြောပြထားချင်တာက ကလေးတစ်ယောက်ဟာ တခြားကလေး တစ်ယောက်ကို ဒါမှမဟုတ် အမှုထမ်းတစ်ယောက်ကို သိသိသာသာ အန္တရာယ်ပြုတယ်လို့ မသေချာမခင်ျး ကျောင်းထုတ် ပစ်တဲ့ အရေးယူမှုမျိုးကို မလုပ်ဘူး။ ဒါပေမဲ့ ကျွန်မ မထိန်းကျောင်းနိုင်တဲ့ ၁၁နှစ်သား၊ ဒါမှမဟုတ် ၁၂နှစ်သား အရွယ်ကလေးမျိုး ကို ကျွန်မ မကြုံဖူးသေးပါဘူး"

    ပရိသတ်ကြီးက လက်ခုပ်တီး သြဘာပေးသည်။ ကျွန်မရောက်မလာမီက ဘလိန်းတွင် ကျောင်းထုတ်ပြီး အရေးယူမှုတွေ အများကြီး ဖြစ်ခဲ့၏။ စည်းမျဉ်းစည်းကမ်းများက တင်းကျပ်သည်။ တင်းကျပ်သည် ဆိုသည် ထက် တင်းကျပ်လွန်းသည် ဆိုရမည်။ ကလေးတွေမှာ စိတ်တင်းကျပ်နေသည်။ တွန့်ရွံ့နေကြသည်။ မိမိတို့၏ လုပ်ရပ် တစ်ခု မှားသွားမှာ ကြောက်နေကြသည်။ သူတို့၏ စိတ်အခြေအနေ သည်လို ဖြစ်နေလျှင် ကျောင်း သင်ခန်းစာ များကို စိတ်ပါလက်ပါ သင်ယူ ဆည်းပူးဖို့ ခက်ခဲပါသည်။ နောက်ပြီး ကျောင်းထုတ် ပစ်သည့် နည်းဖြင့် အရေးယူခြင်းသည် မထိရောက်ပါ။ အကျိုး မရှိပါ။ ကျောင်းထုတ် ပစ်လိုက်သည့်အတွက် ထိုကလေး သည် ကျောင်းတက်ခွင့် မရတော့။ ပညာသင်ယူခွင့် မရတော့။ ထိုကလေးသည် လမ်းပေါ်သို့သာ ရောက်သွားတော့၏။

"ဒါပေမဲ့ ရှင်တို့ရဲ့ ကလေးတွေက ကျွန်မတို့ကို ဂါရ၀တရား ရှေ့ထားပြီး ဆက်ဆံကြရမယ်။ ကျွန်မတို့ရဲ့ ဆရာ၊ ဆရာမတွေဟာ သူတို့နဲ့ ပတ်သက်လာရင် ကျေနပ်ပီတိ ဖြစ်နေစေရမယ်။ ဒီည ဒီကို ကြွရောက် လာ တဲ့ ရှင်တို့ ကျောင်းသားမိဘတွေ ကြည့်ကြပါ။ ဒီ ဆရာ၊ ဆရာမတွေ ဘယ်လောက် ရည်မွန်ပြီး သထောထား ပြည့်ဝပုံရသလဲဆိုတာ ရှင်တို့ မျက်ဝါးထင်ထင် မြင်တွေ့ပါလိမ့်မယ်။ ဒီတော့ သူတို့ကို လက်ခုပ်တီး သြဘာ ပေးလိုက်ကြပါလားရှင်"

သည်တစ်ချီတော့ ဆရာ၊ ဆရာမတွေလည်း အားရပါးရ ရယ်မောနေကြပြီး ကျောင်းသားမိဘများနှင့်အတူ သူတို့ပါ တစ်ညီတည်း လိုက်ပြီး လက်ခုပ်တီးကြသည်။
"ကျွန်မက အောင်မြင်သူတစ်ဦး ဖြစ်ချင်တာရှင့်။ ရှင်တို့ရဲ့ ကလေးတွေက သင်ယူ ဆည်းပူးကြမယ်ဆိုရင် ကျွန်မကို ကူညီရာ ရောက်လိမ့်မယ်။ တကယ်လို့ ရှင်တို့ရဲ့ ကလေးတွေက သင်ယူ ဆည်းပူးမှု မပြုကြဘူး ဆိုရင်တော့ … ရပ်မိရပ်ဖများရှင် … ကျွန်မ အလုပ်ပြုတ်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီအလုပ်ကို ကျွန်မ ဆက်လုပ် နေရဖို့ လည်း လိုအပ်တယ်လေ။ ကျွန်မ ကလေးတွေကို ချစ်ပါတယ်။ ဒါပေမဲ့ ကျွန်မ လခလည်း ရနေမှ ဖြစ်မယ်ရှင့်။ အပြင်ဘက်မှာ ရပ်ထားတဲ့ ဟိုကဲဒိလက် ကားကြီးကို ကျွန်မ ပိုင်တယ်။ ဒါပေမဲ့ ရှင်တို့ မကူညီ ဘဲ အဲဒီ ကားကြီးကို စရိတ်စကတွေကို ကျွန်မ မခံနိုင်ဘူးရှင့်။ ဒီတော့ အဲဒီကားကြီးကို ကျွန်မ ဆက်ထိန်း ထားနိုင်အောင် ရှင်တို့ ကျွန်မကို ကူညီကြမှာလား"

အစည်းအဝေးခန်းမကြီး တစ်ခုလုံး ပွင့်ထွက်မတတ် လက်ခုပ်သြဘာသံများ မြည်ဟိန်းသွားသည်။
"ကျွန်မ ဒီကားကြီးကို ဆက်စီးနေနိုင်ရမယ်လို့ ရှင်တို့ ပြောနေတာလား"
အားပေးသံ နှင့် လက်ခုပ်သံတွေ ပို၍ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

သူတို့ တကယ်ပင် အသည်းလှိုက်အူလှိုက် ကတိပေး သွားကြခြင်းပါ။ ထိုနှစ် ဇွန်လတွင် ပြုလုပ်မည့် ကျောင်းဆင်းပွဲ အခမ်းအနားတွင် ကျွန်မက သူတို့အား စစ်ကူတောင်းသည်။ ကျွန်မတို့ ကလေးတွေအတွက် သန့်ရှင်း သော ကျောင်းအဆောက်အအုံ လိုအပ်ပါသည်။ ထို့ကြောင့် ကျွန်မအား ၀ိုင်းဝန်း ကူညီကြပါဟု မေတ္တာ ရပ်ခံလိုက်သည်။
"ကျွန်မ ဂျင်းဘောင်းဘီ ၀တ်ပြီး ရေပုံးတစ်ပုံးနဲ့ လာမယ်။ ရှင်တို့လည်း ဂျင်းဘောင်းဘီ ၀တ်ပြီး ရေပုံးတစ်ပုံး စီ ဆွဲလာခဲ့ဖို့ လိုအပ်ပါတယ်"
ဇူလိုင် ၁ရက်နေ့တွင် ကျောင်းသို့ ကျွန်မ ကားမောင်းပြီး ရောက်လာသောအခါ ကျောင်းသားမိဘ ၁၈ဦး စောင့်ကြို နေသည်ကို တွေ့ရသည်။ နောက် တစ်လလုံးလုံး ကျွန်မတို့ ရေဆေးကြသည်။

တိုက်ချွတ်ကြသည်။ လှည်းကျင်းကြသည်။ ကျွန်မတို့ စာသင်ခန်းတိုင်းသို့ ၀င်သည်။ ဗီရိုတိုင်း၊ လက်ဆေး ကြွေခွက်တိုင်း၊ အိမ်သာတိုင်းကို ဆေးကြောကြသည်။ တိုက်ချွတ်ကြသည်။ နှစ်ပေါင်းများစွာအတွင်း တို့ခြင်း ထိခြင်း မပြုခဲ့သည့်ထောင့်ကလေးတွေ၊ အစွန်းကလေးတွေကိုပင် တိုက်ချွတ်သန့်စင်ပစ်ကြသည်။
နောက်တစ်ပတ်လောက်ကြာသောအခါ ရုပ်မြင်သံကြား ရိုက်ကူးရေးအဖွဲ့တစ်ဖွဲ့ ရောက်လာသည်။ ထိုည သတင်း အစီအစဉ်တွင် ကျွန်မတို့၏ အားထုတ်မှုများကို ရုပ်မြင်သံကြားမှ ပေအနည်းငယ်မျှ ထုတ်လွှင့်ပြသသည်။ နောက်နေ့ နံနက်ကျတော့ လုပ်အားပေးခဲ့သည့် မိဘများက သတင်းဖြန့်တော့၏။

"သူတို့ သေနတ်ပစ်ခံရတဲ့  လူတစ်ယောက်အကြောင်း သတင်း မလုပ်တော့ဘူးလေ။ ဘယ်သူ့အိမ်မှ မီးလောင်ပြာကျ သွားတဲ့ အကြောင်းလည်း မဟုတ်ဘူး။ ဒီတစ်ခါ ရုပ်မြင်သံကြား အစီအစဉ်မှာ ပြတာ ကောင်းသတင်း၊ မင်္ဂလာသတင်းပဲ" မိဘတစ်ဦးက မှတ်ချက်ချသည်။

ဘလိန်းသို့ ကျွန်မရောက်လာသည်မှာ ၁၉၈၀ ပြည့်နှစ် စက်တင်ဘာလ ကျောင်းဖွင့်ချိန်တွင် တစ်နှစ် တင်းတင်း ပြည့်သည်။ ကျောင်းပြန်ဖွင့်၍ ကလေးတွေ ကျောင်းသို့ လာကြသောအခါ သူတို့သည် တစ်မူ ထူးနေပြီဖြစ်သော ကျောင်းအဆောက်အအုံထဲသို့ ၀င်လာကြရသည်။ ယခု အဆောက်အအုံက သန့်ရှင်း သည်။ သပ်ရပ်နေသည်။ လက်လက်တောက်နေသည်။ တောက်ပသစ်လွင်သော ဆေးများ သုတ်ထားသည်။ ကျောင်းကြီး ကို ကြည့်ရသည်မှာ ကျောင်းအသစ် တစ်ကျောင်း ဖွင့်လှစ်လိုက်သည့်နှယ် ရှိ၏။ တကယ့် တော့လည်း သည်ကျောင်းကြီးသည် ဘက်စုံထောင့်စုံမှ ကျောင်းသစ်ကြီး တစ်ကျောင်း ဖြစ်သွားပါပြီ။

လိုအပ်သူကို လိုအပ်သလို ကူညီ
ဘလိန်းကျောင်းသို့ ရောက်လာပြီးနောက် ကျွန်မ အဓိက စိုးရိမ်သည့် အချက်တစ်ချက် ရှိ၏။ သည်ကျောင်းမှာ ရှိနေသည့် ကလေးတွေ၏ ငုပ်နေသော အရည်အသွေးများ အပြည့်အ၀ ပေါ်လာမည်ဟု ကျွန်မတို့ ဘယ်လိုလုပ်ပြီး သေချာပေါက် ပြောနိုင်ပါမည်နည်း။

ကျွန်မ သူတို့နေအိမ်များကို သွားလည်သည်။ သူတို့ ကလေးတွေ နေ့စဉ်နှင့်အမျှ ရင်ဆိုင်နေရသည့် ထိတ်လန့်စရာများ၊ ကြောက်ရွံ့စရာများ၊ စက်ဆုပ်စရာများကို မြင်ရတွေ့ရသည်။ သည်တော့ သူတို့ ကလေးတွေ ကျောင်းသို့လာပြီး ပညာသင်ယူမှု မပြုမီ သူတို့မှာ ဘာတွေလိုအပ်နေသလဲ ဆိုသည့် လိုအပ် ချက်များကို သိခွင့်ရလာသည်။

သူတို့ကလေးတွေ နေ့စဉ် နံနက်တိုင်း ကျောင်းသို့ လာကြသည်။ ကျောင်းပရ၀ဏ်ထဲသို့ ခြေမချမီ သူတို့ကလေးတွေ ဘယ်လို ဘ၀မျိုးတွေဖြင့် ရင်ဆိုင်ခဲ့ရသည်ကို ကျွန်မတို့ မသိ။ သို့သော် ကျောင်းတွင်း သို့ ရောက်ပြီး နောက်ပိုင်းမှာတော့ သူတို့ကလေးတွေ ဘာဖြစ်နေသည် ဆိုသည်ကို ကျွန်မတို့ မြင်ရသိရသည်။ သည်တော့ ကျွန်မတို့ ဘာလုပ်ပေးနိုင်မည်လဲ။ အနိမ့်ဆုံး လုပ်ဆောင်ပေးနိုင်သည်မှာ သူတို့၏ ကျောင်း သည် သူတို့ ပြုံးနိုင် ရယ်နိုင်သည့် နေရာ။ သူတို့ ပျော်ရွှင် မြူးထူးနိုင်သည့်နေရာ၊ သူတို့အတွက် အန္တရာယ် ကင်းသည့်နေရာ ဖြစ်ကြောင်း သည်ကလေးတွေ သိမြင်လာအောင် ပြုလုပ်ပေးဖို့ပဲ ဖြစ်၏။ အထက်ပါ အချက်များကို ကျွန်မက ဆရာ၊ ဆရာများကို ပြောပြ၏။ ရှင်းပြ၏။

ကျွန်မဆိုလျှင် နံနက်ခင်းတစ်ခုကို ကျွန်မ တစ်သက်လုံး မေ့လို့ရတော့မည် မဟုတ်။ ထိုနံနက်က ကျွန်မ ကျောင်းသို့ ရောက်လာသောအခါ ကျောင်းဝင်းတံခါးရှေ့တွင် ရပ်စောင့်နေသည့် ကိုးနှစ်သားကလေး တိုင်ရွန်ကို တွေ့ရ၏။ တိုင်ရွန်က စိတ်သိပ်မနှံ့သည့် မိခင်နှင့်အတူ နေသည်။ သားသမီး သုံးယောက်အနက် တိုင်ရွန်က အငယ်ဆုံး။ သူတို့ မိသားစုအတွက် အစားအစာနှင့် ငွေကြေးမှာ လူမှုဖူလုံရေးမှ ထောက်ပံ့ကြေး ငွေ နောက်ထပ် မရမီအတွင်း ကုန်ခန်းနေတတ်သည်မှာ မကြာခဏ ဖြစ်၏။ တိုင်ရွန် နေထိုင်သည့် အိမ်ခန်း မှာလည်း နီးနားဝန်းကျင်ရှိ တခြားကလေးတွေ နေထိုင်ရသည့် အိမ်ခန်းများ အတိုင်းပင်။ အိမ်ခန်းတွေက မလုံမခြုံ။ တသီကြီး ဆက်တွဲ ဆောက်ထားသည့် အိမ်များက ယိုယွင်း ပျက်စီးနေပြီ။ သည်အိမ်တွေထဲတွင် ကလေးတွေ ပြည့်လို့ကျပ်လို့။

ထိုနေ့နံနက်က တိုင်ရွန်၏ မျက်လုံးညိုညိုကလေးတွေမှာ မျက်ရည်စများဖြင့် ရွှဲစိုနေသည်။ သူက သူ့လက်ကလေးတစ်ဖက်ကို အသာအယာ ဖေးမထားသည်။ သူ့လက်မောင်းကလေးပေါ်မှာတော့ အပူ လောင်ထားသည့် ဒဏ်ရာတွေ။ သူ့ကို ကျောင်းတွင်းသို့ ကမန်းကတန်း ခေါ်ခဲ့သည်။ ဖြစ်ကြောင်းကုန်စင် ပြောပြဖို့ မေးရသည်။ ထိုအခိုက်တွင် လစ်မက်ကိန်းက တိုင်ရွန့်မိခင်ကို သွားရှာသည်။ တိုင်ရွန်ကို ဆေးရုံသို့ ခေါ်သွားလျှင် သူ့မိခင်ပါမှ ဖြစ်မည်။

တိုင်ရွန်က အဖြစ်အပျက်ကို ရှင်းပြသည်။ မနေ့ညက သူ့အမေကို ကူညီ လုပ်ကိုင်ပေးရင်း ဒယ်အိုး ထဲမှ ဆီပူ တွေကို ဖန်ခရားတစ်လုံးထဲသို့ လောင်းထည့်ကြသည်။ တိုင်ရွန်က ဖန်ခရား လဲမသွားအောင် ကိုင်ပြီး ထိန်းထား ပေးသည်။ ထိုအခိုက် ဖန်ခရား ကွဲသွားသည်။ အထဲမှ ဆီပူတွေ သူ့လက်ပေါ်သို့ စီးကျ ကုန်သည်။

ဆေးရုံသို့ အကူအညီတောင်းရန် သူတို့ နေထိုင်သည့် အဆောက်အအုံတွင် တယ်လီဖုန်း မရှိ။ ဆေးရုံသို့ ပြေးရန် မော်တော်ကား မရှိ။ သို့သော် ကျောင်းရှိသည်။ ကျောင်းကတော့ အကူအညီ ပေးလိမ့် မည်။ သို့ဖြင့် အရိုးထိလောက်အောင် ဆီပူလောင်ထားသည့် ဒဏ်ရာတွေနှင့် တိုင်ရွန် တစ်ညလုံး ကြိတ်မှိတ် နေခဲ့သည်။ နံနက်မိုးလင်း သို့ ကျောင်းသို့သွားလျှင် ဆရာ၊ ဆရာမများနှင့် ကျောင်းအုပ်ဆရာမကြီးကတော့ ကူညီလိမ့်မည် ဆိုတာ သူသိနေသည်။

ဘလိန်းကျောင်းသည် တိုင်ရွန်လို ကလေးတွေအတွက် အန္တရာယ်ကင်းပြီး ငြိမ်းချမ်းစွာ ခိုလှုံနိုင် သော နေရာဌာန တစ်ခုဖြစ်ကြောင်း သူတို့ကလေးတွေ သိအောင်လုပ်ဖို့ ကျွန်မက ဆရာ၊ ဆရာမများအား အမြဲ မှာကြား ထား၏။ နောက်တစ်ချက်မှာ သူတို့ကလေး၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်လေးစားစိတ်ကို မြှင့်တင် ပေးဖို့ ဖြစ်၏။ ဆရာ၊ ဆရာမများ အနေဖြင့် ကလေးတွေကို သွန်သင်ဆုံးမနိုင်သည်။ ကျောင်း၏ စည်းမျဉ်း စည်းကမ်း များ လိုက်နာဖို့ ကြပ်မတ်နိုင်သည်။ သို့သော် သူတို့ကလေးတွေ စိတ်ဓာတ် သိမ်ငယ် သွားအောင် ဘယ်တော့ မှ မလုပ်ပါနှင့်။ သူတို့ကို နှိမ်ချပြီး မဆက်ဆံပါနှင့်၊ သို့မဟုတ် အလွန်အကျံ မဝေဖန် ပါနှင့်ဟု ဆရာ၊ ဆရာမ များကို မှာကြားထားသည်။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်လေးစားစိတ် ပြုစုပျိုးထောင်ပေးရေးမှာ အရေးကြီးလှပါသည်။ ကျွန်မက ကျောင်းတစ်ကျောင်းလုံးကို နေ့စဉ်နေ့တိုင်း လှည့်ပတ်သွားလာသည်။ ကလေးတွေ၏ ပခုံးကို ကိုင်သည်။ ခေါင်းကို အသာအယာ ပုတ်သည်။ လက်မောင်းကလေးတွေကို ဖျစ်ညှစ်သည်။ သူတို့ ကလေးတွေကို ရင်ခွင်ထဲ မှာ ထွေးပွေ့သည်။ တချို့ကလေးတွေဆိုလျှင် သူတို့ နေ့စဉ်နှင့်အမျှ ကြုံတွေ့ဖူးသည့် ထိတွေ့မှု ဆိုသည် မှာ အတွန်းခံရခြင်း၊ အတိုက်ခံရခြင်း၊ အထိုးခံရခြင်းတို့သာ ဖြစ်၏။

ကျွန်မကတော့ သူတို့အားလုံးသိအောင် ပြောပြထားသည်။ ကျောင်းဝိုင်ငးအတွင်းတွင် ဘယ်သူ့ ဘယ်သူမျှ ထိုးခြင်း၊ ရိုက်ခြင်း လုံးဝ မပြုလုပ်ရ။ လိုအပ်၍ ရိုက်နှက် ဆုံးမရမည် ဆိုလျှင် ရိုက်နှက်ဆုံးမခွင့် သည် ကျွန်မ တစ်ဦး တည်းမှာသာ ရှိသည်ဟု ညွှန်ကြထားသည်။ ထိုသို့သော ဆုံးမမှုမျိုးကိုလည်း ကျွန်မက ပြုကျင့်ခဲ့ ပါသည်။

ကျွန်မ သိမြင်သဘောပေါက်ထားသည့် နောက်ထပ်အချက်တစ်ချက် ရှိသေးသည်။ ကလေးတွေ သည် အခြေခံမူလတန်းမှာပင် ရှိနေသေးသည့်တိုင် သူတို့၏ အပြင်ပန်း အသွင်အပြင်များသည် သူတို့၏ ခံစားချက် များကို များစွာ အကျိုးသက်ရောက်စေနိုင်သည် ဟူသည့် အချက်ဖြစ်၏။ သည်တော့ သူတို့ကလေးတွေကို ကူညီ နိုင်သည့် လုပ်ငန်းမှန်လျှင် ကူညီရမည် ဖြစ်ကြောင်း ကျွန်မ၏ အမှုထမ်းများအား မှာကြားထားသည်။ နံနက် ၈နာရီမှ ညနေ ၄နာရီအတွင် သူတို့ကလေးတွေ သန့်ရှင်း သပ်ရပ်နေစေရမည်။ သူတို့ကလေးတွေ ခေါင်းမော့ ရင်ကော့ပြီး ကြွားကြွားဝင့်ဝင့် ဖြစ်နေစေရမည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ရည်ရော်မှန်း အိုင်စမ်းရေပြာ အပိုင်း (၁၂)

ရန်သူတော်ကြီးကို ရှင်းလင်းနိုင်ခဲ့ပြီဖြစ်သောကြောင့် ဘသာပေါ်သည် စိုးရိမ် စရာအကြောင်း လုံးဝမရှိဘဲ။ စိတ်လက် ပေါ့ပါး လွတ်လပ်စွာပင်လာခဲ့သည်။
ကံအားလျော်စွာ တစ်ခုသော တောင်စောင်းတစ်နေရာဝယ်၊ သစ်ကိုင်းသစ်ခက်များဖြင့် ဆောက်ထားသည့် သေးငယ် သော တဲကလေးကို မြင်လိုက်ရသောအခါ အားတက်သွားသည်။
''ဟော ... ဒီနေရာ ဟုတ်ပြီ၊ ဘုန်းတော်ကြီးကို ငါဖူးခဲ့ရတဲ့နေရာအမှန်ပဲ ''

ဘသာပေါ် က တီးတိုးပြောရင်း ထိုနေရာသို့ ခြေလှမ်းသွက်သွက်ဖြင့် အပြေးလေး သွားလိုက်သည်။ တဲကလေး ၏ တစ်ဖက်သစ်ပင်ကြီး တစ်ပင်အောက်တွင် တရားထိုင်နေရာမှ နားကာ ဣရိယာ ပုဒ် မျှတအောင် စင်္ကြွံကနေသော ဘုန်းတော်ကြီးကို တွေ့လိုက်ရသောအခါ ဘသာပေါ်သည် ဝမ်းမြောက်စွာဖြင့် ရိုသေစွာ ထိုင်ကာ ဦးခိုက်ကန်တော့လိုက်သည်။ ဘုန်းတော်ကြီး၏ ရုပ်အဆင်းတော်ကား ဘသာပေါ် ယခင်ဖူးတွေ့ခဲ့ဖူးသည့် သဏ္ဍာန်အတိုင်းပင် တစ်စုံတစ်ရာ ချွတ်ယွင်းခြင်းမရှိခဲ့ချေ။

ဘုန်းတော်ကြီးက ဘသာပေးကို ကြည့်လိုက်သည်။ ထို့နောက် စကားတစ်ခွန်းမျှ မေးမြန်းပြောဆိုခြင်း မပြုဘဲ၊ သစ်ပင်ရင်း မြေပင်ပြောင် ပြောင်ဝယ် အဝတ်နွမ်းတစ်ထည် ခင်းထားသည့်အပေါ်မှာ တည်ငြိမ်စွာ တင်ပျဉ်ခွေထိုင်လိုက်သည်။
ဘသာပေါ်က စတင်ကာ မည်သည့်အရာမှန်းမသိရသည့် ရန်သူကြောင့် လူတွေသေကြေ ဒုက္ခရောက်ကြကြောင်း၊ ရွာတွေပျက်ကြောင်း၊ ထို့ကြောင့် သူက ထိုရန်သူကို လိုက်လံ ရှာဖွေ နှိမ်နင်း နိုင်ခဲ့ကြောင်း စသည်တို့ကို စုံစေ့စွာ လျှောက်ထားပြီး ...

''တပည့်တော် အံ့သြတာက ဒါလောက် ကြီးမားပြီး ကြောက်စရာကောင်းတဲ့ြွေမဆိုးကြီးက တပည့်တော်ကို ရန်မမူဘဲ၊ ကျိုးကျိုးနွံနွံ နာခံပြီး အသေခံသွားတာကို အံ့သြတာပါပဲ ဘုရား၊ အဲဒါ ဘာကြောင့်လဲ ဆိုတာ အရှင်ဘုရား မိန့်ကြားတော်မူနိုင်လိမ့်မယ်လို့ တပည့် တော်မျှော်လင့်ပါတယ်''
ဘသာပေါ် က ထိုစကားကို လျှောက်ထားလိုက်သောအခါ ဘုန်းတော်ကြီးသည် ဘသာပေါ်ကို စေ့စေ့ စိုက်ကြည့် နေရာမှ ...
''ြွေမကြီးက သူ့အလိုအလျောက် ထွက်လာတာလား ''

ဟု မေးတော်မူလိုက်သည်။
ထိုအခါ ဘသာပေါ်ကြွေမကြီးကို သူမည်သို့ ခေးထုတ်ခဲ့ကြောင်း လျှောက်ထားလိုက်သည်။ နောက်ဆက်တွဲ အဖြစ်ဖြင့် ...
''ြွေမကြီး ထွက်လာတော့ တပည့်တော်လည်း တော်တော် ကြောက်သွားပါတယ် ဘုရား။ြွေမရယ်လို့ မထင် တဲ့ အတွက် ခေါ်နေခိုက် ထွက်လာတော့ တပည့်တော် ထိတ်လန့်ပြီး ပါးစပ်အဟောင်းသား လျှာ အထွက်သား ကြီးနဲ့ ကြောင်ကြည့်နေလိုက်မိပါတယ်။ြွေမကြီးဟာ တပည့်တော်ပါးစပ်ကို တစ်ချက် မော်ကြည့်ပြီး ဦးခေါင်းကို မြေပြင်ပေါ်မှာ ချလိုက်ပါတယ်။ နောက် စင်းစင်းကြီး ငြိမ်သွားတာပါပဲ''
''လူကလေး၊ြွေမပြီးဆေး ထိုးထားဖူးလား ''

ဘုန်းတော်ကြီးက မေးတော်မူသည်။
ြွေမနှင့်ပတ်သက်၍ မည်သည့်ဆေး ဆောင်အယောင်မျှ မလုပ်ဘူးကြောင်း ဘသာပေါ် က ပြန် လျှောက်ကြား သည်။ ထိုအခါ ဘုန်းတော်ကြီးက
''လူကလေး ပါးစပ်ဟပြီး လျှာထုတ်ပြစမ်း၊ြွေမကြီးကိုမြင်တော့ ပါးစပ်ဟ လျှာထွက်နေတဲ့ အနေအထား အတိုင်းနော်''
ဟု မိန့်ကြား သဖြင့် ဘသာပေါ်က သူဖြစ်လာခဲ့သည့် အနေအထားအတိုင်း ပြုမူပြလိုက်သည်။

''လူကလေး လျှာအလယ်က မည်းမည်းတွေက ဘာတွေလဲ ''
ဘုန်းတော်ကြီး က မေးတော်မူသောအခါ ဘသာပေါ်က ...
''တပည့်တော် မွေးရာပါ အမှတ်တွေပါဘုရား။ လျှာမှာ မွေးရာပါ အမှတ် မည်းမည်းတွေကို သေချာစွာ ကြည့်သည်။ ထိုပနောက် မိန့်ကြားတော်မူသည်။
''ကိုယ့်အိုး ကိုယ့်အိမ်လေး နဲ့ နေထိုင်ကြတဲ့ လူတွေဆိုရင် လူတိုင်းလိုလို အိမ်စောင့်ဖော်ရအောင် ခွေးမွေး တတ် ကြတယ်နော် ''
ဘသာပေါ် မေးလျှောက်သောစကားနှင့် မဆက်စပ်သောစကားကို မိန့်ကြားသော ဘုန်းတော်ကြီးကို ဘသာပေါ် က ဖျတ်ခနဲကြည့်ကာ -
''ဟုတ်ပါတယ်၊ တပည့်တော်တို့လည်း မွေးထားတာပဲ ဘုရား''

ဟု ပြန်လျှောက်ထားလိုက်သည်။
ဘုန်းတော်ကြီးက ဆက်လက် မိန့်ကြားလိုက်သည်။
''ခွေးတွေရဲ့ အာခေါင်မှာ မည်းမည်း အမှတ်တွေ၊ မည်းမည်းအတန့်တွေ၊ အာခေါင်မှာဖြစ်စေ၊ လျှာမှာဖြစ်စေ၊ အဲဒီလို အာခေါင်နဲ့ လျှာမှာ အမှတ်တွေပါလာရင် အာစက်လျှာစက်လို့ ခေါ်တယ် လူကလေး၊ အာစက် လျှာစက်ပါတဲ့ခွေးဟာြွေမကိုက်လို့ မသေဘူးဆိုတာကော သိလား''
ဘသာပေါ်သည် သူ့အနေဖြင့် မကြားဘူးသည့်အတွက် များစွာအံ့သြနေသည်။ ဘုန်းတော်ကြီး မျက်နှာတော်ကို စိုက်ကြည့်ကာ ငြိမ်သက် စွာနားထောင်နေသည်။

ဘုန်းတော်ကြီးက ဆက်လက်မိန့်ကြားတော်မူသည်။
''အခု လူကလေး လျှာမှာ မွေးရာပါ ပါတဲ့ အမည်းမှတ်တွေက အမှတ်မည်ကာ မဟုတ်ဘူး။ လျှာက အမှတ် ကိုတော့ လူကလေး အိမ်ပြန် ရောက်မှ မှန်ထဲပြန်ကြည့် လူကလေး၊ ဘာနဲ့တူသလဲဆိုတော့ တခိျု့ငှက်တွေြွေမကို အစာအဖြစ် ထိုးသုတ်တာ မြင်ဖူးလား ''

