ကျားဆိုမှ ကျား ယောက်ျား
စာရေးသူ - ဆင်ဖြူကျွန်း - အောင်သိန်း
"အမေကြီး၊ ရှေးစကားပြောပါ"
"သွားစမ်းဟယ်..၊ ဒီမှာ မောရတဲ့အထဲ"
မြေးငယ်မောင်မောင်လှသည် မန်းကျည်းပင်ရိပ်တွင် ထိုင်နေသော ရီးကျီးးဒန်၏ ဒူးခေါင်းကို မေးစေ့နှင့် သွားချိတ်လိုက်ရာက ပူဆာသည်တွင် ရီးကျီးဒန်က ခပ်ငေါက်ငေါက်ပြောရင်း တွန်းပစ်၏။ သူသည် နွားစာရေ အခေါက်နှစ်ဆယ်ခန့် ခပ်လိုက်ရသည့်အတွက် အတော်ပင်ပန်းသွားသည်။ မြေးတွေ ကျောင်းဖွင့် သည့် နေရက်ဆိုလျှင် အခေါက်သု့းဆယ်ကျော် ခပ်ရသည်။ ယနေ့မေကြည်၊ ခင်ခင်ကြီးနှင့် မိမိထွေးတို့ ၀င်ကူ သောကြောင့် ဆယ်ခေါက်ကျော်ကျော် သက်သာသွားခြင်းဖြစ်၏။
သို့ဖြစ်ငြား အသက်၇၀ ကျော်စ အမယ်ကြီးအိုတစ်ယောက်မှာ ၀ါးတစ်ရိုက်ခန့် မြင့်သော ချောက်ကမ်းပါး ကို နှစ်ဂါလံ ကျော်ဝင်သည့် မြေရေအိုးကြီး ရွက်လျက် အကြိမ်နှစ်ဆယ်ခန့် တက်ရဆင်းရသောအလုပ်မှာ မသက်သာ လှပါ။ လုပ်နေကျမို့သာ တော်တော့သည်။ တော်ပေမင့် မောကားမောသည်။ ပြောင်းဖူးဖက် ဆေးလိပ် တိုကို ကောက်ကိုင်ထားပြီးပါလျက် မီးသော်မျှမညှိနိုင်သေးအောင် မောသည်။ သည်မျှ မောပန်း နေချိန် တွင် မည်သူသည် ဖွယ်ဖွယ်ရာရာ ဖွဲ့နွဲ့ပြီး ပုံပြင်ပြောချင်ပါမည်နည်း။ သူ့ဘာသာသူ လာနားသော ကျီးကန်း ကိုပင် အမြင်ကတ်နေချိန်၊ စိတ်တိုနေချိန်လည်းဖြစ်၏။
မောင်မောင်လှနှင့်မနီးမဝေး၀င် မချောစိန်နှင့် မလှမေ နှစ်မိပေါက်မှ ကလေးများသည် မန်ကျည်းစေ့ဖြင့် ဇယ်တောက် ကစားနေကြ၏။ ကလေးတို့ထုံးစံအတိုင်း ကစားစတွင်သာ သည်ဝိုင်းတွင် မိမိမပါရသော် ယခုပင် သေရတော့မည်လောက်ဖြစ်ငြား ကြာသောအခါ စိတ်ပါဝင်စားမှုနည်းလာတော့သည်။ ထို့ကြောင့် အမေကြီး ထံ သွားကပ်သော မောင်မောင်လှ၏အခြေအနေကို ငဲ့ကြည့်သူကကြည့်၏ မောင်မောင်လှကို အမေကြီး တွန်းပစ်သော အခါ ခပ်ကုပ်ကုပ်ပင် ဆက်လက်ကစားနေကြသည်။ မောငမောင်လှကား အမေကြီး ငေါက်လျှင် ဘထံသို့ မျက်နှာမူသည်။ ဘရီးဆေးရိုးသည် ထန်းပလပ်ပြား အခင်းပေါ်တွင် မည်းမှောင် နေသော ပေါင်ကြီးများ ဖော်လျက် တင်ကလိန်ချိတ်ကာ နှုတ်စီးစွပ်များ ဖာနေ၏။
"ဘ….ရှေးစကားပြောပါ"
"ခေါက်လွှတ်လိုက်စမ်းပါတော်"
လက်တစ်ကမ်းကျော်ကျော်ကလေးသာလှမ်းသော နေရာမှ ရီးကျီးဒန်က လှမ်းပြော၏။ "ဘယ့်နှယ်တော်၊ အချိန် မဟုတ် အခါမဟုတ်" ဆက်လက်ရေရွတ်နေသေးသည်။ သို့ဖြစ်ငြား ရီးဆေးရိုးမခေါက်ပါ။ မငေါက်ပါ။ ပြုံး များပင် ပြုံးနေကာ "ရှေးစကားဆိုတာ ညအိပ်ခါနီးမှ အေးအေးလူလူ ပြောရတာ လူကလေးရဲ့" ဟုရှင်းပြ သည်။
မောင်မောင်လှမှာ ပုံပြင်နားမထောင်ရသော်ငြား ညင်သာစွာ ရှင်းပြခံရသဖြင့် ဘသပ်နေသော ထန်းလျှော် များကို ငေးကြည့်နေ၏ ရီးဆေးရိုးသ်ည ထန်းလျှော်ဝမ်းသားများကို လိုချင်သော အရွယ်အစား ရအောင် စိတ်ပြီးနောက် အခွေကလေး လုပ်ထားခဲ့သည်။ သည်အခွေကလေးတွေကို နှစ်ဆယ်အစိတ်တွဲကာ မီးဖို အထက်ရှိ ကျပ်ခိုးစင်ပေါ်တွင် တင်ထားခဲ့၏။ ယခုမိမိအလိုရှိသောအခါကျမှ နတံ(နှင်တံ) ထမ်းပိုးကျစ် ကြိုးခွေ များနှင့် ထွန်ညှင်းကွင်းများကြားထဲမှ ထန်းလျှော်ကို ဆွဲထုတ်လာကာ ရေစိမ်ချောသပ်ပြီး နှုတ်သီးစွပ် ဖာထေး နေခြင်းဖြစ်သည်။
နှုတ်သီးစွပ်မှာ ထန်းလျှော်ဖြင့် ရက်လုပ်ကာ လက်နှစ်လုံးခန့် အပေါက်ကလေးများ ပါရှိသည်။ ကျွဲ၊ နွားတို့၏ နှုတ်သီးတွင် စွပ်ရသည်။ နှုတ်သီးစွပ်ကို မြက်ထူသည့်နေရာတွင် ထွန်ယက်သောအခါ အသုံးပြု သည်။ အပင်ကို ဆွဲစားနေသဖြင့် ခရီးမတွင်၊ ထွန်ကြောင်းမဖြောင့်မည် စိုးသောကြောင့်ဖြစ်၏။ စပါးနယ်ချိန် တွင်လည်း သုံးစွဲသည်။ အလုပ် မတွင်မည်စိုး၍ ဖြစ်၏။
