Friday, April 9, 2010

ရွှေစင်ဦး ကြိုက်တဲ့ အညာစာဟင်းလေးများ (၄)


သင်္ကြန် နားနီးလာလို့ ဆိုင်ပိတ်တော့မယ် ဆိုလေ အလုပ်တွေက များလာလေ ပါဘဲဗျာ..၊ အလုပ်က များမှာ ပေါ့ နယ်က ကလေး တွေက တနေ့ တယောက် နှုန်း နှစ်ယောက် နှုန်း ပြန်နေတာဆိုတော့.. ရှိတဲ့လူတွေ နဲ့ အလုပ် လုပ်နေရတာဆိုတော့ အလုပ်ရှုတ်ပြီပေါ့...။

တမြန် မနေ့ကတော့ တပည့်ကျော် ပြန်တယ်..၊ သူ အစောဆုံးပါဘဲ.. သူက ကလေး တမူး ဘက်ထိပြန်မှာ ဆိုတော့ စောလွှတ် ရတော့တာပေါ့...၊ ဆာလာအိတ် တအိတ်.၊ ခရီးဆောင်အိတ် တအိတ်..၊ ကျွတ်ကျွတ် အိတ် ၂လုံးနဲ့ မုံ ၂ထုတ်ရယ်..၊ သေနပ် (သင်္ကြန် ရေပက် သေနပ်၊ ရေဗျွတ် ၃ခုလောက်).. နဲ့ ဘိနပ် တရံ (ဝပ်ကင်းရှုး..) အဲဒါ ဝယ်တော့ လည်း ပြောရအုန်းမယ် သူက လမ်းဘေး ချရောင်းတဲ့ ဘိနပ် တွေထဲက ဆောင်းတွင်း ဝတ်ဘို့ဆိုပြီး ဝယ်လာတာ..တဆောင်းတွင်းလုံး.... သူစီးတာလည်း တခါမှ မမြင်မိပါဘူး .. ၊ အခု ရွာပြန်မှ ..အဲဒါကြီး စီးပြီး သင်္ကြန် ကဲ အုန်းမှာတဲ့..။

နောက်ပြီး ဆာလာအိတ်ကြီး ထဲမှာ စောင်ရယ် ခြင်ထောင်ရယ် ပါတယ်.. ၊ ဘာလို့ ယူသွားတာလည်း ဆိုတော့ အမေက ယူခဲ့ ဟိုကြမှ လျှော်ပေးမယ် ပြောလို့တဲ့.. ဒီလောက်ဝေးတဲ့ ခရီး ကြီးကို လျှော်ဘို့ တခုထဲနဲ့ သယ်ခိုင်းတာ ဆိုတော့ အမေ နဲ့ သားနဲ့ လိုက်လည်း လိုက်တယ်...၊ ဒါမှ မဟုတ် အပြီးများ ပြန်ဘို့ ကြံရွယ် ထားလား မသိပါဘူး.. ကျနော် မှာလည်း ဒီကလေး တွေ နဲ့ လုပ်စားနေရတာ ဆိုတော့ သူတို့ အရိပ် အခြေ ကြည့်နေရတယ်..။

မနေ့ ညနေက လည်း ကျနော် ဆိုင်ရှေ့ ထွက်ပြီး ခဏထိုင်လိုက်ပါတယ်.. ချစ်ချစ်ကြီးက မင်း အထဲပြန်ဝင် လိုက်အုန်းတဲ့.. ဘာလို့လည်း ဆိုတော့ မင်း..သမီး တွေက ပြန်ဘို့လုပ်ပြီးမှ မင်းတွေ့လို အထဲ ပြန်ဝင် သွားတယ် တဲ့.. ၊ အဲဒါနဲ့ သူတို့ ပြန်ရဲအောင် ရှောင်ပေးရသေး..၊ သမီးတွေကလည်း ကျနော် များ ဆူမိရင် ငို ငိုသွားတယ်.. ကျနော့် မှာ ဆူမိတာနဲ့ ပြန်ချော့ ရတာ နဲ့ မကာမိတော့ အခုတော့ ကိုယ့် ကို ကိုယ် သတိ ပေးထားတယ်.. သူတို့ ဘာလုပ်လုပ် မဆူနဲ့ မဆူနဲ့ ဆိုပြီး...။