ဘုန်းတော်ကြီး မိန့်ကြားချက်ကြောင့် ဘသာပေါ်သည် မည်သည့်အခါမှ သူ ဂရုတစိုက် မရှိခဲ့သော၊ သေသေချာချာ မကြည့်ခဲ့ဘူးသော၊ သတိပင် မထားဘဲ မေ့မေ့ပျောက်ပျောက်နေခဲ့သော လျှာပေါ်က မွေးရာပါ အမည်းမှတ်တွေကို သေချာစွာ ကြည့်လိုစိတ် ပေါ်လာသည်။ စိတ်ထဲမှာ ထူးဆန်းလျက်နှင့်ပင် သူတွေ့ခဲ့ဖူးသည့် ပုံသဏ္ဍာန်တစ်ခုကို သတိရလိုက်ကာ ဘုန်းတော်ကြီးကို လျှောက်ကြားလိုက်သည်။
''တစ်ခါတုန်းက တောထဲကို ရောက်နေခိုက် အောက်ချင်းငှက်ကြီးတစ်ကောင်ဟာြွေမတစ်ကောင်ကို အစာ အဖြစ် သုတ်ချီသွားတာ တွေ့ဖူးလိုက်တယ် ဘုရား။ အောက်ချင်းငှက်ကြီးရဲ့ ခြေသည်းကြွေမရဲ့ လည်ကုပ်ကို ကုပ်ထား လိုက်တော့ြွေမဟာ အမြီးတလွန့်လွန့်နဲ့ ပါသွားတာ တွေ့လိုက်ဖူးပါတယ်ဘုရား။ အဲဒီပုံမျိုးနဲ့ တပည့်တော် လျှာပေါ်က အမှတ်က တူနေလို့လားဘုရား''
ဘသာပေါ်သည် လျှာပေါ်က အမှတ်ကို စိတ်ဝင်စားစွာ တွေးရင်း လျှောက်ကြားသည်။

''အေး ... လူကလေးလျှာမှာပါတဲ့ သဏ္ဍာန်က အောက်ချင်းငှက်သဏ္ဍာန်တောင်မဟုတ်ဘူး။ ဂဠုန်ငှက်က နဂါးကို သုတ်ချီထားတဲ့ သဏ္ဍာန်မျိုး ပီပီသသ ပေါ်နေတယ်။ ဒါကြောင့်ြွေမဆိုးကြီးဟာ လူကလေး ခေါ်ထုတ် တဲ့ အတိုင်း အမိန့်ကိုနာခံပြီး ထွက်လာရတယ်။ လူကလေး ပါးစပ်ကို ကြည့်ပြီး ဦးခေါင်းလှျိုသွားရတယ်။ သဘောပေါက် ကဲ့လားလူကလေး''
ဘသာပေါ်သည် တန်ဖိုးမထား၊ ဂရုမစိုက်ဘဲ နေခဲ့သည့် မွေးရာပါ အမှတ်တွေ၏ တန်ခိုးသတ္တိကို မမျှော်လင့် ဘဲ သိလိုက်ရသောအခါ အံ့အားသင့်ခြင်း၊ ဝမ်းသာခြင်း၊ ကြည်နူးနှစ်သိမ့်ခြင်းဖြင့် ဘုန်းတော်ကြီးကို ကျေးဇူးတင်စွာ လက်အုပ်ချီပြီး ပြန်လည်လျှောက်တင်လိုက် သည်။

''ဒါဖြင့် တပည့်တော်ကြောင့် သေဆုံးသွားတဲ့ြွေမကြီးဟာ နဂါးကြီးလား ဘုရား''
''နဂါးအစစ်တော့ မဟုတ်ပေဘူး လူကလေး၊ နဂါးအမျိုးမှာပါတဲ့ြွေမပဲ။ နဂါးအစစ်ကလွဲရင် အဆိပ် အပြင်းဆုံးြွေမပေါ့။ြွေမထဲမှာ ငန်ြးွေမ ဆိုတာ အမျိုးအစား ခြောက်မျိုးရျိတယ်။ ဒီခြောက်မျိုးထဲက ငန်းတော်ကြား၊ ငန်းဝါကြား၊ ငန်းသံကွင်းဆက်၊ ငန်းစောင်း၊ ငန်းပုပ်ဆိုတဲ့ ငါန်းငါးမျိုးက ကိုက်လိုက်ရင် အချိန်မီ ဆေးကု နိုင်ရင် အသက်မသေဘူး။ သူတို့ ဥကို စားလိုက်ရင်လည်း အသက်မသေနိုင်ဘူး။ သွေးလေးရုံ ထိုင်းထိုင်း မှိုင်းမှိုင်းဖြစ်ရုံ၊ မျက်လုံး ဝေရုံပဲ။ အခု လူကလေး တွေ့လာခြ့တဲ့ ငန်းက ငန်းပြာသာဒ်မျိုး၊ ကိုက်လိုက်ရင် ဆေးမမီ တော့ဘူး။ ကိုက်လိုက်တာနဲ့ တစ်ပြိုင်နက် အကိုက်ခံရတဲ့လူဟာ မရုန်းကန် မလှုပ်ရှားနိုင်။ အသံ မထွက်နိုင်တော့ ဘဲ ချက်ချင်း ငြိမ်သွားတာပဲ လူကလေး''

ဘုန်းတော်ကြီး မိန့်ကြားသည်ကို နားထောင်နေသော ဘသာပေါ်တောထဲကို အတူတကွသွားကြပြီး နောက်ဆုံးမှာ ကျန်ရစ်ခဲ့သည့်လူ ပျောက်ဆုံးနေခဲ့သည်ကို မည်သူမျှမသိဘဲ ဖြစ်ရသည့် အကြောင်းရင်း သည် ယခုဘုန်းတော်ကြီးမိန့်ကြားသလို ငန်းပြာသာဒ်ကြီးက ကိုက်လိုက်သည်နှင့် ချက်ချင်း ငြိမ်ကျ သွားသည့် အတွက် မည်သူမျှ မသိလိုက်ဘဲ ဖြစ်ရကြောင်းသဘောပေါက်လာသည်။
ဘုန်းတော်ကြီး က ဆက်လက်မိန့်ကြားသည်။

''ြွေမထဲမှာ ငန်ြးွေမမျိုးဟာ ကြောက်စရာ အကောင်းဆုံးပဲ လူကလေး။ သူတို့က အမြီးကိုထောက်ပြီး မတ်မတ်ကြီး ရပ်နေနိုင်တယ်လေ။ သူတို့အစာကို ရှာရာမှာ အမြီးကိုထောက် မတ်မတ်ကြီးရပ်ပြီး စားရမယ့်အစာကိုကြည့်တယ်။ တွေ့လိုက်ရင် လိုက်တန်ရင် လိုက်တယ်။ လိုက်ဖို့မလိုရင် အမြီးထောက်ပြီး မတ်မတ်ရပ်နေရာက အေးအေးလေးစောင့်နေတတ်တယ်။ ငန်းပြာသာဒ်လို မည်းမှောင်နေတဲ့ြွေမမျိုးက အမြီးထောက်ပြီး ငြိမ်ငြိမ်လေး မတ်မတ်ရပ်နေတာကို မြင်ရရင် သူတို့ကလည်း ပါးပျဉ်းမဖြန့်ဘဲထားရင် အမှတ်မဲ့ မြင်ရတဲ့လူတွေက မီးလောင်တိုင်ငုတ်ကြီးလို ထင်ရတာပေါ့။ အဲ ... မီးလောင်တိုင်ငုတ်ထင်ပြီး ဂရုမစိုက် ဘဲ အနားက ပွတ်ကာသီကာ ဖြတ်သွားတဲ့လူတော့ သူတို့အစာ ဖြစ်သွားတော့တာပဲကွယ်''

ဘုန်းတော်ကြီး မိန့်ကြားချက်များသည် ရွာပျက်အောင် ဒုက္ခရောက်နေသူတွေ ဖြစ်ခဲ့ရသည့် ခံစားချက်တွေကို မျက်မြင်မိန့်ကြားနေဘိသို့ ရှင်းလင်းပြတ်သားလှသည်။
ဘုန်းတော်ကြီးက ဆက်လက်မိန့်ကြားပြန်သည်။
''သူတို့အမျိုး ဓလေ့အတိုင်း သူတို့ဥတွေကို ယူမိတဲ့လူကိုလည်း လိုက်ရန်မူတတ်တယ်။ ရေခြားမြေခြား ခရီးဝေးသွားရင်တော့ လိုက်နိုင်မယ် မထင်ဘူး။ အနီးအနားကိုသာ လိုက်ရန်မူနိုင်မယ်လို့ ထင်တာပဲ။ ငန်းပြာသာဒ်က သူကိုက်တာခံရမှ သေတာမဟုတ်ဘူး။ သူ့ဥကို စားရင်လည်း သေတာပဲ လူကလေးရဲ့''

ဘုန်းတော်ကြီးစကားကို ဘသာပေါ်က စောဒက တက်လိုက်သည်။
''ဥက အကောင်မှ မဖြစ်သေးတာ။ ဘယ်လို သေနိုင်မှာလဲဘုရား''
ဘုန်းတော်ကြီးက ရှင်းပြသည်။
''လူကလေးတို့က တောတောင်ထဲမှာသာ နေတော့ ပင်လယ်သတ္တဝါအကြောင်းကို ကျွမ်းဟန်မတူဘူး။ ပင်လယ်ရေပြင်မှာ ငါးပူတင်း ဆိုတဲ့ ငါးတစ်မျိုးရှိတယ် လူကလေး၊ သူ့အသားကတော့ စားလို့ ကောင်းတယ် လို့ ကြားဖူးတာပဲ။ သူ့သည်းခြေက အင်မတန် အဆိပ်ပြင်းလို့ စားမိတဲ့လူ သေစေနိုင်တယ်။ အကောင်ဖြစ်နေပြီးဖြစ်တဲ့ ငါးပူတင်းတစ်ကောင်ရဲ့ သည်းခြေကို စားမိမှ သေတာမဟုတ်ဘူး။ ငါးပူတင်းဥကို စားမိရင် လည်း သေစေနိုင်တာပဲ။

ဘာကြောင့်လဲဆိုတော့ အကောင်ဖြစ်တော့မယ့် ဥထဲမှာ သတ္တဝါတစ်ကောင်ရဲ့ အင်္ဂါက စုံစုံလင်လင် ပါရမှာကိုး။ ဒီတော့ သတ္တဝါတစ်ကောင်ရဲ့ အင်္ဂါအစုံဆိုရင် သည်းခြေလည်း ပါရတာပေါ့။ သေးငယ်တဲ့ ဥကလေး တွေထဲမှာ အင်္ဂါစုံအောင် သည်းခြေက ဥတိုင်းပါနေတော့ ငါးပူတင်းဥကို စားမိရင် သေတာပဲ။ သဘောပေါက်ကဲ့ လားလူကလေး''
ဘသာပေါ် သဘောပေါက်သွားသည်။

ငန်းပြာသာဒ်ထဲမှာ အကောင်ဖြစ်ရန် ရင့်နေပြီဖြစ်သည့် ဥထဲတွင် ငန်းပြာသာဒ်တည်းဟူသော သတ္တဝါဆိုး၏ အင်္ဂါတစ်ပါးဖြစ်သည့် အဆိပ်သည် ဝင်နေပေလိမ့်မည်။ ထို့ကြောင့် ညီလေးနှင့် ညီမလေးတို့ မိသားစုများသည် ငန်းဥတွေကို စားမိကြမည်။ ငန်းကြီး လိုက်လာ သောအခါ အပြေးကောင်းသည့်အတွက် အကိုက်မခံ ရလင့်ကစား၊ စားထားသည့် ဥတွေက အဆိပ်တက်ပြီး၊ ဘသာပေါ်တို့ ရွာအရောက် တွင် ဘာဖြစ် လာသည်ကိုမျှ မပြောနိုင်တော့ဘဲ သေဆုံးကုန်ကြခြင်းဖြစ်ပေလိမ့်မည်။

''တော်တော် အဆိပ်ပြင်းတဲ့ အကောင်မျိုးပဲ၊ ကြောက်ဖို့ ကောင်းလိုက်တာ ''
ဘသာပေါ်က ပြောလိုက်သည်။
ဘုန်းတော်ကြီးက ဆက်လက် မိန့်ကြားသည်။
''သူ့ စက်အတန့်တွေထဲမှာ အလောင်းစင်ပုံ၊ လေးတိုင်စင်သဏ္ဍာန်တွေ ပါတယ်ဆိုကတည်းက ဒြီွေမမျိုး ကိုက်ရင် ဆေးမမီတော့ဘူး ဆိုတာပြတဲ့ လက္ခဏာပဲ လူကလေး''
ဘသာပေါ် က သူတို့ရွာကို ရောက်လာပြီး၊ အဖြစ်ဆိုးဖြင့် သေဆုံးကုန်ကြသော ညီလေးနှင့် ညီမလေး မိသားစု တွေအဖြစ်ကို ဘုန်းတော်ကြီးအား ပြန်လည်လျှောက်တင်ပြီး ...

''ဒီအတိုင်းဆိုရင် အခု တပည့်တော်တွေ့ခဲ့တဲ့ အကောင်ကြီးဟာ အဖိုလား၊ အမလား မသိဘူး။ တစ်ကောင် ကျန်နေဦးမယ်၊ အဲဒီကျန်တဲ့ တစ်ကောင်ကမှ ပိုဆိုးမှာ ဘုရား။ ဘာကြောင့်လဲဆိုတော့ သူ့အဖော်က အခုလို ဖြစ်သွား တာကိုး'' ဘုန်းတော်ကြီးက ဦးခေါင်းခါလိုက်သည်။

''မကျန်တော့ဘူး လူကလေး၊ အခု လူကလေးနဲ့ တွေ့တာကြွေမအမကွယ့်၊ အဖိုက သေသွားပြီ''
''အရှင်ဘုရားက ဘယ်လို သိပါသလဲ ဘုရား''
''အေး ... ငါအရင်နေတာက ဒီနေရာမှာ မဟုတ်ဘူးကွယ့်၊ ဟောဒီက လှမ်းမြင်ရတဲ့ တောင်ထွတ် မြင့်မြင့်ကြီး ကို တွေ့လား''
ဘုန်းတော်ကြီး က မိန့်ကြားရင်း လက်ဖြင့် ညွှန်ပြလိုက်သည်။

ဘသာပေါ်က ဘုန်းတော်ကြီးပြရာကို မျှော်ကြည့်လိုက်သည်။
''မြင်ပါတယ် ဘုရား''
''အဲဒီ တောင်ထွတ်မှာ ငါ တရားထိုင်နေခဲ့တယ်၊ ဒီတော ဒီတောင်မှာ ဒြီွေမမျိုးက တဖြည်းဖြည်း တိမ်ကောလာလို့ အဖိုအမ နှစ်ကောင်ပဲ ကျန်တော့တယ်၊ သူတို့နှစ်ကောင်က ငါတရားထိုင်တဲ့ တောင်ကြီး ထိပ်နား က လိုဏ်ဂူထဲမှာ နေကြတယ်၊ လွန်ခဲ့တဲ့ ခြောက်နှစ်လောက်ကပေါ့''

ဘုန်းတော်ကြီး စကားမဆုံးမီ ...
''အရှင်ဘုရြား မကြောက်ဘူးလား''
ဟု ဘသာပေါ်က ဖြတ်မေးလိုက်သည်။

''မကြောက်ပါဘူး လူကလေးရယ်။ သူတို့ကို ငါ ဘယ်လိုမှ ရန်မမူဘဲ မေတ္တာပို့ပေးတယ်၊ နောက်ပြီး မြတ်စွာဘုရား ဟောကြားတော် မူခဲ့တဲ့ ခန္ဓသုတ် ပရိတ်တော်ကို အမြဲရွတ်ဖတ်စီးဖြန်းပြီး ဝိရူပက္ခြွေမမျိုး၊ ဧရာပထြွေမမျိုး၊ ဆဗျာပုတ္တေ.မမျိုး၊ ကဏှာဂေါတမြွေမမျိုး၊ အဲဒီြွေမမျိုးလေးပါးကို အမြဲမေတ္တာပို့နေတာက တစ်ကြောင်း၊ စင်ကြယ်တဲ့ သီလသမာဓိကြောင့်လည်း ပါတယ်ထင်ရဲ့၊ ဒြီွေမကြီးနှစ် ကောင်က ငါ့ကို ဘယ်လို မှ ရန်မမူခဲ့ဘူးလေ၊ ဒီလိုနဲ့ နေလာခဲ့ကြတာ လွန်ခဲ့တဲ့ ခြောက်နှစ်ကျော်လောက်ကတော့ ...''

ဘုန်းတော်ကြီးသည် သူ့ မျက်မြင်အဖြစ်ကို ပြန်ပြောပြနေသည်မှာ ဘသာပေါ်ပင် မျက်လုံးထဲမှာ ကွက်ကွက်ကွင်းကွင်း မြင်လာမိသည်။
ထိုနေ့သည်ြွေမအဖိုအမ နှစ်ကောင်တို့ အစာရှာရန် လိုဏ်ခေါင်းထဲက ထွက်လာခဲ့ကြသည်။ လိုဏ်ခေါင်း ထဲက အပြင်သို့ လွတ်လွတ် ကျွတ်ကျွတ် ရောက်လာသည်နှင့် တစ်ပြိုင်နက် တောင်ထိပ်ပေါ်ရှိ သစ်ပင်ကြီး တစ်ပင်ထက် က ရုတ်ရုတ်သဲသဲ လေပြင်းကျသလို အသံတွေ ကြားရသည်။ စင်္ကြွံကနေသော ဘုန်းတော်ကြီး သည် အသံထွက်ပေါ်လာရာ သစ်ပင်ဆီသို့ ကြည့်လိုက်သောအခါ အောက်ချင်း ငှက်ကြီးတွေထက်ပင် ကြီးမားသော ငှက်ကြီးတစ်အုပ်သည် အရှိန်အဟုန်ပြင်းစွာဖြင့်ြွေမကြီးနှစ်ကောင်ရှိရာသို့ ထိုးဆင်းသွားကြသည်။ ငှက်အုပ်ကြီး ထိုးဆင်းလာသည်တွင် နောက်ကလိုက်လာသောြွေမကြီးက လိုဏ်ခေါင်းထဲ သို့ လျင်မြန်စွာပြန်ဝင်ပြေးသွားသည့်အတွက် ငှက်အုပ်ကြီးရန်က လွတ်သွားသည်။

ရှေ့က သွားနေသောြွေမကြီးသည် လိုဏ်ခေါင်းနှင့် အတန်ငယ် လှမ်းနေပြီဖြစ်သောကြောင့် လိုဏ်ခေါင်း ရှိရာသို့ အချိန်မီ မရောက်နိုင် တော့ချေ။ ထို့ကြောင့် အမြီးကိုထောက်ကာ မတ်မတ်ကြီး ရပ်လိုက်သည်။ ကြီးမား ၍ ကြောက်မက်ဖွယ်ကောင်းသော ပါးပျဉ်းကြီးကို ဖြန့်ကာ နှာခေါင်းလေကို တရှူးရှူးမှုတ်ပြီး၊ တတ်နိုင် သမျှ ခုခံရန် ဟန်ပြင်ထားသည်။

ြွေမကြီး ဟန်မူရာသည် မြင်ရသူအဖို့ပင် ကြောက်စရာကောင်းလှသည်။ သို့သော် ငှက်ကြီးတွေက မကြောက်ဘဲ၊ အရပ်မြင့်သော လူတစ်ယောက် လက်တစ်ဖောင်ကျော်ကျော် အမြင့်မျှ မတ်မတ်ရဂပ်ကာ ခုခံရန် ဟန်ပြင် မာန်ဖီနေသောြွေမကြီးကို ထိုးသုတ်ရန် အကွက်ကောင်းကို ချောင်းနေသည့် အလား၊ြွေမကြီး ဦးခေါင်းအထက် လွတ်သည်ဆိုရုံမျှ အမြင့်တွင် လှည့်ပတ် ပျံဝဲနေကြသည်။
ြွေမကြီး ကား အရူးမီးဝိုင်းဖြစ်နေသည်။ ရန်သူတွေက သူ့ပတ်ဝန်းကျင်မှာ ပတ်ချာလှည့်နေကြသည်ဖြစ်ရာ ရှေ့မှာ ရှိနေသော ရန်သူကို ဂရုစိုက်လျှင် နောက်ကရန်သူက ဝင်တော့မည်၊ နောက်က ရန်သူကို လှည့်ကြည့်နေလျှင် ရှေ့ရန်သူက တိုက်ခိုက်တော့မည်။ မတ်မတ် ထောင်နေလျက်နှင့်ပင် သူ့ဦးခေါင်း အထက် မှာ ပတ်ချာလှည့်နေကြသော ငှက်အုပ်ကြီးနည်းတူ ပတ်ချာလှည့်နေရာမှ ကြာရှည်ခံနိုင်စွမ်း မရှိ တော့ဟန်ဖြင့် မြေပြင်ပေါ်သို့ ပါးပျဉ်းကြီးကို ရုတ်ခနဲချကာ လျင်မြန်လှစွာသော အဟုန်ဖြင့် လိုဏ်ဂူရှိရာသို့ လျောတိုက် ပြေးသွားတော့သည်။

သို့သော် ငှက်အုပ်ကြီးကား မြေပြင်ပေးမှာ လျှောတိုက်ပြေးသွားနေသောြွေမကြီးထက်ပင် လျင်မြန်ကြသည်။
တစ်ကောင်သော ငှက်ကြီးကြွေမကြီး၏ ဦးခေါင်းတည့်တည့်သို့ စိုက်ဆင်းပြီး ရဲရဲနီဝါ ရှည်လျားချွန်ထက်သော နှုတ်သီးဖြင့် ပေါက်၍ အံ့သြစရာ ကောင်းအောင်ပင် လျင်မြန်စွာ ကောင်းကင်သို့ ပြန်တက်သွားသည်။ ငှက်ကြီး၏ လျင်မြန်မှုသည် လျှပ်ပြက်သည်ထက်ပင် မြန်ပေလိမ့်မည်ဟု ဘုန်းတော်ကြီးက ထင်လိုက်မိသည်။

ြွေမကြီးသည် သူ့ဦးခေါင်းကို နှုတ်သီးဖြင့် ပေါက်လိုက်သော ငှက်ကြီးကို မည်သို့မျှ ပြန်လည်ခုခံရန် အချိန်မရလိုက်တော့ချေ။ နှုတ်သီးဖြင့်အပေါက်ခံလိုက်ရသောနေရာမှ သွေးတွေ ရဲလာသည်။ ပြေးသွား နေသောြွေမကြီး၏ လျင်မြန်မှုအရှိန်သည် လျော့သွားသည်။ ထိုအခိုက် ငှက်ကြီးတစ်ကောင်က ဆင်းလာပြီး နှုတ်သီးဖြင့် ပေါက်လိုက်ပြန်သည်။
ပြင်းထန်သော ဒဏ်ရာဒဏ်ချက်ကြောင့် ပါးပျဉ်းမထောင်နိုင်တော့သောြွေမကြီးသည် သူ့ဦးခေါင်းကို နှုတ်သီးဖြင့် ပေါက်နေကြသော ငှက်ကြီးတွေကို အမြီးဖြင့်ရိုက်သလို လုပ်နေသော်လည်း တစ်ကောင်ကိုမျှ မထိချေ။ ငှက်ကြီးတွေ ဝိုင်းအုံနှုတ်သီးဖြင့်ပေါက်ခြင်းခံရသောြွေမကြီး၏ ဦးခေါင်းသည်သာ ကြေမွလာသည်။

ြွေမကြီးသည် ထွန့်ထွန့်လူးနေတော့သည်။ ဦးခေါင်းပိုင်းကား လုံးဝ မထူနိုင်တော့ချေ။ ခါးလယ်နှင့် အမြီးပိုင်း သည်သာ ဗြောင်းဆန်နေသည်။ ငှက်ကြီးတွေကား အနားမပေးဘဲ အဆင်သင့်သည် အကောင်က တစ်ကောင်ပြီး တစ်ကောင် ထိုးဆင်းကာ နှုတ်သီး ဖြင့် ပေါက်နေကြသည်။
သို့ဖြင့်ပင်ြွေမကြီး၏ လည်ပင်းသည် ဖွာရရာ စုတ်ပြတ်ကာ ကိုယ်လုံးကြီးနှင့် တခြားစီဖြစ်၍ ပြတ်သွား တော့သည်။ ထိုအခါမှ ငှက်အုပ် ကြီးသည်ြွေမကြီးကိုယ်ကို နှုတ်သီးဖြင့် ပေါက်ကာ စားသောက် ကြလေသည်။

ဘုန်းတော်ကြီးက မျက်မြင်ကိုယ်တွေ့ ပြောပြနေသည်ကို နားထောင်နေသော ဘသာပေါ်၏ မျက်လုံးထဲမှာ ဤအတိုင်း မြင်နေမိသည်။
ဘုန်းတော်ကြီး ဆက်လက် မိန့်ကြားလိုက်၏။

ဓငါလည်းဘာမှ မတတ်နိုင်ဘူး လူကလေး၊ သူတို့အနားကိုမသွားဝံ့ဘူးလေ။ ဒါကြောင့် အဝေးကပဲ ကြည့်နေလိုက်ရတယ်၊ စိတ်မကောင်းစရာတစ်ခုက မြွေကြီးကို ငှက်အုပ်ကြီးက ထိုးဆိတ် စားသောက်နေကြခိုက်မှာ လိုဏ်ခေါင်းထဲကို ၀င်ပြေးလွတ်မြောက်သွားတဲ့ မြွေကြီးက လိုဏ်ခေါင်းအ၀မှာ ခေါင်းပြူရုံလေး ပြူကြည့်နေရှာတယ်၊ သူ့အဖော်အတွက် ဘယ်လောက် စိတ်မ ကောင်းဖြစ်လိုက်မလဲ၊ လူလို အော်ဟစ် ငိုယိုဖို့ မတတ်လို့သာပေါ့ လူကလေး"

ဘုန်းတော်ကြီး စကားကြောင့် ဘသာပေါ်ပင် စိတ်မကောင်းမိပေ။ သို့သော် ...
" တခြား သတ္တ၀ါတွေနဲ့ လူတွေကို ဒီမြွေကြီးတွေ ကိုက်ခဲဝါးမျိုစားသောက်ကြစဉ်ကလည်း သူတို့အစားခံရတဲ့ သတ္တ၀ါတွေနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေ စိတ်ထဲမှာလည်း ဒီလိုပဲ ခံစားကြရပေလိမ့်မယ် "
ဟု ဘသာပေါ် က စာနာသော အတွေးကို တွေးနေမိသည်။
ဘုန်းတော်ကြီး က ဆက် မိန့်ကြားလိုက်ပြန်သည်။

" ဒီလို ကြောက်စရာ အကောင်းဆုံး ငန်းမြွေမျိုးတွေကတော့ တစ်ကောင်ပဲ ကျန်တော့တာ၊ အခုတော့ လူကလေးနဲ့တွေ့လို့ မျိုးပြုတ်ပြီပေါ့ကွယ်။ တခြားငန်းမျိုးနဲ့ မြွေမျိုးတွေကတော့ ဆေးကု ခံပါတယ်၊ လူလေး မှာ လည်း မွေးရြာပါ မြွေနိုင်စက်အမှတ်တွေက ပါနေတော့ ငါ မေတ္တာရပ်ခံပါရစေ"
"မိန့်တော်မူပါ ဘုရား "
ဘသာပေါ်က ပြန်လည်လျှောက်ထားလိုက်သည်။

" လူကလေးမှာ မွေးရာပါ စက်အမှတ်တွေကို အချည်းနှီးမဖြစ်ပါစေနဲ့၊ မြွေဆိုးကိုက်ခံရတဲ့ ဝေဒနာသည် တွေကို လက်လှမ်းမီသလောက် မေတ္တာစေတနာထားပြီး ကယ်တင်ပါ။ မြွေမျိုးထဲမှာ တန်ခိုးအကြီးဆုံးဖြစ်တဲ့ နဂါးမျိုး နှစ်မျိုး ရှိတယ်ကွယ့်။ ကုန်းနေနဂါးနဲ့ ရေနေနဂါးနော်။ ရေနေနဂါးကတော့ လူသားတွေအဖို့ တွေ့ဖို့လမ်း လုံးဝမရှိဘူး။ ကုန်းနေနဂါးကတော့ မြေပေါ်နေတာကြောင့် အင်မတန် ကြုံကြိုက်ရင်တော့ တွေ့နိုင်တယ်။ နဂါး အပေါက်ခံရရင်လည်း ဆေးမမီဘူး၊ သို့သော် လူကလေးအနေနဲ့ သက်သတ်လွတ် ကိုစားပြီး စင်ကြယ်တဲ့ အကျင့်သိက္ခာ ကိုစောင့်ထိန်းမယ်ဆိုရင် ဆေးမမီအောင် အဆိပ်ပြင်းတဲ့ နဂါး ကိုက်ခံရတဲ့ ဝေဒနာသည်ကို ကယ်တင်နိုင်ပါလိမ့်မယ် ..