မောင်မောင်လှ သည် ပုံပြင်ပြောသော ဘအား ငေးမောကြည့်နေ၏ ။ ရီးဆေးရိုးသည် ထန်းလျှောက်ကို ဓားမောက် ဖြင့် ချောသပ်နေပေ၏။
ထန်းလျှော်၏ ချောပြောင်နေသော ဘက်ကို လက်ညှိုးနှင့် လက်ခလယ်ဖြင့် အောက်မှ ထိန်းခံထားကာ လက်မ က ဓားမောက်ဦးကို ထိန်းပေးလျက် တရွေ့ရွေ့ဆွဲသည်ကို အူသားအဖတ်သည် လိပ်ခွေပြီး ဓားမောက် ကို ရစ်ပတ်တက်လာ၏။သို့စဉ်တွင် မောင်မောင်လှ၏ မျက်လုံးအစုံသည် ရီးဆေးရိုး ၏ နက်ကြုတ်သော သပိတ်ကဲ့သို့ မည်းမှောင်နေ၏ သူ့ပေါင်တွင် ဘပေါင်ကဲ့သို့ အဘယ့်ကြောင့် နက်ကြုတ် မနေရပါသနည်း။ သူ့ပေါင်သူလှန်ကာ ပေါင်ချင်းယှဉ်ကြည့်၏ ထိုသို့ယှဉ်ကြည့်ကာမှ ဘပေါင်သည် ရိုးရိုး မည်းမှောင် နေခြင်းမဟုတ်။ အရုပ်တွေလား၊ ပန်းခက်တွေလား ပါနေပါကလားဟု သိလာလေ၏။
"ဘ…"
"အင်း…"
ရီးဆေးရိုးသည် ဖက်ဖြူလိပ်ကို ဖင်စီခံ ကျွံဝင်အောင် အံတွင် ခဲထားရသဖြင့် အသံသာလျှင် ပေးနိုင်၏ ဘမျက်နှာ ကို မောင်မောင်လှတစ်ချက် မော့ကြည့်ပြီးမှ ထန်းလျှော် အမှုန်အမျှင်များ ဖုံးနေသော ပေါင်ကြီး ကို ပါးစပ်ဖြင့် မှုတ်ကာ ကိုင်ကြည့်၏။ ဘ၏ အရေခွံသည် ဆွဲတိုင်းရ၏။ ရှုံ့တွ၍လည်း နေ၏။ သို့သော် ဘာမှန်း မသိသော အရုပ်လိုလိုအရာတွေမှာ မောင်မောင်လှလက်ထဲသို့ပါမလော။
"ဘ အဲဒါ ဘာတွေလဲဟင်"
"ထိုးကွင်းခေါ်သကွ"
"အေး"
"အမေကြီးကျတော့ ဘာပြုလို့ မရှိလဲ"
"သူက ယောကျာင်္းမှ မဟုတ်တာဘဲကွ။ ထိုးကွင်းဆိုတာ ယောကျာင်္းမှာမှ ရှိတာ။ ထိုးကွင်းရှိမှ ယောကျာင်္း"
"ဘယ်လို လုပ်ထားတာလဲဟင်ဘ"
ဘနှင့် မောင်မောင်လှတို့ မည်သည့်အရာတွေ ဆွေးနွေးနေကြပါလိမ့်။ ဘသွားရာသို့ မောင်မောင်လှအား ခေါ်သွား ရန် ကျိတ်ပြီး ပူဆာနေခြင်းလော။ တိတ်တဆိတ် မုကျွေးမည်ဟူ၍များ ကတိပေးနေသလော။ မန်ကျည်းစေ့ ဇယ်တောက်ဝိုင်းသားများ အတွေးဝင်လာသည်နှင့်တစ်ပြိုင်နက် ဇယ်တောက်သော တလင်း ကို တစ်ယောက် စွန့်ခွါလာကြရာ ဇယ်တွင်းဘေးတွင် မန်ကျည်းစေ့တွေ စကတ်နှင့် တစ်ထုပ်ကြီးထည့်လျက် ငတက်ပြားမ မိမိထွေးတစ်ယောက်တည်းသာ ကျန်ခဲ့၏။
တစ်ယောက်ပြီးတစ်ယောက် ရောက်လာသော မြေးများသည် ရီးဆေးရိုးရှေ့တွင် ပတ်လုံးကလေးတွေ စီထား ဘိသို့ ရှိနေကြလေပြီ။ ရီးဆေးရိုး၏ မြေးအုပ်မှာ နည်းနည်းနောနော မဟုတ်ချေ။ နှစ်မိပေါက်မှ ကိုးယောက် ရှိသည်။
ကိုဘညိန်း၊ မလှမေမှ လေးယောက်ပေါက်ထား၏။ မေကြည်၊ ခင်မောင်ငြိမ်း၊ မောင်မောင်လှနှင့် ကျော်သူရ ဖြစ်သည်။ အကြီးဆုံး မေကြည် ဆယ်နှစ်၊အငယ်ဆုံး ကျော်သူရ သုံးနှစ်ဖြစ်ကြသည်။ အားလုံး နှစ်နှစ်ကြီး နှစ်နှစ်ငယ် တွေ။ ကိုထွန်းရ၊ မချောစိန်ကား သားပေါက်ကောင်း၏။ တစ်နှစ်ကြီး တစ်နှစ်ငယ်တွေချည်း ဖြစ်သည်။ ကိုကိုကြီး၊ ခင်ခင်ကြီး၊ မိမိထွေး၊ မောင်ထွေးနှင့် လှအုံးမယ် သုံးနှစ်၊ ကိုကိုကြီး ကိုးနှစ်။
"ကြေးနဲ့ လုပ်ထားတဲ့ ဆယ့်နှစ်ခွ စုတ်ကြီးကို"မင်"ထဲမှာ တို့လိုက်၊ အသားပေါ်မှာ ထိုးလိုက် လုပ်တာပေါ့ မြေးရာ။ နာလိုက်တာလည်း မပြောပါနဲ့။နာပေမဲ့ မအော်ရဲဘူး။ အော်ရင် သူရဲဘောကြောင်တယ် ထင်မှာ စိုးလို့။ ပြောင်ချောနေတဲ့ ကွမ်းသီးအမာဆုံးကို ရွေးပြီးမှ အံခဲထားရတာ"
သည်ကလေးများ မှာ စုတ်ကို မြင်ဖူးကြသဖြင့် ရီးဆေးရိုး အရှင်းရအလင်းရ သက်သာသွား၏။
"နာရက်သားနဲ့များ ဘရာ"
ကိုကိုကြီးက မျက်နှာငယ်ကလေးဖြင့် ပြောသည်။
"ဟ မြေးရ၊ မင်းနေမကောင်းလို့ ဆရာဝန်နဲ့ဆေးထိုးတော့ကော မနာဘူးလား။ နာရက်နဲ့ ဘာပြုလို့ အထိုးခံရသလဲ"
"ရောဂါ ပျောက်အောင်လို့ပေါ့ ဘရ" မောင်ထွေး က ၀င်ရှင်းခြင်း ဖြစ်ပေသည်။
"အေး၊ ဘတို့ ထိုးကွင်း ထိုးတာဟာလည်း ယောကျာင်္းပီသအောင်လို့၊ လှအောင်လို့ ထိုးတာပေါ့"