နောက်ဖေး မီးဖိုချောင် ဝင်ပေါက်မှာ လည်း သန့်ရှင်းမှု့ဖြင့် ကူညီပါ .. ပုံ ဆရာမ ဒေါ်ရွှေစင်ဦး တဲ့ဗျာ..၊ ကျနော်က ဆရာမ နံမည် မထည့်နဲ့ ချစ်ညီမ နံမည်ထည့် ဆိုတော့ မဟုတ်ဘူးတဲ့ .. ဆရာမ မှ ကြောက်တာ တဲ့...၊  ပြီးတော့ ညစ်ပတ်လိုက်တာ ..... ရှက်စရာ တောင် ကောင်းသေး၊ ကျနော်တို့ တိုင်းပြည်မှာတော့ ..... ပုံ ............. လုပ်ရတာ ကျနော်... မတန်ဆုံး.... ထင်တာဘဲ..။

ကဲ.. ဒီနေ့တော့.. ကျနော် ရဲ့ ချစ်မိတ်ဆွေများကို...... အညာဟင်း စစ်စစ်လေး ချက်ကြွေးချင်ပါတယ်....၊ မနေ့က ချစ်သမီးများ ဈေးသွားတော့ မန်ကျီးရွက် ပေါ်ပြီလားဆိုတော့ ပေါ်ပြီတဲ့ .. ၊...အဲဒါနဲ့ မန်ကျီးရွက် နုနုလတ်လတ် လေးတွေ ဝယ်ခိုင်းလိုက်တယ်..။

အဲဒါလေးတွေကို အတတ်နိုင်ဆုံး အရိုးလေး တွေသင်ထား တယ်.. ၊ ကြက်သွန်နီ ဥကြီးတွေ ကို ပါးပါးလှီး ထားတယ်..၊ မြေပဲဆံလေး နဲ့ ပုဇွန်ခြောက်လေး ထောင်းထားတယ်.. ၊ ညက်ညက်လေးပေါ့.. ...၊ ပဲဟင်း ချက်တာ ဆိုတော့ ပဲဟင်းရည်လေး ရွဲရွဲဆန်းတယ်...၊ ဆားလေး အချိုမှုန့်လေး နဲနဲထည့်ပေါ့.. ဆီစိမ်းလေး နဲနဲ စမ်းပြီး အားလုံး ရောနယ်လိုက်တယ်.. အချိုအငံ လေးမြီးကြည့်တယ်..... ကောင်းဗျာ...၊ အားလုံး ကွက်တိ..  စားနိုင်ပါပြီ... မန်းကျီးရွက်သုပ်...တခွက်..။

ဒုတိယ ဟင်းကတော့ ဝက်သား အချိုချက်ဗျ... ဝက်သား ရယ် ကြက်သွန်နီဥ ကြီးတွေရယ်.. ကြက်သွန်ဖြူ ... ဂျင်းပြားလှီး ထားတာလေး ရယ် ရောထည့် ပြီး.... ခရမ်းချဉ်သီး နဲနဲ... အရောင်တင်.. ဆနွင်း ...ဆား.. ပဲငံပြာရည် .... နဲနဲ နဲ့ ကြာညို့ နဲနဲ ထည့် ... ဆီ လောင်းထည့်ပြီး ရေ မထည့်ဘဲ တည့်ထား  လိုက်တယ်ဗျာ...၊ သူရေ နဲ့ သူ တရေခန်း အောင် တည်လိုက်တယ်.. ။

ရေခန်းပြီး ဗျစ်ဗျစ်မြည်လာမှ... ရေ နဲနဲခြင်း ထဲ့ ပြီး ... ဝက်သား တွေ ကို အိနေအောင် တည့်ထား လိုက်တယ်... ဝက်သားများ အချက်လွန်တယ် ဆိုတာ မရှိပါဘူး... ကြာကြာ တည်လေ အခေါက် ရော အသား ရော နူးလာလေ ... စားရတဲ့ အခါ အရသာ ရှိလေ ပါဘဲဗျာ.... ကဲ ကျက် သွားပြီ.. တခွက်... ဝက်သား အိုးကြီး ချက်....။