ဘသာပေါ် သည် သူ့လျှာမှာပါသည့် အမှတ်အကြောင်းကို တွေးနေရာမှ ဘုန်းတော်ကြီး မိန့်ကြားချက် အတိုင်း လိုက်နာရန် စိတ်ကို ခိုင်မာစွာ ဆုံးဖြတ်လိုက်သည်။
ထို့ကြောင့် ဘုန်းတော်ကြီးကို လက်အုပ်ချီပြီး ကတိပေးစကားလျှောက်ထားလိုက်သည်။
" တပည့်တော်သည် ငွေကြေးပစ္စည်းကိုလည်း အဓိကမထား၊ ယုတ်ညံ့သော အကျင့်ကိုလည်း နှလုံးမသွင်းဘဲ စင်ကြယ်သော ကိုယ်ကျင့်တရား၊ မွန်မြတ်သော စိတ်စေတနာဖြင့် တပည့်တော်နှင့် ကြုံကြိုက်တွေ့ဆုံသမျှ မြွေကိုက်ခံ ဝေဒနာသည်တွေကို ကယ်တင်ပါ့မယ် ဘုရား "
ဘုန်းတော်ကြီးသည် ဘသာပေါ်စကားကြောင့် လေးနက်စွာ သာဓုခေါ်လိုက်သည်။

" အေးအေး လူကလေး ပြောခဲ့တယ်ကွယ်၊ လူကလေး မွေးစားထားတဲ့ ကလေးနှစ်ယောက်ရဲ့ မိဘဆွေမျိုးတွေ သေရပုံလေ။ ငန်းပြာသာဒ်ဥတွေကို စားမိလို့ သေကြတာနော်၊ ဒါကြောင့် ဒီငန်း ဆိုးမျိုး ကတော့ လုံးဝ မရှိတော့ဘူး။ ကဲ ... လူကလေး သွားပေတော့။ ဆောင်ရွက်စရာ ရှိတာတွေကို ဆောင်ရွက်ပေတော့"
ဘသာပေါ်သည် ဘုန်းတော်ကြီးကို ရှိခိုးကန်တော့ကာ စိတ်လက်ပေါ့ပါးစွာဖြင့် အိမ်သို့ ပြန်လာခဲ့သည်။

ဘသာပေါ်သည် စိတ်ထဲမှာ သတိပြုမိလိုက်သည့် အချက်တစ်ခုရှိနေသည်။
သူ့လျှာပေါ် မှာ ရှိသည့် မွေးရာပါ အမှတ်တွေသည် သူ့ကိုမွေးသည့် မိဘတွေကလွဲပြီး မည်သူမျှလည်း မသိကြ။ သူ့မိဘတွေနျင့် သူကိုယ်တိုင်ကလည်း ဤအမှတ်တွေ၏ တန်ဖိုးကို လုံးဝ မသိကြသည့်အလျောက် မည်သည့် အခါ မျှ ဂရုမစိုက်ခဲ့ကြချေ။

ယခုမှ မြွေဆိုးကြီးရန်ကို နှိမ်နင်းလိုက်သည်နှင့် စကားစပ်ကာ ဘုန်းတော်ကြီးက မိန့်ကြားလိုက်သည့်အတွက် ဘသာပေါ် မမျှော်လင့်ဘဲ သိလိုက်ရခြင်းဖြစ်သည်။ သူ့မိဘတွေနှင့်တကွ အခြားသူတွေက ဖြစ်ရပ်အမှန်ကိုပြော၍ ယုံချင်မှ ယုံကြမည်။ မယုံဘဲ ပြက်ရယ်ပြုကြလျှင် သူ့အနေဖြင့် စိတ်ဆိုးစရာ၊ စိတ်ပျက်စရာ ဖြစ်လာပေမည်။
မလိုလားသူကဆိုလျှင် ၀မ်းတွင်းရူးဟုပင် ပြောကြမည်ဖြစ်သည်။ ထို့ကြောင့် သူ့မွေးရာပါ အမှတ်တွေနှင့် ပတ်သက်ပြီး မည်သည့် စကားမျှ စ မထွက်စေဘဲ သိုသိပ်စွာသာ နေလိုက်ခြင်းက ကောင်းပေမည် ဟု တွေးလိုက် သည်။

ဘသာပေါ် ရွာသို့ ပြန်ရောက်သောအခါ သူတို့ ဆွေမျိုးတစ်သိုက်သာလျှင်မဟုတ် အခြားရွာက ပြောင်းရွှေ့လာကြသည့် လူအချို့ကိုပါတွေ့ရသည်။ ဒုက္ခပေးနေသည့် အရာဝတ္တုကြီးကြောင့် လာရောက် စုပေါင်း ကာ လွတ်ရာလွတ်ကြောင်း တိုင်ပင်နေကြသည်ကို တွေ့ရသည်။

နတ်ကို အယူသီးသူတွေက နတ်ပွဲပေးပြီး တောင်းပန်ရန် အကြံပေးကြသည်။ ဘသာပေါ်က သူတို့ တစ်တွေပြောကြသည့် စကားကို ဆုံးအောင်နားထောင်နေပြီးမှ ထိုအရာဝတ္ထုကြီးသည် မကောင်းဆိုးဝါး မဟုတ် ဘဲ အဆိပ်ပြင်းသည့် ကြောက်မက်ဖွယ် မြွေဆိုးကြီးတစ်ကောင် ဖြစ်ကြောင်း၊ သူ နှိမ်နင်း သတ်ဖြတ် ထားခဲ့ပြီဖြစ်ကြောင်း သေချာစွာ ပြောပြသောအခါ အားလုံးသည် အကြီးအကျယ် အံ့ဩကုန်ကြတော့သည်။

" ဟုတ်ကဲ့လားဟယ် သာပေါ်ရယ်၊ တော်တော်လည်း ကြွားပါဟယ်"
ဟူသော စကားကိုပင် အချို့က ပြောကြသည်။ ရိုးရိုးတန်းတန်း ဒူးလေးဖြင့်ပစ်ပြီး နှိမ်နင်းခဲ့ပါသည် ဆိုခြင်း ကိုပင် ဤမျှလောက် ပြက်ရယ်ပြုနေကြလျှင် သူ့မွေးရာပါ အမှတ်တွေအကြောင်းသာ ပြော လိုက်လျှင် မည်မျှ လှောင်ပြောင်ကြမည်နည်းဟု ဘသာပေါ် တွေးလိုက်မိသည်။

ထို့ကြောင့် ဘသာပေါ်က ငြင်းခုံပြောဆိုနေခြင်း မပြုတော့ဘဲ သူ့နောက်လိုက်ခဲ့ပြီး သေနေသော မြွေသေကောင်ကြီးကို လက်တွေ့လိုက်ကြည့်ကြရန် တိုက်တွန်းလိုက်သည်။
ထိုအခါ မှ ဘသာပေါ် မိဘတွေအပါအ၀င် တစ်ရွာလုံးလိုလို လိုက်ာကည့်ကြသည်။ ဘသာပေါ်ကို မည်သူမျှ ပြက်ရယ် မပြုကြတော့။ ကယ်တင်ရှင်ကြီးအဖြစ် အားကိုး ကြည်ညိုာကသည်။ ကျေးဇူးတင်ကြသည်။

သို့နှင့်ပင် ဘသာပေါ်တို့ ရွာကလေးသည် အေးချမ်းသာယာစွာ နေမြဲတိုင်း နေထိုင်လုပ်ကိုင် စား သောက်လာခဲ့ကြသည်။
ဘသာပေါ်သည် သူ့ကိုယ်ကိုသူ စိတ်ချစွာဖြင့် တောတောင်တစ်ခွင် လှည့်လည်ကာ အဆိပ်နိုင်သည့် ဆေးမြစ်၊ ဆေးဥ၊ ဆေးရွက်စသည်တို့ကို ရှာဖွေစုဆောင်းကာ ဆေးကုသရန် အဆင်သင့် အနေအထား မျိုးဖြစ်အောင် လုပ်ကိုင် ဆောင်ရွက်ထားသည်။ ကျေးဇူးရှင် မိဘတွေက နေရင်း ဇာတိ ရွာကလေး ကို သံယောဇဉ်ကြီးလွန်း၍ မခွာနိုင်သလို ဘသာပေါ်ကိုလည်း အဝေးရပ်ဒေသသို့ မသွားရန် တားမြစ်ထားသည်။

ထို့ကြောင့် ကျေးဇူးရှင် မိဘများ တစ်သက်ဝယ် ဘသာပေါ် ဤ ရွာကလေးမှာပင် နေရပေဦးမည်။ မိဘတွေ မရှိ တော့သည့် အခါမှ ဘုန်းတော်ကြီးထံတွင် သူ ကတိပြုလာခဲ့သည့်အတိုင်း သွားနိုင်သမျှ ဒေသ အရပ်သို့ သွားကာ မြွေကိုက်ခံ ဝေဒနာရှင်များကို ကယ်တင်ရပေမည်။
-----------------------------

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

သော်တာဆွေ ၏ ဘွန္တောကြက်သူခိုး အပိုင်း (၁၉)

အခန်း (၅)

ထက်ကမူ လမ်းမြေအကွေ့ဆီက
အခက်ဖြူ ပန်းတွေပွေ့ပြီး
မြန်ခြွေ၍ တကယ်ဆုံမည်
စံပယ်ရုံ ချုံပုတ်က
ချိုးမှုတ်လို့ ခေါ်စမ်း... 
 
ဆိုတဲ့ ဆိုင်းဆင့်ကလေးနဲ့ 'တကူးကူးကူး' လို့ လက်နှစ်ဖက်အုပ်ပြီး ချိုးမှုတ်ခေါ်လိုက်မှုဖြင့် ကျွန်တော်တို့ ရည်းစား ဘ၀က အခု ကျွန်တော်မယား အလှကလေး ကျွန်တော်ရှိရာကို လာပါရော။

အနှီအကြောင်းတွေ ပြန်ပြောင်းတွေးပြီးတော့ ဟိုတစ်နေ့ကလေ... သူ ရေခပ်ထွက်အလာမှာ ကျွန်တော်က ဆူးချုံ ကွယ်ကာနေပြီး 'တကူးကူး...ကူး' လို့ ချိုးမှုတ်ခေါ်လိုက်တယ်၊ သူသည် အသံမှတ်မိနေတော့ အသံ လာရာဘက် သို့ လှည့်ကြည့်ပြီး ရပ်နေတယ်။ ဒါပေမယ့် ကျွန်တော် သူ့အနား မရွံ့မရဲနဲ့ လျှောက်သွားတော့...
ဟဲ့... သေချင်းဆိုးရဲ့ ကာလနာရဲ့ မြွေပွေးကိုက်ရဲ့၊ ဟိုမှာ အမေလာနေတယ်

သူ့အမေ သာမက သာတော်မောင် ဟစ်တစ်လုံး ပါ ပါလာတော့ ကျွန်တော် တစ်ခါတည်း သုတ်ခြေတင်ခဲ့ ရတော့တယ်။ ကောင်လေးလက်ထဲမှာ ဓားမတိုကလေးနဲ့ဗျ။ နို့ပြီး ဘယ်သူ့တူတယ် မသိပါဘူး၊ လက်ရဲဇက်ရဲကလေး။
ကျွန်တော့်မှာ ဦးမြတ်ချမ်းတို့အိမ် ပြန်ရောက်သည့်၌ ဤသာနှင့် မယားကိုပဲ တတွေးတွေး တသသ နေရ ပါတော့သည်။
တစ်နေ့တ၌ အရီ ကျွန်တော့် အနီး ရောက်လာကာ သူ့မျက်နှာလည်း ဘယ်ကြည်သာဘဲ...
'လောက မှာ ခက်တာပါပဲ ကိုကြီးရာ၊ အဆင်ပြေတယ်ကို မရှိပါဘူး၊ ကိုကြီးနဲ့ အရီအဖြစ်ဟာ ကျောချင်းကပ် ခရီး ပေမယ့် အဆုံးစွန် ရောက်တာချင်းမှာ တူနေတယ်'
ကျွန်တော် သူ့စကား နားမလည်ဘဲ...

'ဟင်... ဘာပြောတာလဲ အရီ'
'ကိုကြီးမှာ ချစ်ခင်နှစ်သက်သူနဲ့ ကွေကွင်းရခြင်းမဟုတ်လား၊ အရီမှာတော့ မချစ် မနှစ်မသက်သူနဲ့ ပေါင်းသင်း ရတော့မယ်'
ကျွန်တော် အံ့အားသင့်ကာ...
'ဟင်... အရီ တကယ်ပြောနေတာလား'
'တကယ်ပေါ့ ကိုကြီးရယ်၊ ကိုကြီး စိတ်မကောင်းဖြစ်မှာမို့ မပြောဘူးလို့ နေပေမယ့် ကျောချင်းကပ် ခရီး အဆုံးစွန်ချင်း တူနေတာ တွေးမိတာနဲ့'
'ဘယ်လိုလဲ အရီ

အမေ့ တွက်ပေါ့ကိုကြီးရယ်၊ အမေစိတ်ချမ်းသာအောင် အရီ ကိုယ် အရီ အနစ်နာခံရမှာပေါ့'
'သြော်... ဘာလဲ ဒီလူကို အရီက မကြိုက်ဘဲနဲ့ အမေကအတင်း သဘောတူနေတာလား'
'အမေ က သဘောတူတယ်လဲမဟုတ်ပါဘူး၊ ဒီလူက အကျပ်ကိုင်လို့ပါ'
'ဘယ်လို အကျပ်ကိုင်တာလဲ'
'အဆန်းတော့ မဟုတ်ပါဘူ ကိုကြီးရယ်၊ မြန်မာပြည်မှာ ဆင်းရဲသူမ ကလေးတွေ တွေ့လေ တွေ့ထ ရှိတဲ့ အတိုင်း ပါပဲ၊ အဲဒီလူက အမေ့အပေါ်မှာ အကြွေးရှိတယ်လေ'
'ဘယ်လူလဲ'
'အစ်ကိုကြီး သိပါတယ်၊ အရီတို့အိမ်ကို မကြာခဏလာနေတဲ့ ကိုအောင်ဝင်းဆိုတဲ့ လူပေါ့'

'ဟင်... ဒီလူက လူပျိုမို့လား'
'မုဆိုးဖိုလေ'
'အသက်ကြီးတာ မုဆိုးဖိုဖြစ်တာကို လင်တော်ဖို့ အရီ ဂရုမစိုက်ပါဘူး၊ ဒါပေမယ့် ဒီလူကို အရီ အရွံဆုံး၊ အစက်ဆုပ်ဆုံးက ဒီလူဟာ ရဲဘော် အရေခြုံခဲ့တဲ့ နိုင်ငံရေးအချောင်သမား၊ တလောက အရီတို့မြို့မှာ ရဲဘော်ဖြူအုပ်စိုးစဉ်အခါတုန်းက ဗိုလ်အောင်ဝင်းဆိုတဲ့ နာမည်နဲ့ ကြီးစိုးခဲ့တယ်၊ နောက်ပိုင်းမှာ သူ့လက်အောက် ငယ်သားတွေနဲ့ ဓားပြတိုက်ခဲ့တယ်၊ လူတွေကို ပြန်ပေးလုပ်ခဲ့ တယ်၊ သစ်တွေထုတ်ပြီး ရောင်းခဲ့တယ်၊

အဲဒီနည်းတွေနဲ့ လက်ထဲပစ္စည်းတွေရပြီး မြို့ကို အစိုးရပြန်သိမ်းတဲ့အခါမှာ သူ လက်နက်ချပြီး လူချမ်းသာလုပ်နေတာ၊ လူမသမာ လူယုတ်မာ သစ္စာဖောက် တိုင်းပြည်ရဲ့ ရန်သူ ဒါကြောင့်ပေါ့ ကိုကြီးရာ နို့ မဟုတ်ရင် မိခင်စိတ်ချမ်းသာဖို့ကို အရီ ၀မ်းသာအားရကြီး ပြုလိုက်မှာပေါ့၊ ယောင်္ကျားဟာ ယောင်္ကျားပဲ၊ မုဆိုးဖိုရယ် တစ်ခုလပ်ရယ် အသက်ကြီးတယ်ရယ် အရီ မခွဲခြားပါဘူး၊ မိန်းမပုခက်တွင်း ယောင်္ကျားပဉ္စင်းဆိုတဲ့ စကားလဲရှိ တယ် မဟုတ်လား'
ကျွန်တော် သူကလေးကို တွေတွေကြီး ကြည့်ကာ...

'သူ့ငွေက ဘယ်လောက် ရှိတာမို့လဲ'
'ငါးထောင်'
'ဟင်.. အများကြီးပဲ'
'သူက ဒီယုန်မြင်ပြီး တမင် ချေးချေးနေတာလေ၊ အမေမရွှေရိုးကြီးကလဲ အတိုးမပေးရဘူးတဲ့ဆိုပြီး ယူယူပြီး ကုန်ကူး လိုက်တာ တစ်ချီ မော်တော်ကားလမ်း ဓားပြတိုက်ခံလိုက်ရတာနဲ့ ရှိသမျှလေး ကုန်သွားပါ ရောလား'
'ဟင်... ဖြစ်မှဖြစ်ရလေ'
'ဒါဟာ သူ့စနက် မကင်းဘူးလို့တောင် အရီ ထင်တယ်'

'ဟင်... ဒီအတိုင်းမှန်ရင်ဖြင့်'
ကျွန်တော် အံကြိတ်မိသည်။
'မတရားသူ... မင်းမူတဲ့ခေတ်ကိုး ကိုကြီးရဲ့'
'အင်း... ဒါနဲ့ သူ ငွေမပေးနိုင်မှန်းသိတော့ သမီးကို လာတောင်းရော ဆိုပါတော့'

'ဒီ ငွေငါးထောင်အပြင် သူ့မှာရှိတဲ့ ငါးသောင်းခင်းကို လက်ဖွဲ့ပါဦးမတဲ့လေ၊ ဒီတော့ အမေက ဘယ်လိုလူ ဘယ်လိုပစ္စည်းရယ်တော့ မကြည့်ဘူး၊ ယူလိုက်ပါသမီးရယ်တဲ့၊ အရီက ငြင်းမယ်ဆိုလဲ သမီး စိတ်မချမ်းသာ ဖြစ်မှာ ကို အမေက အတင်းတိုက်တွန်းမယ်တော့ မဟုတ်ပါဘူး၊ သို့သော်လဲ သူ့ကြွေး ငါးထောင်ကို တရားစွဲတော့ အခု အရီတို့မှာရှိတဲ့ အိမ်ကလေး ခြံကလေးနဲ့ ဆိုင်ကလေးကို အသိမ်းခံရမယ်၊ အဲဒီတော့ အမေ့ မှာ လူတောထဲမျက်နှာမွဲနဲ့ စိတ်ဆင်းရဲရတော့ မယ်၊ ဒါကြောင့် အမေ့အတွက် သမီးကိုယ်ကို အနစ်နာ ခံတော့မယ် လို့ ဆုံးဖြတ်ချက် ချလိုက် ရတာပဲ ကိုကြီးရယ်'
ကျွန်တော့် ရင်မှာ လေးလံလှကာ...

'အင်း... ဖြစ်မှဖြစ်ရလေ၊ ညီမလေးရယ် ဘယ်တော့တဲ့လဲ... ရက်ကန့်သတ်ပလား'
'ခု ၀ါမဆိုခင် တဲ့ ကိုကြီး'
'အို... နီးပါရောလား၊ သူ့ငွေငါးထောင်ပေးနိုင်ရင်ဖြင့် ဒီမှာ အရီ... ဟော့ဒီ ဦးမြတ်ချမ်းတို့အိမ် ပြောကြည့် ပါလား'
'အို...ကိုကြီးရာ၊ ဒီလိုလူတွေဆီက ရတာမျိုးလား'
'ဟုတ်တယ်လေ၊ အင်း... ကိုကြီးသာ တတ်နိုင်မယ်ဆိုရင်တော့ တောက်.. ညီမလေးရယ်'

ကျွန်တော် သူ့ကလေးအတွက် ရင်ထုမနာ ရှိလှပါသည်။ ကျွန်တော် ချစ်သူနှင့် ကွေကွင်းရသည် ဆိုသည်မှာ လင် နှင့် မယားလျှာနှင့်သွား၊ တစ်ခဏသာ ဖြစ်ပါသည်။ သူကလေးမှာတော့ မချစ်မနှစ်သက်သူနှင့် အပျိုကလေး ဘ၀ ဆုံးရှုံးရပေတော့မည်။ ဤလို ရာဇ၀င်ဆိုးရှိသူနှင့် ရာဇ၀င်စာတင်လှမည့် မိန်းကလေးမျိုးမှ ကြုံကောင်း ကြုံရသည်။
ကျွန်တော် သူကလေးကို ချစ်ကြည်ညိုသည်။ သံယောဇဉ်တွယ်ကာငြိသည်။ ကျွန်တော်သာ ဦးမြတ်ချမ်းတို့လို ချမ်းသာပါက 'အို... သူတို့လောက် မချမ်းသာချင်နေပါစေ၊ ဤငွေလောက်သာ တတ်နိုင် ပါက ဘုရားစူးရစေရဲ့...

ခုတော့ ကျွန်တော့်မှာ နွားတစ်ကောင်နှင့် စပါး ၁၅ တင်းမျှရှိသည်။ ငွေငါးထောင်နှင့် ဆိုတော့...
အို... တောင်မင်း မြောက်မင်း မကယ်နိုင်ပြီ။ ၀ါဆိုမီဆိုတော့ အခုပဲ နယုန်လကုန်တော့မည်။ ကျွန်တော်သည် သူတို့ မင်္ဂလာဆောင်၊ သူကလေးအတွက် အ မင်္ဂလာနေ့ရက်ကို မည်သို့ ရင်ဆိုင်ပါမည်နည်း။
ကြေကွဲသောမျက်နှာ၊ မသာသော နှလုံးဖြင့် လုပ်ခင်းဆောင်တာတို့ကို ကူညီညာ လုပ်ရတော့ မည်။ ကနဖျင်း မဏ္ဍပ်ထိုးရမည်။ စားပွဲကုလားထိုင်တွေ သယ်ပိုး ရမည်။ ကွမ်းအစ် ထွေးခံတွေ ပြင်ဆင်ရမည်။ သူကလေး ချစ်သူနှင့်ဆိုလျှင်မည်မျှလောက် ပျော်ပျောပါးပါးကြီးလုပ်ကိုင်လို့ ကောင်းလိုက်မည်နည်း။ ယခု သူ မချစ်မနှစ်သက်သူ နှင့် ဆိုတော့ အို ... တွေးလိုက်တိုင်း တွေးလိုက်တိုင်း စိတ်လေးသံလှပါသည်။ ကျွန်တော် ၏ ကိုယ်ရေးကိုယ်တာကိုပင် မေ့သလောက် ဖြစ်သွားပါသည်။

ယင်းသို့ရှိစဉ် ရက်မကြာမီ၌ အိမ်ရှေ့တွင် မြင်းလှည်းရပ်၍ ကျွန်တော် မိန်းမ၏ မောင် ကျွန်တော် ယောက်ဖ ကလေး ဆင်းလာကာ...
'ကိုလေးတက်ပု... ကိုလေးတက်ပု'
'ဟေး... ဘာတုံး မောင်ကြွယ်'
'အစ်မလေးက ခင်ဗျားကို ပြန်လာတော့တဲ့'
ကျွန်တော် မျက်လုံးပင် ၀ိုင်းဝိုင်းလယ်သွားကာ...
'ဟေ... '

'ပြန်လာတော့တဲ့၊ ခင်ဗျာ့ကို အစ်မလေးကရော အမေကရော စိတ်ပြေပြီတဲ့'
'ဟေ...စိတ်ပြေပြီ'
'ဟုတ်တယ်... သူတို့အထင်မှာတာတဲ့၊ ဟိုကြက်ခိုးတာပေါ်ပြီ၊ ကိုအင်ဖူးရယ်ပဲတဲ့'
'ဟင်...ဟုတ်လား၊ ဘယ်သူပြောတာလဲ'
'ကိုအင်ဖူးကိုယ်တိုင်ကပဲ၊ ခင်ဗျာ့ ဦးကြီးဖြိုးက သူ့ကို အိမ်ခေါ်လာပြီး ၀န်ခံခိုင်းတာ'
'အို...ဟုတ်လား'
အာဂ ဦးကြီးဖြိုးပေတည်း သူမည်သို့ ကြံဆောင်ပေသနည်း။

'ဟုတ်တယ်၊ သူကခိုးပြီး မပန်းစုံကိုပေးတာတဲ့၊ အစ်မလေးကိုရော အမေ့ကိုရော သူတောင်းပန် တယ်၊ ဒါနဲ့ သူတို့စိတ်ကျေပြီ ခင်ဗျာ့ကို ပြန်ခေါ်တာ၊ မြန်မြန်ပြန်ခဲ့ပါတဲ့၊ ဟိုသင်းလဲ သတိထားနော် တဲ့'
'ဟေ...ဘာဟိုသင်းလဲ'
'ဟာ...ခင်ဗျာကြီးကလဲ မသိချင်ယောင်ဆောင်ပြီးတော့ ကဲ...ကျုပ်သွားတော့မယ်၊ မြင်းလှည်းစောင့် နေတယ်'
'ဟေ...နေပါဦး၊ ဟိုသင်းဆိုတာက ဘာတုံး'
'ဟာ... ကိုလေးတက်ပုကလဲဗျာ၊ ခင်ဗျား ကျွန်တော်ကို ပိုးပုဆိုးဝယ်ပေးရမယ်နော်'
ပြုံးစိစိကလေးနှင့် ကျောင်းခိုင်းသွားကာ မြင်းလှည်းပေါ်တက်၍ မြင်းလှည်းထွက်သွားလေသည်။

သူ့ 'ဟိုသင်း'ကို ကျွန်တော် နားမရှင်းခဲ့၊ နဝေတိမ်တောင်နှင့်သာ မြင်းခွာသံလှည်းဘီးကြိတ်သံ တို့ကို နာခံ၍ တောင်နှင့်သာ မြင်းခွာသံ လှည်းဘီးကြိတ်သံတို့ကို နာခံ၍ ကျန်ခဲ့လေသည်။
ဟင်...ဘာများတုံး၊ ဟိုကျတော့ သိရပေမည်။ ကျွန်တော့် မိန်းမနှင့် ပြန်ပေါင်းထုပ်ရပေတော့မည်။ ကျွန်တော် ၀မ်းသာလေသည်။
ဦးမြတ်ချမ်းတို့ကို ပြန်တော့မည့်အကြောင်းပြော၍ ပါလာခဲ့သော အ၀တ်အစားတွေကို ထုပ်ပိုးပြင် ဆင်သည်။ ကျွန်တော့်မယား၏ မျက်နှာ၊ သားကလေးတွေ၏ မျက်နှာမြင်ယောင်လာသည်။
အငယ်ကလေးကို ပွေ့ချီနမ်းရှုပ်ရတော့မည်။ ဦးမြတ်ချမ်းကား ကျွန်တော့်ကို တယ်ပြီး မပြန်စေချင် သေးပေ။

'ဟေး...တက်ပုရ၊ တစ်ရက်လောက်နေပါဦးလားကွာ၊ ဟို ထင်တုံးကြီး နှစ်ခုဖြတ်ပြီး သွားအောင်'
သို့သော် ကျွန်တော် မနေနိုင်ပြီ။
'ကျွန်တော် နောက်မှ လာဖြတ်ပေးပါ့မယ်ဗျာ'
ဤတွင် ဒေါ်အေးဆင့်က...
'နေမလားတော်၊ မယားနဲ့ကွဲလို့ လားနေတာ၊ မယားကပြန်ခေါ်တော့ ချက်ချင်းကြွမှာပေါ့ရှင်'
'ဟီးဟီး...ဟီးဟီး'

ကျွန်တော် ရယ်ချလိုက်လေသည်။ ပြီးလျှင် ကျွန်တော် သူတို့အိမ်မှာ တစ်လနီးပါးမျှ စားသောက် နေသည့်အတွက် ဦမြတ်ချမ်းကို ပထမ၊ ဒေါ်အေးဆင့်ကို ဒုတိယ ဦးသုံးကြိမ်စီ ချခဲ့ပါသည်။
'အေး...ဘုန်းကြီးလို့ သက်ရှည်ပါစေကွာ၊ သားမယားနဲ့ အိုအောင်မင်းအောင် ပေါင်းရပါစေကွယ်၊ ဟေ...ငါ့ ငှက်ပျောခြံနဲ့ သရက်ခြံကို ဂရုစိုက်လိုက်ပါကွာ နော်'
'ဟုတ်ကဲ့၊ စိတ်ချပါခင်ဗျာ'

ကျွန်တော်အရီးလေးဆီကို နှုတ်ဆက်ရအောင်သွားသောအခါ၌ကား ကျွန်တော်၏ ၀မ်းသာသော မျက်နှာ ပြောင်းလဲ သွားလေသည်။ အကျိုးအကြောင်းကို ပြောပြပြီးသည်၌ သူ့မျက်နှာကလေး ပပ၀င်ကာ...
'အရီ အစ်ကိုကြီးအတွက် ၀မ်းသာလိုက်တာကွာ၊ နောက်ကို သင့်သင့်မြတ်မြတ်နဲ့ ရန်မဖြစ်အောင် ပေါင်းနော်'
ကျွန်တော် ဘာမျှ ပြန်မပြောနိုင်ချေ။

'အချိန်အဆင်သင့်ပါပဲ ကိုကြီးရာ၊ မိုးတွေ ရွာနေပြီ၊ ရွာရောက်ရင် လယ်ခွင်ဆင်းဖို့ပဲ၊ လုပ်...လုပ် ကိုကြီးရေ... ကိုယ့်သားမယားအတွက်သာ မဟုတ်ဘဲ မြန်မာပြည်တစ်ပြည်လုံးသာမက နိုင်ငံခြား သာတွေပါ စားရအောင် တို့တောသားတွေ စုလုပ်ပေးကြတယ်လို့ စေတနာထားပြီးလုပ် ကုသိုလ်ရမယ် သိလား ကိုကြီး။
'ရယ်စရာတွေ အများကြီးပြောတတ်တဲ့ ကိုကြီးရာ ပြုံးစမ်းပါဦး၊ ဘယ့်နှယ် ဖြစ်နေတာလဲ အရီ အတွက် စိတ်မကောင်းဖြစ်နေတာလား၊ မဖြစ်ပါနဲ့ ကိုကြီးရာ၊ သတ္တ၀ါတစ်ခု ကံတစ်ခုပါ ကိုကြီး၊ ဘုရားဟောကို ယုံတယ် မှုတ်လား။

'သြော်... ခု ကိုကြီး မြို့ရောက်လာလိုက်တာ ဟီး...ဟီး အင်မတန် ခက်ခဲတဲ့ ဓာတ်စက်မောင်းလဲ တက်သွားပြီ၊ ဘိုင်စကယ်စီးလဲ တက်သွားပြီ၊ လူလဲ ဗိုလ်ဆံတောက်နဲ့ဘာနဲ့ အသားတွေ ဘာတွေလဲ လတ်လို့၊ တော်တော် ကို သေသေသပ်သပ် ဖြစ်နေတာပဲ၊ ဒီလိုဆိုတော့ အရီတို့ ကိုကြီးက လူချောဆရာ'
ဤမှ ကျွန်တော် ပြုံးမိကာ...
'အရီက အမြှောက်တတ်လိုက်တာ'
'အစားလဲတတ်တယ် ကိုကြီးရဲ့၊ ကဲ...ကိုကြီးတို့ ရွာကို အရီလာလည်တော့ ဘာကျွေးမလဲ ပြော'

'ဟင်...အရီက ဘယ်တော့လာမှာလဲ'
တစ်နေ့နေ့လာမှာပေါ့၊ သြော...ကိုကြီးရော အရီလာဖြစ်အောင် ခု ကိုကြီးက အရီ့ ဘိုင်စကယ်ကို စီးသွား၊ ဒီတော့မှ အရီက အမေ့ကို ဘိုင်စကယ် ယူရအောင်လို့ ပြောပြီးလာခဲ့မယ်၊ မကောင်းဘူးလား'
ကျွန်တော့်မှာ သူကလေးကို ရွာသို့ လာစေချင်သည်ဖြစ်၍...
'ကောင်းတယ်...ကောင်တယ်၊ ဒါပေမယ့် တကယ် ယူသွားရမလားလို့၊ အရီအမေက ဆူနေမလား'
'ကိစ္စမရှိပါဘူး... အမေ ဒီလောက်သဘောထားမသေးပါဘူး'
ကျွန်တော်မှာ ရွာတွင် ဘိုင်စကယ်တွေ ဘာတွေ စီးပြချင်သည်နှင့်လည်း အဆင်သင့် ဖြစ်သွားလေ သည်။

'ကောင်းပြီ အရီ၊ ရွာထရွှံ့ဗွက်တွေမဖြစ်ခင် လာခဲ့နော်၊ အရီလာတော့ မြို့မှာမစားဘူးတာကို ကျွေးမယ်'
'ဘာလဲ လင်းတသားနဲ့ ပဒိုင်းသီးလား'
'မဟုတ်ပါဘူး...အကောင်းပြောတာ၊ ဖားသား၊ ဖားသားဆိုလို့လဲ အဖေ့ကို ရွက်ချက်ကျွေးမယ် မအောက်မေ့ နဲ့ဦး'
'အမယ်...ကိကြီးက ဒါတွေတောင် သိနေပြီ'
'အမယ်... ဒါလောက် ဘယ်ကမလဲ၊ ဦးမြတ်ချမ်း သား လေး အင်္ဂလိပ်စာ အံအံနေတာ၊ မားသားဆိုတာ အမေ၊ စစ်စတာဆိုတာ နမ(နွားမ) '
'နှမပါ ကိုကြီးရဲ့'
'ဟဲ...ဟဲ အရီ မိပဟေ့၊ ကိုကြီး သိပါတယ်ကွာ၊ နွားမဆိုတာ 'ကောင်း'တဲ့ နို့ပြီး ဖားကို ဘာခေါ်သလဲဟင်'