"အလကား ဟဲ့၊ အသားလည်းနာသေး၊ ပိုက်ဆံလည်း ပေးရသေး၊ ခြေနဲ့လည်း အကျောက်ခံရသေး"
ယင်းသို့ ၀င်ထောက်လိုက်သူကား ဆေးလိပ်ကြီး တငေါ့ငေါ့ဖြင့် ဟင်းရွက်သင်နေသော ရီးကျီးဒန်ဖြစ်၏။
"အောင်မာ၊ အခုမှ တစ်မျိုးမပြောပါနဲ့အေ၊ ထိုးကွင်းရှိမှ ကြိုက်မယ်ပြောတာ ညည်းမဟုတ်ဘူးလား"
အမယ်လေးတော်၊ ကျုပ် မဟုတ်ပါဘူး၊ ကိုသာဒွန်းအဆက် မယ်ကွန်းလှပါ။ တော်တို့ ထိုးကွင်းထိုးတာက ပြည်စိုးကုန်း မြောက်ကျောင်း ကို မခံချင်လို့ မဟုတ်လား"
ရီးကျီးဒန် စွာစွာတက်သံဖြင့် ရှင်းပြလိုက်ရာ ရီးဆေးရိုး ပြုံးပြုံးကြီးဖြင့်"သိပါဘူးဟာ၊ ငါ့စိတ်ထဲမှာတော့ ညည်းခိုင်း လို့ ထိုးရတယ်ချည်း ထင်နေတာ"ဟု ဆိုလိုက်လေ၏။
"တော်တို့ လေးထပ်ကျောင်းနဲ့ ပြည်စိုးကုန်းကျောင်းနဲ့က တည့်မှ မတည့်တဲ့ဟာကို"
ထိုအခါ ရီးဆေးရိုးသည် မှတ်မိသယောင်ယောင်ရှိလာသည်။ လူပျိုပေါက်အရွယ်က ဘုန်းကြီးကျောင်းသား ဘ၀ ကို သတိရလာသည်။ အတွေအမြင် အမှတ်အသိများသည် ယနေ့ အလွန်ခြားနေပါပြီ။ ယနေ့ ဆွမ်းခံ ၀င်ချိန် မြင်ကွင်းမှာ ကိုရင်တစ်ပါးနှင့် ကျောင်းသားသုံးယောက်ဆိုလျှင် အလွန်ကြီးကျယ်သောကျောင်း ဖြစ်နေ ချေပြီ။ ကိုရင်မဟုတ်ဘဲ ဦးပဉ္စင်းတစ်ပါးပါလာလျှင် အလွန်ထူးသော မြင်ကွင်းခေါ်ရချေမည်။ ရီးဆေးရိုး တို့ ကျောင်းသားဘ၀က ဆွမ်းခံချိန်မြင်ကွင်းမှာ ရွှေသင်္ကံန်းရောင်ဖြင့် ထိန်နေသည်။ တစ်ကျောင်း လျှင် ဦးပဉ္စင်း သုံးလေးပါး ပါရုံဖြင့် မပြီးသေး၊ သာမဏေ လေးငါးဆယ်ပါး ပါသေး၏။ သာမဏေ များ နောက် တွင် အဖုံးမပါသော သပိတ်ဖြင့် ကျောင်းသားက ချည်းနှစ်ဆယ် သုံးဆယ်။
ထိုဘုန်းကြီးကျောင်းသားများသည် ဆွမ်းခံဝင်ရန်အတွက် နံနက်ရှစ်နာရီ ကိုးနာရီခန့်တွင် သရက်တောရွာ ကားလမ်းဘေး ရှိ ဇရပ်တွင် စုရုံးလေ့ရှိကြ၏။ အချိန်မကျသေးမီ ထွေခင်းကစားသူက ကစား၊ ဂုံညင်းထိုးသူ ထိုး၊ ပေသီးပစ်သူ ပစ်၊ ကိုယ့်ကျောင်းသားချင်း ကစားသည့်နည်းတူ အခြားကျောင်းသားများနှင့်လည်း ကစားတတ် ကြ၏။
ကစားဝိုင်းတွင် ငြင်းခုံရာမှ တစ်ကျောင်းနှင့်တစ်ကျောင်း'စောင်'ဘက် ရန်ဘက်ဖြစ်သွားလေ့ရှိသည်။ ရန်ငြိုး ရန်စ မရှိပါဘဲ 'လယ်ပေါ်ကျောင်းသား သူတောင်းစား၊ ရုပ်စုံကျောင်း အကောင်းစား'စသော သံချပ်ထိုးကာ တစ်ဖက် က စတင်စိန်ခေါ်သောကြောင့် ရန်ဘက်ဖြစ်သွားသော ကျောင်းများလည်း ရှိကြပေ၏။
ကျောင်းသားများမှာ ပုဆိုးမမြဲသော အရွယ်၊ သူငယ်နှပ်စားအရွယ်များ မဟုတ်ကြရကား တစ်ကျောင်းနှင့် တစ်ကျောင်း ရန်ဖြစ်ပြီဆိုလျှင် အစောင်းအချိတ်၊ အဆဲအဆို၊ အထိုးအကြိတ်ဖြင့် မတန့်မရပ်။ ဓါးတွေ၊ တုတ်တွေ၊ ပါလာသည်။ ဆွမ်းခံ ခေါင်းဆောင် ပဉ္စင်းငယ်နှင့် သာမဏေကြီးများပါ ပါဝင်လာလေ့ရှိသည်။ ကျောင်းထိုင် ဆရာတော်ချင်း တွေ့ဆုံဖြေရှင်းပြီး မတည့်သော ဆွမ်းခံအဖွဲ့ကို နယ်ပြောင်းပစ်ရသည်။
နယ်ပြောင်း သည်ဆိုခြင်းမှာ ပုံစံအားဖြင့် လေးထပ်ကျောင်းမှ ဆွမ်းခံအဖွဲ့သည် သရက်တော၊ ရွာသစ်၊ ရမ်းဘိုကုန်း ကို တစ်ဖွဲ့ ပုရပိုက်တန်း၊ လင်းပင်စု၊ သရက်ချင်ကို တစ်ဖွဲ့ဟုရှိသည်တွင် တောင်မှအဖွဲ့ကို မြောက်သို့၊ မြောက်မှအဖွဲ့ကို တောင်သို့ ပြောင်းပို့ တာဝန်လွှဲပေးခြင်းမျိုးဖြစ်၏။ ရီးဆေးရိုးပေါင်ပေါ်မှ ထိုးကွင်းများသည် ထိုကျောင်းချင်း ရန်ပွဲမှ စတင်သည်လည်း ဆိုနိုင်၏။ ရွာအပျိုချောတို့၏ မြင်ကွင်းတွင် ခါးတောင်း ကျိုက် ကာ 'ခါးဝန်းပေါ်စ မင်သေ့မြ' တပြပြဖြင့် ရေခပ်ဆိပ်၌ ရေခပ်လိုခြင်းလည်း တစ်ကြောင်း ပါဝင်၏။
