Wednesday, March 31, 2010

ကျနော် သိသော လူအမျိုးမျိုး အပိုင်း (၅)

ဒီနေ့ မတ်လ (၃၁) ရက်၊ ချစ်ညီမ နှစ်တိုင်း ရိပ်သာဝင်တဲ့ နေ့ပါ..၊ မေလ (၁) ရက် မနက်ပိုင်း မှ သွားကြို ရပါတယ်၊ တလ တိတိကြာပါတယ်..၊ ချစ်ညီမ က မိုးထိအောင်စည် တရားရိပ်သာ မှာ ရိပ်သာ ဝင်တာ (၅) နှစ်လောက် ရှိပါပြီ..၊ အရင်နှစ် တွေက တော့ မိုးကုပ် မှာပါ..၊ အခုတော့ မဟာစည် ကျင့်စဉ် နဲ့ အဆင်ပြေနေတယ် ထင်ပါတယ်..၊ ကျနော် ကတော့ ဆရာတော်ကြီး ကို နောက်နှစ်....နောက်နှစ် နဲ့ ပြောထား ခဲ့တာဆိုတော့.. ဒီနှစ်တောင် ချစ်ညီမ ကို လိုက်ပို့ ရင်း နဲ့ ဆရာတော်ကြီး နဲ့ ဆရာလေး များကို ဘာဆင်ခြေ တွေများပေးရမယ် မသိဘူး..စိတ်များညစ်ပါရဲ့..။

အခု ချစ်ညီမ ဒီနေ့ ရိပ်သာဝင် မှာဖြစ်တဲ့ အတွက် ဆိုင်က သား၊ သမီး များ တပည့်များက ကန်တော့ ကြတဲ့ မုန့် များကို ကျနော် က သင်္ကြန်တွင်း ရိက္ခာ အဖြစ် သိမ်းပိုက်ပြီး ချစ်သော ဘလော့ဂါ မောင်နှမ များလည်း အခါကြီးရက်ကြီး မှာ ကန်တော့ ရမဲ့ မိဘ ဆွေမျိုးများ ဆရာသမားများကို သတိရ ကြဘို့ ရယ် ကိုယ် နဲ့ သင့်တော်ရာ ရိက္ခာ များကို စုဆောင်းထားဘို့ရယ်.. နိဗ္ဗ္ဗာန် ရောက်ကြောင်း ကျင့်စဉ် လေးတွေလည်း ကျင့်နိုင်ကြဘို့ သတိမေ့နေ မှာစိုးလို့.. နိဗ္ဗာန်ဆော် လုပ်ရင်း နဲ့ ချစ်ညီမ (seeseinshin@gmail.com) က ဒီတလ မှာ သူ ဘလောဂ် မလည် နိုင်တော့တဲ့ အကြောင်း ခွင့်ပန် အသိပေး ဘို့ အတွက် ဒီပို့စ်လေးကို ရေးလိုက်ပါတယ်ခင်ဗျာ...။

(အပေါ်က ရေခွက်ကလေး က သောက်ရေအိုး အစား ရေကန်တော့ တဲ့ ရိုးရာလေးပါ)

အားလုံးကျန်းမာ ချမ်းသာကြပါစေ...။

လေးစားစွာဖြင့်
စာရေးသူ-ရွှေစင်ဦး
.
နိဗ္ဗာန်ဆော်လုပ်သော အမကြီးကိုယ်တိုင် နိဗ္ဗာန်ရောက်တရားတော်များ ကျင့်နိုင်ပါစေ။ ဘလော့ဂါမောင်နှမများ အားလုံး ဘလော့ဂီးရင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေ။

စာကောင်း ပေကောင်းများရေးပေးကြသော ဘလော့ဂါများအားလုံးကို ကျေးဇူးတင်လျှက်

တလကြာပြီးမှ ပြန်လည်ဆုံတွေ့ကြပါမယ်........

အားလုံးကို ကျေးဇူးတင်..လေးစားစွာဖြင့်
seeseinshin
.

13 comments:

  1. ဂျီးဒေါ် ဆီစိမ် ချမ်းသာထီပေါက် နိဗ္ဗာန်ရောက်ပါစေတော်...။ ဂျီးဒေါ် ရွှေစင်လည်း ခွကျော်..အဲလေ..တရားမြန်မြန်ကျင့်နိုင်ပါစေ။

    ReplyDelete
  2. ဂျီးဒေါ် ဆီစိမ် ချမ်းသာထီပေါက် နိဗ္ဗာန်ရောက်ပါစေတော်...။ ဂျီးဒေါ် ရွှေစင်လည်း ခွကျော်..အဲလေ..တရားမြန်မြန်ကျင့်နိုင်ပါစေ။

    ReplyDelete
  3. အားကျလိုက်တာနော်။ ဘာဝနာတရား အားထုတ်နိုင်တာ နည်းတဲ့ကုသိုလ်မဟုတ်ဘူး။
    ကျမလဲ အဲဒီလို ရက်ရှည်ရှည် ရိပ်သာဝင်ချင်တယ်။
    ဆယ်တန်းအောင်ပြီးခါစကပဲ တလ၀င်ဖူးတယ်။ နောက်ပိုင်းက ၁၀ ရက်လောက်သာ ၀င်ဖြစ်တော့တာ။
    မစည်းစိမ်ကုသိုလ်ကောင်းမှုကို ကျမတို့ကိုလည်း အမျှဝေပါနော်။ မဝေခင်ကတည်းက သာဓု ကြိုခေါ်ထားပါမယ်။ သာဓု သာဓု သာဓု ပါ မစည်းစိမ်။