'ဖရော့ခ်'
'အေး...အရီ့ကို အဲဒီ ဖလော့သား ချက်ကျွေးမယ်၊ ခုလိုမိုးဦးကျမှာ ကိုကြီးတို့ တောသားတွေ ရာသီစာ ပေါ့ကွာ'
'ဒီပြင်အချိန်ဆိုမှာတော့ မရဘူးလား'
'ရတာ ရနိုင်တယ်၊ ခက်ခက်ခဲခဲ တွင်းတွေ ဘာတွေထဲ တူးချိတ်ယူရတယ်'

'ဟင်...အရီ ဖားကို သေသေချာချား လေ့လာကြည့်ဖူးပါတယ်၊ သူတို့ ခြေတွေ လက်တွေက ဘဲခြေလိုပဲ ပျော့ဖပ်ဖပ် ရေယက်ကြီးတွေနဲ့ တွင်းကျစ်နိုင်သလား
'အဲ...အရီ သိချင်ရင် ပြောပြဦးမယ်၊ သူတို့က ဘာတွင်းမှလုပ်နိုင်တာ မဟုတ်ဘူး၊ မိုးတွင်းအချိန်မှာ တော့ ရေထဲမှာပဲ နေတယ်၊ မိုးနှောင်း ရေခန်းတော့မယ်ဆိုတော့ သူတို့ ပုစွန်တွင်းတွေထဲ ၀င်ရော၊ အထဲက တွင်းရှင် ပုစွန်ကို မျိုပစ်ပြီး အပိုင်စီးနေလိုက်တာပဲ'

နို့ ပုစွန်က မညှပ်ဘူးလား'
ညှပ်တာပေါ့၊ အဲဒီနေရာမှာ သူတို့တစ်ဆောင်း တစ်နွေခိုဖို့ အိမ်ဂေဟာ တိုက်ပွဲကြီးပေါ့၊ ပုစွန်က ကြီးရင်လဲ ဖားသေတာပဲ၊ ဖားက မျိုနိုင်ရင်လဲ ပုစွန်မှာ အသက်ရော စည်းစိမ်ရော ဆုံးတယ်ဆို သလိုပေါ့ကွယ်'

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Monday, November 29, 2010

ရည်ရော်မှန်း အိုင်စမ်းရေပြာ အပိုင်း (၁၁)

(၁ဝ)

အဘသာပေါ် ၏ မိဘတွေသည် မြန်မာလူမျိုးများ မဟုတ်ကြချေ။ မြန်မာတို့နှင့် သွေးသားရင်းချာ များဖြစ်ကြသော ချင်းသွေးပါသည့် သူများဖြစ်ကြသည်။
ဆောင်းဆောင်းဆိုင်းဆိုင်း၊ ပြိုင်းရရိုင်းတည့်၊ မှိုင်းမှိုင်းအုပ်ထွေ၊ ဝေဝေမို့မို့၊ ညို့ရရို့ဖြင့်၊ မြသို့ရှိမ်းရှိမ်း၊ ခပ်သိမ်းတောတောင်၊ ကုန်အောင်ပတ်ကုံး၊ မျှော်မဆုံးသည်၊ နှလုံးများဖွယ် ရှိလှ၏ ဟူသော ရှင်တေဇောသာရ ရေးသားထားခဲ့သည့် ရတုအတိုင်း တောတောင် ဂနိုင်၊ စိမ့်မြိုင်အားကြီးလှသည့် ရခိုင်ရိုးမ တောင်တန်းကြီး အတွင်း တစ်ခုသော တောင်ကြားမှာ ဆွေမျိုးတစ်စု ရွာကလေးတစ်ခု တည် ထောင်နေထိုင် လာခဲ့ကြသည့် ချင်းအမျိုးသား မိဘမှ ပေါက်ဖွားလာသည့်သူဖြစ်သည်။

အဘသာပေါ် လူ့ဘဝရောက်လာပြီး အသက် ဆယ့်လေးနှစ်အရွယ်အထိ သောကဟူသည် မြူခြည်မျှ မရှိခဲ့ဘဲ မိဘများနှင့်အတူ လက်ရည်တစ်ပြင်တည်း လုပ်ကိုင်စားသောက်ကာ ပျော်ရွှင်စွာနေထိုင်လာခဲ့သည်။
မိုးစွန်သီခေါင်၊ ရီမှောင်အုံ့ဆိုင်း၊ မှိုင်းမှိုင်းဝေသော ရခိုင်ရိုးမ တောင်တန်းကြီးသည် လည်းကောင်း၊ မေးမြ ကြည်လင် သွင်သွင်စီးဆင်းလျက်ရှိသော တောင်ကျချောင်းရေများနှင့် တောင်ကမ်းပါးယံမှ စိမ့်ထွက် နေသော စိမ့်စမ်းရေကြည်မှ ရေအိုင်ဖြစ်နေသော စမ်းအိုင်များသည်လည်းကောင်း၊ တောင်မြင့်ဗွေစွန်မှ သွန်သွန် စီးကျနေသည့် ရေတံခွန်များသည်လည်းကောင်း၊ တစ်ပင်ပျံကူး တစ်ပင်မြူး၍ တွန်ကျူး ဟစ်ြွေကးနေသည့် ကျေးငှက်များသည်လည်းကောင်း အဘသာပေါ်သည် မခွဲနိုင်မခွာရက်အောင် မြတ်နိုး ချစ်ခင် နှစ်သက်လှသည်။

ထို့ကြောင့် ဆွေမျိုးတစ်စု အေးချမ်းစွာနေထိုင်ကာ သီးနှံစိုက်ပျိုးလုပ်ကိုင်၍ ရရှိသည့် သီးနှံများကို အိမ်ထောင်စုလိုက် ထမ်းပိုးရွက်ယူကာ ရောင်းချခြင်းဖြင့် ရရှိသည့် ငွေကြေးကို အထိုက်အလျောက် သုံးစားကာ ရောင့်ရဲအေးချမ်းစွာ နေထိုင်လာခဲ့ကြသော ဘသာပေါ်တို့ ရွာကလေးကား စိတ်ချမ်းမြေ့စရာ ကောင်းလှသည်။

အဘသာပေါ်တို့ ရွာကလေးသည် အိမ်ခြေများစွာရှိသည်မဟုတ်ဘဲ၊ ဆွေမျိုးတစ်စုသာ တည်ထောင် နေသော ရွာကလေးဖြစ်သောကြောင့် ဆယ့်ရှစ်အိမ်မျှသာရှိပြီး စုစုပေါင်း လူသုံးဆယ်လောက်သာရှိသည်။ ရွာကလေး သည် ပေခုနစ်ရာကျော်ကျော်မျှသာ မြင့်သည့် ချိပ်တောင် နှင့်တစ်ဖက်က မြင့်မားလှသော တောင်ကြီး တစ်လုံးရှိနေသည့် တောင်ကြားရွာကလေးဖြစ်သည်။ ချိပ်တောင်သည် ရခိုင်ရိုးမတောင်တန်း ကြီးထဲမှာ အပါအဝင် တောင်တန်းငယ်တစ်ခုသာဖြစ်သည်။

မဘသာပေါ်တို့ ရွာကလေးသည် အိမ်ခြေများစွာရှိသည် မဟုတ်ဘဲ၊ ဆွေမျိုးတစ်စုသာ တည်ထောင်နေသော ရွာကလေးဖြစ်သောကြောင့် ဆယ့်ရှစ်အိမ်မျှသာရှိပြီး စုစုပေါင်း လူသုံးဆယ်လောက်သာရှိသည်။ ရွာကလေး သည် ပေခုနစ်ရာကျော်ကျော်မျှသာမြင့်သည့် ချိပ်တောင် နှင့် တစ်ဖက်က မြင့်မားလှသော တောင်ကြီး တစ်လုံး ရှိနေသည့် တောင်ကြားရွာကလေးဖြစ်သည်။ ချိပ်တောင်သည် ရခိုင်ရိုးမတောင်တန်း ကြီးထဲမှာ အပါ အဝင် တောင်တန်းငယ်တစ်ခုသာဖြစ်သည်။

အဘသာပေါ်တို့ နေထိုင်သည့် ရွာကလေးနားမှာ ချောင်းတစ်ခုရှိသည်။ ထိုချောင်းသည် ရွှေဒင်္ဂါး အမည် ရျိသော ချောင်းကြီးတစ်ခုထဲကို စီးဝင်သည့် လက်တက်လေးဖြစ်သည်။ ထိုချောင်းအတိုင်း လိုက်သွားလျှင် ရွှေဒင်္ဂါးချောင်း သို့ ရောက်မည်။ ရွှေဒင်္ဂါးချောင်းအတိုင်း စုန်သွားလျှင် ပြည်ခရိုင်အတွင်းရှိ ဥသျှစ်ပင်သို့ ရောက်နိုင်သည်။

ထို့ကြောင့် ဘသာပေါ်တို့ ဆွေမျိုးတစ်စုသည် သွားလမ်းလာလမ်းအဆင်ပြေသည့် ဤနေရာကိုရွေးပြီး မြေခုတ်ထွင်ကာ တောင်ယာပဲ ခင်းစိုက်ပျိုးခြင်း၊ စပါးစိုက်ပျိုးခြင်းဖြင့် အေးချမ်းသာယာစွာ နေထိုင် လာခဲ့ကြသည် မှာ ဘသာပေါ် လူ့ဘဝမရောက်ခင်ကပင် ဖြစ်သည်။

အေးချမ်းသာယာစွာ နေထိုင်လျက်ရှိကြသော ဘသာပေါ်တို့ ရွာကလေးဝယ် တစ်ခုသောညနေ နေဝင် ဆည်းဆာ အချိန်မှာ ထိတ်လန့်ကြေကွဲစရာ အဖြစ်တစ်ခုသည် မမျှော်လင့်ဘဲ ဖြစ်လိုက်သည်။
ဘသာပေါ် တို့ဆွေမျိုးစုမှာ ဖြစ်ခြင်းမဟုတ်၊ မည်သည့်နေရာက ရောက်လာမှန်းမသိရသော မိသားစု နှစ်စုကြောင့်ဖြစ်သည်။

ချင်းဘာသာဖြင့် ...
'' ငါတို့ကို ကယ်ပါဦး ... ငါတို့ကို ကယ်ပါဦး ''
ဟူသော လှိုက်လှဲစွာ ထိတ်လန့်သောအသံဖြင့် အော်ဟစ်ကာ လူတစ်စုသည် ဘသာပေါ်တို့ ရွာကလေးထဲ ကို ပြေးဝင်လာကြသည်။ လူကြီးငါးယောက်နှင့် ကလေးနှစ်ယောက်ဖြစ်ကြသည်။ ဘသာပေါ်တို့ ဆွေမျိုးတစ်စု သည် အော်ဟစ်ပြေးလွှားလာကြသည့် လူတွေကြောင့် တစ်အိမ်နှင့် တစ်အိမ် လှမ်းအော် သတိပေး အကြောင်းကြားရင်း အသီးသီး ပြေးထွက်ကြည့်လိုက်ကြသည်။ ပြေးထွက် ကြည့်လိုက်သည့် လူစု တွေထဲ မှာ အသက်ဆယ့်ကိုးနှစ် ရှိနေပြီဖြစ်သော ဘသာပေါ်က ရှေ့ဆုံးက ဖြစ်သည်။

ပြေးလာကြလေသော လူစုကား၊ ရွာအစွန် အိမ်တစ်အိမ်ရှေ့ ရောက်ရုံမျှသာရှိသေးသည်။ အတုံးအရုံး လဲကျကာ နှုတ်မှ မပီမသရေရွတ် ပြောဆိုကြရင်းထိတ်လန့်စဖွယ် သေဆုံးကုန်ကြသည်။
သို့သော် သူတို့အုပ်စုထဲမှာ ပါလာသည့် အခါလည်သာသာအရွယ်မျှသာရှိသေးသည့် ကလေးငယ် နှစ်ယောက် ကား သေဆုံးခြင်းမဖြစ်ချေ။ တစ်ယောက်သော ကလေးငယ်သည် တစ်ဦးသောမိန်းမရွယ် ရင်ခွင်ထဲ မှာ တင်းကျပ်စွာ ပိုက်ဖက်ထားလျက် လည်းကောင်း၊ တစ်ဦးသော ကလေးငယ်သည် တစ်ယောက် သော မိန်းမရွယ်ရင်ခွင်မှာ ပိုက်ဖက်ထားလျက်လည်းကောင်း တွေ့ရသည်။

ကလေးငယ် နှစ်ယောက်သည် သူတို့ကို ပိုက်ဖက်လျက်နှင့် သေဆုံးနေကြသော သူတို့မိခင်များ၏ ရင်ခွင်မှာ ဖက်တွယ်ကာ ထိတ်လန့် ကြောက်ရွံ့သည့်အတွက် အသံပင် မထွက်နိုင်ရှာကြချေ။ မျက်လုံးဝိုင်းလေးဖြင့် ဝိုင်းအုံကြည့်နေကြသော ဘသာပေါ်တို့ အုပ်စုကို သနား စဖွယ်ပြူးကြောင်ကြောင် အမူအရာလေးများဖြင့် ကြည့်နေကြ သည်မှာ သနားစရာကောင်းလွန်းတော့သည်။
ရှောင်တခင် တွေ့လိုက်ရသော ထိတ်လန့်စရာ လူမြင်ကွင်းကြောင့် ဘသာပေါ်တို့ ဆွေမျိုးတစ်စုလုံးသည် မည်သူမျှ စကားမပြောနိုင် အောင်ဖြစ်နေကြသည်။ စကားပြောရအောင်ကလည်း မည်သည့်စကားကို မည်သည့် အကြောင်း က စပြီး ပြောရမည်ကို မသိနိုင်အောင် ဖြစ်နေကြသည်။

''ဟော ... ဟော ... သေသွားတဲ့လူတွေကို ကြည့်ကြပါဦး''
အံ့အားသင့်လွန်းသဖြင့် နှုတ်ဆိတ် ငြိမ်သက်စွာဖြင့် မြေပေါ်မှာ လဲကျသေဆုံးနေသူများကို ကြည့်နေကြရာမှ ဘသာပေါ်လေး က ရှေးဦး စွာ အသံထွက်လာသည်။ ထိုအခါမှ ကြည့်နေကြသူတွေသည် သတိထား မိလာကြ သည်။ နေဝင်ဆည်းဆာချိန် တိမ်ရောင်တောက်နေသည့် အတွက် အရာရာကို သဲကွဲစွာ မြင်နိုင် သေးသည့် အလင်းရောင်ထဲဝယ် လဲကျသေဆုံးနေကြသူတွေ၏ ခန္ဓာကိုယ်များမှာ ကြည့်နေရင်းပင် အိုးမဲတုံး တွေလို မည်းနက်သွားကြသည်ကို တွေ့ရသည်။

''ဘယ်လို ဖြစ်သွားတာလဲဟဲ့ ... ၊ မီးလောင်ထားသလိုပါပဲလား ''
ကြည့်နေသူတွေက အံ့အားသင့်စွာ ပြောကြသည်။ ထိုစဉ် ဘသာပေါ်လေးသည် အသက်မသေဘဲ ကြောက်ရွံ့ထိတ်လန့်နေသည့် ကလေးငယ် နှစ်ယောက်ကို လျင်မြန်စွာ ဆွဲယူလိုက်သည်။ ကလေးငယ် နှစ်ယောက် သည် ကြောက်လွန်းသည့်အတွက် မငိုနိုင်ရှာဘဲ အာစေးထည့်ထားသည့်အလား ပြူးကြောင်သော မျက်လုံးလေးများဖြင့် ဘသာပေါ်ဆွဲယူရာသို့ ပါလာကြသည်။
ဘသာပေါ်က ကလေးငယ်နှစ်ယောက်ကို သူ့မိဘတွေလက်ထဲသို့ ထည့်ပေးလိုက်ပြီးသောအခါ မည်သူမျှ မကိုင်ရဲ မထိရဲ ဖြစ်နေကြသော ရုပ်အလောင်းတွေကို ဘသာပေါ်က ရဲဝံ့စွာ ကိုင်တွယ် စမ်းသပ် စူးစမ်း လိုက်သည်။

''အဆိပ်မိတာပဲ၊ ဘာကောင် ကိုက်လိုက်တာပါလိမ့် ... တော်တော်ပြင်းတဲ့ အဆိပ် ''
ဘသာပေါ်က ပြောလိုက်သည်။
''နင်က ဘာကြောင့် အဆိပ်မိတယ်လို့ ပြောနိုင်ရတာလဲ ''
ဘသာပေါ် အမေကမေးသည်။ အခြားသူများကား အလောင်းတွေ အနားကို နီးနီးကပ်ကပ်လည်း မလာ၊ ကိုင်တွယ် ကြည့်ရှုရန်လည်း မဝံ့မရဲကြချေ။ ထို့ကြောင့် ဘသာပေါ် ပြုမူ ပြောဆိုသမျှကိုသာ တိတ်ဆိတ်စွာ ကြည့်ရှု နားထောင်နေကြသည်။

ဘသာပေါ်က သူ့မိခင်ကို ဖြေလိုက်သည်။
''ကြည့်ပါလား အမေ၊ သူတို့ တစ်ကိုယ်လုံး မည်းနေတာ၊ ဒီဟာ ကိုက်လိုက်တဲ့အကောင်ရဲ့ အဆိပ်တွေပေါ့။ သူတို့ အကိုက်ခံရတာ မကြာသေးဘူး၊ အကိုက်ခံရတာနဲ့ ချက်ချင်း ပြေးလာကြတာပဲ၊ ထမင်းအိုး တစ်လုံးချက်လောက်ပဲကြာမယ်။ ထမင်းအိုးဆိုတာ အကြီးကြီး ချက်ရတဲ့ ထမင်းအိုး မဟုတ်သေးဘူး။ တို့ သားအမိ သားအဖ သုံးယောက်စားတဲ့ ထမင်းအိုးလောက်ပဲကြာမယ်။ ဒီအဆိပ် သိပ်ပြင်းပြီး သိပ်မြန်တဲ့ အဆိပ်ပဲ ''

ဘသာပေါ်ပြောသည်ကို အားလုံးက ငြိမ်ပြီး နားထောင်နေကြသည်။ ဘသာပေါ်က သူ့မိခင်ကို အဖြေပေးပြီး ဝိုင်းအုံကြည့်နေကြသူတွေ ကိုလှည့်ပြောလိုက်သည်။
''ကဲ - ကြည့်နေကြလို့မပြီးဘူး။ ဒီအလောင်းတွေကို ဟိုလူသေတွေ မြှုပ်တဲ့နေရာကို ယူသွားပြီး မြှုပ်လိုက်ကြရအောင်၊ မှောင်လာရင် တွင်းတူးဖို့တွေ၊ အလောင်းသယ်ဖို့တွေ မကောင်းတော့ဘူး။ တို့ရွာထဲ မှာ ဒီအလောင်းတွေ တစ်ညလုံး သိပ်ထားလို့ မကောင်းဘူးနော် ...''
အံ့အားသင့်ခြင်း၊ ကြောက်ရွံ့ထိတ်လန့်ခြင်းဖြင့် ဘာလုပ်ရမှန်းမသိ ဖြစ်နေကြသော လူတွေကို ဘသာပေါ် ကပင် ခေါင်းဆောင်ပြောဆိုစီမံ လိုက်သောအခါမှာ ...
''အေးဟေ့ ဟုတ်တယ်။ မှောင်လာရင် မကောင်းဘူး။ ရွာထဲကို မကောင်းဆိုးဝါးတွေ ဝင်လာမယ်၊ ကဲ - လာကြ၊ မြန်မြန်လုပ်လိုက်ကြရ အောင်''
ဟု တစ်ယောက်တစ်ခွန်းကြောက်ကြောက်ဖြင့် ပြောဆိုခေါ်ငင်ကာ မည်သူတေါမှန်းမသိရသော ရုပ်အလောင်းတွေကို အမြန်ဆုံး သယ်ယူမြှုပ်နှံလိုက်ကြတော့သည်။

သေဆုံးကုန်ကြသည့် ဒုက္ခသည်တွေထဲက ဘသာပေါ် ဆွဲယူထားလိုက်သည့် ကလေးငယ်နှစ်ယောက်ကား တစ်ယောက် ကား မိန်းကလေး ဖြစ်သည်။ တစ်ယောက်ကား ယောကျာ်းလေးဖြစ်သည်။ အသက်မှာ ရွယ်တူ လောက်ပင်ဖြစ်သည်။ ဘသာပေါ်၏ မိဘတွေကပင် ဆက်လက် မွေးထားလိုက်သည်။ ဘသာပေါ် ကိုယ်တိုင် ကလည်း ညီအစ်ကိုမောင်နှမမရှိသည့်အတွက် ကလေးနှစ်ယောက်ကို သနားရာမှ ညီအရင်းနှမအရင်းလို ချစ်သည့် စိတ်ကပါ ထပ်လောင်းလိုက်သည်။
ထို့ကြောင့် ဘသာပေါ်သည် ကလေးငယ်နှစ်ယောက်ကို သူ့မိဘတွေထက်ပင် ပိုပြီး အနွံတာခံ ပြုစုမွေးမြူ ယုယနေသည်။
ကလေးငယ် နှစ်ယောက်ကလည်း တစ်ဦးမေတ္တာတစ်ဦးမှာဆိုသည့်အတိုင်း ဘသာပေါ်ကို အစ်ကိုအရင်း ထင်မှတ်ချစ်ခင်နေကြရှာသည်။

စိတ်ထိခိုက်စရာ ကောင်းသည့် ဤအဖြစ်ဆိုးကြီးဖြစ်လိုက်ပြီး ရက်တွေ ကြာသွားသောအခါ ဘသာပေါ်တို့ ဆွေမျိုးစုသည် ထိုအဖြစ်ကို စိတ်ထဲမှာ အမှတ်ထင်ထင် မရှိကြတော့ဘဲ မေ့မေ့ ပျောက်ပျောက် ဖြစ်နေ ကြလေပြီ။ တစ်ခါတစ်ရံ ဘသာပေါ်ချီပိုးထားသည့် ကလေးငယ် နှစ်ယောက်ကို မြင်ကြသည့်အခါမှ ထိုအဖြစ် ကို စကားစပ်မိ ပြောမိကြတော့သည်။
ကလေးငယ် နှစ်ယောက် ကို ဘသာပေါ်သည် နာမည်ထူးထူးထွေထွေမမှည့်တော့ပေ။

''ညီလေး၊ ညီမလေး''
ဟူ၍သာ ခေါ်သည်။ ထို့ကြောင့် အားလုံးသော သူတွေကလည်း ဘသာပေါ် ခေါ်သလိုပင် ကလေး နှစ်ယောက် ကို ...
''ညီလေး၊ ညီမလေး''
ဟုသာ ခေါ်ကြသဖြင့် ကလေးနှစ်ယောက် နာမည်သည် ညီလေးနှင့် ညီမလေးဟူ၍သာ အတည် ဖြစ်သွားကြ တော့သည်။
ကလေး နှစ်ယောက် ဤရွာသို့ ရောက်လာပြီး ခြောက်လကြာသောအခါ သတင်းတစ်ခုကြားရသည်။

ဘသာပေါ်တို့လိုပင် တောင်ခြေတစ်ခုမှာ အသီးအနှံစိုက်ပျိုးနေထိုင်ကြသော ရွာငယ်တစ်ရွာသည် မည်သည့် အကြောင်း ကြောင့် မသိ။ သတင်းအစအန မပေါ်အောင်ပင် လူတွေ မကြာခဏ ပျောက်လေ့ရှိကြောင်း၊ တစ်ခါတစ်ရံ ရွာရှိနေသည့် နေရာနှင့်မဝေးကွာလွန်းသည့် တောင်မှ ညအချိန် လူခြေတိတ်သောအခါမှာ မည်ကဲ့ သို့သော အသံမျိုး မှန်းမသိ၊ ကြောက်စရာကောင်းသော အသံမျိုးကို ကြားရတတ် ကြောင်း၊ တစ်ခါ တစ်ရံ လမိုက်ညရက်များတွင် တောင်ခါးလယ်လောက်မှာ မီးလုံးလို နီရဲသော အလုံးနှစ်လုံးသည် ရွေ့လျား သွားလာနေ သည်ကို တွေ့ရလေ့ရှိကြောင်း။
ထို့ကြောင့် ရွာသူရာါသားတွေသည် ထိုရွာမှာ မနေဝံ့ကြတော့ဘဲ ပြောင်းပြေးကြသည့်အတွက် ရွာပျက် သွားပြီ ဖြစ်ကြောင်း ...။

ဥသျှစ်ပင်ကို ဈေးရောင်းဈေးဝယ် ဆင်းလာကြသော ဘသာပေါ်တို့ ဆွေမျိုးစုသည် သူတို့လိုပင် ဈေးရောင်း ဈေးဝယ် ဆင်းလာကြသည့် အခြားရာါမျ ခငျါးမျိုးသားများနှင့် တွေ့ဆုံနှုတ်ဆက်ကာ တစ်ရွာ အကြောင်း ကို တစ်ရွာက သတင်းမေးကြရာမှ အထက်ပါ သတင်းကို ကြားလာခဲ့ကြရသည်။

သို့သော် ဘသာပေါ်တို့ ဆွေမျိုးစုသည် ထိုသတင်းအတွက် သူတို့စိတ်တွင် မည်သို့မျှ ထူးထူးထွေထွေ မဖြစ်။ ပျက်သည့်ရွာက သူတို့ အကြောင်းနှင့်သူတို့ ပျက်စီးသွားကြသော်လည်း ဘသာပေါ်တို့ ဆွေမျိုးစုရွာကား ဘေးမသီ ရန်မခ အေးချမ်းသာယာလျက်ပင် ရှိနေသည့် အတွက် မည်သူမျှ စိတ်ထဲမှာ လေးလေးနက်နက် တွေးတောခြင်း မပြုခဲ့ကြချေ။
သို့နှင့်ပင် ငါးနှစ်မျှသာ အချိန်သည် ကြာလိုက်သည်မထင်ရဘဲ ကုန်လွန်လာခဲ့သည်။

ညီလေးနှင့် ညီမလေးတို့နှစ်ယောက်သည် အသက်ခြောက်နှစ်ခန့် ရှိလာပြီဖြစ်သောကြောင့် ဘသာပေါ် မိဘတွေ ကို သူတို့အင်အားဖြင့် တတ်စွမ်းသရွေ့ ကူညီလုပ်ကိုင်ပေးကြသည်။ ထို့ကြောင့် မွေးကျွေး လာခဲ့ရသော ဘသာပေါ်တို့သည် ညီလေးနှင့် ညီမလေးကို အားကိုးခြင်း၊ ချစ်ခင်ကြင်နာခြင်းတို့ တိုးလာ ရပြန်တော့သည်။
ဤအချိန် မှာ ဘသာပေါ်၏ အသက်သည် နှစ်ဆယ်ကျော်၍ လေးနှစ်ပင် စွန်းခဲ့ပြီဖြစ်သည်။ ဘသာပေါ်ကို မိဘ တွေက အိမ်ထောင်ပြုစေ ချင်ကြသည်။ သို့သော် ဘသာပေါ်ကား အိမ်ထောင်ပြုလိုစိတ် မရှိချေ။ ထို့ကြောင့် လူပျိုကြီးဘဝဖြင့်ပင် ညီလေးနှင့် ညီမလေးကို လေး လေးနက်နက် ချစ်နေရှာသည်။

ဤအချိန်မှာ ဘသာပေါ်တို့ ဆွေမျိုးတစ်စု အမှတ်မထင်နေခဲ့သော သတင်းသည် အစ ပြန်ပေါ်လာပြန်သည်။
ဘသာပေါ်တို့ရွာနှင့် အနီးဆုံးဖြစ်သောရွာတွင် လူတွေပျောက်ပြန်သည်။ ပျောက်ပုံကလည်း ထူးဆန်းသည်။ နေ့ခင်း အချိန်မျိုး၊ နံနက် အချိန်မျိုးမှာ တောတောင်ထဲကို ထင်းခွေ၊ ဟင်းရွက်ခူး သွားသူတွေသည် လူနှစ်ရပ် မျှ အမြင့်ရှိပြီး သန်စွမ်းသော ယောကျာ်းကြီးတစ် ယောက်၏ ပေါင်လုံးခန့်မျှရှိသော မီးလောင်ငုတ်ကြီးလိုလို၊ သစ်ခြောက်ပင်ကြီး လိုလို မားမားမတ်မတ်ရှိသော အရာဝတ္ထုကြီးတစ်ခုကို တစ်ခါတစ်ရံ တွေ့လေ့ ရှိကြသည်ဟု ဆိုသည်။

ထိုအရာသည် လုံးဝ လှုပ်ရှားခြင်းလည်းမရှိ၊ အရောင်အဆင်းကလည်း တောမီးလောင်ထားပြီးသည့် သစ်ပင်ခြောက်ကြီးလို မည်းနက်နေသည့် အရောင်အဆင်းရှိနေသည်။ ထိုအရာကို တောထဲ ရောက်သွားသည့် လူတွေကလည်း တောမီးလောင်ထားပြီးသည့် သစ်ပင်ခြောက်ကြီးသာဖြစ်သည်ဟူသော ပေါ့ပေါ့ တန်တန် အမှတ်သညာဖြင့် မည်သူကမျှ သတိပြု ဂရုစိုက်ကာ သေသေချာချာ ကြည့်ခြင်း မရှိခဲ့ကြ ချေ။

သို့သော် ထိုသစ်ပင်ခြောက်ကြီးလိုလို၊ မီးလောင်တိုင် ငုတ်ကြီးလိုလို အရာကြီးကိုတွေ့ရသည့်အခါတိုင်း တောထဲသို့ ထင်းခွေဟင်းရွက်ခူး သွားသူတွေထဲမှာ နောက်ဆုံးက လိုက်လာသူသည် ရွာသို့ ပြန်မရောက်ဘဲ ပျောက်ဆုံး ခဲ့သည်ချည်းဖြစ်သည်။

''သူက နောက်ဆုံးက လိုက်လာတာပဲ။ ကိုယ့်ပစ္စည်း ကိုယ်သယ်လာခဲ့ကြရတော့ ဘယ်သူမှ နောက်ကို လှည့်မကြည့်မိကြဘူးလေ။ ဘာသံမှလဲ မကြားမိလိုက်ပါဘူး။ တောထဲမှာ ထူးထူးခြားခြား တွေ့ရတာဆိုရင် မီးလောင်တိုင်ငုတ်ကြီးပဲ တွေ့ရတယ်။ အဲဒီအနားက ဖြတ်လာခဲ့ကြတာပဲ ''

ဟူသော အတူသွားဖော်လာဖော်တွေ၏ ပြောပြချက်အရ ထိုမီးလောင်တိုင်ငုတ်ကြီး တွေ့ရသည်ဆိုသော နေရာသို့ လူစုပြီး သွားကြည့် သောအခါ မီးလောင်တိုင်ငုတ်နှင့်တူသည့် အရာဟူ၍ လုံးဝ မတွေ့ကြရချေ။ ထိုနေရာတစ်ဝိုက်သည် တောမီးလောင်ထားသည့် အသွင်သဏ္ဍာန်မျိုး လုံးဝမရှိဘဲ စိမ်းစိမ်းစိုစို ညိုညိုမှိုင်းမှိုင်း သစ်ပင်ချုံပုတ်တွေကိုသာ တွေ့ရသည်။
သို့နှင့်ပင် ထိုရွာသည် အလိုလိုလန့်ကာ တခြားသို့ ပြောင်းရွှေ့သွားကြခြင်းဖြင့် ရွာပျက်ပြန်တော့သည်။