သူတို့ ထိုးကွင်းထိုးသော နှစ်က ပြည်စိုးကုန်းကျောင်းနှင့် လေးထပ်ကျောင်း ဆွမ်းခံအဖွဲ့ချင်း မတည့်သော နှစ် ဖြစ်၏။ မတည့်ရပုံမှာလည်း သရက်တောရွာသူ ပျိုဖြူတစ်ယောက်ကို ပြည်စိုးကုန်းမှ ကျောင်းသား တစ်ယောက် က စာပေးရာမှ စတင်၏ ။ ထိုအခါ လေးထပ်ကျောင်းသားက ငါ့နယ်လာကျယ်သူဆိုကာ ပြည်စိုးကုန်း ကျောင်းသားကို သပိတ်ဖုံးဖြင့် ခုတ်၏။ ပထမနေ့တွင် ပြည်စိုးကုန်းကျောင်းသား မျက်နှာစုတ် သွားငြား၊ နောက်တစ်နေ့ လေးထပ်ကျောင်းသားရော ပြည်စိုးကုန်းကျောင်းသားပါ ထိပ်ကွဲကုန်ကြလေ၏။ အကြောင်း သော်ကား သပိတ်များတွင် ပါမြဲဖြစ်သော ယွန်းသပိတ်ဖုံးနေရာတွင် ကြေးသပိတ်ဖုံးတွေချည်း ဖြစ်ကုန်ကြ သောကြောင့်ပေတည်း။
လေးထပ် ကျောင်းသားဟူသည် သရက်တော၊ ရွာသစ်၊ ရမ်းဘိုကုန်းသားတွေများရာ နေရာဒေသမှာ လေးထပ်ကျောင်းက တစ်ပန်းသာနေ၏။ မည်သည့်အိမ်ထဲမဆို ၀င်ပြေးပြီး ဓါးဆွဲလာနိုင်၏။ တုတ်ဆွဲ လာနိုင်၏။ ရေရှည်တွင် ပြည်စိုးကုန်းကျောင်းသားများ အရေးနိမ့်စပြုလာသည့်အတွက် ပညာကူ လာကြသည်။ သူတို့သည် ဆရာ ဘုန်းတော်ကြီး မသိအောင် ဓါးပြီးဆေး၊ တုတ်ပြီးဆေး၊ တုတ်၊ ဓါး၊ အုတ်ခဲ၊ တံတောင်၊ ဖနောင့်၊ လှံစသည်ဖြင့် စုပေါင်းပြီးသော အပါးဆုံးသုံးဆယ်ဆေး စသောက ကာယသိဒ္ဓိ`ဆေးများ ထိုးနှံ လာကြ၏။
ရင်ဘတ်နှင့် ကျောတွင် ဆေးနီဆေးနက်ရုပ်များ ထိုးနှံပြီး နောက်တစ်နေ့မှစ၍ ပြည်စိုးကုန်းကျောင်းသားများ ရင်ကော့လာကြ၏။ ခေါင်းမော့လာကြ၏။ ထိုဆေးများ ပြီး မပြီး၊ စွမ်း မစွမ်းကို မစမ်းရသေးဘဲနှင့် လေးထပ် ကျောင်းသား များ 'ရှိန်' သွားကြလေ၏။
သို့ဖြစ်ငြား သူတို့ ငုံ့မခံပါ။ ဆရာကောင်းကောင်းရှာပြီး အားကျမခံ ဆေးထိုး ကြကုန်ပြန်၏။ ပါးစပ်ဖြဲ ထားသော ဘီလူးရုပ်၊ သန်လျက်ကိုင်ထားသော ဘီလူးရုပ်၊ သည်အရုပ်တွေ အချိုးမကျငြား၊ ပါးစပ်ကြီး ဖြဲနေကာ မျှ သန်လျက် ကိုင်ထားကာမျှဖြင့် ကြောက်နေကြခြင်းဖြစ်၏။ အမှန် စွမ်း မစွမ်း၊ အဟုတ် ပြီး မပြီး ကို မည်သူမျှ စမ်းသပ်မကြည့်ပေး။ သည်အကြောင်းကို ပြန်ပြောင်းပြောရသောအခါ ရီးဆေးရိုး၏ မှေးသီ သော မျက်လုံးများက ၀င်းရွှန်းနေလေ၏။ ဇရာ၏ အစင်းအကြောင်းများဖြင့် နွမ်းလျော်နေသော မျက်နှာပြင် သည်လည်း နုသစ် လန်းနေပေ၏။
"ဆေးထိုးလိုက်တာကလဲဟာ ပူတုန်းကြီး၊ သင်္ကြံန်တွင်းမှာပေါ့။ ထိုးချင်တဲ့ ကျောင်းသားက များတော့ ဘတို့ ကျောင်းသားငယ် တွေ မထိုးရပါဘူး။ ဒါတောင် သင်္ကြံန်နောက်ပိုင်း ခုနစ်ရက်အထိ ဆက်ထိုးမှ ပြီးသွားတာ"
"ပိုက်ဆပ်(ပိုက်ဆံ)ပေးရသေးလားဘ"
မီးငြိမ်း နေသော ဆေးလိပ်တို မီးညှိနေစဉ် မောင်မောင်လှက မေး၏။
"ပေးရပါသကောကွာ၊ ဒါတင် ဘယ်ကဦးမလဲ၊ ကန်တော့ပွဲဖိုး၊ အမွှေးနံ့သာဖိုးလည်း ကုန်သေးတာ"
"သဂျန်တွင်း(သင်္ကြံန်တွင်း) မှာ ဘာပြုလို့ ထိုးတာလဲဘ"
အမေးရှင်ကား ကိုကိုကြီး။
"သဂျန်ဆိုတော့ နှစ်ဟောင်းကုန်ပြီး နှစ်သစ်ဆန်းတဲ့အချိန်၊ အချိန်ကောင်း၊ အခါကောင်း ဆိုတဲ့ သဘော ပေါ့လေ။ နေက ပူနေတော့ သွေးတွေ ရွှဲနေတာပေါ့။ ဒါပေမဲ့ ဘတို့ ထိုးကွင်းထိုးတာလောက်တော့ မနာပါဘူး။ ထိုးကွင်းပ စပ်ထိုးတာကိုး"
"ထိုးကွင်း က ဘယ်တော့မှ ထိုးတာလဲ ဘ"
"ဖိုးသိချင်ကြီး မောင်မောင်လှ က သိလိုရင်းကို ကြားဖြတ်မေးပြန်ပေ၏။
"ဒီလိုကွ လူကလေးရ"
လယ်သမားများ ဆူတုန်းဆူဆဲအချိန်တွင် ကျေးလက်တောရွာများတွင် လူစည်ကားလေ့ရှိ၏။ သေတ္တာပျက်၊ သော့ပျက် ပြင်သူများ၊ ဖဲထီးပြင် ကုလားများ၊ အထည်ရောင်းသော တရုတ်များ၊စူရတီကုလားများ၊ အမွှေးနံ့သာ ရောင်းသောမိန်းမများ၊ ရွာစဉ်လျှောက် မျက်လှည့်သမားနှင့် မျောက်ပြ ဆန်တောင်းသော မျောက်ဆပ်ကပ်များ ဖြစ်ကြပေ၏။ ထိုသူများအပြင် ထိုးကွင်းမင်ကြောင်ဆရာများလည်း သည်ရာသီမှသာ လွယ်အိတ် တစ်လုံး၊ ထီးတစ်ချောင်းဖြင့် ရောက်လာတတ်ကြ၏။ အခကြေးငွေ ပိုက်ဆံမရှိစေကာမူ ကျုံးပေး စရာ စပါး က တလင်းထဲတွင် အသင့ိမဟုတ်လား။