နောက်တခွက် ကတော့ ပဲကြိုက်တဲ့ အညာသား များ အတွက် .. ရှယ်.. ပဲ .. ပဲကြီး ဟင်းရည်လေး ပါ... ၊ ပဲကြီး ဟင်းဆိုတာ ချိုတယ် မွှေးတယ် ဆိမ့်တယ်.. ၊ စားကောင်းလွန်းလို့ ထမင်း နင့်နေရင် .. ဟင်းရည် ပူပူလေး သာ မှုတ်သောက်လိုက် ထမင်းလေး ကို ရှော ကနဲ ကြသွားမယ်.. လည်ချောင်း ထဲကနေပါ...  ကဲ.. ပဲကြီး ဟင်းရည်ပူပူလေး က တခွက်...။

နောက်တခွက် ကတော့ ငရုပ်သီး လေးမှ မပါရင် ထမင်း စားမဝင်တဲ့ ချစ်မိတ်ဆွေ များအတွက် ငရုပ်သီး ကြော် မွှေးမွှေးလေး ကို အညှာချွေပြီး ကြက်သွန်ဖြူလေး နဲနဲ ထည့် ပြီး  ဆားလေး နဲ့ ရော ထောင်းလိုက် ပါတယ်... ကဲ အညာငရုပ်သီး ထောင်းမွှေးမွှေးလေး.... ။

အောက်ဆုံးဟင်း ကတော့ ငါးခြောက်ချက်ပါ.. ဆိုင်က ဝက်သားမစားတဲ့ ကလေးတွေရယ်.. ချစ်ချစ်ကြီး ရယ် အတွက်.. စာဖတ်သူများလည်း ဝက်သား မစားရင်.. ငါးခြောက်ဟင်း စားနိုင်ပါတယ်.. ငါးခြောက်ချက် က ဆီ တော့ နဲနဲ များသွားတယ်ထင်တယ်.. အရသာ ကတော့ကောင်းပါတယ်...။

နောက်ဆုံး တခွက် ကတော့ ကြိုက်တတ် သူများ အတွက် ဆူးပုတ်ရွက် နုနုလေး တွေကို ဘဲဥ နဲ့ ကြော် ထားပါတယ်... စားတော်မူပါတော့...။

စားကောင်းရင်...သင့်..မိတ်ဆွေများ ပြောပါတဲ့.. စားမကောင်း ရင် ရွှေစင်ဦးလေး ကိုပြောပါတဲ့... ဆိုင်တွေမှာ ရေးထားတာ တွေ့တာဘဲ....။

စားပြီး ထွက် မသွားကြနဲ့ အုန်း ဗျ ... ထမင်း.. ဟင်း ချက်ခ လေးလည်း... ပေးခဲ့ ကြပါအုန်း... နောက်တခါ ထပ်ချက်ဘို့ အားရှိ သွားအောင်လို့ပါ....။

(နှမ်းဖတ်ချဉ် စားချင်သူများ အတွက်လည်း သုပ် ကျွေးပါမယ်.. ဟင်းစပ် မရသေးလို့ပါ...)

လေးစားစွာဖြင့်
စာရေးသူ-ရွှေစင်ဦး
.

29 comments:

  1. အဲဒါလေးတွေကို အတတ်နိုင်ဆုံး အရိုးလေး တွေသင်ထား တယ်.. ၊ ကြက်သွန်နီ ဥကြီးတွေ ကို ပါးပါးလှီး ထားတယ်..၊ မြေပဲဆံလေး နဲ့ ပုဇွန်ခြောက်လေး ထောင်းထားတယ်.. ၊ ညက်ညက်လေးပေါ့.. ...၊ ပဲဟင်း ချက်တာ ဆိုတော့ ပဲဟင်းရည်လေး ရွဲရွဲဆန်းတယ်...၊ ဆားလေး အချိုမှုန့်လေး နဲနဲထည့်ပေါ့.. ဆီစိမ်းလေး နဲနဲ စမ်းပြီး အားလုံး ရောနယ်လိုက်တယ်.. အချိုအငံ လေးမြီးကြည့်တယ်..... ကောင်းဗျာ...၊ အားလုံး ကွက်တိ.. စားနိုင်ပါပြီ... မန်းကျီးရွက်သုပ်...တခွက်..။

    ama.................these days i think about မန်းကျီးရွက်သုပ်.
    hint...sar chin tae.....