သို့နှင့်ပင် နောက်ဆုံးပျက်သောရွာသည် ဘသာပေါ်တို့ရွာနှင့် အနီးဆုံးဖြစ်သည်။ ထိုအခါ ဘသာပေါ် တို့သည် ယခင်ကလို အမှတ်မထင် အေးအေးဆေးဆေးနေ၍ မဖြစ်တော့ကြောင်း စဉ်းစားလာမိကြသည်။
ထို့အပြင် ထိုရွာတွေ ပျက်စီးပြောင်းရွှေ့ရခြင်းနှင့် ဘသာပေါ်တို့ ရွာသို့ မရငမလှအဖြစ်မျိုးနှင့် ရောက်လာ သေဆုံးသွားကြရသော လူတစ်စုနှင့်ညီလေး၊ ညီမလေးတို့သည် ရွာပျက်ခဲ့ကြသည့် အကြောင်းတွေနှင့် တိုက်ရိုက်သက်ဆိုင်နေခြင်းဖြစ်ပေမည်ဟု ဘသာပေါ်တို့ စဉ်းစားလာမိကြသည်။

ထိုအခါ ဘသာပေါ်တို့ရွာသည် ထိုကိစ္စအတွက် စူးစမ်းမှုပြုကြရတော့မည်ဖြစ်သည်။
ဤကိစ္စကို စူးစမ်းရန် ပြောဆိုစီစဉ်နေကြဆဲဝယ် ဘသာပေါ်တို့ ရွာသားတစ်ယောက်သည် နွယ်ခုတ်ရန် တောထဲသို့သွားရာမှ နွယ်မခုတ်နိုင်တော့ဘဲ ကြောက်လန့်စွာ အသက်ဆံဖျား အော်ဟစ်ပြန်ပြေးလာခဲ့သည်။

ရွာသူရွာသားတွေက မေးကြသည်ကို တော်တော်ဖြင့် အဖြေမပေးနိုင်အောင် ကြောက်လန့်ခြင်း ပြင်းစွာ ဖြစ်နေသည်။ အသက်ရှူမှန်အောင်၊ စိတ်ငြိမ်သွားအောင် ဝိုင်းဝန်းပြုစုကြပြီးမှ မေးမြန်းကြရသည်။
မီးလောင်တိုင်ငုတ်လို အရာကြီးကို တောင်ဟိုဘက်စောင်း နွယ်ခုတ်သွားရာလမ်းတွင် တွေ့ခဲ့ရကြောင်း၊ ထို့ကြောင့် ပြန်ပြေးလာခဲ့ကြောင်း၊ သူတွေ့လာခဲ့သည့် အရာဝတ္ထုကြီးသည် ယခင် ပျက်စီးပြောင်းရွှေ့သွားသည့် ရွာသူရွာသားတွေ ပြောပြခဲ့ကြသည့် ပုံသဏ္ဍာန်အတိုင်းပင် ဖြစ်ကြောင်းကို ထိတ်လန့်စွာ ပြန်ပြောပြသောအခါ ဘသာပေါ်တို့ ရွာသူရွာသားတွေသည် မျက်လုံးဝိုင်းကုန်ကြတော့သည်။

ဘသာပေါ်တို့ ရွာသူရွာသားတွေကား ဆွေမျိုးတစ်စုလုံး ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကိုးကွယ်ကြသော မြေပြန့်ချင်း အမျိုးသားများ ဖြစ်ကြသည်။ ဘုရားကို ရျိခိုးတိုင်တည်သူက ရှိခိုးတိုင်တည်ကြသည်။ ကြောက်ခြင်းဖြင့် ငိုသူက ငိုကြသည်။ ရွာကို ခြံစည်းရိုးလုံအောင် ကာထားရန် အကြံပေးသူက ပေးကြသည်။ ဥသျှစ်ပင်ကို ဆင်းကာ သံဃာတော်သုံးပါးလောက် ပင့်လာပြီး၊ ရွာကို ပရိတ်ရွတ်ကာကွယ်ရန် အကြံပေးသူကပေးကြသည်။

တစ်ယောက်တစ်ခွန်း ပြောဆိုနေကြသော်လည်း ဘသာပေါ်သည် ဘာမျှမပြောဘဲ နှုတ်ဆိတ် ငြိမ်သက် နေသည်။ ဤအရေးအခင်းကြီး သူတို့နေထိုင်သည့် ရွာနားသို့ နီးကပ်မလာမီ တောတောင်တစ်ခွင် လှည့်လည်စဉ်က အမှတ်မထင် သူဖူးတွေ့ခဲ့ရဖူးသည့် တောရဆောက် တည်တရားကျင့်နေသည့် ဘုန်းတော်ကြီး တစ်ပါးကို သတိရနေသည်။
''ဘုန်းတော်ကြီးရှိနေသေးလား၊ ဘုန်းတော်ကြီးကို လျှောက်ထားကြည့်ရင် ထိုဒုက္ခပေးနေသော အရာဝတ္ထုကြီး သည် မည်သည့်အရာဝတ္ထုကြီးဖြစ်သနည်း၊ ဘုန်းတော်ကြီးကတော့ သိတော်မူလိမ့်မည် ထင်ပါတယ်''

စသည်ဖြင့် စိတ်ထဲက ပြောနေမိသည်။ ထိုသို့ သူ့စိတ်ထဲက ပြောနေမိသည့်အတိုင်း အကောင်အထည် ဖော်ရန် စိတ်ကို ဆုံးဖြတ်လိုက်သည်။
သူ့ စိတ်ဆုံးဖြတ်ချက်ကို မည်သူ့ကိုမျှ သူ မပြောချေ။ သူ့မိဘတွေသိလျှင် မည်သည့်နည်းနှင့်မျှ ခွင့်ပြုကြမည်မဟုတ်ဘဲ အတင်းအကြပ် တားမြစ်မည်ကို ဘသာပေါ် အတပ်သိသည်။ ထို့ကြောင့် နံနက်လင်း လျှင် လင်းချင်း ဘုန်းတော်ဘကိးကိုလည်း တွေ့အောင်ရှာမည်။ ရွာတွေပျက်လောက်အောင် ဒုက္ခပေး နေသည့် ထိုအကောင်ကြီးကိုလည်း တောတောင်ထဲမှာ သွားရင်းဟန်လွဲ တွေ့ခဲ့ပါလျှင် ရှင်းလင်း သုတ်သင်နိုင် က ရှင်းလင်းသုတ်သင်ခဲ့မည်ဟု စိတ်ကူးလိုက်သည်။

မည်သူ့ကိုမျှ အဖော်မစပ်ချေ။ အဖော်စပ်လျှင် မည်သူမျှ လိုက်ဝံ့မည်မဟုတ်ဘဲ စကားတွေပံျ့ကာ သူ့ မိဘ တွေ သိသွားပြီး သူ့အကြံပျက် မည်ကို တွေးမိသည်။ ထို့ကြောင့် အမူအရာမပျက် တိတ်တဆိတ် ဝင် နေလိုက်သည်။

နောက်တစ်နေ့နံနက် အရုဏ်တက်ချိန်သာသာ အလင်းရောင်ကောင်းစွာရသည့်အချိန်တွင် ဘသာပေါ် သည် သူ့လက်စွဲတော် ဒူးလေးသာမဟုတ်၊ မြိနေအောင် သွေးထားသော ဓားရှည်တစ်ချောင်း၊ အခေါင်းပိတ် အဆစ် မှာ ဝါရင်းတုတ်တစ်ချောင်းကိုပါ ယူဆောင်ကာ ရေဘူးတစ်ဘူး၊ မီးဖုတ်ထားသော အသားခြောက် တစ်ထုပ် ကို ထည့်ထားသည့် အိတ်ကို လွယ်ပြီး အိမ်မှ ထွက်လာခဲ့သည်။
သူ့မိဘ တွေကမူ ခါတိုင်းလိုပင် သီးနှံစိုက်ခင်းရှိရာသို့ သွားသည်ဟုထင်ကာ မမေးမမြန်းနေလိုက်သည်။

ဘသာပေါ်သည် သွားရာလမ်းတစ်လျှောက်မှာ မျက်စေ့နှင့် နားကို အထူးလျင်မြန်စွာ သုံးသွားသည်။ ယမန်နေ့က နွယ်ခုတ်သွားသူ တွေ့လာခဲ့သည့် ထိုအရာဝတ္ထုကြီး ရှိနေသည်ဆိုသော နေရာကို ဦးတည်ပြီးလာခဲ့သည်။
သူ အမျတ်မထင် ဖူးမြင်ခဲ့ဖူးသည့်  ဘုန်းတော်ကြီး တောရဆောက်တည် တရားကျင့်နေသည့်နေရာကိုမူ ဘသာပေါ်သည် ကောင်းကောင်း မမှတ်မိခဲ့ချေ။ ထို့ကြောင့် နေရာကို အရင်ရောက်အောင် သွားမည်ဟူသော စိတ်ကူးဖြင့် နွယ်ခုတ်သူ တွေ့လာခြ့သည့် နေရာကို ဦးတည်လာခဲ့ခြင်းဖြစ်သည်။

နွယ်ခုတ်သူက ထိုအရာဝတ္ထုကြီးကို တွေ့လာခဲ့သည်ဆိုသော နေရာသို့ ရောက်သောအခါ မည်သည့် အရာကိုမျှ မတွေ့ရချေ။ ဘသာပေါ်သည် ထိုနေရာမှ မြေအနေအထားကို လေ့လာကြည့်ရှုလိုက်သည်။ လေးပင်သော အရာတစ်ခုကို တရါတ်ဆွဲလာသကဲ့သို့သော စွတ်ကြောင်းကြီးကို တွေ့ရသည်။ စွတ်ကြောင်း ကြီးသည် သန်စွမ်းပြည့်ဖြိုးသော ယောကျာ်းကြီးတစ်ယောက်၏ ပေါင်ရင်းလောက် ရှိနေ သည်ကို တွေ့ရသည်။ စွတ်ကြောင်းကြီး ရှိနေရာတစ်လျှောက် သတိထား ကြည့်ရှုသူအဖို့ သိသာအောင်ပင် ထင်နေသည်။

ဘသာပေါ်သည် စွတ်ကြောင်းတစ်လျှောက်ကို လိုက်ကြည့်ရန် စဉ်းစားချင့်ချိန်နေလိုက်သည်။ ထို့နောက် သူ့လက်စွဲတော် လက်နက်များ ကိုအားကိုးခြင်း၊ သန်စွမ်းကျင်လည် ဖျတ်လတ်သော သူ့ပင်ကို အရည်အချင်း ကို အားကိုးစိတ်ချယုံကြည်ခြင်းဖြင့် လူတွေကို ထိတ်လန့် ကြောက်ရွံ့အောင်၊ သေကြေပျက်စီးအောင် အခြေအနေပျက်ဖြစ်အောင် ဒုက္ခပေးနေသော ထိုအရာဝတ္ထုကြိးကို သုတ်သင်ရှင်းလင်းလိုက် ခြင်းဖြင့် ဒုက္ခသည်တွေကို ကယ်တင်တော့မည်ဟူသော စေတနာဖြင့် စွတ်ကြောင်းကြီးအတိုင်းလိုက်ကာ ထိုအရာဝတ္ထုကြီးကို ရှာဖွေရင် ဆိုင်တော့မည်ဟု စိတ်ကိုခိုင်မာစွာ ဆုံးဖြတ်လိုက်သည်။

ထိုသို့ ဆုံးဖြတ်လိုက်သောအခါ ဘသာပေါ်သည် သူ့နောက်မှာ မည်သည့် ဘေးအန္တရာယ်မျှ မလာနိုင်အောင် သစ်ပင်ကြီးတစ်ပင်ကို ကျောမှီထိုင်ကာ မြတ်စွာဘုရားကို အာရုံပြု ရှိခိုးလိုက်သည်။ ဒုက္ခသည်တွေကို ကယ်တင်လိုသော စေတနာဖြင့် ရင်ဆိုင်နှိမ်နင်းရာမှာ စေတနာအကျိုးပေးသောအားဖြင့် နှိမ်နင်းနိုင်ရပါလို၏ ဟူသော ဆုကို တောင်းလိုက်သည်။
ထို့နောက် ဘသာပေါ်သည် စွတ်ကြောင်းကြီးကို ကြည့်ကာ စွတ်ကြောင်းကြီးဘေးမှ မြှောင်လိုက် သွားလေသည်။ ထိုသို့ လိုက်သွားစဉ်မှာ ဘသာပေါ်သည် အနည်းငယ်မျှ သတိကို မလစ်စေ ရအောင် အထူးဂရုစိုက်ခဲ့သည်။ ဒူးလေးနှင့် မြားတံကိုလည်း အသင့်အနေအထား ပြင်ထားသည်။

စွတ်ကြောင်းကြီးသည် တောင်တစ်လုံးကို ပတ်ကာ တစ်ခုသော တောင်ခေါင်းအဝမှာ ဆုံးသွားသည်။
''ဒီတောင်ခေါင်းထဲမှာ ဒီအရာဝတ္ထုကြီးရှိမှာပဲ ''

ဘသာပေါ်က စိတ်ထဲက ပြောပြီး သူ့နောက်မှ ရန်သူမလာနိုင်အောင် ကြီးမားသော ကျောက်တုံးကြီး တစ်တုံးကို ကျောမှီထားလိုက်သည်။ ဘသာပေါ် ကျောမှီ အကာအကွယ်ယူထားသော ကျောက်တုံးကြီး ရှိနေသော နေရာကလည်း စွတ်ကြောင်းကြီးဆုံးသွားသော တောင်ခေါင်းဝဘက်ကို တည့်တည့် လှည့် နေသော နေရာဖြစ်၍ ဘသာပေါ်အဖို့ အဆင်ပြေနေသည်။
''ကဲ - ထွက်ခဲ့စမ်းဟေ့ ''

အောင်မြင်ခန့်ညားသော အသံဖြင့် ဘသာပေးက အော်ခေါ်လိုက်သည်။ ဒူးလေးကို အသင့်တင်ကာ မြားတံတပ်ထားသည်။ ဝါးရင်းတုတ် ကြီးဖြင့် စွပ်ောကာင်းပေါ်ကို ဆောင့်ကာ ...
'' လာခဲ့စမ်း၊ ထွက်ခဲ့စမ်း ''
ဟု အောင်မြင်သောအသံဖြင့် ဟစ်ခေါ်လိုက်သည်။ မျက်လုံးက တောင်ခေါင်းအဝကို သတိကြီးစွာထားကာ မျက်ခြည် မပြတ် ကြည့်နေသည်။ နားကို အစွမ်းကုန် စွင့်ထားသည်။ ဘသာပေါ် ကျောမှီထားသည့် ကျောက်တုံးကြီး အနားမှာ ပေါက်နေသော ကြီးမားသည့် သစ်ပင်ကြီး၏ အကိုင်းအခက်တွေက ဘသာပေါ် ဦးခေါင်းပေါ် ကို မိုးနေသည်။ ဦးခေါင်းပေါ်တည့်တည့် သစ်ကိုင်းထက်က -
''ရိုက်ပုတ် ထုတ်လေ ... ဆုတ် ... ဆုတ် ... ဆုတ်လေ ... ရိုက်ပုတ် ထုတ်လေ ... ''

ဟူသော တောလုံငှက်သည် ဘသာပေါ်ကို အားပေးသည့် အလား ပီပီသသကြီး အဆက်မပြတ် မြည်ြွေကးနေသည်။ တောလုံငှက်ဟစ်ြွေကး သံပေးသည့် နေရာဆိုလျှင် ဘေးအန္တရာယ် ကင်းဝေးလုံခြုံသည်ကို ဘသာပေါ် သိပြီးဖြစ်သောကြောင့် စိတ်ဓာတ် တက်ြွကကာ တောင်ခေါင်းထဲမှာ ရှိမည်ထင်ရသော အရာဝတ္ထုကြီးကို အော်မေးနေသည့်အသံသည် ပိုပြီး သြဇာအဏာသံ ပါနေသည်။ ကြီးစွာသော သတိဖြင့် တောင်ခေါင်းအဝကို ကြည့်နေသော ဘသာပေါ်၏ မျက်လုံးတွင် တောင်ခေါင်းအဝမှာ မီးကျီးခဲလို အရာနှစ်ခုကို မြင်နေပြီဖြစ်သည်။

တောင်ခေါင်းအဝမှာ မှောင်နေသည်ဖြစ်ရာ အမှောင်ထဲမှာ အလျှံပြောင်ပြောင် ထွက်နေသည် ထင်ရအောင် ပင် နီရဲတောက်ပနေသော အရာ နှစ်ခုသည် တစ်ခုလျှင် ဝေလာခေါင်း ငွေဒင်္ဂါးအရွယ်လောက်ရှိပြီး တစ်ခု နှင့် တစ်ခု အကွာအဝေးမှာ ဘသာပေါ် စိတ်ထင် တစ်ထွာလောက် ရှိမည်ဟု မှန်းဆမိသည်။

တွင်းထွက် ပတ္တမြားလို၊ မီးကျီးခဲလို လှပစွာ နီရဲတောက်ပြောင်နေသော ထိုအရာနှစ်ခုသည် တောင်ခေါင်းဝ အမှောင် ထဲဝယ် ငြိမ်သက် နေသည်။
'' ဟေ့ ... ငါခေါ်နေတယ်၊ အခုချက်ချင်း ထွက်လာခဲ့ ''
ဘသာပေါ် သည် လက်ဝါးကို ဖြန့်ကာ ထိုအရာကို လက်ယပ်ခေါ်လိုက်သည်။ စွတ်ကြောင်းပေါ်ကို ထောက်ထားသော ဝါးရင်းတုတ်ကို လက်ဖြင့် ပြင်းပြင်း ဆောင့်လိုက်သည်။ ထိုအခါ ဘသာပေါ်၏ နားထဲ တွင် ညည်းညူသံ လိုလို အသံကြီးကို ကြားလိုက်ရပြီး နီရဲ တောက်ပြောင်သော ထိုအရာနှစ်ခုသည် တောင်ခေါင်း အဝ သို့ တရွေ့ရွေ့ ထွက်လာသည်။

ရုတ်တရက်သော် ဘသာပေါ်သည် အသက်ရှူ မှားလုနီးပါးထိတ်လန့်သွားမိသည်။ ထိုအရာကား စင်စင်နက်အရောင်ဖြင့် မည်းမှောင် သော အဆင်းအရောင်ရှိသည့် ကြောက်မက်ဖွယ် ကြီးမားသောြွေမကြီးတစ်ကောင် ဖြစ်ချေသည်။ တောင်ခေါင်းအဝမှ နီရဲတောက်ပြောင် သောအရောင်အဆင်းဖြင့် ဘသာပေါ် မြင်ခဲ့သည့် အရာနှစ်ခုကားြွေမကြီး၏ မျက်လုံးနှစ်လုံးဖြစ်သည်။
သန်စွမ်း သော ယောကျာ်းကြီးတစ်ယောက်၏ ပေါင်လုံးလောက်ကြီးမားသော ကိုယ်လုံးရှိသည့်ြွေမကြီးသည် အရှည် မှာ သုံးလံကျော်ခန့် ရှိသည်။ ဤအခြေအနေမှာ ရှိနေသောြွေမကြီးသည် လူတစ်ယောက်ကို သာသာလေး ရစ်ပတ်မျိုချနိုင်စွမ်း ရှိနေသည်ကို ဘသာပေါ် ကောင်းကောင်းစဉ်းစားမိသည်။

ဘသာပေါ်သည် တောင်ခေါင်းထဲမှာ ရှိနေသော ရန်သူကိုြွေမဟုမထင်ခဲ့ချေ။ အခြား တိရစ္ဆာန် တစ်ကောင် ဟုထင်ကာ အသံပေးနေခဲ့ခြင်း ဖြစ်ရာ ယခြုွေမကြီးကို မြင်ရသောအခါ ပြင်းစွာ တုန်လှုပ်မိသည်။ ဤမျှ ကြီးမား၍ ကြောက်မက်ဖွယ်ကောင်းသောြွေမကြီးမျိုးကို ယခု အသက်အရွယ်အထိ တစ်ကြိမ်မျှ မမြင်ခဲ့ဘူးချေ။ ထို့ကြောင့် ဘသာပေး ပြင်းထန်စွာ ထိတ်လန့်ကြောက်ရွံ့သွားခြင်းဖြစ်သည်။ ပြင်းထန်စွာ ထိတ်လန့်သူ တိုပသည် အသံကုန် အော်လျှင်အော်၊ မအော်လျှင် ပါးစပ်ကို အစွမ်းကုန်ဟကာ လျှာထွက် လာတတ်ကြသည်။ ဘသာပေါ်သည် ထိုနည်းအတိုင်း အသံမထွက်နိုင် မအော်နိုင်ဘဲ ပါးစပ်ဟကာ လျှာထွက် နေတော့သည်။ ပါးစပ်ကို မပိတ်နိုင်၊ လျှာတစ်လစ် မျက်လုံးအပြူးသားဖြင့် ကြောင်ကြောင်ကြီး ကြည့်နေ တော့သည်။

ြွေမကြီးသည် အနည်းငယ် ဦးခေါင်းထောင်ကာ လျှာတစ်လစ်ဖြင့် ဟထားသော ဘသာပေါ်၏ ပါးစပ်ကို တစ်ချက်မျှ ကြည့်လိုက်ပြီး ဦးခေါင်းပြန်လည် ငုံ့လှျိုးလိုက်ကာ ဘသာပေါ်ရှေ့ တစ်လံကျော်ကျော် အကွာတွင် မာန်လျှော့ အညံ့ခံသည့်အလား ဦးခေါင်းကို မြေပြင် ပေါ်ကပီကာ မလှုပ်မယှက်ဘဲ စင်းစင်းကြီး ငြိမ်နေသည်။

အခိုက်အတန့်မျှ ကြောင်ကြည့်နေမိသော ဘသာပေါ်သည် ဖျတ်ခနဲ သတိပြန်ဝင်လာသည်။ ရွာပျက်အောင်ပင် လူတွေကို သတ်ဖြတ် ဒုက္ခပေးနေသော ဤသတ္တဝါကို ဤအတိုင်းထားခဲ့လျှင် အဆိပ်ပင်ကြီး ကို ရေလောင်းပေးသလို ဖြစ်တော့မည်ဟုတွေးကာ မြေပေါ်တွင် မလှုပ်မယှက် စင်းစင်းကြီး ငြိမ်နေသောြွေမကြီး၏ ဦးခေါင်းကို ဒူးလေးဖြင့် သေချာစွာ ချိန်ကာ ပစ်ထည့်လိုက်သည်။ ဘသာပေါ် ပစ် လိုက်သော ဒူးလေးမှ မြားတံသည်ြွေမကြီး၏ ဦးနှောက်နေရာကို သေချာတည့်မတ်စွာ ထွင်းဖောက်သွားပြီး မြေကြီး ကို စိုက်ဝင်သွားသည်။ြွေမကြီး၏ ဦးခေါင်းကို မြေပြင်နှင့် ကပ်ကာ တံကျင်လှျိုထားသလို ဖြစ်သွားသည်။

စင်းစင်းကြီး ဖြစ်နေသောြွေမကြီး၏ ကိုယ်လုံးသည် သုံးလေးချက်မျှ ထွန့်ထွန့်လူးသွားပြီး အဆုံးစွန် ငြိမ်သက် သွား လေတော့သည်။
ဘသာပေါ်သည် သူ့ကိုယ်ကို သူ ပြန်အံ့သြနေသည်။ သူ့ကိုယ်ကို သူ နားမလည်နိုင်အောင် ဖြစ်နေသည်။ လူပေါင်းများစွာ ကို ထိတ်လန့် ကြောက်ရွံ့စေခဲ့သော၊ အသေဆိုးဖြင့် သေစေခဲ့သော၊ လူကောင်ကို အစာ အဖြစ် မျိုချစားသောက်ခဲ့သော၊ ရွာပျက်အောင်ပင် ဒုက္ခပေးနိုင်စွမ်းရှိခဲ့သော၊ ကြောက်မတ်ဖါယ် ကြီးမား သောြွေမဆိုးကြီး သည် အဘယ်ကြောင့် သူ့စကားကို ကျိုးနွံစွာနာခံပြီး မလှုပ် မယှက် ရန်မမူဝံ့ဘဲ ငြိမ်ငြိမ် လေး အသေခံသွားပါသနည်း။

ဘသာပေါ်သည်ြွေမသေကောင်ကြီးကို ကြည့်ကာ ဝမ်းမသာနိုင်တော့ဘဲ စိတ်ထဲမှာ သနားနေမိသည်။
'' ငါသတ်လိုက်မိတာ မှားများသွားသလား၊ အို ... ငါမသတ်ရင် ဒီသတ္တဝါက ငါတို့ရွာကိုလည်း ပျက်အောင် ဖျက်တော့မယ့် ဆဲဆဲပဲ။ တစ်နေ့က နွယ်ခုတ်သွားတဲ့လူတောင် အပြေးကောင်းလွန်းလို့၊ သတိကောင်းလွန်းလို့ အသက်ချမ်းသာရာ ရလာခဲ့တာ။ ငါသတ်လိုက် တာမမှားပါဘူးလေ။ သူ့အသက်တစ်ခုကို ညှာလိုက်ရင် ငါအပါအဝင် အသက်တွေ အများကြီး ပျက်စီးကြမယ်။ ညီလေးနဲ့ ညီမလေး တို့ ဒုက္ခရောက်ခဲ့တာ ဒီအကောင်ကြီးပဲ ''

ဘသာပေါ်က စိတ်ကို ပြန်ဖြေလိုက်သည်။ ထို့နောက်ြွေမကြီး ဦးခေါင်းမှာ စိုက်ဝင်နေသော မြားတံကို ဆွဲနုတ် ကာြွေမကြီးကိုယ်လုံးကြီးကို ပက်လက်လှန်ကြည့်လိုက်သည်။
ြွေမကြီး ပါးပျဉ်းထသည့်နေရာတွင် မည်းနက်သော စက်အတန့်များအပြင် စက်အတန့်တစ်ခုနှင့် တစ်ခုကြားမှာ လူသေအလောင်းတင်သည့် လေးတိုင်စင်လို့ ပုံသဏ္ဍာန်မျိုးကို တွေ့လိုက်ရသောအခါ ဘသာပေါ်သည် များစွာ အံ့သြမိသည်။

ြွေမကြီး၏ ကိုယ်လုံးသည် စင်စင်နက်နေသော်လည်းြွေမတို့၏ သဘာဝအတိုင်း အောက်ဘက်က အဖြူရောင် ဖြစ်လေ့ရှိသည်။
ဤြွေမကြီး သည် အနက်ရောင် လွန်ကဲလွန်းသည့်အတွက် အောက်ဖက်က အဖြူရောင်သည် သိသာရုံ မျှသာ ရှိသည်။ ထိုသိသာရုံမျှသော အဖြူရောင်ထဲမှာ စက်အတန့်နှင့် အလောင်းစင်သဏ္ဍာန်တွေက ပေါ်နေခြင်း ဖြစ်သည်။

''ဒြီွေမကြီးက အဆန်းပဲ၊ တခြာြးွေမတွေမှာ ဒီလိုပါတယ်လို့ မကြားဖူးပါဘူး။ ရိုးရိုး စက်အတန့်သာ ပါတယ်လို့ ကြားဖူးပါတယ်''
ဘသာပေါ်က အံ့သြစွာ ပြောမိသည်။
ဘသာပေးသည် တောတောင်ထဲမှာ နေထိုင်သော်လည်း ယခု အသက်အရွယ်ရောက်လာသည့်တိုင်အောင်ြွေမကို တစ်ကြိမ်မျှ နီးနီးကပ်ကပ် မမြင်ခဲ့ဘူးချေ။ သွားရင်းလာရင်း တွေ့ခဲ့ဖူးသော်လည်း ဤမျှကြီးမားသောြွေမလို မတွေ့ခဲ့ဘူး။ တွေ့ရသည့်ြွေမကလည်း ဘသာပေါ်နှင့် အလှမ်းဝေးသည့်နေရာက ပြေးသွားကြ သည်သာ ဖြစ်သည်။ တွေ့မယ့်တွေ့တော့ ဘသာပေါ် အံ့သြလောက်စရာပင် တွေ့ နေရသည်။

ဘသာပေါ်သည်ြွေမကြီးကို သေချာစွာ ကြည့်ရှုပြီးမှ စိတ်အေးအေးချမ်းချမိးဖြင့် ထိုနေရာမှ ထွက်လာ ခဲ့သည်။ ရွာသို့ပြန်ကာ ရန်သူကို နိုင်နင်းလာခဲ့ကြောင်း ပြောပြရဦးမည်။ နွယ်ခုတ်သွားသူ ဦးစွာ တွေ့လာ ခဲ့သည့် စွတ်ကြောင်းအဆုံးသို့ ရောက်သောအခါ ဘသာပေါ် ရပ်၍ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ပတ်ဝန်းကျင် ကား၊ စိမ်းလန်းစိုပြည်သော သစ်ပင်၊ ဝါးပင်၊ ချုံနွယ် ပိတ်ပေါင်းဖြင့် ချမ်းမြေ့ သာယာလျက် ရှိသည်။

မီးလောင်တိုင်ငုတ်လို မတ်မတ်ကြီး ထောင်နေသည်ဆိုသည့် အရာကြီးသည်ြွေမကြီး ဦးခေါင်းထောင် ငြိမ်သက် နေသည့် ပုံသဏ္ဍာန်ကြီးသာဖြစ်ပေလိမ့်မည်ဟု ဘသာပေါ်တွေးကာ ထိုနေရာမှ ထွက်ခွာ လာခဲ့သည်။

ထိုအခိုက် ဘသာပေး စိတ်ထဲမှာ အခိုက်အတန့် မေ့နေခဲ့သည့် ဘုန်းတော်ကြီး အကြောင်းက ဖျတ်ခနဲ ပေါ်လာသည်။ ရန်သူကို မတွေ့မီ ကမူ ဒုက္ခပေးနေသော ထိုအရာဝတ္ထုကြီးသည် မည်သည့် အရာမျိုးဖြစ်သည် ကို သိလိုစိတ်ဖြင့် ဘုန်းတော်ကြီးကို လျှောက်ထားကြည့်မည်ဟု စိတ်ကူးခဲ့သည်။ ယခု ရန်သူသည်ြွေမကြီး တစ်ကောင်ဖြစ်ကြောင်း သိလိုက်ရပြီ။ ထိုရန်သြူွေမကြီးကိုလည်း သတ်နိုင်ခဲ့ပြီ။ ထို့ကြောင့် ဘုန်းတော်ကြီးကို အခိုက်အတန့်မျှ မေ့နေခဲ့ခြင်းဖြစ်သည်။