" မုန်းနားက မင်ကြောင်ဆရာ ပြည်စိုးကုန်းကျောင်းမှာ ရောက်နေသတဲ့ဟေ့"
သည် သတင်း လေးထပ်ကျောင်းသားများ၏ နားဝသို့ ရောက်လာသောအခါ ကိုရင်ကြီးတွေ လှုပ်လှုပ်ရွရွ ဖြစ်သွား ကြလေ၏။
" ဟေ့ သူတို့မထိုးခင် တို့က ဦးအောင်ထိုးကြရအောင်ဟေ့"
မင်ကြောင်ဆရာ ရောက်လာလျှင်လာချင်း မထိုးနိုင်သေးပေ။ ထိုးကွင်းထိုးခ တစ်ပေါင် သုံးမတ်နှုန်းရှိငြား လူအများ မို့ လျှော့ပါ ပေါ့ပါဦးဟု ဈေးဆစ်နေရတတ်သေးသည်။ သိဒ္ဓိဆေး ထိုးစဉ်က ကျောင်းထိုင် ဆရာတော် အား အသိပေး သောအခါ ဆရာတော်က " ထိုးကွင်းထိုးသော ကျောင်းသား ကျောင်းသား မလာဘဲ ခုနစ်ရက် နေနိုင်သည်" ဟု ခွင့်ပေးလိုက်လေ၏။ ရည်းစားက ခိုင်း၍ ထိုးရသူ၊ လူလုံးပြချင်၍ ထိုးသူများ ကြားတွင် စာမအံချင်၊ ကျောင်းမလာချင်သော ကျောင်းသားငယ်များလည်း ၀င်ရောက် ထိုးကြ လေ၏။ အနာပြည်ကိုက်၍ နာသောအနာလည်း မမီ၊ ခွေးကိုက်ခံရသော အနာလည်း မမီ၊ ငုတ်စူးစဉ် နာကျင် သော ဝေဒနာလည်း သည်အနာကို မမီ။ ထိုးကွင်းအထိုးခံရသော နာကျင်မှုသည် အနာတကာတို့အနက် အနာဆုါံ်ဖြစ်၏။ ထို့ကြောင့် ရီးဆေးရိုး တစ်သက်မမေ့။ ကျောင်းရှိ သံဃာတော်များနှင့် သာမဏေများ၊ အရုဏ် ဆွမ်းဘုန်းပေးပြီးချိန်တွင် ထိုးကွင်းထိုးသည့် လုပ်ငန်း စတော့သည်။ ရီးဆေးရိုးမှာ စောစောစီးစီး ပြာသိုလ နံနက်ကြီးတွင် ရေချိုးပြီး မင်ကြောင်ဆရာရှေ့ ရောက်လာရာ ခိုက်ခိုက်တုန်နေ၏။
"ပုဆိုးချွတ်လကွာ"
"ဟာဗျာ ချမ်းရတဲ့အထဲ"
"ချက်ချင်း အချမ်းပြေပြီး ချွေးသီးချွေးပေါက်တွေ ကျလာစေ့မယ်၊ စိတ်ချ"
မင်ကြောင်ဆရာ ၏ လက်ထောက်က ပြုံးဖြဲဖြဲဆို၏။
"ရှက်စရာကြီးဗျာ"
ရီးဆေးရိုး ပါးစပ်မျှမပိတ်သေး၊ မင်ကြောင်ဆရာက ပုဆိုးဆွဲချွတ်သည်။ "ဟာဗျာ၊ ဟာဗျာ" အော်နေစဉ် အမှောက် ခိုင်းသည်။ သည်အချိန်ထိ ရီးဆေးရိုး ရှက်နေဆဲ။ ပေါင်တစ်လျှောက်တွင် နှီးကွင်းချကာ ထိုးကွင်းရာ ကို မင်ဖြင့် 'လျာ'ထားချိန်တွင်လည်း ရှက်ရန် သတိရကောင်းတုန်း။ သို့သော် ခါးပေါ် လူတစ်ယောက် တက်ခွချိန်၊ ခြေနှစ်ဖက်ကို လူနှစ်ယောက် လာကိုင်ချိန်နှင့် တစ်ပြိုင်နက်တည်း အသားပေါ် သို့ ကျလာသော စုတ်ချက် ၏ ဒစ် ကို ခံလိုက်ရသည့်အခါ ရှက်ရန် မေ့သွားတော့သည်။ "အမယ်လေးဗျ၊ သေပါပြီဗျ" မှစပြီး အမယ်လေး တသံတွေသာ အဆက်မပြတ် ထွက်လာလေတော့၏။
"ရော့၊ ရော့ အဲဒါကို ခဲထား၊ မအော်နဲ့။ ထိုးကွင်းထိုးတုန်း မှာ အော်တယ်ဆိုတာ မာတုဂါမတွေ သိသွားမှာ မရှက်ဘူးလား"
ပဉ္စင်းပျိုတစ်ပါးက အော်နေသော ပါးစပ်ထဲသို့ ကွမ်းဦးတစ်လုံး လာထည့်၏။ ကွမ်းသီးကို တအားခဲပြီး ကျတ်ခံ၏။ သို့ပေမင့် နာသည်။ မည်သည့်အနာနှင့်မျှ နှိုင်းမရအောင် နာလှသည်။ ပေါင်တွင်းကြော တစ်လျှောက် လည်း နာသည်။ တံကောက်ခွက်အရောက်တွင် မျက်ရည်ပေါက်ပေါက် ကျလာသည်။ ပက်လက်လှန် လိုက်သောအခါ သွေပူလာပြီမို့ သက်သာသည်ထင်ရငြား။ ဒူးခေါင်း သို့လည်းရောက်ရော အံစောင် မှ ကွမ်းသီးကြီး ဖြောင်းခနဲ ကြေမွသွားလေ၏။
တင်ပါးတွင် အသားချည်းမို့ အနာလျော့မည် မျှော်လင့်၏။ နာသည်ပင်။ သက်သာသည့်နေရာ တစ်ကွက်မျှ မရှိ။ ထိုးကွင်းဆရာကလည်း ကိုယ်ချင်းစာ ဟန်တူ၏။ ခေါင်းအုံးပေါ် ဖင်ခုထိုင်ကာ ခြေဖ၀ါးစောင်း နှစ်ခု တင်ထားပြီး အဆက်မပြတ် ထိုးနှံပေးသည်။ ဆွမ်းခံပြန်ချိန်ရောက်မှ ပေါင်တစ်ဖက် ပြီးသည်။
ရီးဆေးရိုးလည်း သွေးအရွှဲသားဖြင့် လိမ့်နေ၏။ မင်ကြောင်ဆရာလည်း ချွေးတရွှဲရွှဲဖြင့် ဟိုက်နေ၏။ ဟိုက်သော်ငြား ရီးဆေးရိုး၏ ပေါင်ကို မင်ဖြင့် ပွတ်သပ်ပေးပြီးနောက် မဲဇလီရွက်ရည်ဖြင့် ဆေးကြော ဆုပ်နယ် ပေးကာ အနာမရင်းအောင် နေနည်း၊ ဖန်ရည်ဆေးနည်းများကို ပြောပြသည်။