    MN

    ReplyDelete
  2. Mouth watering ,
    If you invite blog reader also, I will sure to come and eat.

    ReplyDelete
  3. ဟုတ် အစ်မ
    စားသောက်ပြီးထွက်သွားမိတော့မလို့ ပဲ
    အစ်မဘလော့ကိုနေ့တိုင်းရောက်ပါတယ်
    ဒဂုန်ခင်ခင်လေးရဲ့ မြေပဒေသာကိုလာဖတ်တာပါ
    အညာဟင်းတွေအတွက်ရော မြေပဒေသာအတွက်ရော
    ကျေးဇူးအများကြီးတင်ပါတယ်

    ReplyDelete
  4. Looks Yummy ! Great :-)

    ReplyDelete
  5. I like all!!! I wish to eat now:(

    ReplyDelete
  6. မင်္ဂလာပါ...

    မန်ကျည်းရွက်သုတ် ရယ်...ပဲကြီး ဟင်း ရယ်..ဆူးပုတ်ရွက် ကြော်လေးရယ်.. အကုန်စားသွားတယ်... နောက်လူတွေဘို့ ထပ်လုပ်ပေးပါအုံး ဗျာ.. :) :) :)..

    ခင်မင်စွာဖြင့်
    ကိုမျိုး

    ReplyDelete
  7. ဗျို့ ဂျီးဒေါ်မသောင်းစိန်..။ရော့..ရော့ ထမင်းဖိုး။ အကြွေးမှတ်ထားလိုက်လို့ ပြောမလို့ပါ။ ဟီးးး

    ReplyDelete
  8. ဟင့် ..အညာစာတွေ ကြည့်ရင်း ၊
    ဒီ ဗိုက်ကြီးက ဆာ လာပြန်ပြီ ။
    သွားရည်တွေ လည်း ထိန်းမရ ။ရှလွတ် ။
    ဪ ..ဒုက္ခ .. သွပ်ပြားမှာ မြင်သာ မြင်ရ မစားရ၍ တောက ပြိတ္တာ စစ်စစ် ဖြစ်နေပါပကောလား ..

    တကယ်ပဲ .. မန်ကျဉ်းရွက်နုသုတ် နဲ့  ပဲဟင်းလေး ၊ ဆူးပုတ်ရွက်ကြော် လေး စားချင်လိုက်တာ ။ သင်္ကြန် ချိန်ဆို အိမ်မှာလည်း အဲ့လို ဟင်းမျိုးလေး ချက်စားကြတယ်။ ပူအိုက် အိုက် အချိန် မှာ ချဉ်စပ်စပ် ဟင်းတွေ စားရတာ တကယ် ကောင်းပဲ မရွှေစင် ရေ ..
    ( မန်းလေး လာ ပြီး မရွှေစင် လက်ရာ လာစား အုံး မှ ပဲ ..ဟဲ ဟဲ ။ ရှောင်နေနော့် )

    ReplyDelete
  9. စာဖတ်ရင်း ဗိုက်ဆာလာပြီ။
    တကယ်သာစားလိုက်ရရင် နောက်လူအတွက်တောင်
    ကျန်မှာမဟုတ်တော့ဘူး။

    ReplyDelete
  10. အလို၄၄ ..မရွှေစင် နှိပ်စက်တယ်နော် ..အကုန်စားချင်တယ် ဟီး

    ReplyDelete
  11. မန်းကျည်းရွက် သုပ် အကြိုက်ဆုံးပဲ ...
    စားချင်လိုက်တာ .. !

    ReplyDelete
  12. ပုံမှန်April 9, 2010 at 6:56 AM

    ဘိုက်ဆာလာအောင် မလုပ်ပါနဲ့ဗျာ..ကြည့်နေရင်း စားချင်လာလို့ပါ....ဟင်းနော်...