ယခု ဘုန်းတော်ကြီးကို စိတ်က ဖျတ်ခနဲ သတိရလိုက်၏။
''အေးလေ ... ဘုန်းတော်ကြီး ရှိနေသေးရင်လည်း ဖူးရတာပေါ့၊ြွေမစာများဖြစ်ခဲ့ပြီလား ''
ဘသာပေါ်က တွေးရင်း စိတ်ပူလိုက်မိသည်။ သို့ဖြင့်ပင် သူဖူးခဲ့ဖူးသည့် ဘုန်းတော်ကြီး တရားအားထုတ်နေရာကို ကောင်းစွာမမှတ်မိ သည့်အလျောက် စိတ်မှန်းဖြင့် ရမ်းဆ ရှာဖွေလာခဲ့သည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ကောင်းခြင်းမင်္ဂလာနှင့်ပြည့်စုံသော အပိုင်း (၂)

    ဂျိမ်းဂျီဘလိန်း မူလတန်းကျောင်းရှေ့တွင် ကျွန်မကားကို ရပ်လိုက်၏ ကျောင်းက သိပ် သားသား နားနားကြီး မဟုတ် အပြင်မှကြည့်ရတာတော့ ခိုင်ခံ့သလိုရှိသည်။ အထပ်က သုံးထပ်၊ မီးခိုးရောင် ဆေးသုတ် ထားသည့် အုတ်နံရံများပေါ်တွင် ကျောင်းသားတွေ လက်ဆော့ ရေးခြစ်ထားသည့် စာတွေ၊ ရုပ်ပုံတွေ အပြည့်။ ကစားကွင်း၏ ဟိုဘက်စည်းရိုးမှသည် သည်ဘက် စည်းရိုးထိအောင် အမှိုက်သရိုက်တွေ ဖွေးဖွေးလှုပ် နေသည်။ ကျောင်းရှေ့ဆင်ဝင်အောက်သို့ လှမ်းဝင်လိုက်သည်နှင့် နံရံတစ်ခုပေါ်တွင် မှုတ်ဆေး ဖြင့် ရေးထားသည့် စာတန်းတစ်တန်းက ကျွန်မကို ဆီးကြိုလိုက်၏။ စာတန်းမှာ ညစ်ညမ်းသော စာတန်း။ မောင်နှင့်နှမ၊ သားနှင့်အမိ ဖတ်ဖို့မကောင်းသော စာတန်း။ စာတစ်လုံးလျှင် တစ်ပေလောက် မြင့်သည်။

    ဘာပဲဖြစ်ဖြစ် ကျွန်မစိတ်မပျက်။ ဒါတွေကို စိန်ခေါ်ဖို့ပဲ သည်နေရာသို့ ကျွန်မရောက်လာခြင်း မဟုတ် ပါလား။ ကျွန်မက ကျောင်းတစ်ကျောင်းကို အသွင်ပြောင်းလာအောင် ကျောင်းတွင်း ပြုပြင်ရေးများ လုပ်ချင်သည်။ ကလေးတွေ စိတ်ဓာတ် သန့်စင်မြင့်မားလာအောင် ကြိုးစားအားထုတ်ရမည်။ သူတို့ ပြုပြင် ပြောင်းလဲ လာလိမ့်မည်ဟု ကျွန်မတို့က မျှော်လင့်ထားဖို့ကိုလည်း မျှော်လင့်ထားဖို့လိုသည်။။ ထိုအခါ ကလေးတွေ ဘက်က သင်ယူဆည်းပူး လာကြလိမ့်မည်။ ထိုနည်းတူစွာပင် သည်လို လုပ်ဆောင်ကြိုးပမ်းမှု ထဲတွင် ကျောင်းသားမိဘတွေ ပါဝင်ပတ်သက်လာဖို့ကိုလည်း မျှော်လင့်ထားရမည်။ သည်အချက်တွေ မှန်ကန် ကြောင်း ကျွန်မလက်တွေ့ပြချင်သည်။

    မိန်းမတစ်ယောက် ကျွန်မဆီသို့ လျှောက်လာသည်။ သူက သူ့ကိုယ်သူ မိတ်ဆက်သည်။ သူ့နာမည်က လစ်မက်ကိန်း။ သူ့ရာထူးက လူထုဆက်ဆံရေးမှူး။ သူ့လုပ်ငန်း တာဝန်တွေထဲမှ တစ်ခုမှာ ရပ်ကွက် စည်းဝေးများ ရှိလျှင် ကျောင်းကိုယ်စားလှယ်အဖြစ် အစည်းအဝေးတက်ရသည်။ ကျောင်း၏လုပ်ရှားမှုများ၊ ဆောင်ရွက်ချက် များကို ရပ်မိရပ်ဖများအား အသိပေးတင်ပြရသည်။ ဆွေးနွေးရသည်။ လစ်က ကျွန်မအား ဘလိန်း မူလတန်းကျောင်းကို လိုက်ပြသည်။

    ကျွန်မအားပေးအပ်လိုက်သည့် စာရင်းဇယားအရတော့ သည်ကျောင်း အကြောင်း အနည်းအကျဉ်း သိထားသည်။ သည်ကျောင်းတွင် သူငယ်တန်းမှ ခြောက်တန်းအထိ စာသင်နေသည့် ကျောင်းသူ ကျောင်းသား ဦးရေ ၅၀၀ ခန့်ရှိသည်။ ဆရာ၊ ဆရာမပေါင်း ၃၂ဦးရှိသည်။ ထိုအထဲတွင် တက္ကသိုလ် မှ ကျောင်းပြီး ခါစ ဆရာအသစ်ကလေးတွေလည်း ပါသည်။ သို့သော် ဘလိန်းကျောင်းနှင့် ပတ်သက် ၍ ကိန်းဂဏန်း များသာ မဟုတ်ဘဲ သည့်ထက် ပိုပြီး လေ့လာစရာတွေ ရှိနေသေးကြောင်း ကျွန်မ သိနေသည်။

    ခံယူချက်ဆိုတာရှိပါသည် ၄င်းခံယူချက်ဆိုသည်မှာ မည်သည့် စာသင်ကျောင်းကိုမဆို အဓိပ္ပာယ်ဖွင့်ဆို ဖော်ပြနေ သည့် စိတ်ဓာတ်ရေးရာပင်ဖြစ်၏။ ကျောင်းစင်္ကြံ လမ်းများတွင် ဖြတ်သွားဖြတ်လာ ပြုနေသည့် ကလေး တွေ နှင့် ဆရာဆရာမများ၏ မျက်နှာများပေါ်၌ အဆိုပါ စိတ်ဓာတ်ရေးရာကို မြင်တွေ့နိုင်၏ ကျောင်း အဆောက်အအုံကြီး ၏ အခြေအနေကိုကြည့်လျှင် လည်း အဆိုပါ စိတ်ဓာတ်ရေးရာကို မြင့်တွေ့ နိုင်၏။

    ဘလိန်းကျောင်းနှင့် ပတ်သက်၍ ကျွန်မ၏ ကနဦး ထင်မြင်ချက်ကတော့ သိပ်ပြီး အားရစရာ မကောင်းလှ။ ကျောင်းကြီး တစ်ကျောင်းလုံး ညစ်ပတ်ပေရေနေသည်။ ပိုးဟပ်တွေကို နေရာတိုင်းမှာ တွေ့နေရသည်။ သူငယ်တန်း စာသင်ခန်း တစ်ခန်းရှိ ဗီရိုတစ်လုံးကို ကျွန်မဖွင့်ကြည့်သည်။ ဗီရိုအတွင်းပိုင်းမှာ ရွှံ့များ ပေကျံ နေပြီး ပိုးဟပ်များ မွေးမြူထားသည့်နှယ်ရှိ၏။
    "ပိုးဟပ်တွေက စာအုပ်အနှောင့်မှာ ကပ်ထားတဲ့ ကော်တွေကို လာလာစားကြတာရှင့်"

    ဆရာမတစ်ဦးက ရှင်းပြသည်။
    "အဲဒီဗီရိုထဲ မှာ ဘာမှမကျန်အောင် ရှင်းထုတ်ပစ်လိုက်ပါ။ ဆရာမ လိုအပ်မည့်ပစ္စည်းတွေကို ချန်ထား။ ကျန်တာ တွေ အကုန်လွှင့်ပစ်လိုက်ပါ"
    ကျွန်မက ဆရာမအား ပြောလိုက်၏။
    သို့သော် ပိုးဟပ်များကိုတွေ့ရဖို့ ကျွန်မအနေဖြင့် စာသင်ခန်းများ သို့ လှည့်လည် စစ်ဆေး ကြည့်နေဖို့မလိုပါ။ ကျွန်မ၏ စာရေးစားပွဲ၊ ကျောင်းအုပ်ဆရာမကြီး၏ စာရေးစားပွဲထဲမှာပင် ပိုးဟပ်တွေ ရှိနေသည်။ ကျွန်မ၏ တယ်လီဖုန်းထဲမှာလည်း သည်ကောင်တွေရှိနေသည်။ ကျွန်မက တစကားပြောခွက်ကို မပြီး အောက်ခံအုံပေါ် သို့ ခပ်ပြင်းပြင်း ဆောင့်ချလိုက်သည်။ အောက်ခံအုံထဲမှ ပိုးဟပ်နှစ်ကောင် လိမ်ဖယ် လိမ်ဖယ်ဖြင့် ထွက်လာပါသည်။

    နေရာတကာတိုင်းတွင် မြင်တွေ့နေရသည်မှာ ကြွက်ချေးတွေ။ အဆောက်အအုံ၏ နံရံများပေါ်တွင် ဖုန်တွေ ထုတက်နေသည်။ ပြတင်းပေါက်မှန်များကို တစ်ကြိမ်တစ်ခါမျှပင် ဆေးကြောသန့်ရှင်းထားပုံမရ။ တစ်ခုခု တော့ လုပ်ရတော့မည်။ လုပ်ဆို ချက်ချင်းလက်ငင်း လုပ်ပစ်ရလိမ့်မည်။

    ကျောင်းအဆောက်အအုံကြီး တစ်ခုလုံးကို ပြုပြင်ထိန်းသိမ်းရန်အတွက် ကျောင်းထိန်းသိမ်းရေးမှူးနှင့် သူ့လက်ထောက်တစ်ယောက် က တာဝန်ယူထားသည်။ သူတို့နှစ်ဦး၏ ပထမဦးစားပေး လုပ်ငန်းမှာ လျှပ်စစ်မီးလုံး များ လိုက်လံ လဲလှယ်တပ်ဆင်ခြင်းသာ ဖြစ်ဟန်ရှိ၏။ သူတို့နှစ်ယောက်က နံနက်စာ စားသောက်ပြီးသည်နှင့် မီးလုံးများ၊ မီးချောင်းများ ကိုင်ပြီး စင်္ကြံလမ်းများအတိုင်း လျှောက်ကြည့်သည်။ မီးလုံး သို့မဟုတ် မီးချောင်းအသစ်လဲလှယ် တပ်ဆင်ရန် လိုအပ်သည်ကို တွေ့လျှင် တပ်ဆင်ပေးသည်။

    ထိုအချိန်တွင် ကျောင်းအဆောက်အအုံတစ်ခုလုံးမှာ ပျက်စီးယိုယွင်းနေပြီ။ ကျောင်း အဆောက်အအုံကြီး တစ်ခုလုံး မှာ ပျက်စီးယိုယွင်းနေပြီ။ ယောကျာ်းလေး အိမ်သာထဲတွင် ရေဆွဲအိမ်သာတစ်ဝက်လောက်မှာ ပိတ်ဆို့ နေ၏ သို့တိုင် ကလေးတွေသည် ထိုအိမ်သာများကို ဆက်ပြီး အသုံးပြုနေကြရသည်။ ဟောင်စော်နံ အနံ့ အသက် များသည် အပြင်ဘက် စင်္ကြံလမ်းများသို့တိုင်း လွင့်ပျံနေ၏။

    "ဒီအိမ်သာကို ကျွန်တော်ဆေးကြောသန့်စင်ပါတယ်။ မစ္စစ်ကတ်ရိုက်။ အနံ့အသက် တွေက ကြမ်းပြင် ထဲကကို ထွက်နေတယ်ခင်ဗျ။ ဒီကြမ်းခင်း ကွန်ကရစ်တွေထဲမှာ ၁၀နှစ်စာလောက် ရှိတဲ့ သေးတွေက စိမ့်ဝင် နေတာကလား။ ဒီတော့ ဘယ်လိုမှ ဆေးလို့ကြောလို့မရဘူးခင်ဗျ"
    ကျောင်းထိန်းသိမ်းရေးမှူးက ရှင်းပြသည်။

    ကျွန်မက သူ့အား ရေနွေးတစ်ပုံးနှင့် ဂက်မှင်ဘီးတချို့ ယူလာပေးဖို့ တောင်းဆိုလိုက်၏။ ပြီးတော့ ကျွန်မ ၏ ရှူးဖိနပ်နှင့် ခြေစွပ်တွေကို လက်ဆေးကြွေခွက်တစ်ခုပေါ် တင်ထားလိုက်သည်။ ကျွန်မဂါဝန် ၏ ရှေ့ပိုင်း အသာမပြီး ကြမ်းဆေးကြမ်းတိုက်အလုပ်ကို ပယ်ပယ်နယ်နယ် လုပ်ပစ်လိုက်၏။ တစ်နာရီ လောက် ကြာသော အခါ ခေါင်းမော့လိုက်သည်။ အနံ့ခံကြည့်သည်။
    "ကဲ...ရှင်ဘာအနံ့များ ရသေးသလဲ"

    "မရတော့ပါဘူး"
    "မှန်တယ်။ ဒီအနံ့က ကွန်ကရစ်အခင်းထဲက ထွက်လာတဲ့ အနံ့နော်၊ ဟုတ်ရဲ့လား။ ကဲ..အိမ်သာတွေ တိုက်ချွတ် ဆေးကြောတဲ့ အလုပ် က ကျွန်မအလုပ်မဟုတ်ဘူး။ ဒီတော့ နောက်တစ်ကြိမ်ထပ်ပြီး တိုက်ချွတ် ဆေးကြော ပေးဖို့ ကျွန်မမရည်ရွယ်ဘူး။ ဒီတော့ ရှင်.... ကျွန်မ ကိုယ်စား ဒီအလုပ်ကို ရှင်လုပ်ပေး နိုင်ပါ့ မလား"
    "ဟုတ်ကဲ့လုပ်ပါ့မယ်"

    သတင်းက တစ်ဆင့်စကား တစ်ဆင့်နားဆိုသလို ပျံ့နှံ့သွားသည်။ ကျောင်းအုပ်ဆရာမကြီးက ယောက်ျားလေး အိမ်သာထဲဝင်ပြီး ကြမ်းတွေတိုက်၊ အိမ်သာတွေ ဆေးသည်ဆိုသည့် သတင်း။ ကျောင်းတွင် လူမှု ဆက်ဆံရေး ဘာသာရပ်ကို သင်ကြားသည့် သမ္ဘာရင့် ကျောင်းဆရာတစ်ဦးရှိသည်။ သူ့နာမည် ရေမွန်ဘရွတ်။ သူသည် နောင်တစ်ချိန်တွင် ကျွန်မ၏ အမာခံ ဘက်တော်သား ဖြစ်လာသူတစ်ဦးဖြစ်၏။ ကျောင်းအုပ် ဆရာမကြီးက ယောက်ျားလေးအိမ်သာထဲဝင်ပြီး ကြမ်းဆေးကြမ်းတိုက် အလုပ်ကို လုပ်သည် ဆိုသော သတင်း ကို ကြားတော့ ရေမွန်ဘရွက်ကဟားတိုက်ရည်မောခဲ့သည်ဆို၏။ အားပါးတရ ရယ်လွန်း သဖြင့် သူသည် ဟန်ချက်ပျက်ပြီး လဲကျမတက် ဖြစ်ခဲ့သည်ဆို၏။

    "အဲဒီအိမ်သာတွေကို သူတိုက်ချွတ်ဆေးကြောတယ်ဆိုတာ ကျုပ်ဖြင့် မယုံနိုင်လောက်အောင်ပါဘဲဗျာ"ဟု ပြောခဲ့သည် ဆို၏။
    သူ့လိုပင်ကျောင်းသားမိဘများကလည်း မယုံကြပါ။ သည်အကြောင်းကို သူတို့ပြောကြဆိုကြသည်။ တစ်ဦး ကို တစ်ဦး သတင်းပါးကြသည်။ မကြာမီအတွင်း နီးနားဝန်းကျင် တစ်ခုလုံးတွင် သတင်းစကားတွေ အသံမြည် လာသည်။

    "ခုဆို အဲဒီအိမ်သာတွေမှာ အနံ့အသက်ဆိုးတွေ မထွက်တော့ဘူးတဲ့"
    "အဲဒီအမျိုးသမီးကြီး တိုက်ချွတ်ဆေးကြောပစ်တာ ဆိုပဲ။ ကျုပ်ဆိုလိုတာက အဲဒီအိမ်သာတွေကို ဆရာမကြီး ကိုယ်တိုင် တိုက်ချွတ်ဆေးကြောပစ်တာတဲ့နော်။ သူအဲဒီလိုလုပ်နေတာကို ကျုပ်သားကိုယ်တိုင် မြင်ခဲ့တာဗျို့"

    သည်ကျောင်းကြီးကို ပြုပြင် ပြောင်းလဲပစ်မည်ဟု သန္နိဋ္ဌာန် ချထားကြောင်း သူတို့အား အချက်ပြ လိုသည် ဆိုလျှင် မည်သို့ အချက်ပြရမည်ဆိုသည့် နည်းကို ကျွန်မတွေ့ရှိလိုက်ပါပြီ။
    မကြာမီ အတွင်း ကျောင်းသားမိဘတွေ ကျွန်မရုံးခန်းရှေ့တွင် ပြူတစ်ပြူတစ် လုပ်လာကြသည်။ သူတို့သည် ကျွန်မကို လာကြည့်ကြခြင်းဖြစ်၏။ သည်ဆရာမကြီးသည် အိမ်သာတွေကိုပင် တိုက်ချွတ် ဆေးကြော သည်ဆိုလျှင် သူတို့လို မိဘတွေနှင့် မဆက်ဆံချင်လောက်အောင် အတန်းအစား ခွဲခြားတတ်သူ မဟုတ် ဟု သူတို့တွက်ဆကြသည်။

    ကျွန်မတို့ မကြာမကြာစကားပြောဖြစ်ကြသည်။ ကလေးတွေအကြောင်း။ ကျောင်းအကြောင်း။ သူတို့နှင့် စကားပြောကြည့်မှ စထရော်ဘယ်ရီမင်းရှင်းဆိုသည့် တိုက်အိမ်စုကြီးမှာ မျှော်လင့်ချက်ကင်းလောက်အောင် ပျက်စီးယိုယွင်းနေပြီဟု လူအများက ယုံကြည်နေကြောင်း အချိန်တိုတိုအတွင်း သိခွင့်ရလိုက်၏။ သည်တော့ သည် ပတ်ဝန်းကျင်ကြီး တစ်ခုလုံး သည့်ထက် ကောင်းမွန်တိုးတက်လာအောင် လုပ်နိုင်ကြောင်း သူတို့အားလုံး ကို ပြသရတော့မည်။

သည်တော့ သူတို့တစ်တွေ သိသာမြင်သာအောင် ကျွန်မ လက်လှမ်းမီသည့်ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပြ ရတော့မည်။

    ကျောင်းပရ၀ဏ်အတွင်းရှိ အမှိုက်သရိုက်များကို လှည်းကျင်း သန့်ရှင်းပစ်ခြင်းသည် သူတို့အတွက် မျက်မြင် ပြုပြင်ပြောင်းလဲမှုဖြစ်နိုင်သည်။ တစ်နံနက်တွင် ကျောင်းတစ်ကျောင်းလုံးကို ဆင့်ခေါ်လိုက်သည်။ ပြီးတော့ ကျွန်မအားလုံး စုပေါင်းပြီး အမှိုက်ကောက် ကြသည်။ အမှိုက်တွေကို အမှိုက်ပုံးတွေထဲ ထည့်ကြသည်။ မုန့်ပဲသရေစာများ ထုပ်သည့် စက္ကူပတ်တွေ၊ ပလတ်စတစ်အိတ်တွေ၊ အချိုရည်ဘူးခွံတွေ ပုလင်းကွဲတွေ။ ကျွန်မတို့၏ အမှိုက်ကောက်ပွဲ ပြီးဆုံးသွားသောအခါ ကျောင်းဝိုင်းထဲတွင် ဘာအမှိုက်သရိုက် မျှ မကျန်တော့။ မင်္ဂလာဆောင်တွေတွင် ရောင်စုံစက္ကူစကလေးတွေ ကြဲဖြန့်ထားသလို စက္ကူစ သေးသေး လေး တွေသာ ဟိုတစ်စ သည်တစ်စ ကျန်နေတော့၏။

    ထို့နောက် ကျွန်မက ကြေညာချက် ထုတ်လိုက်သည်။
    "သားတို့ သမီးတို့ ကျောင်းအဆောက်အအုံထဲကို လက်မှတ်တစ်စောင်မပါဘဲ ဘယ်သူမှ ပြန်ဝင် လာခွင့် မရှိဘူး"
    "ဆရာမကြီးဘာတွေ ပြောနေတာလဲဟင်"
    သူတို့အချင်းချင်း တီးတိုးတီးတိုးမေးကြသည်။

    "လက်မှတ်တစ်စောင်တဲ့ဟုတ်လား"
    "လူတိုင်း လူတိုင်း လက်မှတ်တစ်စောင်စီ ရှိရမယ်"
    ကျွန်မ က ထပ်ပြောသည်။
    "ဒီမနက် မင်းတို့ ကိုင်လာရမယ့် လက်မှတ်တစ်စောင်ဆိုတာက အမှိုက်တစ်စပဲ"
    ထိုကြေညာချက်ကြောင့် ကလေး၅၀၀သည် တစ်ယောက်လျှင် အမှိုက်တစ်စပဲ"

    ထိုကြေညာချက်ကြောင့် ကလေး၅၀၀သည် တစ်ယောက်လျှင် အမှိုက်တစ်စစီရအောင် အလုအယက် ကောက်ကြ တော့၏။ မိနစ်ပိုင်းအတွင်း ကစားကွင်းသည် ထောက်ပြစရာမရှိအောင် ရှင်းသန့် ပြောင်လက် သွားသည်။ သည်ကျင့်စဉ်သည် တနင်္လာနေ့ နံနက်တိုင်း လိုက်နာ လုပ်ဆောင်ရမည့် ကျင့်စဉ် ဖြစ်သွားသည်။

    ကျွန်မဘယ်သူ့ကိုမျှ သြဇာအာဏာသုံးပြီး အမှိုက်မကောက်ခိုင်း။ သို့သော် အမှိုက်ကောက်ရာတွင် ပါဝင် ကူညီခြင်း မရှိသည့် ကျောင်းသားကျောင်းသူ တစ်ယောက်ယောက် ကို တွေ့လျှင် သူ့ထံသို့သွားသည်။
    ဘလိန်း ဟာ မင်းရဲ့ကျောင်းမဟုတ်လား။ ဘလိန်းမိသားစုထဲမှာ မင်းကော မိသားစုဝင်တစ်ယောက် ဖြစ်ချင် ရဲ့လား။ မိသားစုဝင်ဖြစ်ပြီဆိုရင် ကိုယ့်ကျောင်းကို သန့်ရှင်းအောင် လုပ်တဲ့နေရာမှာ ၀ိုင်းကူ ရတယ့်ကွယ့်"

    ကလေးတွေကို စည်းရုံးသိမ်းသွင်းရသည်မှာ ခက်ခက်ခဲခဲ မရှိပါ။ သူတို့ကို ဆွဲဆောင်ရတာ လွယ်ပါသည်။ သို့ပေမဲ့ သူတို့မိဘတွေကျတော့ သည်လိုမဟုတ်။ အကယ်၍ ဘလိန်းနှင့် ပက်သက်သော ကျွန်မ၏ စီမံကိန်းများ အကောင်အထည်ပေါ်ချင်သည်ဆိုလျှင် မိဘတွေပါဝင်လှုပ်ရှားဖို့ လိုအပ်သည်။

    သည်တော့ မိဘများနှင့် ပထမဦးဆုံးအကြိမ် တွေ့ဆုံအစည်းအဝေးလုပ်ဖို့ ကျွန်မဆုံးဖြတ်လိုက်သည်။ ဆရာ၊ ဆရာမများအား ကျွန်မ ဆုံးဖြတ်ချက်အကြောင်း ပြောပြတော့ သူတို့အများစုက ကျွန်မကို ပြက်ရယ် ပြုကြသည်။

    "သူတို့လာမှာမဟုတ်ဘူးမယ်ဒယ်လင်း။ ဘယ်တုန်းကမှ မလာကြဘူး။ ဘယ်တော့မှလည်း လာမှာမဟုတ်ဘူး"
    ကျွန်မ၏ ပထမခြေလှမ်းမှာ ကလေးတွေကို စည်းရုံးခြင်းဖြစ်၏။ အစည်းအဝေးနှင့် ပတ်သက်ပြီး သူတို့ စိတ်ဝင်စားလာအောင် တက်တက်ကြွကြွဖြစ်လာအောင် လုပ်ပေးသည်။ ကျောင်းသားအားလုံးကို စုဝေးဖို့ ခေါ်လိုက် သည်။

    "သားတို့သမီးတို့ရဲ့ မေမေက မစ္စကတ်ရိုက်အကြောင်းကို သိဖို့လိုတယ်။ အဲဒါဟာ အရေးကြီး တယ်နော်။ ဒီနေ့ကစပြီး အစည်းအဝေးလုပ်မယ့်ရက် မတိုင်မီအထိ နေ့စဉ်နေ့တိုင်း အိမ်ကိုပြန် ရောက်တာ နဲ့ အစည်းအဝေး ကျင်းပဖို့နီးလာပြီဆိုတဲ့ အကြောင်း မင်းတို့မေမေကို ပြောပါ။ နောက်ပြီး ဆရာမကြီး အကြောင်းကိုလည်း တစ်ခုမဟုတ် တစ်ခုပြောပြကြပါ။ တစ်နေ့တာအတွင်း ဆရာမကြီးဘာလုပ်တယ်၊ ဘာပြော တယ် စဉ်းစားလို့မရရင်ဆရာမကြီး ဒီနေ့ ဘာအ၀တ်အစားဝတ်လာတယ်ဆိုတာ မင်းတို့မေမေကို ပြောပြပါ။ 'ဒီနေ့တော့ မစ္စစ်ကတ်ရိုက်ဝတ်လာတာ ဂါဝန်အစိမ်းရောင် မေမေရေ့' ဆိုတာပဲ ဖြစ်ဖြစ် ပြောပြကြနော်'

    နောက်နေ့နံနက်ကျတော့ ကျွန်မရုံးခန်းထဲမှာ ထိုင်နေသည်။ ရုံးခန်းတံခါးကို အကျယ်ကြီးဖွင့်ထားသည်။ စင်္ကြံလမ်းပေါ်မှ ဖြတ်လျှောက်သွားသည့် ကလေးတွေက ရုံးခန်းရှေ့မှာရပ်သည်။ ကျွန်မ၀တ်ထားသည့် ဂါဝန် အရောင် ကို ချောင်းကြည့်ကြသည်။
    "ဆရာမကြီး ဒီနေ့ဘာဝတ်လာလဲဟေ့၊ ဘာအရောင်လဲဟင်"
    "အပြာရောင်ဟဲ့။ ဒီနေ့ အပြာရောင်ဝတ်လာတာ"

    အစည်းအဝေးပြုလုပ်မည့် သီတင်းပတ်သို့ ရောက်သောအခါ ကျွန်မက မော်တော်ကားကို တစ်လမ်းဝင်တစ်လမ်းထွက် ဖြည်းဖြည်းချင်း မောင်းသွားသည်။ အိမ်အပြင်ဘက် လူသွားလမ်းပေါ်တွင် ထွက်ဆော့နေသည့် ကလေးတွေကိုတွေ့လျှင် 'သွားမင်းတို့မေမေကို ခေါ်ခဲ့။ ဒါမှမဟုတ် ဖေဖေကို ခေါ်ခဲ့'ဟု ကျွန်မကပြောသည်။
    ကလေး တွေက အံ့အားတသင့်ဖြစ်နေသည့် သူတို့မိဘများကို အိမ်ထဲမှ ခေါ်ထုတ်လာသောအခါ 'ကြာသပတေးနေ့ ညမှာ ကျွန်မတို့အစည်းအဝေး လုပ်ပါမယ်။ အဲဒီအစည်းအဝေးကို ရှင်တို့ လာကြ ရမယ်နော်'ဟု ကျွန်မကပြောသည်။

    ဘတ်စကားမှတ်တိုင်ကို ကားစောင့်နေသည့် လူကြီးတွေကို တွေ့သည်။ ကားကို သူတို့ရှေ့တွင် ထိုးရပ် ကာ အစည်းအဝေးအကြောင်း ပြောသည်။ အစည်းအဝေးသို့ သူတို့လည်း လာမည်ဖြစ်ကြောင်း ကတိပြု စေသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

သော်တာဆွေ ၏ ဘွန္တောကြက်သူခိုး အပိုင်း (၁၈)

'င့ါလခွီးတဲ့ ရှုပ်လိုက်တာ၊ ကဲ...အော်လိုက်ကြစမ်းဗျာ'
'ရဲဘော်တက်ပု တို့ဥက္ကဌ'
'အဲ ...ဟုတ်ပြီ၊ နို့ပြီး ဒီစကားပြောပွဲအတွက် နာယက ရွေးရဦးမယ်'
'ဘာလဲကွ နာယက၊ တို့နားမလည်ဘူး'

'စကားပြောတာမှာ အငြင်းအခုံဖြစ်ရင် အုပ်ထိန်းဖို့ လူကြီးကွာ'
ဟာ..... ဒါဖြင့် ဗလကောင်းကောင်းလူ လုပ်ခိုင်းမှပဲ၊ ဟော.... ပန်းပဲဆရာ ကိုတောက်တဲ့'
'အော် ...ဟုတ်တယ်... ဟုတ်တယ်၊ တို့အထဲ သူအကြီးဆုံးပဲ အသန်ဆုံးပဲ
ဤတွင် ကျွန်တော်က...

ဘယ့်နှယ် ကိုတောက်ကြီး လုပ်မယ်မဟုတ်လား'
မျက်ခုံးမွေးထူထူ မျက်လုံးပြူးပြူးကြီးနှင့်။
လုပ်မှာပေါ့ကွ
အဲ... ဟုတ်ပြီး အတွင်းရေးမှူးတို့ ပလင်းရေးမှူးတို့တော့ နောက်မှ ရွေးကြတာပေါ့၊ ကဲ... ဒီအသင်းဖွဲ့ရတဲ့ အကြောင်းနဲ့ လုပ်ငန်းစဉ်ကို ပြောပြပါမယ်
ဟေ့ တက်ပု နေဦးကွ၊ မင့်အလှည့် လုပ်လိုက်ဦး
ကျွန်တော်တို့အသင်းမှာ စည်းဝေးရင်းလည်း အသောက်မပျက်ချေ။ အရက်နှင့် ထန်းရည် ရောထားသော ခွက်ကိုမော့ချလိုက်ပြီး...