ရီးဆေးရိုး ထော့ကျိုးထော့ကျိုးဖြင့် အိမ်သို့ပြန်လာခဲ့၏ သွေးတစ်စိမ့်စိမ့် ယိုဆဲ ပေါင်မည်းကြီး လှန်ကာ ရွာထဲသို့ ၀င်လာသော သူ့အား တွေ့သူတိုင်း ကောင်းချီးပေးကြ၏။ ရီးဆေးရိုး မသာယာနိုင်ပါ။ အိမ်ရောက် သည်နှင့် မည်သည့်အရာမျှ စားလိုစိတ်မရှိ။ ထိုးအိပ်လိုက်တော့သည်။ အိပ်ရာမှနိုးချိန် တစ်ပေါင်လုံး အထိမခံ နိုင်အောင် နာနေပြီ။ အတော်လည်း ရောင်ကိုင်းနေပြီ။ အတော်လည်း ရောင်ကိုင်းနေပြီ ဖျားချင် သလိုလို လည်း ဖြစ်နေ၏။ သို့တစ်စေ ထမင်း စားချင်စိတ် မရှိသည့်ကြားမှ အဖျားဒဏ်ခံနိုင်စေရန် ထမင်း ကို ဖျစ်ညှစ်စားရသည်။ ပေါင်မှာ တစ်နေ့လုံးနာနေဆဲပင်။ နာရုံသာမက ပို၍ပင် ရောင်လာချေသေး၏။
မဲဇလီရွက်ပြုတ်ရည်ဖြင့် ဖန်ရည်ဆေးရန် မင်ကြောင်ဆရာမှာလိုက်သောကြောင့်သာ ဆေးရ၏။ ထိလိုက် တိုင်း အသည်းခိုက်အောင် နာသည်။ အားအားရှိလျှင် "အမေ…အမေ"ဟုသာ ညည်းနေချင်တော့သည်။
ဟော ဒုတိယနေ့တွင် အရောင်တန့်သွားပြီ တတိယနေ့တွင် အထိခံနိုင်စပြုပြီ။ စတုတ္ထနေ့တွင် အရောင် လျော့ကာ ပဉ္စမနေ့တွင် အနာဖေးလေးတွေ ကွာလာသည်။ သတ္တမနေ့တွင်ကား သလင်းတောင် ပေါ် စိမ်းမြသော ထိုးကွင်းရုပ်ကလေးတွေဖြင့် ရီးဆေးရိုး လူကောင်းပကတိဖြစ်သွားပြီ။ သို့ဖြစ်ငြား ပေါင် တစ်ဖက် ကျန်သေး၏ တွေးလိုက်တိုင်း ကြက်သီးထစရာ ကိစ္စကြီးပါတကား။ ရီးဆေးရိုးမှာ ထွက်ပြေး ရကောင်း မည်လား စဉ်းစားနေ၏ သည်အတွေးကို ချေဖျက်ပစ်လိုက်သော အရာကား ယောက်ျား ပီသစိတ် ပင်ဖြစ်သည်။
"ဒါလောက် ကလေးမှ အနာမခံနိုင်တဲ့ကောင် ယောက်ျားမဟုတ်ဘူး"
ယောက်ျားသနာ တို့၏ တွတ်ဝိုင်း၊ ခြင်းဝိုင်း၊ နပန်းဝိုင်းများမှ အကြဉ်ခံရတော့မည်။ မိန်းမသားတွေ၏ ရယ်သွမ်း သွေးခြင်း ခံရတော့မည်။ ဤသို့ဖြင့် ရီးဆေးရိုးကျန်တစ်ပေါင်ကို မချိမဆံ့ နာကျင်သော ဝေဒနာ အလူးအလဲခံကာ ထိုးကွင်းထိုးလိုက်ရပြန်လေ၏။
"ဘဥစ္စာက လှလည်းမလှဘဲနဲ့၊ ဒါလောက်ကြီး အနာခံရတယ်လို့"
ရီးဆေးရိုးကား မောင်မောင်လှစကားကို ကြားဟန်မရှိချေ။ သူလူပျိုပေါက်စ ကျောင်းသားဘ၀က အကြောင်း များကို ပြန်လည်မြင်ယောက်ကာ လန်းဆန်းတက်ကြွနေသည်။ ပါးကြီးခွက်နေအောင်ပင် ပြုံးနေ လိုက် ပါသေး၏ တင်ပါးနှစ်ဖက်ပေါ်အောင် တမင်ခါးတောင်းကျိုက်ထားခဲ့ရသော အရသာ၊ ထိုးကွင်း အလှချင်း ပြိုင်သော အရသာ၊ ထိုးကွင်း အသစ်ကလေးကို ဝေ့ခနဲ ပျိုမေတို့ ကြည့်သွားသော အရသာသည် ရီးဆေးရိုး ရင်ထဲ၌ ယခုတိုင် ချိုမြိန်နေဆဲ ရှိသေးသည်။
"ဒါလောက်နာတာလေးများ ဘရာ၊ ဘာပြုလို့ နောက်တစ်ပေါင်ထိုးရသလဲ ဘရယ်"
မြေးမကြီး မေကြည့်အမေးဖြစ်၏။
"ထိုးဖို့ လိုလို့ပေါ့ မြေးရာ"
"ဘာရုပ်တွေလဲဟင် ဘ"
"ကြောင်၊ ဇော်၊ ကိန္နရာ၊ ဘီလူး၊ မျောက်၊ ငှက်၊ စုံလို့ပါပဲကွယ်။ ဒါပေမဲ့ အရုပ်က အရေးမကြီးဘူး ယောက်ျား ပီသစိတ် အုတ်မြစ်ချဖို့၊ ယောကျာ်းသိက္ခာ တန်ဖိုးထားစိတ် အခြေတည်ဖို့က အဓိကပဲ မြေးတို့ ရေ"
"အလကားဟဲ့၊ အသားကလည်းနာ ပိုက်ဆံလည်းပေးရသေး၊ ခြေနဲ့လည်း အကျောက်ခံရသေး"
ရီးဆေးရိုး ဆတ်ခနတဲလှည့်ကြည့်၏။
"ညည်း ဒီစကားပြောတာ နှစ်ခါရှိပြီ ကျီးဒန်၊ အခုလိုပြောတာဟာ ထိုးကွင်းထိုးခဲ့တဲ့ ညည့်မောင်တွေ၊ ညည့်ဘဒွေး၊ ဘကြီးတွေနဲ့ ညည့်အဖေတို့၊ ညည့်ဘတို့ကိုပါ အလကား လူတွေလို့ ပြောရာ မရောက် ဘူးလား"
ရီးကျီးဒန် မျက်နှာပိုးသတ်သွားသည်။ ငါတို့ခေတ်တုန်းက ထိုးကွင်းရှိသော ယောက်ျားကိုသာ စံချိန် မီသော ယောက်ျားအဖြစ် သဘောထားခဲ့ပါကလား ဆိုသော သတိ ဖျတ်ခနဲ ၀င်လာ၏။
ထို့ကြောင့် လေသံပျော့ကလေးဖြင့် လေချိုသွေးလိုက်၏။