    ReplyDelete
  13. ပုံမှန်April 9, 2010 at 6:58 AM

ိဘိုက်ဆာလာအောင် လုပ်ပါနဲ့ဗျာ ...ကြည့်နေရင်းနဲ့ စားချင်လာလို့ပါ....ဟင်းနော်....

    ReplyDelete
  14. ကြည့်နေရင်းနဲ့ ဘိုက်ဆာလိုက်တာနော်...

    ReplyDelete
  15. မရွှေစင် တဘော်ကျဲ့တွေက ရယ်ရတယ်နော်။ ဝေါ့ကင်းရှူးကြီးစီး ရေပြွတ်သေနတ်တလက်နဲ့ ရွာထဲမှာ သောင်းကျန်းနေမှာ မြင်ယောင်မိသေးတယ်။ :D

    နံရံမှာ သတိပေးစာ ကပ်တာ ကျမအမလဲ အဲလိုပဲ။ သူ့ဝန်ထမ်းတွေက သူ့ကွယ်ရာမှာ နောက်နေကြတယ်။ သတိ နံရံတွင် စာရွက်များ မကပ်ပါနှင့်။ ဆိုပြီး :P


    ဒီတခါ ထမင်းစားချိန် လာဖတ်တာ မှန်သွားတယ်။ ဟဲဟဲ။
    မရွှေစင် လိမ်မာတယ်။
    မန်ကျည်းရွက်သုတ် တအားကြိုက်တာ။ အိမ်ကမန်ကျည်းပင်ကြီးကို လွမ်းလိုက်တာ။ ၀က်သားအချိုချက်လဲ စားချင်တယ်။ ငရုတ်သီးဆားထောင်းလဲ စားချင်တယ်။ ငါးခြောက်ချက်လဲ ကြိုက်တာပဲ။ ဆူးပုတ်ရွက်လဲ ကြိုက်မှကြိုက် ... ဟင်းတွေအကုန်ကြိုက်တယ်။

    မုံရွာသွားတုန်းက စားခဲ့ရတာ ၀ါစေ့ပင်ပေါက်ဆိုတာ အဲဒီမှာရလားဟင်။ ပဲပင်ပေါက်ကလေးလိုပဲ အရသာကတော့ မတူဘူး။ စားလို့ကောင်းတယ် စိမ့်စိမ့်လေး။
    မရွှေစင် သင်္ကြန်ပိတ်ရက်မှာ ဟင်းခဏခဏ ချက်နော် ... မုန့်လေးတွေလဲ လုပ်ပေးပါ။ အဝေးကနေ သွားရည်ကျချင်လို့။

    ReplyDelete
  16. မန်းကျီးရွက်သုပ်... ဆူးပုတ်ရွက် နုနုလေး တွေကို ဘဲဥ နဲ့ ကြော်….. မမရွှေစင်တို့များ မနေနိုင်အောင်လုပ်ရက်လေတယ်၊ မစားရတာ နှစ်နဲ့ကြာပြီ။

    ReplyDelete
  17. မမရွှေစင်...ဒီမှာ ဟင်းချက်ခထားခဲ့တယ်နော်။ နောက်နေ့ထပ်ချက်ဖို့အတွက် ဈေးဖိုး။ မန်ကျည်းရွက်သုတ်၊ ပဲကြီးဟင်း၊ ၀က်သားအိုးကြီးနှပ်၊ငါးခြောက်ချက်၊ အညာငရုတ်သီးထောင်း၊ ဆူးပုပ်ရွက်ကြော် ...အကုန်လုံးက အကြိုက်ဆုံးတွေချည်းပဲ။

    ReplyDelete
  18. Mouth watering!!

    Looks Yummy. . . . .
    Pls upload more this kind of posts.