အသင်းကို ဖွဲ့ရတဲ့ အကြောင်းကတော့ အထူးပြောစရာတောင် လိုမယ်မထင်ပါဘူး၊ လောကမှာ ယောက္ခမနဲ့သမက် ပဋိပက္ခမှုတွေကြောင့်ပါပဲ၊ ပဋိပက္ခဆိုတော့ ချိတ်ချိတ်ချင်းမို့ ချိတ်ကြတာပါပဲ၊ သို့သော်လဲ ယောက္ခမနဲ့ သမက်ဖြစ်လိုက်ရင် အများအမြင်က သားသမီးနဲ့ မိဘ လူကြီးနဲ့လူငယ် သမက်ကိုချည်း အပြစ်ချတတ်ကြတယ်၊ နို့ပြီး  ကြည့်ဦး ယောက္ခမဆိုတာက မိန်းမတွေဗျ၊ သမက်နဲ့ကျွီ ခနဲဖြစ်ပြီးလို့ ရန်ပွဲစဲသွားပေမယ့်သူတို့မှာ ကိစ္စပြီးသေးတာမဟုတ်ဘူး၊ သူတို့မိန်းမချင်း လာမေးလို့လည်းကောင်း၊ အိမ်တော်ကတာ လည်၍လည်းကောင်း၊ သမက်မကောင်းကြောင်း အထင်းပြောလိုက်ကြသေးတယ်၊ ကျုပ်တို့အယ်.... ဟုတ်ပါဘူး၊ ငါတို့သမက်များမှာတော့ ယောက္ခမနဲ့ ရန်ဖြစ်ရတယ်ဆိုပဲ ရှက်လှလို့ ဘယ်သူ့မှ ဘာမှမပြောဝံ့တဲ့ပြင် မေးမယ့်လူမြင်ရင် ရှောင်တောင်နေရပါသေးတယ်။

ယောက်ျားကိုးဗျ၊ မိန်းမသားဖြစ်တဲ့ ယောက္ခမနဲ့ ရန်ဖြစ်ရတာကို ရှက်တယ် အရပ်ကကြားလို့မလျော်ဘူးလို့ ယူဆတယ်၊ အဲဒါကြောင့်ပဲ ငါတို့သမက်ထု နှစ်နာမှုဖြစ်နေတာ ငါတို့မကောင်းကြောင်းပဲ အရပ်မှာ ပျံ့နှံ့တယ်၊ သင်းတို့ဆိုးတဲ့အချက်ကိုတော့ ငါတို့က နှုတ်ငြိမ်နေလေတော့ အရပ်ကမသိကြဘူး၊ ဒီတော့ ဘာပဲဖြစ်ဖြစ် သမက်ဆိုးတယ်၊ သမက်ဆိုးတယ် လူကြီးနှဲ့လူငယ် ပြန်အာခံတဲ့ကောင် အ၀ီစိတစ်သက် လွတ်ရက်မရှိလောက်အောင် အပြောခံကြရတယ်၊ နို့ပြီးကြည့်ဦး ယောက္ခမနဲ့သမက် ရန်ဖြစ်ကြပဟေ့ဆိုရင် သမီးက ဟော....ငါ့အမေဟဲ့ဆိုပြီး တကတဲ မအေဘက်ချက်ချင်း ပါသွားရော၊ ဒါဟာ လောကထုံးစံကြီးလိုပဲ ဖြစ်နေတယ်၊ တကယ်လို့ သမီးက မပါပြန်ရင်လဲ ၄င်းယောက္ခမဟာ မသီးကိုပဲ ချမ်းသာမပေးဘူး၊ ဟဲ့.... နင်ကဒီလင်ဒီလောက်မက်ရအောင် ဘာများပိုထူးလို့လဲဟဲ့၊ ဘာပဲညာပဲနဲ့ မကြားဝံ့မနာသာ အယုတ္တ အနတ္တပြောပါလေရော၊ ယောက္ခမကို ယုတ်ခမလို့ ပြောင်းပစ်ဖို့ ကောင်းတယ်။

ဟေ့...တက်ပုရော့.... မင်းအလှည့် လုပ်လိုက်ဦး
အဆင်သင့်ပင် ကျွန်တော် ကျွန်တော် အာခြောက်ပြေသွားကာ ဟေ့ခနဲ လေတစ်ချက်တက် လိုက်ပြီး တော်တော်ထွေစပြုပြီဖြစ်၍ စကားစဘယ်ရောက်သွားသည်မသိ။
အင်း..... အဲဒီတော့ရင် ဒါကြောင့် ဒီအတင်းကြီးကို ငါတို့ဖွံ့ရခြင်း ဖြစ်တယ်၊ နောက်အသင်းမှာဆိုရင် လဲအခုငါတို့လက်ရှိယောက္ခမဒဏ် ခံစားနေရသူများသာ မဟုတ်ဘဲ၊ လက်ရှိသမက်အပေါင်းတို့ ပါဝင်တဲ့ အသင်းကြီးဖြစ်ရမယ်၊ ဘာကြောင့်လဲဆိုရင် မိန်းမဆိုတာ ဆောင်းလေပမာညီဆိုတော့ ယောက္ခမဆိုတာလဲ ဆောင်းလေပမာညီပဲ၊ အခုကောင်းနေပေမဲ့ တော်တော်ကြာ ပြောင်းချင်ပြောင်းတဲ့ ဟာမျိုးတွေ၊ ဒါကြောင့် ယောက္ခမလက်ရှိ သမက်အားလုံးတှို့ဟာ ငါတို့အသင်း ကြီးကို ၀င်ထားကြရမယ်၊ ကမ္ဘာ့ကုလသမက်ကွ၊ ဆိုတဲ့ အသင်းကြီးနဲ့ ဆက်သွယ်ရမယ်၊ အဲဒီအသင်းကြီးနဲ့ ဆက်သွယ်မိလို့ အမေရိကန်ရဲ့ သြဇာခံမယ်ဆိုရင် ငွေကိုလိုချင် သလောာက်ရသတဲ့ ဆရာတို့၊ အဲဒီအခါမှာ ငါတို့သည် ခုလို ထန်းရည်မစွက်ဘဲ ချက်အရက်မီးတောက် သက်သက်ချည်း သောက်နိုင်တော့မည်။ ကဲ.... ရဲဘော်တို့ သိချင်တာရှိရင် မေးကြပါ။

ဤကား ကျွန်တော်သည် ဟိုနိုင်ငံရေး ဆရာကြီးတွေလို ကိုယ့်ကိုယ်ကို တော်လှပြီးထင်၍ မေးချင်တာ မေးခိုင်းသည် မဟုတ်ပါ၊ ကျွန်တော် ရှေ့ဆက်ပြီး ဘာဆက်ပြောရမှန်း မသိ၍ ဖြစ်ပါသည်။
ယင်း၌ တစ်ယောက်သောသူက
ကဲ... အသင်းဖွဲ့ အသင်းဝင်ကြတာတော့ ဟုတ်ပါပြီ၊ အရေးအကြောင်း တစ်စုံတစ်ခုဖြစ်လာတဲ့အခါ မှာအသင်းက ဘယ်လို ဆောင်ရွက်နိုင်မှာလဲ။

ကျွန်တော့်မှာ မိမိရထားသော ဗဟုသုတဖြင့်...
ဥပမာ.. အသင်းသား တစ်ယောက်ဟာ ယောက္ခမနဲ့ ပဋိပက္ခဖြစ်ခဲ့ပြီ ဆိုပါတော့၊ အသင်းအစည်းအဝေး ဖိတ်ခေါ်ပြီး အစီရင်ခံရမယ်၊ အားလုံးနဲ့ ညှိနှိုင်းပြီး ကိုယ်လိုချင်တဲ့ ဆန္ဒကို ၄င်းယောက္ခမဆီမှာ အသင်းအနေနဲ့ တောင်းရမယ်၊ မပေးဘူးဆိုတဲ့အခါမှာ အသင်းသားအားလုံး ဟာရွာတဲ စီတန်းလမ်းလျှောက်ပြီး အော်ဟစ်ကြွေးကြော်သမှု ပြုရမယ်။
ဘာတွေ ဟစ်အော်ရမှာလဲ။

ဖြစ်ခဲ့တဲ့ကိစ္စမှာ ယောက္ခမရဲ့ ဆိုးတဲ့အချက်တွေချည်း ရွေးထုတ်ပြီးတော့ ကိုယ်လိုချင်တဲ့ ဆန္ဒနဲ့ တွဲအော်ရမယ်ပေါ့။
ဒီတော့ ဘာဖြစ်မလဲ
အရပ်က နားငြီးပြီးတော့ ကြားဝင်ဖျန်ဖြေရမယ်၊ အဲဒီအခါမှာ ကိုလိုချင်တဲ့ဆန္ဒ ရတာပေါ့
ဤတွင် ကိုပန်းရွှေဆိုသူ လူဂျပုလေးက..
ဟင်....ဒီအတိုင်းစမှန်ရင် ဟန်ကျပြီ။ ခု...ကျုပ်ယောက္ခမဆီမှာ အမွေခွဲပေးဖို့ တောင်းထားတယ်၊ ခင်ဗျားကြီး မသေခင် ကိုယ့်သားသမီးလေးတွေ ချေင်ချောင်လည်လည် စားသုံးနေတာ မြင်သွားရအောင် ထိုက်သင့်သမျှ ပေးပါဆိုတာ အလကားသက်သက် ပေကတ်နေတယ်၊ ဒါကိုအသင်းအနေက အရေးဆိုပေးစေချင်တယ်၊ ဘယ့်နှယ့်လဲ ...ဖြစ်နိုင်ပါ့မလား ရဲဘောတက်ပု။

အသင်းသားရဲ့ ကိစ္စမှန်သမျှ ရဲဘော်ပန်းရွှေ သိထားရဖို့က အသင်းအနေမှာ မဖြစ်နိုင်တာ မရှိရဘူး၊ ဘာပဲဖြစ်ဖြစ် ဖြစ်ရမယ် ကဲ...ကိုယ့်တို့ကိစ္စတွေ ခုညပဲ စတင်ပြီး အရေးဆိုအင်အားပြကြရအောင်။
ဘယ်လိုအင်အားပြမှာလဲ
ဒီလိုလေ၊ ဥပမာ ကျုပ်ကိစ္စဆိုပါတော့ တက်ပုအရေးတို့အရေး၊ တက်ပုဆန္ဒ ယောက္ခမပေးဟ ချက်ချင်း ခုလက်ငင်း၊ အဲလိုရွာရိုး လျှောက်အော်တာပေါ့ ကိုတောက်ကြီး ကိစ္စဆိုလဲ တောက်ကြီးအရေး တို့အရေး တောက်ကြီးဆန္ဒ ယောက္ခမ ပေးဟချက်ချင်း ခုလက်ငင်း၊ ကိုပန်းရွှေကိစ္စဆိုလဲ ဒီလိုပဲ၊ ဥစ္စာရှင် နာမည်ပြောင်းရုံပေါ့၊ နောက်အရပ်ထွက်မေးမှ ကိစ္စကို  အကျယ်ရှင်းပြတာပေါ့၊ ဟုတ်ဖူးလား။
အဲ... ဟုတ်ပီ... ဟုတ်ပီ။

ကဲ...... ကျန်တဲ့အရက်ကလေးကို ကုန်အောင်သောက်လိုက်ကြဦးစို့။
ကိုယ်ကတော့ တော်တော်မူးနေပြီ
အမယ်လေး..... ကိုပန်းရွှေရာ အားလုံး အတူတူသောက်ကြတာ၊ မူးတဲ့လူချည်းပေါ့။

ကျွန်တော်တို့သည် နောက်ဆုံး  သောက်စရာကုန်သည်၌ ရွာရိုးကိုလျှောက်၍ အော်ကြလေသည်။

    ပန်းရွှေအရေး၊ တို့အရေး
    ပန်းရွှေဆန္ဒ၊ ယောက္ခမ
    ပေးဟချက်ချင်း၊ ခုလက်ငင်း...
    တောက်ကြီးအရေး၊ တို့အရေး
    တောက်ကြီးခယ်မ၊ ယောက္ခမ
    ပေးဟချက်ချင်း ၊ ခုလက်ငင်း...
    တက်ပုအရေး ၊ တို့အရေး
    တက်ပုမိန်းမ၊ ယောက္ခမ
    ပေးဟချက်ချင်း၊ ခုလက်ငင်း....

လူတွေ မူးမူးရူးရူးနှင့် ဘယ်နှယ်ကြိမ် ဘယ်နှစ်ခါများ ရွာရိုးလျှောက်ပြီး အသွားအပြန် အော်လိုက်ကြသည် မသိ။
နောက်ဆုံး၌ သူကြီးအိမ်ရောက်ကြကာ စစ်ဆေး မေးမြန်းခြင်းကို ခံရလေသည်။ ကျွန်တော်မှတ်မိ  သမျှမှာ...
သူကြီး မင်းတို့မူးပြီး  ဘာအရူးထကြတာလဲ
အရူးထတာမဟုတ်ဘူး ဆန္ဒပြကြတာ

ဘာဆန္ဒလဲ
ကျုပ်တို့ ယ၊တ၊သ၊အ ရဲ့ ဆန္ဒ
ယ၊တ၊သ၊အ ဆိုတာ ဘာဘဲ
ယောက္ခမတော်လှန်ရေး သမက်များ အစည်းအရုံး
မင်းတို့အစည်းအရုံးကို ငါမတရားအသင်း ကြေညာတယ်ကွာ၊ လူတွေကို ပုဒ်မ (၅) ဖမ်းတယ်။
ဘာလဲ၊ ကျုပ်တှို့ကို ၅ ယောက်စီ ၅ယောက်စီ ပုတ်ထဲမှာ သင်းထားမှာလား။

အမူးစကားတွေ ပြောမနေပါနဲ့၊ ငါအိမ်မှာ ပုတ်မရှိဘူး၊ သွား...ခုည ငါစပါးကျီထဲ အိပ်ကြ၊ မနက် အမူးပြေတော့ ငါ့ကို ကျေနပ်အောင် တောင်းပန်၊ နို့မဟုတ်ရင် မလွှတ်ဘူး၊ ထိတ်တုံးချထားမယ် မှတ်ထား။
ဤလူစုထဲတွင် ခေါင်းအမာဆုံးကား ကျွန်တော် ဖြစ်သည်။ အကြောင်းမူကား နောက်တစ်နေ့နံနက် ဘယ်သူမှမနိုးခင် အစောဆုံးထကာ စပါးကျီ အပြင်ဘက် တံခါးပိတ်ထားသည်ကို နံရံပေါ်က ကျော်၍ဆင်း၍ သူကြီးကို နှိုး၍ ရှိခိုးပြီး ဝေလီဝေလင်း မြို့သို့ သုတ်ခြေတင်ခဲ့ပါသတည်း။  

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, November 27, 2010

ကောင်းခြင်းမင်္ဂလာနှင့်ပြည့်စုံသော အပိုင်း (၁)

ဖြစ်ရပ်မှန်
ကောင်းခြင်းမင်္ဂလာနှင့်ပြည့်စုံသော
ဘာသာပြန် - မြတ်ငြိမ်း



    မယ်ဒယ်လင်းကတ်ရိုက် က 'နာသုံးနာပြည့်သူ
    အထူးသဖြင့် ဘ၀အခြေမလှသူကလေးတွေ၏
    ပညာရေးကို မြှင့်တင်ပေးလိုသူ၊
    သူကျောင်းအုပ်အဖြစ် ရောက်သွားသည့်
    ဆင်းရဲသား ရပ်ကွက် မူလတန်းကျောင်းမှ ကလေးများသည်
    ပညာသင်ယူရေးထက် နောက်တစ်ရက် အသက်ရှင်နေထိုင်ရေး
    အဓိကဖြစ်နေ၏။
    မိဘတွေက ကျောင်းဘက်သို့ ခြေဦးပင်မလှည့်၊
    ဆရာ ဆရာမများ က စိတ်ဓာတ်အကြီးအကျယ် ကျနေသူတွေ။
    အခြားဝန်ထမ်းများ က သံပတ်ပေး စက်ရုပ်ပမာ
    ထိုထိုသော အနေအထားများက မယ်ဒလင်း၏
    စိတ်ဓာတ်နှင့် စွမ်းရည်ကို စိန်ခေါ်နေသည်။

ရဲအဖွဲ့က တယ်လီဖုန်းဆက်ချိန်တွင် ကျွန်မသည် ကျောင်းရုံးခန်းထဲတွင် အလုပ်လုပ်နေခိုက်ဖြစ်၏။ ကျွန်မ အလုပ် လုပ်နေသည့် ကျောင်းမှာ ပင်စီလ်ဗေးနီးယားပြည်နယ်၊ ဖီလဒဲလ်ဖီးယား မြောက်ပိုင်း ရှိ ဘလိန်း မူလတန်းကျောင်း ဖြစ်သည်။ ကျွန်မ၏ တပည့်နှစ်ယောက်၏ မိခင်ဖြစ်သူ ကက်စင်ဒရာမှာ စောစောကလေး ကပင် ဓားထိုးခံလိုက်ရသည်တဲ့။ သူ့သားဖြစ်သူ ကိုးနှစ်သားကလေး ဒိုရီယံ က ကျွန်မကို ခေါ်ပေးဖို့ ပြောနေသည် ဆို၏။

အိုမဟုတ်ပါစေနဲ့ကွယ်။ ကက်စင်ဒရာမဟုတ်ပါစေနဲ့ ဟု ကျွန်မဆုတောင်းမိ၏။ ကက်စင်ဒရာကား ငယ်ရွယ် နုပျိုသော မိခင်တစ်ဦး။ စိတ်ပျက်စရာတွေ ပြည့်လျှမ်းနေသည့် ပတ်ဝန်းကျင် တစ်ခုတွင် ကိုယ့် ဘ၀ကိုယ် ပြုပြင်ဖို့ ကြိုးစားအားထုတ်နေသူတစ်ဦး။

မြို့တွင်းရှိ ကျောင်းတစ်ကျောင်းကို စံပြကျောင်းဖြစ်လာအောင် ပြုပြင် ပြောင်းလဲပစ်ဖို့ ကျွန်မမှာ ရည်မှန်းချက် ရှိခဲ့သည်။ သို့သော် ၁၉၇၉ ခုနှစ်၊ မတ်လတွင် ဘလိန်းသို့ ကျောင်းအုပ် ဆရာမအဖြစ်ဖြင့် ရောက်လာ ကတည်းက ကျွန်မရင်ဆိုင်ရမည့် အခက်အခဲများသည် လွယ်ကူလိမ့်မည် မဟုတ်ကြောင်း သိမြင် သဘောပေါက်ခဲ့၏။

ဘလိန်း မူလတန်းကျောင်း၏ ၀န်းကျင် စထရေး ဘယ်ရီမင်းရှင်း အမည်ရှိ တိုက်အိမ်တွဲကြီးရှိသည်။ လေးထောင့် ပုံစံ တိုက်အိမ်ကြီး ၁၆အိမ်လောက် တွဲစပ်တည်ဆောက်ထားသည့် စထရော် ဘယ်ရီမင်းရှင်းကြီး တစ်ခုလုံးမှာ ဟောင်းနွမ်းပျက်စီးနေပြီ။ ထိုတိုက်တွဲကြီးတွင် နေထိုင်သည့် အိမ်ထောင်စု အများစု သည် လူမှုဖူလုံရေး ထောက်ပံ့ကြေးပေါ်တွင် မှီခိုအားထားနေကြသူများဖြစ်၏။ ကျွန်မတို့ ကျောင်းတွင် လာရောက်စာသင်နေသည့် စာသင်သားတွေထဲမှ လက်တစ်ဆုပ်စာ မျှသော ကျောင်းသူ ကျောင်းသား တွေသာ ကျောင်းမှ အိမ်သို့ ပြန်ရောက်လာလျှင် သူတို့၏ မိရင်းဖရင်းနှင့် ဆုံတွေ့ကြရသည်။

ကျွန်မ တို့ကျောင်းမှ ကလေးအတော်များများမှ ထာဝစဉ် တိုက်ပွဲနွဲနေသည့် ကမ္ဘာတစ်ခုထဲတွင် နေထိုင် ကျင်လည် နေကြရ၏။ တိုက်ပွဲများသည် သူတို့ နေထိုင်သည့် အိမ်ထဲမှာ ဖြစ်ချင်ဖြစ်မည်။ သို့မဟုတ် ပါကလည်း သူတို့အိမ်နှင့် ကပ်လျက်ရှိသည့် အိမ်ထဲမှာ ဖြစ်ချင်ဖြစ်နေမည်။

တစ်ခါတစ်ရံ တွင် ကျောင်းစင်္ကြံလမ်းပေါ်၌ အပြုံးအရယ်မဲ့စွာ ဖြတ်လျှောက်လာသည့် ကလေး တစ်ယောက် ယောက် ကို ကျွန်မ ရပ်တန့်စေသည်။ ပြီးတော့မေးကြည့်သည်။
   "ဘယ်လိုဖြစ်တာလဲကွယ်"
ထိုအခါ အကြမ်းဖက်မှု ဇာတ်လမ်းတစ်ပုဒ်ကို ကြားရတတ်၏။ ထိုအခါ ကျွန်မက ထိုကလေးကို စိတ် သက်သာရာ သက်သာကြောင်းပြောရ၏။ အားပေးရ၏။ တကယ်တော့ သည်လို ဝေဒနာမျိုးကို ဘယ်ကလေး မျှ မခံစားထိုက်ပါချေ။

"ဒီမှာတော့ သားဘာမှမဖြစ်စေရဘူး။ သားရဲ့ကျောင်းဟာ လုံခြုံတဲ့နေရာ၊ စိတ်ချရတဲ့နေရာကွယ့်။ ဒီကျောင်းမှာ သားကို လူတိုင်းက ကောင်းကောင်းမွန်မွန် ဖော်ဖော်ရွေရွေ ဆက်ဆံကြလိမ့်မယ်။ သား ပြုံးနိုင် ရယ်နိုင် လာအောင် ဆရာမကြီးတို့က ၀ိုင်းဝန်းကူညီ စောင့်ရှောက်ကြမှာပါကွယ်"

ကျွန်မက သည်လိုစကားမျိုးဖြင့် အားပေးခဲ့သည်။ နှစ်သိမ့် ဖျောင်းဖျခဲ့သည်။ သို့ပေမဲ့ ခုတော့ အဆိုးရွားဆုံး ဖြစ်ရပ်တစ်ခုက ဖြစ်ပေါ်လာခဲ့လေပြီ။ ကျွန်မကျောင်းသားတွေ၏ မိဘတွေထဲမှာ မိခင်တစ်ယောက်မှာ သတ်ဖြတ်ခြင်းခံလိုက်ရပြီ။ ဒိုရီယံတွင် ညီမကလေးနှစ်ယောက်ရှိသည်။ သူတို့၏မိခင် ကက်စင်ဒရာ အသတ်ခံရချိန်တွင် သူတို့ သုံးယောင်စလုံး အခင်းဖြစ်ပွားသည့် နေရာမှာ ရှိနေကြသည်။

ကက်စင်ဒရာ့ ဇာတ်လမ်းမှာ ကြေကွဲစရာ ဇာတ်လမ်းတစ်ပုဒ်ပါ။ သူသည် ကာလကြာမြင့်စွာကတည်းက ကုတ်ကင်းစွဲနေသူတစ်ဦးဖြစ်၏။ သို့သော် သူက ပြန်လည် ပြုပြင်ရေးစခန်း သွားပြီး ဆေးဖြတ်ဖို့ ဆုံးဖြတ် ခဲ့ သည်။

တစ်လလောက် ကြာသောအခါ ကက်စင်ဒရာသည် သမီးအကြီးကလေးကို ကြိုရင်း ကျွန်မရုံးခန်းထဲသို့ ၀င်လာသည်။ ထိုအခါ ကက်စင်ဒရာ၏ ပြုပြင်ပြောင်းလဲမှုရလဒ်များကို ကျွန်မမြင်တွေ့လိုက်ရ၏။
    "ဟာ…ကက်စင်ဒရာ၊မင်းမှဟုတ်ရဲ့လားကွယ်။ မင်းကိုယ်မင်း ဘာတွေလုပ်ပြီး ဘယ်လို ပြုပြင် လိုက်တာ လဲဟင်၊ မင်းကိုကြည့်ရတာ တစ်သွေးတစ်မွေး ဖြစ်နေပါကလား"
"အိုး…ကျေးဇူးတင်ပါတယ် မစ္စစ်ကတ်ရိုက်။ ကျွန်မပြန်လည်ပြုပြင်ရေးစခန်းက ပြန်လာပြီလေ။ ကျွန်မ ဆေးပြတ် သွားပြီ ဆရာမကြီးရဲ့။ ကျွန်မဒီအတိုင်းပဲ ဆက်ပြီးနေတော့မှာပါ"
    ကက်စင်ဒရာက သူ့သမီးကို ခေါ်သွားသည်။ ကုန်စုံဆိုင်သို့ သွားပြီး ဈေးဝယ်သည်။ ပြီးတော့ တစ်နေရာ မှာ ၀င်ပြီး ဒိုရီယံအတွက် ရှူးဖိနပ်အသစ်တစ်ရန်ဝယ်သည်။ အိမ်သို့ အပြန်တွင် သူ့အဘွားအိမ်ဝင်ပြီး တစ်နှစ်သမီး အငယ်လေး ကို ခေါ်သည်။ သူ့အဘွားက သမီးအငယ်ကလေးကို ထိန်းပေးထားသည်လေ။

အိမ်သို့ရောက်သောအခါ ကက်စင်ဒရာ ညစာချက်နေသည်။ ထိုအခိုက် သူ့ယောကျာ်းပြန်လာသည်။ သူတို့နှစ်ယောက် ငွေကြေးကိစ္စနှင့်ပတ်သက်ပြီး စကားများကြသည်။ ငြင်းကြခုံကြသည်။ အငြင်းအခုံတွင် အရှိန်တက်လာပြီး တစ်ဦးကို တစ်ဦး တွန်းကြ၊ ထိုးကြ၊ ဆဲဆိုသည်အထိ ဖြစ်လာသည်။ အထိတ်တလန့်ဖြစ်နေသော ကလေးငယ်သုံးယောက်က ဆိုဖာတစ်လုံးပေါ်မှာ။ သုံးယောက်သား စုပြီး ဆိုဖာပေါ်မှာ ၀ပ်နေကြသည်။ ထို့နောက်တော့ သူတို့အဖေက ဓားတစ်ချောင်းကို ဆက်ပြီး ခေါ်ဖို့ အပေါ်ထပ်သို့ ပြေးတက်သွားသည်။

ဒိုရီယံနှင့် သူ့ညီမလေးနှစ်ယောက်မှာ အသည်းတုန်အူတုန် ဖြစ်နေသည်။ ထိတ်လန့်ကြောက်ရွံ့လွန်းသဖြင့် ဆိုဖာပေါ် တွင် လှုပ်ပင်မလှုပ်ဝံ့ကြ။ ဆေးဘက်ဆိုင်ရာ ၀န်ထမ်းတွေ တံခါးဝမှာ အပြေးအလွှား ၀င်ရောက် လာကြသော အခါ ကြမ်းပြင်ပေါ်မှာ လဲနေသည့် ကက်စင်ဒရာကို တွေ့ကြရသည်။ ကလေးသုံးယောက် ကတော့ ဆိုဖာပေါ်မှာပင် ထိုင်နေကြဆဲ။ ထိတ်လန့်တုန်လှုပ်နေသည်။ ကြက်သေသေနေသည်။။ အသံ ဆိုလို့ စိုးစိ မျှ မထွက်ဝံ့ကြ။
    နာရီအနည်းငယ်ကြာသောအခါ ရဲအဖွဲ့က ဒိုရီယံ၏ ဖခင်ကို ဖမ်းဆီးလိုက်၏။ ပြီးတော့ ကက်စင်ဒရာ တစ်ယောက် ဆေးရုံ မှာပင် သေဆုံးသွားပြီဖြစ်ကြောင်း သတင်းပေးသည်။
    "ဦးတို့ ဘယ်သူ့ကို ခေါ်ပေးရမလဲ"
    ရဲသားတစ်ယောက်က ကလေးတွေကိုမေးသည်။
    "သားတို့ ပြဿနာတစ်ခုခုပေါ်တဲ့အခါ လာပြီး ကူညီတတ်တဲ့သူ တစ်ယောက်ယောက်များ ရှိသလား"
    "ကျွန်တော့်ကျောင်းအုပ်ဆရာမကြီး ကို ခေါ်ပေးပါ"
    ဒိုရီယံ က ညီမငယ်နှစ်ယောက်ကို တင်းတင်းဖက်ထားရင်းပြောသည်။
    "သူလာပြီး ကျွန်တော်တို့ကို ခေါ်ပါလိမ့်မယ်"

ကျွန်မသူတို့ဆီသို့ သွားခဲ့ပါသည်။ ကျွန်မအတိုင်ပင်ခံ ရှေ့နေတစ်ယောက်ဆီသို့ အပြေးအလွှား သွားသည်။ သူတို့ကို ကျောင်းသို့ ခေါ်သွားသည်။ နောက်တော့ ကျွန်မအိမ်သို့ ခေါ်ခဲ့သည်။
ထိုည အဖို့တော့ အဖိုးထိုက်ရတနာလေးတွေကိုကြည့်ပြီး ကျွန်မငိုင်နေမိသည်။ သူတို့ကလေးတွေကို ဘာပြော လို့ ဘာဆိုရမည်မသိ။ သူတို့သုံးယောက်ကို ကျွန်မအိပ်ရာပေါ် ခေါ်တင်ထားသည်။ ပြီးတော့ သူတို့ကို ထွေးပွေ့ထားရုံပဲ တတ်နိုင်သည်။ သူတို့ကလေးတွေက ရှိုက်ကြီးတငင် ငိုကြွေးနေကြသည်။ ပါးစပ်ကလည်း မြည်တမ်းနေကြသည်။
    "မေ့မေ့ကို ခေါ်ပေးပါ မစ္စစ်ကတ်ရိုက်၊ မေမေ့ကို ခေါ်ပေးပါ"

ကျွန်မ သူတို့ကျောကလေးတွေကို အသာအယာ ပုတ်ပေးသည်။ သူတို့လက်မောင်းကလေးတွေကို ပွတ်သပ် ပေးသည်။ နောက်ဆုံး တော့ သူတို့ကလေးတွေ ငိုကြွေးမြည်တမ်းရင်းမောပြီး အိပ်ပျော် သွားကြသည်။ သည်တော့မှ ကျွန်မငိုမိသည်။ ဘုရားသခင်ထံတွင် ဆုပန်မိသည်။ သည်ခိုကိုးရာမဲ့ သနားစရာ ကလေးငယ်တွေသည် တပည့်တော်မကို မျှော်လင့်အားကိုးနေကြပါသည်ဘုရား။ သူတို့ ကလေး တွေသည် တပည့်တော်မကို လိုအပ်နေကြပါသည်ဘုရား။ ထို့ကြောင့် သူတို့ကလေးတွေကို ကူညီ စောင့်ရှောက် နိုင်စွမ်းရှိအောင် တပည့်တော်မအား ခွန်းအားများ ပေးသနားတော်မူပါဘုရား။
ကတ်စင်ဒရာသည် သူ့ကလေးတွေ၏ နောင်ရေးကောင်းအောင် စီစဉ်ခဲ့၏။ စိတ်ကူးယဉ်ခဲ့၏။ သူတို့ ကလေး တွေ အနေဖြင့် သူတို့မေမေ စိတ်ကူးယဉ်မျှော်မှန်းခဲ့သည့် အနာဂတ် ဘ၀မျိုးကို ခံစား ထိုက် ပါသည်။ ထို့ကြောင့် သူတို့ကလေးတွေအတွက် အတတ်နိုင်ဆုံး ကူညီမည်ဟု ကျွန်မတစ်ကိုယ်တည်း အဓိဋ္ဌာန် ပြုလိုက်ပါသည်။