"ကျုပ်က အသားနာတာတစ်ခုတည်းတွေးမိလို့ ကရုဏာဒေါသောနဲ့ ပြောမိတာပါတော်"
"နာနာပေါ့ဟ? ဒါလောက်ကလေးမှ အနာမခံနိုင်ရင် လောကဓံတရားရဲ့ အထုအရိုက်ကို ဘယ်လို ခံရဲမလဲ"
"အဖေတို့ တစ်ပေါင်လုံး ထိုးကွင်းထိုးတဲ့ လူကြီးတွေကို ကျုပ်တော့ အံ့သြတယ် အဖေရေ့"
ရီးကျီးဒန့်နောက်နားတွင် အတန်ကြာကပင် ရပ်နေသော ကိုဘညိန်းက ရှေ့တိုးလာရင်း သူ့လက်မောင်း ကို ဆန့်ထုတ်ပြ၏။ သူ့လက်ဖျံပေါ်တွင် 'ဗမာ့သတ္တိ' ဆေးနက်နှင့် ဒိုင်းပုံကလေး။
"ကုဿိနာရုံဘုရားပွဲတော်တုန်းက ဘက်ထရီအပ်နဲ့ ထိုးခဲ့တာ တစ်ကျပ်ပေးရသဗျား။ နာလိုက်တာ အဖေရာ၊ ဓါးနဲ့ ထိုးပြီး မွှေယမ်းဆွဲဖြဲသလား မှတ်ရတယ်။
သူသည် ဖုန်ထဲတွင် ဆော့ကစားနေသော အငယ်ဆုံးကလေးကို ကောက်ချီလိုက်ရာက
"ကျုပ် ဒီသေးသေးကလေးတောင် မချိမဆံ့နာရင် အဖေတို့ တစ်ပေါင်လုံးထိုးတဲ့လူတွေ ဘယ်လောက် နာမလဲ တွေးပြီး အံ့တယ်ဗျာ။ တစ်ပေါင်ထိုးလို့ နာတာသိရဲ့နဲ့ နောက်တစ်ပေါင် ဆက်ထိုးပြန်တော့ အဖေ တို့ကို ချီးကျုးလို့ မဆုံးဘူးဗျာ၊ တကယ်ပဲ" ဆိုလိုက်ြ့ပီး ကလေးများကို လှမ်းပြော၏။
"ကဲ သမီးတို့၊ဘ ထိုးကွင်းကို ကြည့် ပြီး ထမင်းမေ့နေကြသလား၊ ထမင်းရအောင် လာကြ"
မလှမေ၏ ကလေးများပြန်သွားလျှင် မချောစိန်၏ ကလေးများလည်း ထမင်းစားရန် သတိရကာ ထပြန် သွားလေ၏။ မန်ကျည်းပင်ရိပ်တွင် တိတ်ဆိတ်နေသည်။ ရီးဆေးဒန်တို့သည် စကားမပြောမိကြ။ လန်းကြည် သော မျက်လုံးများဖြင့် ငေးမောနေကြဆဲသာတကား။
စာရေးသူ - ဆင်ဖြူကျွန်း အောင်သိန်း
.
ရီးဆေးရိုးကား မောင်မောင်လှစကားကို ကြားဟန်မရှိချေ။ သူလူပျိုပေါက်စ ကျောင်းသားဘ၀က အကြောင်း များကို ပြန်လည်မြင်ယောက်ကာ လန်းဆန်းတက်ကြွနေသည်။ ပါးကြီးခွက်နေအောင်ပင် ပြုံးနေ လိုက် ပါသေး၏ တင်ပါးနှစ်ဖက်ပေါ်အောင် တမင်ခါးတောင်းကျိုက်ထားခဲ့ရသော အရသာ၊ ထိုးကွင်း အလှချင်း ပြိုင်သော အရသာ၊ ထိုးကွင်း အသစ်ကလေးကို ဝေ့ခနဲ ပျိုမေတို့ ကြည့်သွားသော အရသာသည် ရီးဆေးရိုး ရင်ထဲ၌ ယခုတိုင် ချိုမြိန်နေဆဲ ရှိသေးသည်။
"ဒါလောက်နာတာလေးများ ဘရာ၊ ဘာပြုလို့ နောက်တစ်ပေါင်ထိုးရသလဲ ဘရယ်"
မြေးမကြီး မေကြည့်အမေးဖြစ်၏။
"ထိုးဖို့ လိုလို့ပေါ့ မြေးရာ"
"ဘာရုပ်တွေလဲဟင် ဘ"
"ကြောင်၊ ဇော်၊ ကိန္နရာ၊ ဘီလူး၊ မျောက်၊ ငှက်၊ စုံလို့ပါပဲကွယ်။ ဒါပေမဲ့ အရုပ်က အရေးမကြီးဘူး ယောက်ျား ပီသစိတ် အုတ်မြစ်ချဖို့၊ ယောကျာ်းသိက္ခာ တန်ဖိုးထားစိတ် အခြေတည်ဖို့က အဓိကပဲ မြေးတို့ ရေ"
"အလကားဟဲ့၊ အသားကလည်းနာ ပိုက်ဆံလည်းပေးရသေး၊ ခြေနဲ့လည်း အကျောက်ခံရသေး"
ရီးဆေးရိုး ဆတ်ခနတဲလှည့်ကြည့်၏။
"ညည်း ဒီစကားပြောတာ နှစ်ခါရှိပြီ ကျီးဒန်၊ အခုလိုပြောတာဟာ ထိုးကွင်းထိုးခဲ့တဲ့ ညည့်မောင်တွေ၊ ညည့်ဘဒွေး၊ ဘကြီးတွေနဲ့ ညည့်အဖေတို့၊ ညည့်ဘတို့ကိုပါ အလကား လူတွေလို့ ပြောရာ မရောက် ဘူးလား"
ရီးကျီးဒန် မျက်နှာပိုးသတ်သွားသည်။ ငါတို့ခေတ်တုန်းက ထိုးကွင်းရှိသော ယောက်ျားကိုသာ စံချိန် မီသော ယောက်ျားအဖြစ် သဘောထားခဲ့ပါကလား ဆိုသော သတိ ဖျတ်ခနဲ ၀င်လာ၏။
ထို့ကြောင့် လေသံပျော့ကလေးဖြင့် လေချိုသွေးလိုက်၏။
"ကျုပ်က အသားနာတာတစ်ခုတည်းတွေးမိလို့ ကရုဏာဒေါသောနဲ့ ပြောမိတာပါတော်"
"နာနာပေါ့ဟ? ဒါလောက်ကလေးမှ အနာမခံနိုင်ရင် လောကဓံတရားရဲ့ အထုအရိုက်ကို ဘယ်လို ခံရဲမလဲ"
"အဖေတို့ တစ်ပေါင်လုံး ထိုးကွင်းထိုးတဲ့ လူကြီးတွေကို ကျုပ်တော့ အံ့သြတယ် အဖေရေ့"
ရီးကျီးဒန့်နောက်နားတွင် အတန်ကြာကပင် ရပ်နေသော ကိုဘညိန်းက ရှေ့တိုးလာရင်း သူ့လက်မောင်း ကို ဆန့်ထုတ်ပြ၏။ သူ့လက်ဖျံပေါ်တွင် 'ဗမာ့သတ္တိ' ဆေးနက်နှင့် ဒိုင်းပုံကလေး။