    လွမ်းနေမယ့်
    ကြီးမေ
    မေဓာဝီ

    ReplyDelete
  4. အမရယ်... လွမ်းလိုက်တာ..ရိပ်သာကို...
    ကျနော်လည်း ဒီနှစ် ၁၂ ကစပီး အိမ်မှာပဲ သတ်သတ်လွတ်စား ဥပုသ်စောင့် တရားထိုင်မယ်လို့ ဆုံးဖြတ်ထားတယ်။ တရားမထိုင်ဖြစ်တာကြာပီ..။

    ကျနော်က မဟာစည်က အင်းစိန်က ပရိယထ္ထိစာသင်တိုက် ဦတိလောကဘိဝံသ ဆီမှာ နှစ်တိုင်း နီးပါး ထိုင်နေကြ။

    အမ စည်းစိမ်ရှင်ကြီး အတွက် သာဓုခေါ်ပါတယ်။
    အမ..သင်္ကြန်မှာ ကန်တော့ရတယ်လား။

    ReplyDelete
  5. မမရေ...ပီတိဖြစ်မိပါတယ်...ညီမလေးလည်း ကျောင်းတက်နေတဲ့ အချိန်တွေတုန်းကတော့ သင်္ကြန်ရောက်တိုင်းရိပ်သာ ၀င်ဖြစ်တယ်...အခုတော့လည်း တရားနဲ့ဝေးနေတာကြာပေါ့ :((

    မမလေးအတွက် သာဓုခေါ်မိပါတယ်...မမကြီးကလည်း ကိုယ်တိုင်မ၀င်နိုင်ပေမယ့် အခုလို နိဗ္ဗာန်ဆော်လုပ်တဲ့ အတွက် ငါ့အစ်မလည်း ကုသိုလ်တွေ ရမှာပါ ....

    ချစ်ညီမလေး

    ReplyDelete
  6. နိဗ္ဗာန်ဆော်တဲ့မရွှေစင်ကိုလဲကျေးဇူးပါ..
    ရိပ်သာဝင်တဲ့ မစည်းစိမ်ရှင်လဲ အေးချမ်းစွာတရားဓမ္မရဲ့
    အရိပ်မှာ ခိုလှုံရင်း တရားထူးများ ရပါစေ..
    စိတ်၏ချမ်းမြေ့ခြင်း ကိုယ်၏ချမ်းမြေ့ခြင်းနဲ့ပြည့်စုံပြီး
    တစ်လတာ ရိပ်သာရက်တွေမှာ ထူးကဲစွာ ငြိမ်းချမ်းနိုင်ပါစေရှင်.. တရားရဲ့အလင်းကို ရှင်းလင်းစွာ ထိုးထွင်းသိမြင်နိုင်ပါစေရှင်..
    သတိရနေမှာပါနော်.. ပြန်အလာကိုမျှော်နေမယ်...

    ခင်တဲ့
    မချော(အစိမ်းရောင်လွင်ပြင်)

    ReplyDelete
  7. ဖတ်ရတာ မင်္ဂလာရှိပါပေတယ်၊ အေးအေးလူလူချမ်းချမ်းသာသာနဲ့ သာသနာပြုနိုင်တဲ့ ညီအမတွေ ဖြစ်ပါစေ။
    ကိုယ်မလုပ်နိုင်သေးတော့။

    ReplyDelete
  8. ရိပ်သာဝင်တယ်လို့ ကြားရတိုင်း ပီတိဖြစ်မိတယ်
    တနှစ်ပါတ်လုံး အပူတွေနဲ့ ဖြတ်သန်းနေရတာ အေးချမ်းတဲ့နေရာလေးကို သွားကြတဲ့သူတွေ အတွက် ပီတိဖြစ်ရတယ်။

    ReplyDelete
  9. ဪ....ဆီစိမ်ရှင့် တို့ ရိပ်သာဝင်တဲ့ အရွယ်တောင်.
    ရောက်ရှာပေါ့ကိုး....

    ReplyDelete
  10. ဏီလင်းညိုMarch 31, 2010 at 9:44 PM

    မကြီးရွှေဇင်ရေ.....
    မကြီးစည်းစိမ်ရှင်အတွက် သာဓုခေါ်ပါတယ်ဗျာ.......။
    သာဓုပါဗျာ....... သာဓု.....သာဓု.......။
    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  11. ဆရာမ ရေ.. ဆရာမ ရဲ့ အမ အတွက် သာဓု ခေါ်ပါတယ် ခင်ဗျာ.. သာဓု .. သာဓု .. သာဓု ပါခင်ဗျ...
    ဆရာမ ရော သင်္ကြန်မှာ ဆိုင်မှာ ပဲ ရှိမှာမို့ လား မုန့် လာစား မလို့ ဗျ.. :)

    ReplyDelete
  12. Mama Seesein,you are so great as you can live whole April in meditation centre.I really admire you.
    Mama Shwezin,may you,your family and students enjoy happily this year's Thingyan Festival.
    Yours lovingly,
    Watma.

    ReplyDelete

thank you to say so