နောက်ဆုံး၌ သမီးကြီးကလေးက ဆွေမျိုးတစ်ဦးထံတွင် သွားနေသည်။ ဒိုရီယံ နှင့် သူ့ညီမ အငယ်ကလေး ကတော့ ကတ်စင်ဒရာ့ အဘွားနှင့် ဆက်ပြီးနေသည်။ ဒိုရီယံက ကျွန်မတို့ကျောင်းဆက်တက်သည်။
တကယ် တော့ ဘလိန်းသို့ ကျွန်မရောက်လာခြင်းကိုက ဒိုရီယံ၊ သူ့ညီမလေးနှစ်ယောက်နှင့် သူတို့ကို ကလေး တွေကို ကူညီဖေးမဖို့ မဟုတ်ပါလား။

ဘလိန်းသို့ ကျွန်မရောက်လာသည်မှာ မတ်လ အစောပိုင်း ဖြစ်သည့်တိုင် ဆောင်းရာသီ၏ အအေးဓာတ်က ကျန်နေဆဲ။ သို့သော် နံနက်ခင်း၏ နေမင်းကြီးက နွေဦးကာလကို ညွှန်းနေ၏။ ပြိုကျ ပျက်စီးနေပြီဖြစ်သော အိမ်တန်းရှည်ကြီး ၏ ခေါင်ပေါ်မှာ ခြေချင်းဝတ် မြုပ်လောက်သည့် အမှိုက်သရိုက် တွေ ပွနေသော ကွက်လပ် များ ၏ ခေါင်းပေါ်မှာ မိုးကောင်းကင်ကြီးသည် ပြာလဲ့တောက်ပနေ၏။

သို့သော် အက်ကြောင်းကြီးများ ထင်ပြီး ပျက်စီးယိုယွင်းနေသည့် လမ်းဘေး ပလက်ဖောင်းများပေါ်မှာတော့ မှောင်နေဆဲ။ အိမ်ရှေ့ဆင်ဝင်များနှင့် အိမ်ရှေ့လှေကားများမှာ မှောင်ရိပ်များအောက်တွင် နစ်မြုပ်နေဆဲ။ အဆောက် အအုံ အများစု သည် ဗုံးကြဲခံထားရ သည်သို့ရှိ၏။ အချို့အိမ်များမှာ အထဲတွင် အခန်းများ ဖွဲ့စည်းထားခြင်း မရှိ။ ဟာလာဟင်းလင်း အခန်းကြီးများသာရှိသည်။ သည်အခန်းတွေ၏ ကြမ်းပြင်မှသည် မျက်နှာကြက်အထိ ပိုးဟပ်တွေ ကြွက်တွေ ပြည့်နေသည်။ သည်အခန်းတွေထဲတွင် ကလေးတွေ ဘယ်လို နေထိုင်ကြမည် ကို စဉ်းစားလို့ပင် မရ။ သို့တိုင် သည်ဟာလာဟင်းလင်း ခန်းမတွေထဲတွင် လူတွေ ပြည့်နေသည်။ သည်မိသားစုတွေတွင် ကလေးတွေ တစ်ပြုံတစ်မကြီး ရှိနေကြသည်။

အိမ်ရှေ့လှေကားထစ်များတွင် ရှိနေသည့် လူတွေက သူတို့ လမ်းထဲသို့ ကဲဒီလက် ကားကြီးကို ဖြည်းဖြည်းချင်း မောင်းဝင်လာပြီး မဲဆွယ်ထွက်သည့် နိုင်ငံရေးသမားတစ်ယောက်လို လက်ဝှေ့ယမ်း ပြနေသော မိန်းမတစ်ယောက်ကို မြင်တော့ အံ့သြနေကြသည်။

    "မင်္ဂလာရှိတဲ့ နံနက်ခင်းပါ။ မင်္ဂလာရှိတဲ့နံနက်ခင်းပါ"
    ကျွန်မက သူတို့ကို လှမ်းပြီး နှုတ်ခွန်းဆက်သည်။

ကျွန်မအား စိတ်မနှံ့သော မိန်းမတစ်ယောက်ဟု ထင်ကြမှာ သေချာသည်။ သည်လမ်းထဲသို့ ကဲဒီလက် ကားကြီး တွေ ၀င်လေ့ဝင်ထမရှိ တစ်စုံတစ်ယောက်သည် လမ်းမှားကွေ့မိပြီး ၀င်္ကပါလို ရှုပ်ယှက်ခတ် နေသည့် အဆောက်အအုံတွေကြားထဲတွင် လမ်းပျောက်ကာ ထိတ်လန့်တကြား ဖြစ်နေမှသာ သည် လမ်းတွေ ပေါ်တွင် ကဲဒီလက်ကားကြီးတွေကို တွေ့ရတတ်၏။

သို့သော် ကျွန်မက ဆင်းရဲသား ရပ်ကွက်များနှင့် စိမ်းသူမဟုတ်။ ဆင်းရဲသား ရပ်ကွက် တစ်ခုတွင် ကျွန်မ၏ သက်တမ်းတစ်ဝက် လောက် နေထိုင်ခဲ့ရသူဖြစ်သည်။ ခုတော့ လာမည့် နှစ်ကာလ များအတွင်း သည် ရပ်ကွက် ကို ကိုယ့်အိမ်ကိုယ့်ရာလို ဖြစ်လာအောင် ပြုပြင်ပြောင်းလဲပစ်မည်ဟု သံန္နိဋ္ဌာန်ချထားသည်။ သည်လို အားထုတ်လုပ်ဆောင်ခွင့်ရခြင်းသည် ပင်လျှင် ကျွန်မ၏ အိပ်မက်တစ်ခု အကောင် အထည် ပေါ်လာခြင်း မဟုတ်ပါလား။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ရည်ရော်မှန်း အိုင်စမ်းရေပြာ အပိုင်း (၁ဝ)

(၉)

ကျောင်းပိတ်သည့် နေ့တစ်နေ့ဝယ် မခင်ရွှေသည် မြို့ထဲထွက်ပြီး သူလိုအပ်သည့် ပစ္စည်းလေးတွေ ကို ၀ယ်ခြမ်း ပြန်လာရာမှာ တစ်ပေပတ်လည်ရှိသော ပန်းချီကားတစ်ချပ် ပါလာသည်။
ပန်းချီကား ကို သန့်ပြန့်ဖြူစင်သော ပိတ်ဖြူဖြင့် ထုပ်ပိုးလာသည်။
အိမ်ဦးခန်းဘက် တွင် ကွမ်းအစ်တစ်လုံး အလယ်မှာချထားပြီး တိုးတိုးသက်သာ စကားပြောနေကြ သော အဘိုးကြီးနှင့် အဘွားကြီး ရှိရာသို့ မခင်ရွှေက ရိုသေစွာသွားပြီး သူတို့နှစ်ယောက်ရှေ့မှာ ဒူး တုပ်၍ ထိုင် လိုက်သည်။

" ဘိုးဘိုးနဲ့ ဘွားဘွားကို ကျွန်မ ကန်တော့ပါတယ် "
မခင်ရွှေက ပြောပြီး သူယူလာသည့် ပစ္စည်းတွေထဲက အဘိုးကြီးနှင့် အဘွားကြီး ကြိုက်တတ်သည့် မလိုင်လုံး အထုပ်ကြီး ကို သူတို့နှစ်ယောက်စလုံးရှေ့မှာချပြီး ရိုသေစွာ လက်အုပ်ချီ ကန်တော့လိုက် သည်။
မခင်ရွှေသည် ဤအိမ်သို့ ရောက်လာပြီးမှ တစ်လတစ်ကြိမ်လောက် ယခုလို အဘိုးကြီး အဘွားကြီး ကြိုက် တတ်သည့် မုန့်ပဲ၊ သွားရည်စာ ဟင်းကျွေး ဟင်းလျာဝယ်ပြီး ကန်တော့တတ်သည်ကို အဘိုး ကြီးနှင့် အဘွားကြီး က သိပြီးဖြစ်သောကြောင့် အထူးအဆန်း မဟုတ်တော့ချေ။

" တို့မှာ ရှားရှားပါးပါး မဟုတ်ပါဘူး ဆရာမရယ်၊ ပစ္စည်းမပါဘဲ လက်အုပ်ချီကန်တော့ရင်လည်း ကျေနပ် ပါတယ်။ ဆရာမရဲ့ စေတနာကို တို့သိပြီးသာပါ ..
ဟူသော စကားကို ပြောခဲ့ဖူးသည်။ သို့သော် မခင်ရွှေက ...
" ကျွန်မမှာ မိဘ၊ ဘိုးဘွားရယ်လို့ မရှိတော့ ရောက်ရာ ကြုံရာမှာ အခုလို သက်ကြီးဝါကြီး ပုဂ္ဂိုလ်တွေကိုပဲ ကျွန်မ မိဘ လို ဘိုးဘွားလို၊ လှူခဲ့ရပါတယ်။ ကျွန်မကို သနားရင် လက်ခံပါ "
ရိုရိုသေသေ တောင်းပန်ထားသောကြောင့် အဘိုးကြီးနှင့် အဘွားကြီးတို့က မခင်ရွှေကန်တော့သော ပစ္စည်းကို လက်ခံသည်။ ထမင်းလခကို လျှော့ယူလာခဲ့ကြသည်။ ယခုလည်း မခင်ရွှေ ကန်တော့ သည်ကို ခံယူပြီး ဆုမွန်များ ပေးလိုက်ပြီးသော အခါ မခင်ရွှေ က စကားစလိုက်၏။

" ဘိုးဘိုးနဲ့ ဘွားဘွားကို ကျွန်မ ကြိုတင်ပြီး အသိပေး တောင်းပန်ထားပါရစေ "
" ဘာများလဲ ဆရာမ "
အဘွားကြီးက မေးသည်။
" တခြားတော့ မဟုတ်ပါဘူး၊ ကျွန်မ ကြည်ညိုနေတဲ့ ပုဂ္ဂိုလ်ကြီး တစ်ဦးရဲ့ပုံကို ကျွန်မ အခန်းမှာ ရိုရို သေသေ ကိုးကွယ် ထားချင်လို့ပါ။ ဒီပုဂ္ဂိုလ်ကြီး ရဲ့ပုံကို ပန်းချီဆရာ တစ်ယောက်ထံမှာ အပ်နှံပြီး ဆွဲ ခိုင်းလာခဲ့တာ၊ ဒီနေ့ ပြီးလို့ သွားယူခဲ့ပါတယ် ဘွားဘွား။ ဘွားဘွားတို့ အိမ်ပေါ်မှာ ကျွန်မ နေခိုက် ဒီပုံကို ကျွန်မ ကိုးကွယ်တာ ဘွားဘွား တို့ကို ကြိုတင်အသိမပေး၊ မပန်ကြားရင် အိမ်ရှင်ဖြစ်တဲ့ ဘွားဘွားတို့ကို မရိုသေရာရောက်မှာ စိုးလို့ပါ "

" ဘာပုံလဲ ဆရာမ၊ သုံးဆယ့်ခုနစ်မင်း နတ်ပုံတွေလား "
အဘိုးကြီး နှင့် အဘွားကြီးသည် အနန္တော အနန္တ ငါးပါးကလွဲရင် မည်သည်ကိုမျှ မကိုးကွယ်ဘဲ ရှင်း ရှင်းနေကြောင်း ကို မခင်ရွှေ ရောက်လာကာစကပင် သိခဲ့သည်။
ထို့ကြောင့် အဘွားကြီးက နတ်ပုံတွေဟု ထင်ပြီး မေးလိုက်ခြင်းဖြစ်သည်။
မဟုတ်ပါဘူး ဘွားဘွားရယ်၊ ကျွန်မ ရေပြာအိုင်ရွာမှာ နေစဉ် "
မခင်ရွှေ စကားမဆုံးမီ စကားတစ်ခွန်းမျှ မပြောခဲ့တဲ့ နှုတ်ဆိတ်နေသော အဘိုးကြီးက ဖြတ်မေး လိုက်သည်။

" သြော် ... ဆရာမက ရေပြာအိုင်ရွာမှာ နေခဲ့သေးတာကိုး အခုမှ သိရတယ် "
ဟု ပြောလိုက်သော အဘိုးကြီး၏ အသံသည် စိတ်ဝင်စားသွားဟန်ပါသည်ဟု မခင်ရွှေက ယူဆလိုက်သည်။
" ဟုတ်ကဲ့ပါ ဘိုးဘိုး "
မခင်ရွှေက ဖြေလိုက်သည်။
" ကဲ ... ကဲ ... ဆက်ပြောစမ်းပါဦးလေ "
အဘိုးကြီးက နေရာကို ပြင်ထိုင်ရင်း တိုက်တွန်းလိုက်သည်။

" ဟုတ်ကဲ့ ရေပြာအိုင်မှာ ကျွန်မနေထိုင်ခဲ့စဉ်က အင်မတန် ကြည်ညိုစရာကောင်းတဲ့ ပုဂ္ဂိုလ်ကြီး တစ်ပါးအကြောင်းကို ကျွန်မနေတဲ့ အိမ်ရှင် ဘွားဘွားရွှေအိမ် ပြောပြလို့ ကြားခဲ့ရပါတယ်။ လူကိုယ် တိုင် မသိလိုက်၊ မမီလိုက်သော်လည်း ဒီပုဂ္ဂိုလ်ကြီးရဲ့ မြင့်မြတ်တဲ့ စိတ်ထားနဲ့ မြွေကိုက်ခံရတဲ့ သတ္တ ၀ါမှန်သမျှ ကယ်တင် ခဲ့တယ်လို့ ကြားရတော့ ကြည်ညိုလွန်းလို့ စိတ်မှန်းနဲ့ ကန်တော့မိပါတယ်။ တောရွာဆိုတော့လည်း ပန်းချီဆရာ ရယ် ဘယ်ရှိပါ့မလဲ ဘိုးဘိုးရယ်၊ အခု ဒီမြို့ရောက်လာတော့မှ ပန်းချီဆရာတစ်ဦးဆီမှာ ဒီပုဂ္ဂိုလ်ကြီး ရဲ့ အတ္တုပ္ပတ္တိနဲ့ လိုက်လျောတဲ့ ပန်းချီပုံဆွဲခိုင်းရတော့တယ်၊ ဒီပုဂ္ဂိုလ်ကြီးပုံကို ကျွန်မ ကိုးကွယ် မလို့ပါ "

မခင်ရွှေစကားကြောင့် အဘိုးကြီးနှင့် အဘွားကြီး မျက်နှာသည် စိတ်အားထက်သန်သော အမူအရာ မျိုး ဖြစ်လာကြသည်။
" အဲဒီ ပုဂ္ဂိုလ်ကြီး နာမည်ကိုကော သိလာခဲ့လား ဆရာမ "
အဘွားကြီး က မေးသည်။

" ဟုတ်ကဲ့။ သိလာပါတယ် ဘွားဘွား၊ ကျွန်မ နေခဲ့တဲ့ ဘွားဘွားရွှေအိမ်တို့ အိမ်မှာပဲ ဒီပုဂ္ဂိုလ်ကြီးက သူ ပျောက်ကွယ် သွားသည့်တိုင်အောင် နေထိုင်သွားခဲ့တယ်ဆိုတော့ ဘွားဘွားရွှေ အိမ်က သေသေချာချာ ပြောပြလိုက် လို့ ကျွန်မ မှတ်မိနေပါတယ် "
" ပြောစမ်းပါ ဆရာမ နာမည် ဘယ်လိုတဲ့လဲ "

" ဘွားဘွားရွှေအိမ်ကတော့ သူ့ထက် အသက်ကြီးတာလည်းတစ်ကြောင်း၊ မောင်နှမအရင်းအချာလို နေကြတော့၊ ကိုရင်သာပေါ်လို့ ခေါ်ပါတယ်တဲ့၊ နာမည်ရင်းကတော့ ဦးသာပေါ်ပေါ့ ဘိုးဘိုး"
အဘိုးကြီးနှင့် အဘွားကြီးသည် တစ်ယောက် မျက်နှာကိုတစ်ယောက်ကြည့်လိုက်ကြသည်။ ထို့ နောက် သက်ပြင်းပြိုင်တူ ချလိုက်ကြသည်။
" ဆရာမပြောတဲ့အိမ် မှာ ဦးသာပေါ် ဆိုသူ နေသွားတာ ဘယ်လောက် ကြာခဲ့ပြီလဲ " အဘိုးကြီးက မေးသည်။

" ဘွားဘွားရွှေအိမ် ပြောခဲ့တဲ့အတိုင်း ကျွန်မ မှတ်လာခဲ့တာတော့၊ ဘွားဘွားရွှေအိမ် အသက်နှစ် ဆယ်လောက်မှာ ဖြစ်ပါတယ်၊ ကျွန်မ ရေပြာအိုင်ရွာက ထွက်ခွာလာခဲ့စသ် ဘွားဘွားရွှေအိမ် အသက်ဟာ ရှစ်ဆယ်နား နီးနေပါပြီ ဘိုးဘိုး "
အဘိုးကြီးနှင့်အဘွားကြီး နှစ်ယောက်စလုံး အတန်ကြာ စကားမပြောကြဘဲ၊ နှုတ်ဆိတ်စွာ နေကြပြီးမှ တစ်ယောက် တစ်ခွန်း ပြောလိုက်ကြသည်။
" ဆရာမ ကိုးကွယ်မယ်ဆိုတဲ့ ပုံကို ပြစမ်းပါ "
" ဘယ်လို ပုံမျိုး ဆွဲခိုင်းထားလဲ "

မခင်ရွှေက သူယူလာသည့် ပန်းချီပုံကို ထုပ်ပိုးထားသည့် ပိတ်ဖြူစကို ညင်သာစွာ ဖြေပြီး၊ အဘိုးနှင့် အဘွားကြီးနှစ်ယောက် ရှေ့သို့ ရိုသေစွာ ထောင်ပြလိုက်သည်။
ပန်းချီပုံကား ဘွားဘွားရွှေအိမ် ပြောပြခဲ့သည့်အဖြစ်ကို မူတည်ပြီး ရေးဆွဲထားခြင်းဖြစ်သည်။ စေတီ အိုရှိရာ တောင်ကုန်း ပေါ်မှာ ကိုရင်သာပေါ်ကို ကိုဖိုးအောင်က အိပ်မက်ထဲမှာ တွေ့ခဲ့တယ်ဟူသော စကားအတိုင်း ရေးဆွဲ ထားသောပုံ ဖြစ်သည်။ စိတ်မှန်းဆွဲထားသော အဘသာပေါ် မျက်နှာသည် တည်ငြိမ်ခံ့ညားသည်။ ကျက်သရေ ရှိသည်။ သတ္တ၀ါတွေကို ကြင်နာသနားသည့် ကရုဏာရှင် မျက်နှာထားမျိုး ပြတ်ပြတ် သားသား ပေါ်လွင် နေသည်။

ဘိုးသာပေါ်၏ ပုံသဏ္ဍာန်ကို မှန်းဆပြီး ရေးဆွဲထားသော ပန်းချီပုံကပင် ကြည်ညိုစရာကောင်းနေ သည်။
အဘိုးကြီး သည် ပန်းချီပုံကို မခင်ရွှေလက်ထဲက ယူလိုက်သည်။ ထို့နောက် အဘွားကြီးနှင့်အတူ ပုံကို မြတ်မြတ် နိုးနိုးကြည့်ကာ နှစ်ယောက်စလုံး မျက်ရည်လည်နေကြသည်။
မခင်ရွှေက အဘိုးကြီးနှင့်အဘွားကြီး အရိပ်အကဲကို သတိထားကြည့်နေသည်။ အဘိုးကြီးနှင့် အဘွားကြီး သည် ပန်းချီပုံ ကို မ၀နိုင်သော ကြည့်ခြင်းဖြင့် ကြည့်နေကြခြင်း မခင်ရွှေလက်ထဲသို့ ပြန် မပေးဘဲ၊ သူတို့ နှစ်ယောက် ထိုင်နေသည့်အနားမှာ ရှိနေသော စားပွဲခုံဝိုင်းလေးပေးသို့ တရိုတသေ တင်ထားလိုက်ကြသည်။

ထို့နောက် မခင်ရွှေကို ပြောလိုက်၏။
" ဒီပုံကို ဆရာမတစ်ယောက်တည်း ကိုးကွယ်ဖို့ မဟုတ်ဘူး၊ အဘိုးနဲ့ အဘွားပါ ကိုးကွယ်ပါ့မယ် "
" ဘာကြောင့်ပါလဲ ဘိုးဘိုး "
မခင်ရွှေက မသိဟန်ဆောင်ပြီး မေးလိုက်သည်။

" ဘာကြောင့် ဆိုတာကိုတော့ ပြောသင့်ရင် ပြောပြပါ့မယ်လေ။ ဆရာမကြားလာခဲ့တဲ့ ဦးသာပေါ် အကြောင်းကို ပြောစမ်းပါဦး။ ရေပြာအိုင်ရွာမှာ ဦးသာပေါ် ဘယ်လိုနေထိုင်ခဲ့တယ်။ ဘာတွေလုပ် သွားတယ်၊ နောက်ဆုံး ဘယ်လို ပျောက်ကွယ်ခဲ့တယ်ဆိုတာ အဘိုးတို့ သေသေချာချာ ကြားချင် ပါတယ် ဆရာမ "
အဘိုးကြီးနှင့် အဘွားကြီးက တိုက်တွန်းလိုက်ကြသည်။

....ဟုတ်ကဲ့ ဘွားဘွားရွှေအိမ် ပြောပြခဲ့တာတွေကို ကျွန်မ မှတ်တမ်းသဘောမျိုး သေသေ ချာချာ တစ်လုံး မကျန် ရေးမှတ်ခဲ့ပါတယ်။ အဲဒီ မှတ်တမ်းကို ဘိုးဘိုးနဲ့ဘွားဘွား ဖတ်ကြည့်ပါ ....
မခင်ရွှေက ပြောပြီး သူရေးသားမှတ်တမ်းတင်လာခဲ့သည့် ရေပြာအိုင်မှ ဇာတ်လမ်းများ ဖိုင်တွဲကြီးကို ယူလာသည်။ ဖိုင်ထဲမှာ ဦးသာပေါ် အကြောင်းကို မှတ်တမ်းတင်ထားသည့် ...
.... ရေပြာအိုင်မှမြွေနိုင်သူ ....
ဟုသော စာတွဲကို ယူပေးလိုက်သည်။
....ဆရာမပဲ ဖတ်ပြပါ ....

အဘိုးကြီး အဘွားကြီးနှစ်ယောက်စလုံးက ပြောသောကြောင့် မခင်ရွှေက အာရှင်းရှင်းဖြင့် ရေပြာအိုင်မှြွေမနိုင်သူ အကြောင်းကို ဖြည်းဖြည်းလေးလေး ဖတ်ပြလိုက်သည်။
အဘိုးကြီး နှင့် အဘွားကြီးသည် ကျုံ့ယုံ့စွာထိုင်ကာ တရားနာသကဲ့သို့ လေးလေးစားစား နားထောင်နေကြသည်။ မခင်ရွှေဖတ်ပြ၍ ရေပြာ အိုင်မှြွေမနိုင်သူ အဘသာပေါ်အကြောင်း ဆုံးသွားသော အခါ အဘိုးကြီးရော အဘွားကြီးပါ မျက်ပျဉ်းကျနေသည့် မျက်လုံးအိမ်မှ မျက်ရည်များ စိမ့်ကျလာသည်ကို မခင်ရွှေ တွေ့ရသောအခါ သူတို့နှစ်ယောက်သည် သူတို့ အစ်ကိုကြီးဖြစ်သူ ဘိုးသာပေါ်ကို မည်မျှ ချစ်ခင် လွမ်းဆွတ်နေသည်ကို ခန့်မှန်းမိလိုက်သည်။

မခင်ရွှေပင် ဘွားရွှေအိမ် ပြောပြစဉ်က မမြင်ဘူးလိုက်ဘဲနှင့် စိတ်ထဲမှာ ဝမ်းနည်းသလိုလို ခံစားလိုက်သေးသည်ဖြစ်ရာ ညီအစ်ကိုရင်း ဖြစ်သော အဘိုးကြီးနှင့်အဘွားကြီးတို့ မျက်ရည်ကျသည်မှာ ကျထိုက်ပါပေသည်ဟု မခင်ရွှေ တွေးလိုက်သည်။
အဘိုးကြီးနှင့် အဘွားကြီးက မျက်ရည်သုတ်နေစဉ်မှာ မခင်ရွှေက မမြင်ဟန်ဆောင်ပြီး ပြောလိုက်သည်။
....ရေပြာအိုင်မှာ နေစဉ် ဘွားဘွားရွှေအိမ် ပြောပြကတည်းက ကျွန်မစိတ်ထဲမှာ အဘိုးသာပေါ်ကို ကြည်ညို လိုက်တာလေ။ အင်မတန် မြင့်မြတ်တဲ့ ကယ်တင်ရှင် အဘိုးသာပေါ်ရဲ့ ဆွေမျိုးတွေဆိုရင် ဘယ်လောက်များ ဂုဏ်ယူဖို့ ကောင်းလိုက်မလဲ....

မခင်ရွှေ စကားကို သဘောကျသွားဟန်တူသော အဘိုးကြီးနှင့် အဘွားကြီးက တစ်ယောက် တစ်ခွန်း ပြောလိုက်ကြသည်။
....ဪသာ် အစ်ကိုကြီး၊ သတင်းကြားနဲ့ မရေမရာ ဖြစ်နေတာ၊ အခုတော့ တကယ်ပဲ ခိုင်ခိုင်လုံလုံသိရတော့ ရှေ့ဖြစ် နောက်ဖြစ် တွေးပြီး လွမ်း လိုက်ပါရဲ့ အစ်ကိုကြီးရယ်....
အဘွားကြီး က လှိုက်လှိုက် လှဲလှဲ ပြောလိုက်သည်။

....အေးကွယ် ... အစ်ကိုကြီးလေ တို့ကို ခွဲခါနီး ပြောသွားတာလေ၊ မင်းတို့နဲ့ငါ အပြီးခွဲသွားတာ ဖြစ်ကောင်းဖြစ်မယ်။ ငါ့အတွက် ဘာပစ္စည်းမှ မချန်နဲ့။ အားလုံးယူကြ။ ကယ်သင့်တဲ့ သတ္တဝါတွေကယ်ဖို့ ငါသွားတော့မယ်လို့ နှုတ်ဆတ်သွားတဲ့အသံကို ငါ့နားထဲမှာ အခုထက်တိုင် ကြားယောင် နေသေး တယ်ကွယ့်....
ထိုအခါ မခင်ရွှေက အံ့ဩဟန်ဖြင့် ...

....ောသာ် ... ကျွန်မ ကြည်ညိုနေတဲ့ ပုဂ္ဂိုလ်ကြီး အဘိုးသာပေါ်ကို ဘိုးဘိုးနဲ့ ဘွားဘွားတို့ သိကြလား။ သိရင် ကျွန်မ ကို ပြောပြပါလို့ တောင်းပန်ပါတယ်။ ကျွန်မ ကြည်ညိုတဲ့ ပုဂ္ဂိုလ်မြတ်ကြီးရဲ့ မျိုးရိုးဇာတိ။ အရပ်ဒေသကို ကျွန်မ အင်မတန် သိချင်ပါတယ် ဘွားဘွားရယ်....
မခင်ရွှေက အလွန် ရိုသေနှိမ့်ချသော လေသံဖြင့် ပန်ကြားလိုက်သည်။

ထိုအခါ အဘိုးကြီးနှင့် အဘွားကြီးနှစ်ယောက်သားသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် စိတ်ကို ဆုံးဖြတ်လိုက်ကြဟန်ဖြင့် ...
....အခုမှတော့ ဖုံးမနေပါနဲ့တော့ အဘိုးကြီးရယ်၊ ဆရာမ သိချင်တာတွေ ပြောပြလိုက်ပါ....
ဟု အဘွားကြီးက ပြောလိုက်သည်။ ထိုအခါ အဘိုးကြီးက
.... အေးလေ ... အစ်ကိုကြီးအကြောင်းကို အခုလို သူ့နောက်ဆုံးအချိန် ဘဝဇာတ်လမ်းကို အခုလို လေးလေးစားစား ရိုရိုသေသေနဲ့ မှတ်တမ်းတင်ထားတော့ ဆရာမကို ကျေးဇူးတင်ပါတယ်။ ဒါကြောင့် အစ်ကိုကြီးနဲ့ ပတ်သက်တဲ့အကြောင်းကို ပြောပြပါတော့မယ်ကွယ်။ ဒီအကြောင်းတွေကို အဘိုးတို့ ဘယ်သူ့ ကို မှ မဖွင့်ဟဖူးသေးဘူး....ဟု ပြောလေသည်။
မခင်ရွှေ အလွန်အမင်း ဝမ်းသာသွားသည်။
....ကျေးဇူးလည်းတင် ဝမ်းလည်းသာပါတယ် ဘိုးဘိုး၊ အဘိုးသာပေါ် အကြောင်းကို ရေပြာအိုင်မှြွေမနိုင်သူ အတ္ထုပ္ပတ္တိနဲ့ ဆက်ပြီး ကျွန်မ မှတ်တမ်းတင် ရေးထားပါ့မယ်၊ ပြောပြပါ ဘိုးဘိုး....
အဘိုးကြီးသည် လေးသွဲ့သောအသံဖြင့် စဉ်းစဉ်းစားစားပြောနေသည်။ မခင်ရွှေက စိတ်ဝင်စားစွာ မှတ်သားနားထောင်နေသည်။ တစ်ခါ တစ်ရံ အဘိုးကြီး ပြောသည်မျာ လိုနေသောအချက်များကို အဘွားကြီးက ထောက်ကူဖြည့်စွက် ပြောပြနေသည်။

ရေပြာအိုင်ရွာမှြွေမနိုင်သူ အဘသာပေါ် အကြောင်းကို ဘွားရွှေအိမ် ပြောပြခဲ့စဉ်က အဘသာပေါ်၏ နောက်ကြောင်း ဘဝဖြစ်စဉ် မပါခဲ့လျှင်၊ ရေပြာအိုင်ရွာသို့ ရောက်လာသည့် အခန်းကသာ စတင် သိရ သလောက် ပြောပြခဲ့ခြင်းဖြစ်ရာ၊ မခင်ရွှေသည် အဘသာပေါ်၏ ဘဝ ဖြစ်စဉ်ကို နောက်ကြောင်းရာဇဝင်နှင့် ပတ်သက်ပြီး ဘာမျှမသိခဲ့ရသည့် အလျောက် အမှတ်မထင်ပင် နေခဲ့သည်။ ယခု မမျှော်လင့်ဘဲ တိုက်ဆိုင်စွာ သိရတော့မည့်အတွက် မခင်ရွှေ ဝမ်းသာလွန်းနေပါသည်။
ထို့ကြောင့် အဘိုးကြီးနှင့် အဘွားကြီးကို မမှိတ်သော မျက်လုံးဖြင့်ကြည့်ကာ ပြောပြသည့် အဘသာပေါ် အကြောင်း ကို စိတ်ဝင်စားစွာ နားထောင်၍ ဤသို့ မှတ်တမ်းရေးလိုက်ရပြန်တော့သည်။
--------------------------

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>