"ကုဿိနာရုံဘုရားပွဲတော်တုန်းက ဘက်ထရီအပ်နဲ့ ထိုးခဲ့တာ တစ်ကျပ်ပေးရသဗျား။ နာလိုက်တာ အဖေရာ၊ ဓါးနဲ့ ထိုးပြီး မွှေယမ်းဆွဲဖြဲသလား မှတ်ရတယ်။
သူသည် ဖုန်ထဲတွင် ဆော့ကစားနေသော အငယ်ဆုံးကလေးကို ကောက်ချီလိုက်ရာက
"ကျုပ် ဒီသေးသေးကလေးတောင် မချိမဆံ့နာရင် အဖေတို့ တစ်ပေါင်လုံးထိုးတဲ့လူတွေ ဘယ်လောက် နာမလဲ တွေးပြီး အံ့တယ်ဗျာ။ တစ်ပေါင်ထိုးလို့ နာတာသိရဲ့နဲ့ နောက်တစ်ပေါင် ဆက်ထိုးပြန်တော့ အဖေ တို့ကို ချီးကျုးလို့ မဆုံးဘူးဗျာ၊ တကယ်ပဲ" ဆိုလိုက်ြ့ပီး ကလေးများကို လှမ်းပြော၏။
"ကဲ သမီးတို့၊ဘ ထိုးကွင်းကို ကြည့် ပြီး ထမင်းမေ့နေကြသလား၊ ထမင်းရအောင် လာကြ"
မလှမေ၏ ကလေးများပြန်သွားလျှင် မချောစိန်၏ ကလေးများလည်း ထမင်းစားရန် သတိရကာ ထပြန် သွားလေ၏။ မန်ကျည်းပင်ရိပ်တွင် တိတ်ဆိတ်နေသည်။ ရီးဆေးဒန်တို့သည် စကားမပြောမိကြ။ လန်းကြည် သော မျက်လုံးများဖြင့် ငေးမောနေကြဆဲသာတကား။
စာရေးသူ - ဆင်ဖြူကျွန်း အောင်သိန်း
.
7 comments:
မရွှေစင်ရေ။ ရွှေစင်ဦး လုပ်ခဲ့တဲ့ အလုပ်များ ထဲမှာ အခု အဖိုးတန် စာကောင်းပေကောင်းတွေ မပြတ် တင်ပေးနေတာက တန်ဖိုးအရမ်းရှိတဲ့ အလုပ်ကြီးပါပဲ။
ရွှေစင်ဦးလုပ်ခဲ့တဲ့ အလုပ်လေးများ -ပို့စ်တွေကို ဖတ်ကြည့်တော့ သူများလို လခစားတို့ ဘာတို့ မလုပ်ခဲ့ဖူးတာကို ကိုယ့်ကိုယ်ကိုယ် တစ်ခုခု တွေးမိနေသလားလို့။ နေမကောင်းတဲ့ အဖေကို ဆေးရုံစောင့်ပေးတာ မွန်မြတ်တဲ့ အလုပ်မဟုတ်လို့ ဘာလဲ။ ချစ်ချစ်ကြီးရဲ့ ဘဝမှာ အဖော်ကောင်း ဇနီးကောင်းအဖြစ် ရပ်တည်ပေးခဲ့တယ်ဆိုရင် ဒါ အလုပ်မဟုတ်လို့ ဘာလဲ။ မိဘတွေအတွက် အားကိုးရတဲ့ သမီးတစ်ယောက် ဖြစ်ခဲ့တယ်ဆိုရင် အလုပ်မဟုတ်လို့ ဘာလဲ။ အခုလို အဖိုးတန်စာပေတွေ တင်ဆက်ပေးနေတာလဲ အလုပ်ကောင်း တစ်ခုပဲဟာ။ အလုပ်ဆိုတာ သူ ဘာတွေ ကောင်းတာ လုပ်နေလဲ လုပ်ခဲ့လဲနဲ့ပဲ တိုင်းရမှာပါ။ လခထုတ်နိုင်မှ မနက်ရုံးတက် ညနေရုံးပြန် အလုပ် ဖြစ်မှ အလုပ်လို့ ခေါ်မယ်ဆိုရင်တော့ ဘုန်းကြီးတွေ ဘယ်လိုလုပ်မလဲ။
အပေါ်ကပြောသွားတာကို အပြည့်အ၀ထောက်ခံပါတယ်။
anonymous ရေ autobiography လေး အစအဆုံးဖတ်ကြည့်ပါလား သူမ ဘာတွေလုပ်ခဲ့လည်း သိရတာပေါ့ ဖတ်လို့လည်း အရမ်းကောင်းတယ် မရွှေစင်ရဲ့လက်ရာတွေကြီးသီးသန့်ဖတ်ရတာပေါ့ ရိုးရိုးလေး ရေးထားပေမယ့် ဘယ်တော့မှ ရိုးမသွားဘူး ကျွန်တော်ကတော့ ရိုးရိုးလေးဖတ်ရတာကိုက ဆန်းနေသလားမသိဘူး အမြဲတမ်းအားပေးနေတဲ့ စာဖတ်ပရိတ် သတ်တစ်ဦးပါ အပေါ်ကပြောသွားတာကိုလည်း ထောက်ခံပါတယ် စာဟောင်းစာကောင်းများနဲ့ အပြည့် စာဖတ်သူများအပေါ်ထားသော စေတနာအပြည့်
ကျေးဇူးတင်စွာဖြင့်
စာဖတ်ပရိတ်သတ်တစ်ဦး
Me too. (100%)
I also agree with the anonymous.
Ray
agree again and again...
Cheers !
Million Thanks to you.
Myatnoe
ထိုးကွင်းထိုးတဲ့အကြောင်းဖတ်ရတာ ကြောက်စရာကြီးပဲ။
ရှေးခေတ်ထိုးကွင်းထိုးတဲ့လူတွေကတော့ ယောက်ျားပီသကြောင်း သက်သေပြချင်တာမို့ ထိုးကြတာနော်။
ခုခေတ် တက်တူးထိုးကြတာရော ဘာလို့များလဲမသိဘူး။ အလှထိုးကြတာထင်တယ်နော်။ ကျမတော့ တက်တူးတွေထိုးထားတဲ့ ယောက်ျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် သိပ်သဘောမကျလှဘူး။ တက်တူးအရုပ်ကြီးတွေထိုးထားတဲ့ ယောက်ျားတယောက်ကို ဂျန်တဲလ်မန်းလို့ သတ်မှတ်ဖို့ ခဲယဉ်းနေသလိုပဲ။
ညီမအဖေက စနေသား..သူ့ ကျောကုန်းမှာ နဂါးရုပ်အပြည့် ထိုးထားတာရှိတယ်....
တစ်နေ့ အဖေရေချိုးဖို့ လုပ်တုံး ညီမရဲ့ တူမ အဖေ့မြေးက ထ အော်တယ်.
"အဖိုးကျောကုန်းမှာ မြွေကြီး"တဲ့... ဖေဖေ စိတ်လေသွားလို့ ရယ်လိုက်ရတာ
Post a Comment