    ReplyDelete
  19. အကုန် အကုန်ကို စားချင်ပါတယ်။
    ဆူးပုတ်နဲ့ ဘဲဥကြော် အစားချင်ဆုံး
    :)

    ReplyDelete
  20. မန်ကျည်းရွက်သုတ်စားချင်တယ်.... ဒီမှာ မန်ကျည်းရွက်မရဘူး မမက ပူးတေတို့ကို သရေယိုအောင်လုပ်တယ်...
    ;(

    ReplyDelete
  21. ဗိုက်ဆာနေတဲ့အချိန် ဖတ်မိတော့ ပိုဆိုးတယ်။ မဖြစ်ချေဖူး ရှိတာလေး ရှာကြံစား သောက် လိုက်ဦးမယ်။
    ..

    ReplyDelete
  22. Thank for sharing! Love it! Love it! Love it!

    "မန်းကျီးရွက်သုပ်... ဆူးပုတ်ရွက် နုနုလေး တွေကို ဘဲဥ နဲ့ ကြော်….. မစားရတာ နှစ်နဲ့ကြာပြီ။"

    ReplyDelete
  23. မန်ကျီးရွက်သုတ်က ဖလော်ရီဒါမှာ စားပြီးပြီ..အ ဟတ်..ဟတ်.. ဒါပေမဲ့ ဆူးပုတ်ကလေးတော့မရှိတော့ လွမ်းတယ်..အ..ဟင့်...ဆူးပုတ်ကြီးကတော့ တနှစ်လုံးရပါ့ ....ပဲကလဲ မျိုးစုံအောင်ရ ...အခုအိမ်မှာ ခရမ်းကစော့သီးတွေဆိုတာ ပေါမှပေါ...ရေကူးကန်ဘေး အလေ့ကျပေါက်နေတဲ့ တောကြက်ဟင်းခါးသီးလေးတွေ..ကလဲကောင်းမှကောင်း...အားကျမခံပြန်ကြွားထားတာ..တခုတော့ရှိတယ်..ကိုယ်တိုင်မချက်တတ်တော့..သူများချက်ပေးမှစားရတာ....အီး...ဟီး....ရွှတ်......

    ReplyDelete
  24. Our 78 years old mom (Ah_Nyar_Thu) always visits your blog and we don't need to buy Appetizer Syrup anymore. Really appreciate for that :)

    ReplyDelete
  25. အကုန်ကြိုက်တယ်.....မကျည်းရွက်သုတ်ထဲ ပဲနီပြားကြီးချေထားတာထည့်သုတ်လဲ စားလို့ကောင်းတယ်....ဂလု...

    ReplyDelete
  26. မန်ကျည်းရွက်သုပ်တွေ့တော့ သရေကျမိတယ်၊
    မန်ကျည်းရွက်နဲ့ ၀က်သားဟင်းရောချက်ကျွေးတဲ့ ယောက္ခမဟင်းကို လည်း သတိရသွားတယ်၊
    ပုဇွန်ခြောက်နဲ့ မန်ကျည်းရွက်ကြော်လေး မှာလိုက်အုံးမှပါပဲ။

    ReplyDelete
  27. ဒီနေ့ဟင်းတွေ အကုန်ကြိုက်တယ် အစ်မရေ..
    မန်ကျည်းရွက်သုပ်ရော ၀က်သားဟင်းရော
    ရှယ်ဘဲ...
    ညီမလဲ အိမ်ပြန်မှ မစားရတာကြာတဲ့ဟင်းတွေ
    အ၀တီးခဲ့ဦးမယ်
    မန္တလေး မ၀င်ဖြစ်တော့ဘူးအစ်မရေ..
    နောက်မှ လာလည်မယ်နော်...
    နှစ်သစ်မှာပျော်ရွှင်ပါစေရှင်..
    သင်္ကြန်ပြီးမှ ပြန်ဆုံကြမယ်နော်..

    ReplyDelete
  28. ဟင်းးးးးးးးးးးး(ကျိတ်မနိုင် ခဲမရ သက်ပြင်းချသံ)

    ဓါတ်ပုံတွေကြည့်ပြီးတော့ပဲ အ၀ဆွဲသွားပါဂျောင်း..... :D




    ချစ်ညီမလေး

    ReplyDelete
  29. ama

    waiting for new curry posts.
    A nyar hinn

    ReplyDelete

thank you to say so